သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ျမန္မွာလား ရွည္ၾကာဦးမွာလား


(၈)ႀကိမ္ေျမာက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္ေရး ညႇိႏႈိင္းအစည္းအေဝး JICMကို တက္ေရာက္လာတဲ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

ျပီးခဲ့တဲ့ ၂၀၂၀ ဇန္န၀ါရီ ၈ ရက္ေန႔က ေနျပည္ေတာ္မွာ (၈)ၾကိမ္ေျမာက္ တစ္ႏိုင္ငံလံုး ပစ္ခတ္တုိက္ခိုက္မွဳ ရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ ေဖာ္မွဳဆုိင္ရာ ညွိႏွိဳင္းအစည္းအေ၀း JICM ကို က်င္းပခဲ့ပါတယ္။ အစည္းေ၀းကို အစိုးရဘက္က ႏိုင္ငံေတာ္ဇ။္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ခဲ့ျပီး တပ္မေတာ္ဘက္ကေတာ့ ဒုတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဒုဗိုလ္ခ်ဳပ္မွဴးၾကီးစိုး၀င္း တက္ေရာက္ပါတယ္။ NCA လက္မွတ္ထိုးထားတဲ့ တုိင္းရင္းသား အဖြဲ႕ေတြဘက္က RCSS/SSA ရွမ္းလက္နက္ကိုင္ တပ္ဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ၾကီးယြက္စစ္နဲ႔ တပ္ဖြဲ႕အသီးသီးက ေခါင္းေဆာင္ေတြ တက္ေရာက္ၾကပါတယ္။ ဒါဟာ အစိုးရ၊ တပ္မေတာ္နဲ႔ NCA လက္မွတ္ထိုး တုိင္းရင္းသား အဖြဲ႕ေတြၾကား တစ္ႏွစ္ေက်ာ္ၾကာေအာင္ တရား၀င္ ေဆြးေႏြးပြဲေတြ ရပ္ဆုိင္းေနရာကေန ျပန္လည္ စတင္ႏိုင္တဲ့ အစည္းအေ၀း ျဖစ္ခဲ့သလို၊ အခ်က္(၈) ခ်က္ သေဘာတူညီခ်က္ရျပီး ေအာင္ျမင္တဲ့ အစည္းအေ၀း တစ္ခုအျဖစ္ တက္ေရာက္သူ အားလံုး မွတ္ခ်က္ခ်ခဲ့တဲ့ အစည္းအေ၀းလည္း ျဖစ္ခဲ့ပါတယ္။ ႏိုင္ငံေတာ္ဇ။္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တုိင္က ႏွစ္ဦးႏွစ္ဖက္ ၾကားထဲမွာ နားလည္မွဳ ပိုျပီးရွိလာျခင္းနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ယံုၾကည္မွဳရွိလာတာကို ျပတဲ့ အစည္းအေ၀း ျဖစ္ခဲ့ေၾကာင္း၊ ျငိမ္းခ်မ္းေရး ျဖစ္စဥ္အတြက္ အဲဒီ အစည္းအေ၀းဟာ အင္မတန္ေကာင္းတဲ့ နိမိတ္ျဖစ္တဲ့အေၾကာင္း ခ်ီးက်ဴးေျပာဆုိခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ေျပာသလို ျမန္မာ့ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ တကယ္ပဲ အတိတ္နိမိတ္ေကာင္းေတြ ေပၚေပါက္ေနျပီလား၊ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ရဲ႕တကယ့္အေျခအေနမွန္ဟာ ဘယ္လိုမ်ိဳးလဲ ဆုိတာ စိတ္၀င္စားဖုိ႔ ေကာင္းပါတယ္။ ခုတစ္ပတ္ အဲဒီအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

