သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အကန္႔အသတ္နဲ႔ က်င္းပမယ့္ ၿငိမ္းခ်မ္းေရးညီလာခံ ေမွ်ာ္မွန္းမႈ


ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ ရာစု ပင္လံုအစည္းအေ၀း ျပင္ဆင္မႈ ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု)

(Zawgyi / Unicode)

ကမာၻ႔ကပ္ေရာဂါကာလ COVID-19 ကူးစက္မႈကာကြယ္ေရး လူဦးေရ အကန္႔အသတ္ေတြနဲ႔ က်င္းပမယ့္ စတုတၳအႀကိမ္ ၂၁ ရာစု ပင္လံုညီလာခံကေန ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ အေကာင္အထည္ ေဖာ္ႏုိင္ပါ့မလားဆိုတဲ့ သံုးသပ္ခ်က္ အျမင္ေတြကုိ မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဇူလိုင္လတုန္းက က်င္းပခဲ့တဲ့ တတိယအႀကိမ္ေျမာက္ ပင္လံုညီလာခံ ၿပီးကတည္းက ရပ္ဆုိင္းသြားခဲ့ၿပီး ေနာက္ထပ္ ညီလာခံ က်င္းပႏုိင္ဖို႔ မေရမရာ ျဖစ္ေနခ်ိန္မွာပဲ စတုတၳအႀကိမ္ေျမာက္ ၂၁ ရာစုပင္လံု ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံကို ေနျပည္ေတာ္မွာ လာမယ့္ ၾသဂုတ္လ ၁၂ ရက္ေန႔က ၾသဂုတ္လ ၁၄ ရက္ေန႔အထိ က်င္းပသြားမယ္လို႔ ထုတ္ျပန္ေၾကညာလိုက္တာ ျဖစ္ပါတယ္။

ဒီ စတုတၳအႀကိမ္ ပင္လံုညီလာခံ က်င္းပခ်ိန္ဟာ ကမၻာ့ကပ္ေရာဂါ COVID-19 ျဖစ္ပြားေနခ်ိန္လည္း ျဖစ္တာမို႔ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး အစီအမံေတြနဲ႔အညီ ပါဝင္သူအားလံုး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈရွိမရွိ စစ္ေဆးသြားမွာျဖစ္သလို အစည္းအေဝး က်င္းပတဲ့ေနရာကို တက္ေရာက္ၾကရမယ့္ အဖြဲ႔အစည္းနဲ႔ သတင္းမီဒီယာေတြကိုလည္း သတ္မွတ္ထားတဲ့ လူဦးေရ အကန္႔အသတ္ေတြနဲ႔ က်င္းပသြားဖို႔ စီစဥ္ထားၾကပါတယ္။

ဒီတႀကိမ္က်င္းပမယ့္ စတုတၳအႀကိမ္ ၂၁ ရာစု ပင္လံုညီလာခံမွာေတာ့ UPDJC ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဆိုင္ရာ သေဘာတူညီခ်က္ေတြကို ေဆြးေႏြးဖို႔နဲ႔ ၂၀၂၀ ေရြးေကာက္ပြဲအလြန္ ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ အဆက္မျပတ္သြားဘဲ ဆက္အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ အဓိကထား က်င္းပတာ ျဖစ္ႏိုင္တယ္လို႔ ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကို ေလ့လာအကဲခတ္ေနတဲ့ ႏုိင္ငံေရးသံုးသပ္သူ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

“အဓိကကေတာ့ UPDJC မွာ သေဘာတူထားတဲ့ အခ်က္ေတြကို အတည္ျပဳဖို႔ပါပဲ။ တႏုိင္ငံလံုးဆုိင္ရာ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA မူေဘာင္ဆုိင္ရာ ေရွ႕ဆက္လုပ္ရမယ့္ အဲဒီသေဘာတူညီခ်က္ေတြ ရတာကို ျပည္ေထာင္စု အစိတ္အပိုင္း ၃ အေနနဲ႔ သူတို႔ ခ်ဳပ္ဆိုမယ္လို႔ ေျပာတယ္။ အဓိက အဲဒီအခ်က္ေတြကို ယူမယ္ေျပာတယ္။ ဒါေပမယ့္ ညီလာခံလာတက္မယ့္ ကိုယ္စားလွယ္ေတြကို ေလွ်ာ့ထားတဲ့ေအာက္မွာ ညီလာခံ အစည္းအေဝးပံုစံမ်ိဳး ပါမွာမဟုတ္ဘူး။

