သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ၿငိမ္းခ်မ္းေရး အတူတကြတည္ေဆာက္ၾကဖို႔ ဘာသာေပါင္းစံုေခါင္းေဆာင္မ်ားပန္ၾကား


ျမန္မာႏိုင္ငံတြင္ အမ်ိဳးသားျပန္လည္သင့္ ျမတ္ေရးအတြက္ ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းေရး (ၿငိမ္းခ်မ္းေမတၱာ)အဖြဲ႕ရဲ႕ အႀကံျပဳေဆြးေႏြးဝိုင္း။ (ဓာတ္ပုံ - Religions for Peace-Myanmar - ႏို၀င္ဘာ ၁၄၊ ၂၀၁၉)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံတြင္းက ဘာသာေပါင္းစံုမွာ ထင္ရွားတဲ့ ဘာသာေရးေခါင္းေဆာင္ၾကီးေတြကေန တိုင္းရင္းသားျပည္သူေတြ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကုိင္အဖြဲ႔အစည္းေတြ ႏုိင္ငံေရးပါတီေတြနဲ႔ ဘာသာေရးေခါင္းေဆာင္ေတြကို ၿငိမ္းခ်မ္းေရး အတူတကြ တည္ေဆာက္ၾကဖို႔ ဒီကေန႔ စုေပါင္းေမတၱာရပ္ခံ ပန္ၾကားလိုက္တဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က ေျပာျပေပးပါမယ္။

ျမန္မာႏုိင္ငံတြင္းက ဘာသာေပါင္းစံု ခ်စ္ၾကည္ေရး ဝိုင္းဝန္းတည္ေဆာက္ၾကိဳးပမ္းေနၾကတဲ့ ထင္ရွားတဲ့ ဘာသာေရးေခါင္းေဆာင္ၾကီးေတြ ျဖစ္တဲ့ ရန္ကုန္ကက္သလစ္ ဂိုဏ္းခ်ဳပ္သာသနာပိုင္ ဆရာေတာ္ၾကီး ကာဒီနယ္ ခ်ားလ္စ္ဘို၊ အျပည္ျပည္ဆိုင္ရာ ေထရဝါဒ ဗုဒၶသာသနာျပဳတကၠသိုလ္က ပါေမာကၡဆရာေတာ္ၾကီး ေဒါက္တာဓမၼသာမိ။ အာရွေဒသလံုးဆုိင္ရာ ကက္သလစ္ဆရာေတာ္ၾကီးမ်ားအဖြဲ႔ခ်ဳပ္၊ ျမန္မာႏုိင္ငံ ကက္သလစ္ဆရာေတာ္ၾကီးမ်ား အဖြဲ႔ခ်ဳပ္ ဥကၠ႒ဆရာေတာ္ၾကီးေတြနဲ႔ ေနာက္ ျမန္မာႏိုင္ငံအရပ္ရပ္က ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေတာ္ၾကီးေတြ၊ ျမန္မာႏုိင္ငံလံုးဆိုင္ရာ ဟိႏၵဴအဖြဲ႔ခ်ဳပ္ရဲ႕ ေခါင္းေဆာင္ေတြျမန္မာႏုိင္ငံ ဆစ္(ခ္)ဘာသာ ဘုန္းေတာ္ၾကီးမ်ား၏ဥကၠ႒၊ အစၥလာမ္ေခါင္းေဆာင္ေတြ၊ ေနာက္ ဗုဒၶဘာသာဆရာေတာ္ေတြျဖစ္တဲ့ မန္ဆူဆရာေတာ္၊ ျမဝတီဆရာေတာ္ဝါေရွာင္ဆရာေတာ္ ေဖာင္ေတာ္ဦးဆရာေတာ္ စတဲ့ ဘာသာေပါင္းစံုက ေခါင္းေဆာင္ေတြ စုေပါင္းၿပီး ျမန္မာျပည္ၾကီး ၿငိမ္းခ်မ္းပါေစေၾကာင္း ေမတၱာရပ္ခံ ပန္ၾကားစာ ဒီကေန႔ ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