အစည္းအေ၀းမွာ သေဘာတူညီခ်က္ (၈) ခ်က္ရခဲ့တယ္လို႔ ဆုိပါတယ္။ အဲဒါေတြကေတာ့ စတုတၱအၾကိမ္ေျမာက္ ၂၁ ရာစု ပင္လံုညီလာခံကို ၂၀၂၀ ခုႏွစ္ရဲ႕ ပထမ ၄ လအတြင္း က်င္းပဖို႔၊ ျပည္ေထာင္စု ျငိမ္းခ်မ္းေရး ေဆြးေႏြးမွဳပူးတြဲေကာ္မတီ UPDJC နဲ႔ ပစ္ခိုက္တိုက္ခိုက္မွဳ ရပ္စဲေရးဆုိင္ရာ ပူးတြဲ ေစာင့္ၾကည့္ေရး ေကာ္မတီ JMC အစည္းအေ၀းကို ႏွစ္လ အတြင္း က်င္းပဖို႔၊ ႏွစ္ဖက္ တပ္ပိုင္းဆုိင္ရာ တာ၀န္ရွိသူေတြၾကား အပစ္ရပ္ ခုိင္မာေရး ဆက္ေဆြးေႏြးၾကဖို႔၊ NCA အေကာင္အထည္ ေဖာ္မယ့္ ပံုစံကို ႏွစ္ဦးႏွစ္ဖက္ ဆက္ ေဆြးေႏြးၾကဖို႔၊ ၂၀၂၀ အလြန္မွာ ဆက္ျပီး ေဆာင္ရြက္ရမယ့္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အဆင့္ဆင့္ကို သတ္မွတ္ျပီး အဆင့္အလိုက္ အေကာင္အထည္ ေဖာ္ၾကဖုိ႔၊ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အပိုင္း ၃ မွာပါ၀င္မယ့္ အခ်က္ေတြကို ေဆြးေႏြးၾကဖို႔၊ NCA အဓိက ဖြင့္ဆိုခ်က္ေတြကို ဆက္ျပီး ညွိႏွိဳင္းၾကဖို႔၊ NCA စာခ်ဳပ္ထဲကို အျခားေသာ လက္နက္ကိုင္ အဖြဲ႕ေတြ ပါ၀င္လက္မွတ္ထိုးလာေစေရး ၾကိဳးစားၾကဖို႔ စတာေတြ ျဖစ္ပါတယ္။

သေဘာတူညီခ်က္ေတြကို ေလ့လာၾကည့္ရင္ ေရွ႕လုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္လို႔ အခ်ိန္ဇယားေတြ ခ်မွတ္ထားတာ ေတြ႕ႏိုင္ပါတယ္။ ထူးျခားခ်က္ကေတာ့ ၂၀၂၀ ထဲမွာ ၂၁ ရာစု ပင္လံုညီလာခံ တစ္ၾကိမ္ေလာက္ပဲ လုပ္ဖို႔ လ်ာထားတာ ေတြ႕ၾကရပါတယ္။ အေၾကာင္းကေတာ့ ၂၀၂၀ ေႏွာင္းပိုင္းေလာက္မွာ အေထြေထြ ေရြးေကာက္ပြဲၾကီး က်င္းပဖို႔ ရွိေနျပီး၊ အဲဒီ မတုိင္ခင္ ႏိုင္ငံေရးပါတီေတြရဲ႕ မဲဆြယ္လွဳပ္ရွားမွဳေတြ ရွိေနမွာမို႔ ညီလာခံ တစ္ၾကိမ္ အတြက္ေလာက္ပဲ လ်ာထားတာလို႔ သိရပါတယ္။ တစ္ဆက္တည္း ပါ၀င္တာကေတာ့ ၂၀၂၀ အလြန္မွာ လုပ္ၾကမယ့္ လုပ္ငန္းစဥ္ေတြကို ညွိႏွိဳင္း ခ်မွတ္ အေကာင္အထည္ ေဖာ္ၾကဖုိ႔ပါ။

ဒီအခ်က္ေတြကို ၾကည့္ရင္ အရင္က ေဒၚေအာင္ဆန္းစုၾကည္ ေျပာဆုိခဲ့ဖူးတဲ့ တစ္ႏွစ္ကို ၂၁ ရာစု ပင္လံု ျငိမ္းခ်မ္းေရး ညီလာခံၾကီးေတြ ပ်မ္းမွ် ၃ ၾကိမ္ေလာက္ လုပ္ႏိုင္ေအာင္ ၾကိဳးစားမယ္၊ အဲလို က်င္းပႏိုင္ခဲ့ရင္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးနဲ႔ ပတ္သက္လို႔ သေဘာတူညီခ်က္ အေတာ္မ်ားမ်ား ရလာမွာျဖစ္ျပီး၊ ၂၀၂၀ ေရာက္ရင္ ျငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ အေျခခံ အဆင့္ ျပီးေျမာက္ သေလာက္ ျဖစ္ေနလိမ့္မယ္ လို႔ ေမွ်ာ္လင့္ခဲ့ဖူးပါတယ္။ အလားတူ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ကလည္း ေျပာဆုိခဲ့ပါေသးတယ္။ အခု သူတုိ႔ ႏွစ္ေယာက္ ေျပာဆုိ ေမွ်ာ္မွန္းခဲ့တဲ့ ၂၀၂၀ မွာ ျငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ အေျခခံ အဆင့္ေလာက္ ျပီးေျမာက္ဖို႔ မျဖစ္ႏုိင္ေတာ့ဘူးဆုိတာ ေသျခာသြားခဲ့ပါျပီ။ ဒါေၾကာင့္လည္း ၂၀၂၀ အလြန္ထိ အခ်ိန္ဇယားဆြဲ အေကာင္အထည္ ေဖာ္ဖို႔ ျပင္ဆင္ေနၾကတာ ျဖစ္ပါတယ္။