“အဓိကကေတာ့ UPDJC ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဆိုင္ရာ အခ်က္ေတြနဲ႔ EAO တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြနဲ႔ NRPC အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ဗဟိုဌာနနဲ႔ ညိႇထားတဲ့ အခ်က္ေတြ ရွိတယ္။ အခုေလာေလာဆယ္လည္း ညိႇေနၾကတယ္။ ဇူလိုင္ ၂၅ ကေန မနက္ျဖန္ ဇူလိုင္ ၂၇ ရက္အထိ ဆက္ညိႇမယ္။ အဲဒီမွာ အဓိကကေတာ့ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ သေဘာတူညီခ်က္ရယ္ ၂၀၂၀ အလြန္ အဆင့္လိုက္ ေရွ႕လုပ္ငန္းစဥ္နဲ႔ အဆင့္လုိက္ အေကာင္အထည္ေဖာ္မႈေတြရယ္၊ အဲဒီေတာ့ အဓိကကေတာ့ ၂၀၂၀ ေရြးေကာက္ပြဲအၿပီးမွာ ျဖစ္လာမယ့္ အေျပာင္းအလဲေတြမွာ ဒီ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ျပတ္မသြားဘဲ ဆက္လုပ္သြားႏုိင္ေအာင္ပဲ ႀကိဳးစားတဲ့အဆင့္လို႔ပဲ ထင္ပါတယ္။”

ကိုဗစ္ကာလတြင္း အကန္႔အသတ္ေတြနဲ႔ က်င္းပမယ့္ ဒီ ၂၁ ရာစုပင္လံု စတုတၳအႀကိမ္ ၿငိမ္းခ်မ္းေရးညီလာခံကေန တကယ့္ေျမျပင္မွာ ရင္ဆိုင္ေနရတဲ့ တုိင္းရင္းေဒသေတြက စစ္ေရးတင္းမာမႈ ပဋိပကၡေတြကို ေျပလည္ေအာင္ ေျဖရွင္းႏုိင္မယ့္ ၿငိမ္းခ်မ္းေရးအေျဖ၊ လမ္းစ မျမင္ဘူးလို႔လည္း အပစ္ရပ္ လက္မွတ္မထိုးရေသးတဲ့ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းတခုျဖစ္တဲ့ ရခုိင္အမ်ိဳးသားေကာင္စီ (ANC) ရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးထြန္းေဇာ္က သံုးသပ္ပါတယ္။

“ဒီအစည္းအေဝးကေတာ့ ကိုဗစ္ ကပ္ေရာဂါကာလအတြင္းမွာ လုပ္တာ ျဖစ္တဲ့အတြက္ လူေတြကို အက်ဥ္းခ်ံဳးၿပီးေတာ့မွ သူတို႔ေခၚမယ္။ ဒီလို လူနည္းနည္းနဲ႔လုပ္တဲ့ အခင္းအက်င္းမွာ အားလံုးပါဝင္ႏုိင္မႈဆိုတဲ့ ကိစၥကေတာ့ ေမးခြန္းျဖစ္ေနပါတယ္။ လက္မွတ္ထိုးထားတဲ့ အဖြဲ႔ေတြကိုလည္း လူေလွ်ာ့ၿပီးလုပ္တယ္။ လက္မွတ္မထိုးထားရေသးတဲ့ အဖြဲ႔ေတြကေရာ ဘယ္အခန္းက႑ကေန ပါဝင္ခြင့္ရမွာလဲ။ ၿပီးခဲ့တုန္းကေတာ့ ေျမာက္ပိုင္းမဟာမိတ္ေတြကို ဖိတ္ေခၚတယ္၊ တ႐ုတ္က ၾကားဝင္ေဆာင္ရြက္ေပးတယ္ေပါ့ဗ်ာ။ အဲဒီတုန္းကလည္း အႏွစ္သာရျပည့္စံုတဲ့ ေဆြးေႏြးမႈ မေတြ႔ခဲ့ရဘူး။