ျမန္မာႏုိင္ငံတြင္း တိုင္းရင္းေဒသေတြမွာ စစ္မက္ျဖစ္ပြားေနဆဲအခ်ိန္မွာပဲ ျမန္မာအပါအဝင္ တကမာၻလံုးမွာအထူးသျဖင့္ COVID 19 ကမာၻ႔ကပ္ေရာဂါလည္း ဆုိက္ေရာက္ခ်ိန္ျဖစ္ေနတာမို႔ ဒီစိန္ေခၚမႈေတြကို ရင္ဆိုင္ေျဖရွင္းနိုင္ဖို႔ အစိုးရ တပ္မေတာ္၊ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြအပါအဝင္ အရပ္ဘက္ စစ္ဘက္ေခါင္းေဆာင္ေတြၾကား တဦးနဲ႔ တဦး အျပန္အလွန္ ေလးစားမႈေတြနဲ႔ တုိင္းရင္းသားျပည္သူလူထုေတြ ၿငိမ္းခ်မ္းပါေစေၾကာင္း "ဤအခြင့္အေရးကို ဆုပ္ကိုင္အသံုးခ်ၾကပါစို႔။"လို႔ ဘာသာေပါင္းစံုပါဝင္တဲ့ ၿငိမ္းခ်မ္းေမတၱာအဖြဲ႔ၾကီးက တုိက္တြန္းလိုက္တာျဖစ္ပါတယ္။

အခုလိုဘာသာေပါင္းစံုက ေခါင္းေဆာင္ေတြနဲ႔ ထပ္တူ နိုင္ငံံ့မွာ အေရးပါတဲ့အခန္းက႑ကပုဂၢိဳလ္ေတြ ၿငိမ္းခ်မ္းေရးေရွးရႈ႕ေပးဖို႔ ဘာေၾကာင့္ ေမတၱာရပ္ခံ ပန္ၾကားရပါသလဲဆိုတာကိုေတာ့ ျပင္ဦးလြင္က အာရွအလင္းေရာင္ဆရာေတာ္ အရွင္ဘဒၵႏၱစိႏိၱတ က ဗီြအိုေအျမန္မာပိုင္းကို အခုလိုမိန္႔ပါတယ္။