ဒါကို ၾကည့္ရင္ လက္ရွိ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဘယ္အခ်ိန္ေလာက္ ျပီးေျမာက္ႏုိင္မလဲ ဆိုတာ ဘယ္လိုမွ မွန္းဆလို႔ မရႏုိင္ေသးဘူး ဆုိတဲ့ အေျဖ ထြက္လာပါတယ္။ တကယ္လည္း ရခုိင္ AA အပါအ၀င္ လက္နက္ကိုင္ တပ္ဖြဲ႕တစ္ခ်ိဳ႕နဲ႔ တုိက္ပြဲေတြ ျဖစ္ပြားေနေသးတာ၊ အပစ္ရပ္ စာခ်ဳပ္ ခ်ဳပ္ႏိုင္ဖို႔ မလြယ္ကူေသးတာ၊ တုိက္ခိုက္မွဳေတြ မရွိေပမယ့္လည္း NCA စာခ်ဳပ္ထဲ လက္မွတ္ ၀င္ထိုးဖို႔ ျငင္းဆန္ေနေသးတဲ့ အဖြဲ႕ တစ္ခ်ိဳ႕ က်န္ေနေသးတာ စတာေတြကိုၾကည့္ရင္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အခ်ိန္ ၾကာရွည္မယ္ဆိုတာ အသိအမွတ္ျပဳဖို႔ လိုလာပါျပီ။

ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ၾကာရွည္မယ္ ဆိုတာ အသိအမွတ္ျပဳျပီ ဆုိရင္ေတာ့ အဲဒီလို ရွည္လ်ားတဲ့ အခ်ိန္ကာလတေလ်ာက္ တုိင္းရင္းသား ျပည္သူလူထုရဲ႕ လံုျခံဳေရး၊ အသက္အိုးအိမ္ စည္းစိမ္ ကာကြယ္ေရး၊ ဘ၀ေတြျပန္လည္ ထူေထာင္ေရး၊ ေဒသ ဖြံ႕ျဖိဳးေရး စတာေတြကို ဦးစားေပး လုပ္ဖို႔ လိုပါလိမ့္မယ္။ တကယ္ေတာ့ လက္နက္ကိုင္ထားတဲ့ အဖြဲ႕ေတြ ႏိုင္ငံေရးအရ ေျပလည္ၾကမွ စစ္ေဘးေရွာင္ တုိင္းရင္းသား ျပည္သူေတြ ေနရပ္ျပန္ေရး၊ မုိင္းရွင္းလင္းေရး၊ ဘ၀ တုိးတက္ေရး၊ ေဒသဖြံ႕ျဖိဳးေရး စျပီး လုပ္ရမယ္ ဆိုတာမ်ိဳးကေတာ့ သဘာ၀လည္း မက်သလို တုိင္းရင္းသားျပည္သူေတြ အက်ိဳးေဆာင္ရြက္ဖို႔ အခ်ိန္ အမ်ားၾကီး ေနာက္က်သြားပါလိမ့္မယ္။

ဒါေၾကာင့္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ NCA လက္မွတ္ထိုး အဖြဲ႕ေတြနဲ႔ ေဆြးေႏြးတဲ့ အပိုင္း၊ တိုက္ခိုက္မွဳ ျဖစ္ပြားေနတဲ့ အဖြဲ႕ေတြနဲ႔ အပစ္ရပ္ စာခ်ဳပ္ခ်ဳပ္ဖို႔ ညွိႏွိဳင္းတဲ့အပိုင္း၊ ၀နဲ႔ မိုင္းလား အပါအ၀င္ အပစ္ရပ္ထားတဲ့ အဖြဲ႕ေတြ NCA စာခ်ဳပ္ထဲ ပါ၀င္ဖို႔ ၾကိဳးစားတဲ့ အပိုင္း ၃ ပိုင္းရွိရာမွာ တုိက္ခိုက္မွဳ ျဖစ္ပြားေနတဲ့ အဖြဲ႕ေတြနဲ႔ အပစ္ရပ္ႏုိင္ေရးကို အေရးအၾကီးဆံုး ျပသနာ အျဖစ္ သတ္မွတ္ျပီး အထူးၾကိဳးစား ညွိႏွိဳင္း ေျဖရွင္းဖို႔ လိုပါတယ္။ ျမန္မာႏိုင္ငံအတြက္ အေရးအၾကီးဆံုး လိုအပ္ခ်က္ကေတာ့ ျငိမ္းခ်မ္းေရး ရတာ မရတာ၊ ႏုိင္ငံေရး အရ သေဘာတူညီခ်က္ ရတာ မရတာ အသာထားျပီး အရင္ဦးဆံုး ေသနတ္သံေတြ စဲသြားဖို႔ လိုပါတယ္။ အဲဒီေနာက္မွာမွ အပစ္ရပ္ ခုိင္မာေအာင္၊ တုိင္းရင္းသားေတြ ဘ၀ ျပန္လည္ တည္ေဆာက္ေရး၊ ဖြံ႕ျဖိဳးတုိးတက္ေရး ေတြ အေကာင္အထည္ ေဖာ္ရင္း ႏိုင္ငံေရး ျပသနာ ေျပလည္ေအာင္ စိတ္ရွည္ရွည္နဲ႔ စားပြဲ၀ိုင္းေပၚမွာ ညွိႏွိဳင္းသြားၾကဖို႔ပဲ ျဖစ္ပါတယ္။

အစိုးရ အေနနဲ႔ ျငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ျပီး ေနာက္ထပ္ လုပ္ႏုိင္တာကေတာ့ ရတဲ့ အေနအထား ေအာက္ကေန တိုင္းရင္းသား တန္းတူ အခြင့္အေရးေပးတာ၊ ၂၀၀၈ ဖြဲ႕စည္းပံု ျပင္ေရးကို မလုပ္ႏုိင္ေသးသည့္တုိင္ ကိုယ္အာဏာရထားတဲ့ အေနအထား ေအာက္ကေနပဲ ဖက္ဒရယ္ ျပည္ေထာင္စု အႏွစ္သာရ ေပၚလြင္လာေအာင္ အေကာင္အထည္ ေဖာ္ေပးဖို႔ပါပဲ။ အလားတူ တပ္မေတာ္ဘက္ကလည္း တကယ့္ စစ္မွန္တဲ့ ျငိမ္းခ်မ္းေရးကို လိုလားတယ္ ဆိုရင္၊ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုကို တကယ္ပဲ တည္ေဆာက္ခ်င္တယ္ ဆိုရင္ အဲဒီ ပံုစံနဲ႔ ကိုက္ညီေအာင္ ၂၀၀၈ ဖြဲ႕စည္းပံု ျပင္ရာမွာ အင္န္အယ္လ္ဒီ အစိုးရနဲ႔ ပူးေပါင္းေဆာင္ရြက္ဖုိ႔ သင့္ပါတယ္။ အခုဆိုရင္ ၂၀၁၆ မွာ အာဏာရျပီး တက္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အင္န္အယ္လ္ဒီ အစိုးရ အဖြဲ႕အေနနဲ႔ ျငိမ္းခ်မ္းေရးကို စိတ္ကူးယဥ္ျပီး တည္ေဆာက္လို႔ မရႏုိင္ဘူး ဆုိတာ လက္ေတြ႕ ၾကံဳခဲ့ရျပီးပါျပီ။ ဒီအတြက္ အင္န္အယ္လ္ဒီ အေနနဲ႔ ျငိမ္းခ်မ္းေရး အေကာင္အထည္ ေဖာ္ရာမွာ ဦးေဆာင္ခဲ့သူေတြ၊ လုပ္ငန္း ေအာင္ျမင္မွဳ၊ မေအာင္ျမင္မွဳ စတာေတြကို ျပန္ သံုးသပ္ျပီး တကယ္ လက္ေတြ႕က်တဲ့ ခ်ဥ္းကပ္နည္း အသစ္ေတြနဲ႔ အေျပာင္းအလဲလုပ္ အေကာင္အထည္ ေဖာ္သင့္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

-------------

“ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ မြန်မှာလား၊ ရှည်ကြာဦးမှာလား။”
ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီ ၈ ရက်နေ့က နေပြည်တော်မှာ (၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကို ကျင်းပခဲ့ပါတယ်။ အစည်းဝေးကို အစိုးရဘက်က နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး တပ်မတော်ဘက်ကတော့ ဒုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေဘက်က RCSS/SSA ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ တပ်ဖွဲ့အသီးသီးက ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။ ဒါဟာ အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသား အဖွဲ့တွေကြား တစ်နှစ်ကျော်ကြာအောင် တရားဝင် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေရာကနေ ပြန်လည် စတင်နိုင်တဲ့ အစည်းအဝေး ဖြစ်ခဲ့သလို၊ အချက်(၈) ချက် သဘောတူညီချက်ရပြီး အောင်မြင်တဲ့ အစည်းအဝေး တစ်ခုအဖြစ် တက်ရောက်သူ အားလုံး မှတ်ချက်ချခဲ့တဲ့ အစည်းအဝေးလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က နှစ်ဦးနှစ်ဖက် ကြားထဲမှာ နားလည်မှု ပိုပြီးရှိလာခြင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိလာတာကို ပြတဲ့ အစည်းအဝေး ဖြစ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အဲဒီ အစည်းအဝေးဟာ အင်မတန်ကောင်းတဲ့ နိမိတ်ဖြစ်တဲ့အကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တကယ်ပဲ အတိတ်နိမိတ်ကောင်းတွေ ပေါ်ပေါက်နေပြီလား၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့တကယ့်အခြေအနေမှန်ဟာ ဘယ်လိုမျိုးလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
အစည်းအဝေးမှာ သဘောတူညီချက် (၈) ချက်ရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ စတုတ္တအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ၂၀၂၀ ခုနှစ်ရဲ့ ပထမ ၄ လအတွင်း ကျင်းပဖို့၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC နဲ့ ပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMC အစည်းအဝေးကို နှစ်လ အတွင်း ကျင်းပဖို့၊ နှစ်ဖက် တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကြား အပစ်ရပ် ခိုင်မာရေး ဆက်ဆွေးနွေးကြဖို့၊ NCA အကောင်အထည် ဖော်မယ့် ပုံစံကို နှစ်ဦးနှစ်ဖက် ဆက် ဆွေးနွေးကြဖို့၊ ၂၀၂၀ အလွန်မှာ ဆက်ပြီး ဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို သတ်မှတ်ပြီး အဆင့်အလိုက် အကောင်အထည် ဖော်ကြဖို့၊ ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၃ မှာပါဝင်မယ့် အချက်တွေကို ဆွေးနွေးကြဖို့၊ NCA အဓိက ဖွင့်ဆိုချက်တွေကို ဆက်ပြီး ညှိနှိုင်းကြဖို့၊ NCA စာချုပ်ထဲကို အခြားသော လက်နက်ကိုင် အဖွဲ့တွေ ပါဝင်လက်မှတ်ထိုးလာစေရေး ကြိုးစားကြဖို့ စတာတွေ ဖြစ်ပါတယ်။
သဘောတူညီချက်တွေကို လေ့လာကြည့်ရင် ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ အချိန်ဇယားတွေ ချမှတ်ထားတာ တွေ့နိုင်ပါတယ်။ ထူးခြားချက်ကတော့ ၂၀၂၀ ထဲမှာ ၂၁ ရာစု ပင်လုံညီလာခံ တစ်ကြိမ်လောက်ပဲ လုပ်ဖို့ လျာထားတာ တွေ့ကြရပါတယ်။ အကြောင်းကတော့ ၂၀၂၀ နှောင်းပိုင်းလောက်မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရှိနေပြီး၊ အဲဒီ မတိုင်ခင် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်လှုပ်ရှားမှုတွေ ရှိနေမှာမို့ ညီလာခံ တစ်ကြိမ် အတွက်လောက်ပဲ လျာထားတာလို့ သိရပါတယ်။ တစ်ဆက်တည်း ပါဝင်တာကတော့ ၂၀၂၀ အလွန်မှာ လုပ်ကြမယ့် လုပ်ငန်းစဉ်တွေကို ညှိနှိုင်း ချမှတ် အကောင်အထည် ဖော်ကြဖို့ပါ။
ဒီအချက်တွေကို ကြည့်ရင် အရင်က ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ဖူးတဲ့ တစ်နှစ်ကို ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကြီးတွေ ပျမ်းမျှ ၃ ကြိမ်လောက် လုပ်နိုင်အောင် ကြိုးစားမယ်၊ အဲလို ကျင်းပနိုင်ခဲ့ရင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်လို့ သဘောတူညီချက် အတော်များများ ရလာမှာဖြစ်ပြီး၊ ၂၀၂၀ ရောက်ရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အခြေခံ အဆင့် ပြီးမြောက် သလောက် ဖြစ်နေလိမ့်မယ် လို့ မျှော်လင့်ခဲ့ဖူးပါတယ်။ အလားတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြောဆိုခဲ့ပါသေးတယ်။ အခု သူတို့ နှစ်ယောက် ပြောဆို မျှော်မှန်းခဲ့တဲ့ ၂၀၂၀ မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အခြေခံ အဆင့်လောက် ပြီးမြောက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သေခြာသွားခဲ့ပါပြီ။ ဒါကြောင့်လည်း ၂၀၂၀ အလွန်ထိ အချိန်ဇယားဆွဲ အကောင်အထည် ဖော်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
ဒါကို ကြည့်ရင် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်အချိန်လောက် ပြီးမြောက်နိုင်မလဲ ဆိုတာ ဘယ်လိုမှ မှန်းဆလို့ မရနိုင်သေးဘူး ဆိုတဲ့ အဖြေ ထွက်လာပါတယ်။ တကယ်လည်း ရခိုင် AA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့တစ်ချို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသေးတာ၊ အပစ်ရပ် စာချုပ် ချုပ်နိုင်ဖို့ မလွယ်ကူသေးတာ၊ တိုက်ခိုက်မှုတွေ မရှိပေမယ့်လည်း NCA စာချုပ်ထဲ လက်မှတ် ဝင်ထိုးဖို့ ငြင်းဆန်နေသေးတဲ့ အဖွဲ့ တစ်ချို့ ကျန်နေသေးတာ စတာတွေကိုကြည့်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အချိန် ကြာရှည်မယ်ဆိုတာ အသိအမှတ်ပြုဖို့ လိုလာပါပြီ။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြာရှည်မယ် ဆိုတာ အသိအမှတ်ပြုပြီ ဆိုရင်တော့ အဲဒီလို ရှည်လျားတဲ့ အချိန်ကာလတလျောက် တိုင်းရင်းသား ပြည်သူလူထုရဲ့ လုံခြုံရေး၊ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ရေး၊ ဘဝတွေပြန်လည် ထူထောင်ရေး၊ ဒေသ ဖွံ့ဖြိုးရေး စတာတွေကို ဦးစားပေး လုပ်ဖို့ လိုပါလိမ့်မယ်။ တကယ်တော့ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေ နိုင်ငံရေးအရ ပြေလည်ကြမှ စစ်ဘေးရှောင် တိုင်းရင်းသား ပြည်သူတွေ နေရပ်ပြန်ရေး၊ မိုင်းရှင်းလင်းရေး၊ ဘ၀ တိုးတက်ရေး၊ ဒေသဖွံ့ဖြိုးရေး စပြီး လုပ်ရမယ် ဆိုတာမျိုးကတော့ သဘာဝလည်း မကျသလို တိုင်းရင်းသားပြည်သူတွေ အကျိုးဆောင်ရွက်ဖို့ အချိန် အများကြီး နောက်ကျသွားပါလိမ့်မယ်။
ဒါကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ NCA လက်မှတ်ထိုး အဖွဲ့တွေနဲ့ ဆွေးနွေးတဲ့ အပိုင်း၊ တိုက်ခိုက်မှု ဖြစ်ပွားနေတဲ့ အဖွဲ့တွေနဲ့ အပစ်ရပ် စာချုပ်ချုပ်ဖို့ ညှိနှိုင်းတဲ့အပိုင်း၊ ဝနဲ့ မိုင်းလား အပါအဝင် အပစ်ရပ်ထားတဲ့ အဖွဲ့တွေ NCA စာချုပ်ထဲ ပါဝင်ဖို့ ကြိုးစားတဲ့ အပိုင်း ၃ ပိုင်းရှိရာမှာ တိုက်ခိုက်မှု ဖြစ်ပွားနေတဲ့ အဖွဲ့တွေနဲ့ အပစ်ရပ်နိုင်ရေးကို အရေးအကြီးဆုံး ပြသနာ အဖြစ် သတ်မှတ်ပြီး အထူးကြိုးစား ညှိနှိုင်း ဖြေရှင်းဖို့ လိုပါတယ်။ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး လိုအပ်ချက်ကတော့ ငြိမ်းချမ်းရေး ရတာ မရတာ၊ နိုင်ငံရေး အရ သဘောတူညီချက် ရတာ မရတာ အသာထားပြီး အရင်ဦးဆုံး သေနတ်သံတွေ စဲသွားဖို့ လိုပါတယ်။ အဲဒီနောက်မှာမှ အပစ်ရပ် ခိုင်မာအောင်၊ တိုင်းရင်းသားတွေ ဘ၀ ပြန်လည် တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တွေ အကောင်အထည် ဖော်ရင်း နိုင်ငံရေး ပြသနာ ပြေလည်အောင် စိတ်ရှည်ရှည်နဲ့ စားပွဲဝိုင်းပေါ်မှာ ညှိနှိုင်းသွားကြဖို့ပဲ ဖြစ်ပါတယ်။
အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး နောက်ထပ် လုပ်နိုင်တာကတော့ ရတဲ့ အနေအထား အောက်ကနေ တိုင်းရင်းသား တန်းတူ အခွင့်အရေးပေးတာ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးကို မလုပ်နိုင်သေးသည့်တိုင် ကိုယ်အာဏာရထားတဲ့ အနေအထား အောက်ကနေပဲ ဖက်ဒရယ် ပြည်ထောင်စု အနှစ်သာရ ပေါ်လွင်လာအောင် အကောင်အထည် ဖော်ပေးဖို့ပါပဲ။ အလားတူ တပ်မတော်ဘက်ကလည်း တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုရင်၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တကယ်ပဲ တည်ဆောက်ချင်တယ် ဆိုရင် အဲဒီ ပုံစံနဲ့ ကိုက်ညီအောင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရာမှာ အင်န်အယ်လ်ဒီ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သင့်ပါတယ်။ အခုဆိုရင် ၂၀၁၆ မှာ အာဏာရပြီး တက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို စိတ်ကူးယဉ်ပြီး တည်ဆောက်လို့ မရနိုင်ဘူး ဆိုတာ လက်တွေ့ ကြုံခဲ့ရပြီးပါပြီ။ ဒီအတွက် အင်န်အယ်လ်ဒီ အနေနဲ့ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရာမှာ ဦးဆောင်ခဲ့သူတွေ၊ လုပ်ငန်း အောင်မြင်မှု၊ မအောင်မြင်မှု စတာတွေကို ပြန် သုံးသပ်ပြီး တကယ် လက်တွေ့ကျတဲ့ ချဉ်းကပ်နည်း အသစ်တွေနဲ့ အပြောင်းအလဲလုပ် အကောင်အထည် ဖော်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

XS
SM
MD
LG