“အခု ၾသဂုတ္လမွာလုပ္မယ့္ အစည္းအေဝး အတြက္ကလည္း လက္မွတ္ထိုးထားတဲ့ အဖြဲ႔ေတြနဲ႔က ဒီေန႔အထိ ရန္ကုန္မွာ ညိႇႏိႈင္းေနရတုန္းပဲ ျဖစ္တယ္။ သူတို႔က ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃ မွာ ပါဝင္လက္မွတ္ေရးထိုးၾကဖို႔ လုပ္ေနၾကတာ။ အဲဒီမွာလည္း ဘယ္ေလာက္အတိုင္းအတာအထိ ေျပလည္မႈရႏုိင္မလဲဆိုတာ ၾကည့္ရမွာ ျဖစ္ပါတယ္။ ဆိုေတာ့ ကိုဗစ္ကာလအတြင္း က်င္းပတာျဖစ္တယ္၊ အားလံုးပါဝင္မႈမရွိဘူး၊ ေနာက္ က်င္းပခဲ့တဲ့ ပင္လံုအစည္းအေဝးေတြရဲ႕ ရလဒ္ေတြကို ျပန္ၾကည့္လိုက္တယ္ ဆုိရင္လည္း ႏိုင္ငံေရးအႏွစ္သာရေတြကလည္း ပီပီျပင္ျပင္ မေတြ႔ရဘူး။ အဲဒီတုန္းက ရလဒ္ေတြကလည္း ဘယ္လမ္းကို ေရာက္ေနလဲ ဆိုတာလည္း ဒီေန႔အခ်ိန္အထိ ေမးခြန္းျဖစ္ေနတုန္းပဲ။ တၿပိဳင္တည္းမွာပဲ ေျမျပင္မွာ တုိက္ပြဲေတြကလည္း ဒီေန႔အထိ ဆက္တိုက္ျဖစ္ေနတုန္းပဲ။”

အခုအခ်ိန္အထိ ျဖစ္ေနဆဲ တုိင္းရင္းေဒသေတြက ဒီလို စစ္ေရးတင္းမာမႈေတြ အျမန္ဆံုး ေျပလည္ႏုိင္ေရးအတြက္ လက္ရွိအာဏာရ NLD အစိုးရနဲ႔ အစိုးရ၊ တပ္မေတာ္၊ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္ေတြၾကား ေဆြးေႏြးမႈေတြထက္ လက္ရွိ တုိင္းျပည္မွာ ၂၀၀၈ အေျခခံဥပေဒ ျပင္ဆင္ေရးကသာ စစ္မွန္တဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္မယ္လို႔လည္း တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔က ဦးထြန္းေဇာ္က ႐ႈျမင္ပါတယ္။

“အႏွစ္သာရမရွိတဲ့ အဓိပၸာယ္ျပည့္ဝမႈ မရွိတဲ့ ဒီလို ေတြ႔ဆံုေဆြးေႏြးမႈကေန ထြက္လာတဲ့ ရလဒ္ကေတာ့ တုိင္းရင္းသား လူမ်ိဳးေပါင္းစံုအတြက္ တကယ္စစ္မွန္တဲ့ အႏွစ္သာရျပည့္ဝတဲ့ ႏုိင္ငံေရးအေျဖ ရမွာမဟုတ္ဘူး။ တုိင္းျပည္မွာ အဓိက မၿငိမ္းခ်မ္းရတဲ့ ျပည္တြင္းစစ္ျဖစ္ေနရတဲ့ ျပႆနာက ႏုိင္ငံေရးျပႆနာပဲေလ။ ဒီအေျခခံ ႏုိင္ငံေရးျပႆနာကို သတၱဳခ်ၾကည့္မယ္ဆိုရင္လည္း တုိင္းျပည္မွာ ျဖစ္ေနတာက ဖြဲ႔စည္းပံုအေျခခံဥပေဒဆုိင္ရာ ျပႆနာ။ တုိင္းျပည္ရဲ႕ အေျခခံဥပေဒဆုိင္ရာ ျပႆနာကို ျပည္သူက ေရြးခ်ယ္တင္ေျမႇာက္ထားတဲ့ NLD ကလည္း ေျဖရွင္းႏုိင္ျခင္း မရွိဘူး။ လႊတ္ေတာ္ထဲမွာ ဒီမိုကေရစီနည္းလမ္းနဲ႔ လုပ္တယ္။ ဒါေပမယ့္ ၂၀၀၈ ဖြဲ႔စည္းပံုႀကီးက စစ္တပ္ရဲ႕ လိုသလို သူစိတ္ႀကိဳက္ေရးဆြဲထားတာ ျဖစ္တယ္။ တပ္မေတာ္က သေဘာမတူရင္ ဘာကိုမွ လုပ္လို႔မရဘူး။ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ျပဳျပင္ေျပာင္းလဲေရး လုပ္မွပဲ ျပည္တြင္းစစ္ၿငိမ္းေရးကို အေထာက္အကူ ျပဳႏိုင္မွာလို႔ပဲ က်ေနာ့္အေနနဲ႔ ျမင္ပါတယ္။”