"ဆရာေတာ္ၾကီး ကာဒီနယ္ခ်ားလ္စ္ဘိုနဲ႔အတူ ထုတ္လိုက္တဲ့စာက သေဘာတူလက္ခံတဲ့အတြက္ ဘုန္းဘုန္းတို႔ေတြ လက္မွတ္ေတြ ထိုးၾကတာပါ။ မၿငိမ္းခ်မ္းေသးသေရြ႔ကေတာ့ ဘယ္ေနရာ ဘယ္ေဒသမွာမွ ေနလို႔ထုိင္လို႔မေကာင္းပါဘူး။ ဒီၾကားထဲမွာ စီးပြားေရး လုပ္ရတာလည္း အဆင္မေျပပါဘူး။ ဒီ တိုင္းရင္းသားေရာ အစိုးရ ေနာက္ စစ္တပ္ေရာ ေပါ့ အားလံုးကေပါ့ေနာ္ ... "ၿငိမ္းခ်မ္းေရးေတာ့ ဒို႔ ယူမွ ရမယ္" ဆိုတာေလးကိုဘာျဖစ္လို႔ ထည့္တြက္ မေတြးၾကသလဲဆိုတာကို ဘုန္းဘုန္းတို႔က စိတ္မေကာင္းျဖစ္တာပါ။ အဲ့တာေလးေတြကို ထည့္ေတြးေစခ်င္ပါတယ္။ ဒီေလာက္ ႏွစ္ေတြလည္း ၾကာေနပါၿပီ။ လူေတြလည္း ေသေနၾကပါၿပီ။ ဒုကၡေတြကလည္း ပင္လယ္ေဝေနၾကပါၿပီ။ ဒီေလာက္ျဖစ္ေနတာခ်ည္းကို ဘာျဖစ္လို႔ ဒီလိုမ်ိဳးဆင္းရဲတြင္း ပိုၿပီးပိုၿပီး နစ္သထက္နစ္ေအာင္ ဘာျဖစ္လို႔ လုပ္ေနၾကရတာလဲလို႔လည္း သူတို႔ကို ေမးခြန္းထုတ္ခ်င္ပါတယ္။ ဒါေၾကာင့္ စစ္ပြဲေတြ အျမန္ဆံုးရပ္ေစခ်င္ပါတယ္ဆိုၿပီးေတာ့ ဘုန္းဘုန္းတို႔က ေတာင္းဆိုရတာပါ။ ဒီလိုရပ္ေအာင္ အားလံုးလုပ္ႏုိင္ပါတယ္ ဒကာမၾကီးရယ္ မလုပ္နုိင္စရာ ဘာအေၾကာင္းမွ မရွိပါဘူး။ ဒီလိုမ်ိဳး ကမာၻ႔ကပ္ေရာဂါၾကီးကလည္း ျဖစ္ေနတာ ေသေရးရွင္ေရးက ကိုယ့္နားေလးတင္ ကပ္ေနတာ။ဒီလိုအေနအထားမ်ိဳးမွာ တတ္ႏိုင္သေလာက္ လူသားေတြ အသက္ရွင္ခြင့္ရေအာင္ COVID-19 ကိုပါ အတူတကြ လက္တြဲၿပီး ဝိုင္းကာကြယ္မယ္ဆိုတဲ့စိတ္ကေလး ေမြးလိုက္မယ္ဆိုရင္ ဒီစစ္ပြဲေတြဟာ ဘာေၾကာင့္ မရပ္ႏုိင္စရာရွိမလဲ။"

ေရာဂါေဘးအျပင္ စစ္ေဘးနဲ႔ပဲ ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္သူေတြ ၿငိမ္းခ်မ္းေစဖို႔ ျမန္မာျပည္တဝွမ္း စစ္ျဖစ္ေနတာေတြ အျမန္ဆံုးရပ္ေပးပါလို႔ ၿငိမ္းခ်မ္းေမတၱာအဖြဲ႔ရဲ႕ အျမဳေတအဖြဲ႔ဝင္လည္းျဖစ္ အစၥလာမ္ဓမၼဗိမာန္ရဲ႕ ဦးေဆာင္ေဆာ္ၾသေရးမွဴး ဦးေအးလြင္ကလည္း ေမတၱာရပ္ခံပါတယ္။

"ျမန္မာျပည္ၾကီး ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ အဟန္႔အတားကေတာ့ စစ္မက္ျဖစ္ပြားေနတာ ရပ္ၿပီး ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းဖို႔အတြက္ပဲ။ ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းမွသာလွ်င္ တိုင္းျပည္က ဖြ႔ံၿဖိဳးတိုးတက္မယ္။ အခုက တုိင္းျပည္ကျပည္သူေတြဟာ ကမာၻနဲ႔အဝွမ္း ၾကံဳေတြ႔ေနရတဲ့ ကိုဗစ္ကပ္ဆိုးၾကီးနဲ႔ၾကံဳေနရတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ပန္ၾကားခ်က္ ေခါင္းစဥ္ကိုက "အခြင့္အေရးကို လက္မလြတ္စတမ္း ဆုပ္ကိုင္ထားၾကေပါ့။" ဒီကိုဗစ္ကာလအတြင္းမွာ က်ေနာ္တို႔က စည္းလံုးညီညြတ္မႈရဲ႕အားကို ေဖာ္က်ဳးဖို႔အတြက္ တုိင္းျပည္မွာ အခုၾကံဳေနရတဲ့ အေထြေထြျပႆနာေတြပါပါတယ္။ က်ေနာ္တို႔ အခု သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးကိစၥေတြပါတယ္၊ လူငယ္ေတြ အလုပ္လက္မဲ့ျဖစ္ေနတာေတြ ပါတယ္။ သယံဇာတျပဳန္းတီးေနတဲ့ကိစၥေတြပါတယ္ အားလံုးကိုျခံဳငံုၿပီး ဒီမတ္ေဆ့သတင္းစကားမွာ ထည့္သြင္းထားပါတယ္။ အဓိကက ျပည္သူေတြအားလံုးပါပဲ ေနာက္ တုိင္းျပည္ကို တိုက္ရိုက္ပတ္သက္ေနတဲ့အထူးသျဖင့္ကေတာ့ Stakeholder လို႔ေခၚတဲ့ ေခါင္းေဆာင္ေတြကိုလည္း ဒီသတင္းစကားကိုသိေစခ်င္ပါတယ္။ အဲ့တာေၾကာင့္ အားလံုးအတြက္ကို က်ေနာ္တို႔ေတြ ပန္ၾကားစာပို႔ပါတယ္။ ၿငိမ္းခ်မ္းေရးကို ဘယ္သူက ဘယ္လိုပံုစံနဲ႔ပဲလုပ္လုပ္ က်ေနာ္တို႔ ေထာက္ခံပါတယ္ အားေပးပါတယ္။ ဆုေတာင္းေမတၱာတင္မကဘူးေပါ့ေနာ္ လက္ေတြ႔က်က်ပါ ျပည္သူအားလံုးက အင္တုိက္ အားတုိက္ ပါဝင္ၾကဖို႔ သက္ဆုိင္ရာပုဂၢိဳလ္ေတြကလည္း မ်က္ႏွာျခင္းဆိုင္ၿပီးေတာ့ ယဥ္ယဥ္ေက်းေက်း မတူညီခ်က္ေတြကို ေတြ႔ဆံုေဆြးေႏြးၾကပါလို႔ ေျပာခ်င္ပါတယ္။"

ျမန္မာႏုိင္ငံ ဘာသာေပါင္းစံု ခ်စ္ၾကည္ညီညြတ္ေရးအဖြဲ႔ရဲ႕ ဒုဥကၠ႒လည္းျဖစ္ ျမန္မာႏုိင္ငံလံုးဆိုင္ရာ ဟိႏၵဴဘာသာေရးဗဟိုအဖြဲ႔ခ်ဳပ္ရဲ႕ အၾကံေပးပုဂၢိဳလ္ဦးေက်ာ္သူကလည္း- ဘာသာတုိင္းဟာ ၿငိမ္းခ်မ္းေရးကို လိုလားေတာင့္တၾကတယ္ ျမန္မာျပည္ၾကီး အျမန္ဆံုးၿငိမ္းခ်မ္းေစခ်င္ပါတယ္လို႔ေျပာပါတယ္။

"ဘယ္ဘာသာမဆို အဓမၼတရားကို ကင္းေဝးဖို႔အတြက္ကို အစၥလာမ္မွာလည္း ရွိတယ္၊ ခရစ္ယာန္မွာလည္းရွိတယ္၊ ဗုဒၶဘာသာမွာလည္း ရွိပါတယ္။ ဟိႏၵဴမွာလည္း ရွိပါတယ္။ တရားကို ေျပာလိုက္ၿပီဆိုတာနဲ႔ အဓမၼကိုေရွာင္ဖို႔ ဓမၼကိုေဆာင္ဖို႔ျဖစ္လာတာ။ ဒီစစ္ေတြၿငိမ္းဖို႔ဆိုတာ က်ေနာ္တို႔မွာလည္း ဘာသာေရးဘက္ကဆိုရင္ ဓမၼလက္နက္ပဲရွိတာကိုး။ အဲ့ေတာ့ က်ေနာ္တို႔က ဓမၼကိုပဲ ေဆာင္ခ်င္တယ္ ဒီၿငိမ္းခ်မ္းေရးကို တပ္မေတာ္ေရာ အစိုးရေရာလက္နက္ကိုင္အဖြဲ႔အစည္းေတြေရာ သူတို႔အေနနဲ႔ မိမိတို႔ ကိုးကြယ္ယံုၾကည္တဲ့ ဘာသာတရားေတြေပၚ အေျခခံၿပီးေတာ့ ေဆြးေႏြးၾကပါ ၿငိမ္းခ်မ္းေရးေတြ လက္မွတ္ထိုးၾကပါလို႔ပဲ က်ေနာ္တို႔က ေတာင္းဆိုခ်င္ပါတယ္။ က်ေနာ္တို႔က ဘာသာေရး ရႈ႕ေထာင့္ကေျပာခ်င္ပါတယ္။ ၿငိမ္းခ်မ္းေရးကို လိုခ်င္ၾကတယ္ဆိုတာ ၿငိမ္းခ်မ္းေရးရမွသာ ဘာသာသာသနာလည္းတိုးတက္မယ္။ တိုင္းျပည္လည္း စည္ပင္မွာေပါ့ဗ်ာေနာ္။ စစ္ျဖစ္ေနေတာ့ တုိင္းျပည္က တုိးတက္သင့္သေလာက္ မတိုးတက္ဘူး။ ဒီၿငိမ္းခ်မ္းေရးကိစၥေတြ ေရြးေကာက္ပြဲမတိုင္ခင္ျဖစ္ျဖစ္ ေရြးေကာက္ပြဲ ေနာက္ပိုင္းပဲျဖစ္ျဖစ္ေပါ့ေနာ္ ေအာင္ျမင္ေစခ်င္ပါတယ္။"

ျမန္မာႏုိင္ငံရဲ႕ ဒီမိုကေရစီႏုိင္ငံသစ္ထူေထာင္ခ်ိန္ အနာဂတ္ေကာင္းမြန္ဖို႔ ႏုိင္ငံသားေတြ လူမ်ိဳးဘာသာမေရြး တန္းတူညီမွ်မႈနဲ႔ လူ႔ဂုဏ္သိကၡာနဲ႔အညီ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထုိင္ေရးေတြအတြက္ တရားမွ်တမႈရွိတဲ့ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ၾကေစလိုပါေၾကာင္း ဘာသာေပါင္းစံုက ဘာသာေရးေခါင္းေဆာင္ၾကီးေတြက ေမတၱာရပ္ခံပန္ၾကားခ်က္အေပၚ သက္ဆုိင္သူေတြဘက္က အေလးဂရုျပဳ အေကာင္အထည္ေဖာ္မယ္လို႔ ဘာသာေရးေခါင္းေဆာင္ေတြဘက္က ေမွ်ာ္လင့္ေနၾကေၾကာင္းပါရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့ငြိမ်းချမ်းရေး အတူတကွတည်ဆောက်ကြဖို့ ဘာသာပေါင်းစုံခေါင်းဆောင်များပန်ကြား

မြန်မာနိုင်ငံတွင်းက ဘာသာပေါင်းစုံမှာ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတွေကနေ တိုင်းရင်းသားပြည်သူတွေ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ငြိမ်းချမ်းရေး အတူတကွ တည်ဆောက်ကြဖို့ ဒီကနေ့ စုပေါင်းမေတ္တာရပ်ခံ ပန်ကြားလိုက်တဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။

မြန်မာနိုင်ငံတွင်းက ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဝိုင်းဝန်းတည်ဆောက်ကြိုးပမ်းနေကြတဲ့ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်က ပါမောက္ခဆရာတော်ကြီး ဒေါက်တာဓမ္မသာမိ။ အာရှဒေသလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌဆရာတော်ကြီးတွေနဲ့ နောက် မြန်မာနိုင်ငံအရပ်ရပ်က ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးတွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေမြန်မာနိုင်ငံ ဆစ်(ခ်)ဘာသာ ဘုန်းတော်ကြီးများ၏ဥက္ကဋ္ဌ၊ အစ္စလာမ်ခေါင်းဆောင်တွေ၊ နောက် ဗုဒ္ဓဘာသာဆရာတော်တွေဖြစ်တဲ့ မန်ဆူဆရာတော်၊ မြဝတီဆရာတော်ဝါရှောင်ဆရာတော် ဖောင်တော်ဦးဆရာတော် စတဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ စုပေါင်းပြီး မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေကြောင်း မေတ္တာရပ်ခံ ပန်ကြားစာ ဒီကနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း တိုင်းရင်းဒေသတွေမှာ စစ်မက်ဖြစ်ပွားနေဆဲအချိန်မှာပဲ မြန်မာအပါအဝင် တကမ္ဘာလုံးမှာအထူးသဖြင့် COVID 19 ကမ္ဘာ့ကပ်ရောဂါလည်း ဆိုက်ရောက်ချိန်ဖြစ်နေတာမို့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အစိုးရ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပါအဝင် အရပ်ဘက် စစ်ဘက်ခေါင်းဆောင်တွေကြား တဦးနဲ့ တဦး အပြန်အလှန် လေးစားမှုတွေနဲ့ တိုင်းရင်းသားပြည်သူလူထုတွေ ငြိမ်းချမ်းပါစေကြောင်း "ဤအခွင့်အရေးကို ဆုပ်ကိုင်အသုံးချကြပါစို့။"လို့ ဘာသာပေါင်းစုံပါဝင်တဲ့ ငြိမ်းချမ်းမေတ္တာအဖွဲ့ကြီးက တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

အခုလိုဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ ထပ်တူ နိုင်ငံံ့မှာ အရေးပါတဲ့အခန်းကဏ္ဍကပုဂ္ဂိုလ်တွေ ငြိမ်းချမ်းရေးရှေးရှု့ပေးဖို့ ဘာကြောင့် မေတ္တာရပ်ခံ ပန်ကြားရပါသလဲဆိုတာကိုတော့ ပြင်ဦးလွင်က အာရှအလင်းရောင်ဆရာတော် အရှင်ဘဒ္ဒန္တစိန္တိတ က ဗွီအိုအေမြန်မာပိုင်းကို အခုလိုမိန့်ပါတယ်။

"ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနဲ့အတူ ထုတ်လိုက်တဲ့စာက သဘောတူလက်ခံတဲ့အတွက် ဘုန်းဘုန်းတို့တွေ လက်မှတ်တွေ ထိုးကြတာပါ။ မငြိမ်းချမ်းသေးသရွေ့ကတော့ ဘယ်နေရာ ဘယ်ဒေသမှာမှ နေလို့ထိုင်လို့မကောင်းပါဘူး။ ဒီကြားထဲမှာ စီးပွားရေး လုပ်ရတာလည်း အဆင်မပြေပါဘူး။ ဒီ တိုင်းရင်းသားရော အစိုးရ နောက် စစ်တပ်ရော ပေါ့ အားလုံးကပေါ့နော် ... "ငြိမ်းချမ်းရေးတော့ ဒို့ ယူမှ ရမယ်" ဆိုတာလေးကိုဘာဖြစ်လို့ ထည့်တွက် မတွေးကြသလဲဆိုတာကို ဘုန်းဘုန်းတို့က စိတ်မကောင်းဖြစ်တာပါ။ အဲ့တာလေးတွေကို ထည့်တွေးစေချင်ပါတယ်။ ဒီလောက် နှစ်တွေလည်း ကြာနေပါပြီ။ လူတွေလည်း သေနေကြပါပြီ။ ဒုက္ခတွေကလည်း ပင်လယ်ဝေနေကြပါပြီ။ ဒီလောက်ဖြစ်နေတာချည်းကို ဘာဖြစ်လို့ ဒီလိုမျိုးဆင်းရဲတွင်း ပိုပြီးပိုပြီး နစ်သထက်နစ်အောင် ဘာဖြစ်လို့ လုပ်နေကြရတာလဲလို့လည်း သူတို့ကို မေးခွန်းထုတ်ချင်ပါတယ်။ ဒါကြောင့် စစ်ပွဲတွေ အမြန်ဆုံးရပ်စေချင်ပါတယ်ဆိုပြီးတော့ ဘုန်းဘုန်းတို့က တောင်းဆိုရတာပါ။ ဒီလိုရပ်အောင် အားလုံးလုပ်နိုင်ပါတယ် ဒကာမကြီးရယ် မလုပ်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ဒီလိုမျိုး ကမ္ဘာ့ကပ်ရောဂါကြီးကလည်း ဖြစ်နေတာ သေရေးရှင်ရေးက ကိုယ့်နားလေးတင် ကပ်နေတာ။ဒီလိုအနေအထားမျိုးမှာ တတ်နိုင်သလောက် လူသားတွေ အသက်ရှင်ခွင့်ရအောင် COVID-19 ကိုပါ အတူတကွ လက်တွဲပြီး ဝိုင်းကာကွယ်မယ်ဆိုတဲ့စိတ်ကလေး မွေးလိုက်မယ်ဆိုရင် ဒီစစ်ပွဲတွေဟာ ဘာကြောင့် မရပ်နိုင်စရာရှိမလဲ။"

ရောဂါဘေးအပြင် စစ်ဘေးနဲ့ပဲ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေ ငြိမ်းချမ်းစေဖို့ မြန်မာပြည်တဝှမ်း စစ်ဖြစ်နေတာတွေ အမြန်ဆုံးရပ်ပေးပါလို့ ငြိမ်းချမ်းမေတ္တာအဖွဲ့ရဲ့ အမြုတေအဖွဲ့ဝင်လည်းဖြစ် အစ္စလာမ်ဓမ္မဗိမာန်ရဲ့ ဦးဆောင်ဆော်သြရေးမှူး ဦးအေးလွင်ကလည်း မေတ္တာရပ်ခံပါတယ်။

"မြန်မာပြည်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားကတော့ စစ်မက်ဖြစ်ပွားနေတာ ရပ်ပြီး ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက်ပဲ။ ပဋိပက္ခတွေ ချုပ်ငြိမ်းမှသာလျှင် တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မယ်။ အခုက တိုင်းပြည်ကပြည်သူတွေဟာ ကမ္ဘာနဲ့အဝှမ်း ကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ဆိုးကြီးနဲ့ကြုံနေရတယ်။ ဒါကြောင့် ကျနော်တို့ပန်ကြားချက် ခေါင်းစဉ်ကိုက "အခွင့်အရေးကို လက်မလွတ်စတမ်း ဆုပ်ကိုင်ထားကြပေါ့။" ဒီကိုဗစ်ကာလအတွင်းမှာ ကျနော်တို့က စည်းလုံးညီညွတ်မှုရဲ့အားကို ဖော်ကျုးဖို့အတွက် တိုင်းပြည်မှာ အခုကြုံနေရတဲ့ အထွေထွေပြဿနာတွေပါပါတယ်။ ကျနော်တို့ အခု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေပါတယ်၊ လူငယ်တွေ အလုပ်လက်မဲ့ဖြစ်နေတာတွေ ပါတယ်။ သယံဇာတပြုန်းတီးနေတဲ့ကိစ္စတွေပါတယ် အားလုံးကိုခြုံငုံပြီး ဒီမတ်ဆေ့သတင်းစကားမှာ ထည့်သွင်းထားပါတယ်။ အဓိကက ပြည်သူတွေအားလုံးပါပဲ နောက် တိုင်းပြည်ကို တိုက်ရိုက်ပတ်သက်နေတဲ့အထူးသဖြင့်ကတော့ Stakeholder လို့ခေါ်တဲ့ ခေါင်းဆောင်တွေကိုလည်း ဒီသတင်းစကားကိုသိစေချင်ပါတယ်။ အဲ့တာကြောင့် အားလုံးအတွက်ကို ကျနော်တို့တွေ ပန်ကြားစာပို့ပါတယ်။ ငြိမ်းချမ်းရေးကို ဘယ်သူက ဘယ်လိုပုံစံနဲ့ပဲလုပ်လုပ် ကျနော်တို့ ထောက်ခံပါတယ် အားပေးပါတယ်။ ဆုတောင်းမေတ္တာတင်မကဘူးပေါ့နော် လက်တွေ့ကျကျပါ ပြည်သူအားလုံးက အင်တိုက် အားတိုက် ပါဝင်ကြဖို့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကလည်း မျက်နှာခြင်းဆိုင်ပြီးတော့ ယဉ်ယဉ်ကျေးကျေး မတူညီချက်တွေကို တွေ့ဆုံဆွေးနွေးကြပါလို့ ပြောချင်ပါတယ်။"

မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ်ဦးကျော်သူကလည်း- ဘာသာတိုင်းဟာ ငြိမ်းချမ်းရေးကို လိုလားတောင့်တကြတယ် မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းစေချင်ပါတယ်လို့ပြောပါတယ်။

"ဘယ်ဘာသာမဆို အဓမ္မတရားကို ကင်းဝေးဖို့အတွက်ကို အစ္စလာမ်မှာလည်း ရှိတယ်၊ ခရစ်ယာန်မှာလည်းရှိတယ်၊ ဗုဒ္ဓဘာသာမှာလည်း ရှိပါတယ်။ ဟိန္ဒူမှာလည်း ရှိပါတယ်။ တရားကို ပြောလိုက်ပြီဆိုတာနဲ့ အဓမ္မကိုရှောင်ဖို့ ဓမ္မကိုဆောင်ဖို့ဖြစ်လာတာ။ ဒီစစ်တွေငြိမ်းဖို့ဆိုတာ ကျနော်တို့မှာလည်း ဘာသာရေးဘက်ကဆိုရင် ဓမ္မလက်နက်ပဲရှိတာကိုး။ အဲ့တော့ ကျနော်တို့က ဓမ္မကိုပဲ ဆောင်ချင်တယ် ဒီငြိမ်းချမ်းရေးကို တပ်မတော်ရော အစိုးရရောလက်နက်ကိုင်အဖွဲ့အစည်းတွေရော သူတို့အနေနဲ့ မိမိတို့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားတွေပေါ် အခြေခံပြီးတော့ ဆွေးနွေးကြပါ ငြိမ်းချမ်းရေးတွေ လက်မှတ်ထိုးကြပါလို့ပဲ ကျနော်တို့က တောင်းဆိုချင်ပါတယ်။ ကျနော်တို့က ဘာသာရေး ရှု့ထောင့်ကပြောချင်ပါတယ်။ ငြိမ်းချမ်းရေးကို လိုချင်ကြတယ်ဆိုတာ ငြိမ်းချမ်းရေးရမှသာ ဘာသာသာသနာလည်းတိုးတက်မယ်။ တိုင်းပြည်လည်း စည်ပင်မှာပေါ့ဗျာနော်။ စစ်ဖြစ်နေတော့ တိုင်းပြည်က တိုးတက်သင့်သလောက် မတိုးတက်ဘူး။ ဒီငြိမ်းချမ်းရေးကိစ္စတွေ ရွေးကောက်ပွဲမတိုင်ခင်ဖြစ်ဖြစ် ရွေးကောက်ပွဲ နောက်ပိုင်းပဲဖြစ်ဖြစ်ပေါ့နော် အောင်မြင်စေချင်ပါတယ်။"

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ချိန် အနာဂတ်ကောင်းမွန်ဖို့ နိုင်ငံသားတွေ လူမျိုးဘာသာမရွေး တန်းတူညီမျှမှုနဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတွေအတွက် တရားမျှတမှုရှိတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ကြစေလိုပါကြောင်း ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်ကြီးတွေက မေတ္တာရပ်ခံပန်ကြားချက်အပေါ် သက်ဆိုင်သူတွေဘက်က အလေးဂရုပြု အကောင်အထည်ဖော်မယ်လို့ ဘာသာရေးခေါင်းဆောင်တွေဘက်က မျှော်လင့်နေကြကြောင်းပါရှင်။

XS
SM
MD
LG