NLD အရပ္သားအစိုးရလက္ထက္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ဦးေဆာင္ၿပီး ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ အေကာင္အထည္ေဖာ္ဖို႔ ပစ္ခတ္တုိက္ခိုက္မႈဆုိင္ရာ ၿငိမ္းခ်မ္းေရး သေဘာတူညီမႈေတြ ရႏိုင္ဖို႔ တုိင္းရင္းသား လက္နက္ကိုင္ေခါင္းေဆာင္ေတြ၊ ႏုိင္ငံေရးအစုအဖြဲ႔ေတြ ပါဝင္တဲ့ ၂၁ ရာစုပင္လံု ၿငိမ္းခ်မ္းေရးညီလာခံကို ၿပီးခဲ့တဲ့ ၂၀၁၆ ၾသဂုတ္လမွာ ပထမဆံုးအႀကိမ္ စတင္က်င္းပႏိုင္ခဲ့ပါတယ္။ ဒုတိယအႀကိမ္ပင္လံုကို ၂၀၁၇ ေမလမွာ က်င္းပၿပီး တတိယအႀကိမ္ ညီလာခံကိုေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ ဇူလိုင္လမွာ ေနာက္ဆံုး က်င္းပႏိုင္ခဲ့တာပါ။ တကယ္တမ္း တႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး NCA သေဘာတူညီခ်က္အရ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံကို တႏွစ္ ၂ ႀကိမ္ က်င္းပဖို႔ သေဘာတူထားခဲ့ၾကတာ ျဖစ္ေပမယ့္လို႔ ၂၀၁၉ တႏွစ္လံုး မက်င္းပႏိုင္ခဲ့ဘဲ တႏွစ္ေက်ာ္ၾကာ ရပ္နားခဲ့ပါတယ္။ အခု ၂၀၂၀ ျပည့္ႏွစ္မွာေတာ့ ၾသဂုတ္လလယ္မွာ က်င္းပမယ္လို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

ကိုဗစ်အကန့်အသတ်နဲ့ ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံ မျှော်မှန်းမှု

ကမ္ဘာ့ကပ်ရောဂါကာလ COVID-19 ကူးစက်မှုကာကွယ်ရေး လူဦးရေ အကန့်အသတ်တွေနဲ့ ကျင်းပမယ့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကနေ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတဲ့ သုံးသပ်ချက် အမြင်တွေကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လတုန်းက ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ပင်လုံညီလာခံ ပြီးကတည်းက ရပ်ဆိုင်းသွားခဲ့ပြီး နောက်ထပ် ညီလာခံ ကျင်းပနိုင်ဖို့ မရေမရာ ဖြစ်နေချိန်မှာပဲ စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်မှာ လာမယ့် သြဂုတ်လ ၁၂ ရက်နေ့က သြဂုတ်လ ၁၄ ရက်နေ့အထိ ကျင်းပသွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒီ စတုတ္ထအကြိမ် ပင်လုံညီလာခံ ကျင်းပချိန်ဟာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေချိန်လည်း ဖြစ်တာမို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အစီအမံတွေနဲ့အညီ ပါဝင်သူအားလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ စစ်ဆေးသွားမှာဖြစ်သလို အစည်းအဝေး ကျင်းပတဲ့နေရာကို တက်ရောက်ကြရမယ့် အဖွဲ့အစည်းနဲ့ သတင်းမီဒီယာတွေကိုလည်း သတ်မှတ်ထားတဲ့ လူဦးရေ အကန့်အသတ်တွေနဲ့ ကျင်းပသွားဖို့ စီစဉ်ထားကြပါတယ်။

ဒီတကြိမ်ကျင်းပမယ့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာတော့ UPDJC ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ သဘောတူညီချက်တွေကို ဆွေးနွေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲအလွန် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အဆက်မပြတ်သွားဘဲ ဆက်အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကထား ကျင်းပတာ ဖြစ်နိုင်တယ်လို့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လေ့လာအကဲခတ်နေတဲ့ နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

“အဓိကကတော့ UPDJC မှာ သဘောတူထားတဲ့ အချက်တွေကို အတည်ပြုဖို့ပါပဲ။ တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မူဘောင်ဆိုင်ရာ ရှေ့ဆက်လုပ်ရမယ့် အဲဒီသဘောတူညီချက်တွေ ရတာကို ပြည်ထောင်စု အစိတ်အပိုင်း ၃ အနေနဲ့ သူတို့ ချုပ်ဆိုမယ်လို့ ပြောတယ်။ အဓိက အဲဒီအချက်တွေကို ယူမယ်ပြောတယ်။ ဒါပေမယ့် ညီလာခံလာတက်မယ့် ကိုယ်စားလှယ်တွေကို လျှော့ထားတဲ့အောက်မှာ ညီလာခံ အစည်းအဝေးပုံစံမျိုး ပါမှာမဟုတ်ဘူး။

“အဓိကကတော့ UPDJC ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ အချက်တွေနဲ့ EAO တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ ညှိထားတဲ့ အချက်တွေ ရှိတယ်။ အခုလောလောဆယ်လည်း ညှိနေကြတယ်။ ဇူလိုင် ၂၅ ကနေ မနက်ဖြန် ဇူလိုင် ၂၇ ရက်အထိ ဆက်ညှိမယ်။ အဲဒီမှာ အဓိကကတော့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်ရယ် ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေရယ်၊ အဲဒီတော့ အဓိကကတော့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ဖြစ်လာမယ့် အပြောင်းအလဲတွေမှာ ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြတ်မသွားဘဲ ဆက်လုပ်သွားနိုင်အောင်ပဲ ကြိုးစားတဲ့အဆင့်လို့ပဲ ထင်ပါတယ်။”

ကိုဗစ်ကာလတွင်း အကန့်အသတ်တွေနဲ့ ကျင်းပမယ့် ဒီ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံကနေ တကယ့်မြေပြင်မှာ ရင်ဆိုင်နေရတဲ့ တိုင်းရင်းဒေသတွေက စစ်ရေးတင်းမာမှု ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ့် ငြိမ်းချမ်းရေးအဖြေ၊ လမ်းစ မမြင်ဘူးလို့လည်း အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ ရခိုင်အမျိုးသားကောင်စီ (ANC) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က သုံးသပ်ပါတယ်။

“ဒီအစည်းအဝေးကတော့ ကိုဗစ် ကပ်ရောဂါကာလအတွင်းမှာ လုပ်တာ ဖြစ်တဲ့အတွက် လူတွေကို အကျဉ်းချုံးပြီးတော့မှ သူတို့ခေါ်မယ်။ ဒီလို လူနည်းနည်းနဲ့လုပ်တဲ့ အခင်းအကျင်းမှာ အားလုံးပါဝင်နိုင်မှုဆိုတဲ့ ကိစ္စကတော့ မေးခွန်းဖြစ်နေပါတယ်။ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကိုလည်း လူလျှော့ပြီးလုပ်တယ်။ လက်မှတ်မထိုးထားရသေးတဲ့ အဖွဲ့တွေကရော ဘယ်အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရမှာလဲ။ ပြီးခဲ့တုန်းကတော့ မြောက်ပိုင်းမဟာမိတ်တွေကို ဖိတ်ခေါ်တယ်၊ တရုတ်က ကြားဝင်ဆောင်ရွက်ပေးတယ်ပေါ့ဗျာ။ အဲဒီတုန်းကလည်း အနှစ်သာရပြည့်စုံတဲ့ ဆွေးနွေးမှု မတွေ့ခဲ့ရဘူး။

“အခု သြဂုတ်လမှာလုပ်မယ့် အစည်းအဝေး အတွက်ကလည်း လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့က ဒီနေ့အထိ ရန်ကုန်မှာ ညှိနှိုင်းနေရတုန်းပဲ ဖြစ်တယ်။ သူတို့က ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ ပါဝင်လက်မှတ်ရေးထိုးကြဖို့ လုပ်နေကြတာ။ အဲဒီမှာလည်း ဘယ်လောက်အတိုင်းအတာအထိ ပြေလည်မှုရနိုင်မလဲဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်။ ဆိုတော့ ကိုဗစ်ကာလအတွင်း ကျင်းပတာဖြစ်တယ်၊ အားလုံးပါဝင်မှုမရှိဘူး၊ နောက် ကျင်းပခဲ့တဲ့ ပင်လုံအစည်းအဝေးတွေရဲ့ ရလဒ်တွေကို ပြန်ကြည့်လိုက်တယ် ဆိုရင်လည်း နိုင်ငံရေးအနှစ်သာရတွေကလည်း ပီပီပြင်ပြင် မတွေ့ရဘူး။ အဲဒီတုန်းက ရလဒ်တွေကလည်း ဘယ်လမ်းကို ရောက်နေလဲ ဆိုတာလည်း ဒီနေ့အချိန်အထိ မေးခွန်းဖြစ်နေတုန်းပဲ။ တပြိုင်တည်းမှာပဲ မြေပြင်မှာ တိုက်ပွဲတွေကလည်း ဒီနေ့အထိ ဆက်တိုက်ဖြစ်နေတုန်းပဲ။”

အခုအချိန်အထိ ဖြစ်နေဆဲ တိုင်းရင်းဒေသတွေက ဒီလို စစ်ရေးတင်းမာမှုတွေ အမြန်ဆုံး ပြေလည်နိုင်ရေးအတွက် လက်ရှိအာဏာရ NLD အစိုးရနဲ့ အစိုးရ၊ တပ်မတော်၊ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကြား ဆွေးနွေးမှုတွေထက် လက်ရှိ တိုင်းပြည်မှာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကသာ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဦးထွန်းဇော်က ရှုမြင်ပါတယ်။

“အနှစ်သာရမရှိတဲ့ အဓိပ္ပာယ်ပြည့်ဝမှု မရှိတဲ့ ဒီလို တွေ့ဆုံဆွေးနွေးမှုကနေ ထွက်လာတဲ့ ရလဒ်ကတော့ တိုင်းရင်းသား လူမျိုးပေါင်းစုံအတွက် တကယ်စစ်မှန်တဲ့ အနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေးအဖြေ ရမှာမဟုတ်ဘူး။ တိုင်းပြည်မှာ အဓိက မငြိမ်းချမ်းရတဲ့ ပြည်တွင်းစစ်ဖြစ်နေရတဲ့ ပြဿနာက နိုင်ငံရေးပြဿနာပဲလေ။ဒီအခြေခံ နိုင်ငံရေးပြဿနာကို သတ္တုချကြည့်မယ်ဆိုရင်လည်း တိုင်းပြည်မှာ ဖြစ်နေတာက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာ။ တိုင်းပြည်ရဲ့ အခြေခံဥပဒေဆိုင်ရာ ပြဿနာကို ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ NLD ကလည်း ဖြေရှင်းနိုင်ခြင်း မရှိဘူး။ လွှတ်တော်ထဲမှာ ဒီမိုကရေစီနည်းလမ်းနဲ့ လုပ်တယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကြီးက စစ်တပ်ရဲ့ လိုသလို သူစိတ်ကြိုက်ရေးဆွဲထားတာ ဖြစ်တယ်။ တပ်မတော်က သဘောမတူရင် ဘာကိုမှ လုပ်လို့မရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး လုပ်မှပဲ ပြည်တွင်းစစ်ငြိမ်းရေးကို အထောက်အကူ ပြုနိုင်မှာလို့ပဲ ကျနော့်အနေနဲ့ မြင်ပါတယ်။”

NLD အရပ်သားအစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ငြိမ်းချမ်းရေး သဘောတူညီမှုတွေ ရနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ နိုင်ငံရေးအစုအဖွဲ့တွေ ပါဝင်တဲ့ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ပြီးခဲ့တဲ့ ၂၀၁၆ သြဂုတ်လမှာ ပထမဆုံးအကြိမ် စတင်ကျင်းပနိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ်ပင်လုံကို ၂၀၁၇ မေလမှာ ကျင်းပပြီးတတိယအကြိမ် ညီလာခံကိုတော့ ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်လမှာ နောက်ဆုံး ကျင်းပနိုင်ခဲ့တာပါ။ တကယ်တမ်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA သဘောတူညီချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တနှစ် ၂ ကြိမ် ကျင်းပဖို့ သဘောတူထားခဲ့ကြတာ ဖြစ်ပေမယ့်လို့ ၂၀၁၉ တနှစ်လုံး မကျင်းပနိုင်ခဲ့ဘဲ တနှစ်ကျော်ကြာ ရပ်နားခဲ့ပါတယ်။ အခု ၂၀၂၀ ပြည့်နှစ်မှာတော့ သြဂုတ်လလယ်မှာ ကျင်းပမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG