[Zawgyi/Unicode]
တပ္မေတာ္နဲ႔ တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့ AA ရခုိင္လက္နက္ကုိင္အဖဲြ႔အပါအ၀င္ ေျမာက္ပုိင္း မဟာမိတ္ ၃ ဖဲြ႔က ေရွ႕လထဲ က်င္းပမယ့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစုပင္လံုအစည္းအေ၀းကို တက္ေရာက္ဖုိ႔ ကမ္းလွမ္းထားတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပေပးပါမယ္။
လာမယ့္ ၾသဂုတ္လ ဒုတိယပတ္မွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ ရာစု ပင္လံု စတုတၳအစည္းအေ၀းကို ဖိတ္ၾကားမယ္ဆုိရင္ တက္ေရာက္ဖုိ႔ ဆႏၵရွိေၾကာင္း TNLA တအန္းပေလာင္၊ MNDA ကိုးကန္႔နဲ႔ AA ရခိုင္လက္နက္ကုိင္အဖဲြ႔ သံုး ဖဲြ႔တုိ႔ ပူးတဲြ ေၾကညာခဲ့ၾကတာပါ။ အျပဳသေဘာေဆာင္တဲ့ ရပ္တည္ခ်က္နဲ႔ တက္ေရာက္လုိေၾကာင္း ကမ္းလွမ္းခဲ့တာ ျဖစ္တယ္လုိ႔လည္း PSLF/TNLA အဖဲြ႔ရဲ႕ အေထြေထြအတြင္းေရးမႈး တာ့ဘုန္းေက်ာ္က VOA ကို အခုလို ေျပာဆိုပါတယ္။
“၂၁ ပင္လံုကေတာ့ အဓိကကေတာ့ က်ေနာ္တို႔ သံုး ဖဲြ႕လံုးကို ဖိတ္တယ္။ က်ေနာ္တို႔ သြားဖို႔လာဖို႔ အဆင္ေျပႏိုင္တယ္။ အဲဒါဆိုရင္ေတာ့ က်ေနာ္တို႔ဘက္က အျပဳသေဘာေဆာင္တဲ့ ပူးေပါင္းေဆာင္ရြက္မႈ က်ေနာ္တို႔ လုပ္ႏိုင္ပါတယ္။ က်ေနာ္တို႔အေနနဲ႔ကေတာ့ တိုက္ပဲြျဖစ္တာထက္စာရင္ အစည္းအေ၀းဖိတ္တယ္ဆိုရင္ သြားတက္တာက ဒါက ပိုၿပီး အျပဳသေဘာေဆာင္တယ္ဆိုတဲ့ ရပ္တည္ခ်က္ပဲ၊ အျမင္ပဲ ရွိပါတယ္။”
၂၀၂၀ ေရြးေကာက္ပဲြ၊ ၂၁ရာစုပင္လံု၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္တဲ့သေဘာထားကို ညီေနာင္မဟာမိတ္ သံုး ဖဲြ႕က ဒီလ ၂၁ရက္ေန႔က ထုတ္ျပန္ရာမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ေတာ့ အစိုးရ NRPC နဲ႔ သူတို႔အၾကား ရပ္တန္႔ေနတဲ့ ႏိုင္ငံေရးေတြ႔ဆံုေဆြးေႏြးပဲြေတြကို အျမန္ဆံုးျပန္လည္ စတင္လိုေၾကာင္းလည္း ေဖာ္ျပထားပါတယ္။
NRPC ေခၚ အမိ်ဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ဗဟိုဌာနနဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔ဆိုရင္ေတာ့ AA ကို အၾကမ္းဖက္အဖဲြ႕အျဖစ္ ေၾကညာထားတာကို ျပန္လည္သံုးသပ္ဖို႔ လိုအပ္မွာျဖစ္တယ္လို႔လည္း တာ့ဘုန္းေက်ာ္က ေျပာပါတယ္။
“က်ေနာ္တို႔ NRPC နဲ႔ ေတြ႔မယ္ဆိုရင္ ပထမဦးဆံုး ဒီ ျမန္မာ့တပ္မေတာ္က က်ေနာ္တို႔ မဟာမိတ္အဖဲြ႔ျဖစ္တဲ့ AA ကို အၾကမ္းဖက္အဖဲြ႔အစည္းအျဖစ္ ေၾကညာတာ ပထမဦးဆံုး စဥ္းစားဖို႔ လိုမယ္လို႔ က်ေနာ္ထင္တယ္။ အဲဒါကို ဘယ္လို ျပန္ရုပ္သိမ္းမလဲ။ ဘယ္လို တက္လို႔ ရေအာင္ေပါ့။ AA ဒီအစည္းအေ၀းထဲမွာ ပါ၀င္ ပတ္သက္လာေအာင္ စဥ္းစားဖို႔လိုမယ္လို႔ က်ေနာ္ထင္ပါတယ္။ အဲဒီအခင္းအက်င္းက AA အေနနဲ႔ တက္ေရာက္ႏိုင္တဲ့ အခင္းအက်င္းရွိမွသာလွ်င္၊ အာမခံႏိုင္မွသာလွ်င္ ဒါက ေတြ႔ဆံုေဆြးေႏြးမႈျဖစ္ႏိုင္တယ္။ တစ္ေနရာရာေတာ့ ျဖစ္ႏိုင္တယ္ေပါ့။”
အစိုးရရဲ႕ NRPC နဲ႔ ေျမာက္ပိုင္းအဖဲြ႕ေတြအၾကား ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက တ႐ုတ္ႏိုင္ငံမွာ ေနာက္ဆံုးေတြ႕ဆံုခဲ့တာျဖစ္ပါ။ COVID 19 ျဖစ္ပြားလာတဲ့ေနာက္မွာ ေနရာေရြးျခယ္မႈမွာ ႏွစ္ဘက္သေဘာတူညီခ်က္ မရတာေၾကာင့္ ေဆြးေႏြးပဲြေတြဟာ ၇ လနီးပါးၾကာ ရပ္ဆိုင္းေနခဲ့တာျဖစ္ပါတယ္။
ညီေနာင္မဟာမိတ္အဖဲြ႕ေတြက ၂၁ ရာစုပင္လံုကို လံုျခံဳေရးအာမခံခ်က္ရွိရင္ တက္ေရာက္ဖို႔ ဆႏၵရွိေၾကာင္း ထုတ္ျပန္တဲ့အေပၚမွာေတာ့ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႕ အတြင္းေရးမႈး ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းက အခုလို တံုျပန္ေျပာဆိုပါတယ္။
“သူတက္တာ မတက္တာကေတာ့ ဒီ ခြင့္ျပဳတာ မျပဳတာကေတာ့ NRPC နဲ႔ပဲ ဆိုင္ပါလိမ့္မယ္။ သူက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္ၿပီးလုပ္ေနတာ NRPC ကပဲ ဦးေဆာင္ၿပီး လုပ္ေနတာျဖစ္တယ္။ က်ေနာ္တို႔အေနနဲ႔ကေတာ့ ဒီဟာမွ မဟုတ္ပါဘူး။ ခြင့္ျပဳလို႔မို႔ တက္တယ္တို႔ ဘာတို႔ဆိုရင္ က်ေနာ္တို႔အေနနဲ႔က Bilateral ေဆြးေႏြးတာတို႔ သူတို႔အဖဲြ႕ေတြနဲ႔ ေတြ႕ခဲ့တာေတာ့ရွိတယ္။ အဲဒီထဲကအတိုင္း ဒီ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြေတြမွာ လံုျခံဳေရးအာမခံခ်က္က က်ေနာ္တို႔အေနနဲ႔က ေပးၿပီးသားျဖစ္တယ္။ စိတ္ခ်ပါလို႔ ေျပာၿပီးသားျဖစ္တယ္။”
သမၼတရံုးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကေတာ့ COVID 19 ကပ္ေရာဂါေၾကာင့္ ၂၁ ပင္လံုအစည္းအေ၀းကို လူေလွ်ာ့ၿပီး က်င္းပခ်ိန္မွာ အပစ္ရပ္စာခ်ဳပ္ NCA ကို လက္မွတ္မထိုးေသးတဲ့အဖဲြ႔ေတြကို ဖိတ္မယ္၊ မဖိတ္ဘူးဆိုတာ ညွိႏိႈင္းေနဆဲျဖစ္ေၾကာင္း သတင္းမီဒီယာေတြကို ေျပာဆိုထားပါတယ္။
ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြ ၂၁ ပင္လံု အစည္းအေ၀း တက္ေရာက္မယ္ဆိုတဲ့အေပၚ သူ႔အျမင္ကို အခုလို ေျပာပါတယ္။
“NCA လက္မွတ္ မထိုးထားတဲ့အဖဲြ႕ ရွစ္ ဖဲြ႕က သူက ဖိတ္လို႔ တက္ရင္လည္းပဲ NCA ထိုးမထားတဲ့အတြက္ေၾကာင့္ ႏိုင္ငံေရးအရ ေဆြးေႏြးခြင့္မရွိဘူး။ ပဲြတက္ သက္သက္ပဲ ျဖစ္တာကိုး။ အဲေတာ့ ဖိတ္သည္ျဖစ္ေစ၊ မဖိတ္သည္ျဖစ္ေစ သိပ္ေတာ့ မထူးဘူးေပါ့။ ဒါက တစ္ပိုင္း၊ ဒါေပမဲ့ တစ္ခု ရွိတာကေတာ့ အခု ေျမာက္ပိုင္း ေလး ဖဲြ႕နဲ႔ ေဆြးေႏြးပဲြေတြ ရပ္ေနတဲ့အခ်ိန္မွာ သူတို႔ေတြ ဒီပဲြကို လာတက္တဲ့အခ်ိန္မွာ အဲဒီေျမာက္ပိုင္း ေလး ဖဲြ႕နဲ႔ ေဆြးေႏြးပဲြကို အစျပဳႏိုင္ဖို႔အတြက္ ညွိႏိႈင္းႏိုင္မယ့္ အခြင့္အလမ္းေကာင္း တစ္ခုေတာ့ျဖစ္လိမ့္မယ္။ ဒီထက္ေတာ့ မပိုဘူး ထင္ပါတယ္။”
ဒီရက္ပိုင္းေတြအတြင္း အစိုးရတပ္မေတာ္နဲ႔ AA အဖဲ႔ြ အၾကား ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပဲြေတြ ျပင္းထန္ေနသလို TNLA အဖဲြ႕နဲ႔လည္း မန္တံုၿမိဳ႕နယ္အတြင္းမွာ တိုက္ပဲြ ေတြ ျဖစ္ပြားေနပါတယ္။
MIPS ေခၚ ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးဆိုင္ရာ ျမန္မာအင္စတီက်ဴအဖဲြ႕ကေတာ့ ၂၀၁၉ ခုႏွစ္အတြင္း ျမန္မာျပည္မွာ တိုက္ပဲြေပါင္း ၁,၀၀၀ ေက်ာ္ျဖစ္ခဲ့ရာမွာ တိုက္ပဲြေတြရဲ႕ ၅၃ ရာခိုင္ႏႈန္းက AA နဲ႔ ျဖစ္ပြားခဲ့ၿပီး ၂၈ ရာခိုင္ႏႈန္းကေတာ့ TNLA နဲ႔ ျဖစ္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။
[Unicode Version]
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ငြိမ်းချမ်းရေးညီလာခံ တက်လိုကြောင်း ကမ်းလှမ်း
တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့အပါအဝင် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ရှေ့လထဲ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံအစည်းအဝေးကို တက်ရောက်ဖို့ ကမ်းလှမ်းထားတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။
လာမယ့် သြဂုတ်လ ဒုတိယပတ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ဖိတ်ကြားမယ်ဆိုရင် တက်ရောက်ဖို့ ဆန္ဒရှိကြောင်း TNLA တအန်းပလောင်၊ MNDA ကိုးကန့်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ သုံး ဖွဲ့တို့ ပူးတွဲ ကြေညာခဲ့ကြတာပါ။ အပြုသဘောဆောင်တဲ့ ရပ်တည်ချက်နဲ့ တက်ရောက်လိုကြောင်း ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့လည်း PSLF/TNLA အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး တာ့ဘုန်းကျော်က VOA ကို အခုလို ပြောဆိုပါတယ်။
“၂၁ ပင်လုံကတော့ အဓိကကတော့ ကျနော်တို့ သုံး ဖွဲ့လုံးကို ဖိတ်တယ်။ ကျနော်တို့ သွားဖို့လာဖို့ အဆင်ပြေနိုင်တယ်။ အဲဒါဆိုရင်တော့ ကျနော်တို့ဘက်က အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု ကျနော်တို့ လုပ်နိုင်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ တိုက်ပွဲဖြစ်တာထက်စာရင် အစည်းအဝေးဖိတ်တယ်ဆိုရင် သွားတက်တာက ဒါက ပိုပြီး အပြုသဘောဆောင်တယ်ဆိုတဲ့ ရပ်တည်ချက်ပဲ၊ အမြင်ပဲ ရှိပါတယ်။”
၂၀၂၀ ရွေးကောက်ပွဲ၊ ၂၁ရာစုပင်လုံ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့သဘောထားကို ညီနောင်မဟာမိတ် သုံး ဖွဲ့က ဒီလ ၂၁ရက်နေ့က ထုတ်ပြန်ရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့တော့ အစိုးရ NRPC နဲ့ သူတို့အကြား ရပ်တန့်နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို အမြန်ဆုံးပြန်လည် စတင်လိုကြောင်းလည်း ဖော်ပြထားပါတယ်။
NRPC ခေါ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုရင်တော့ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်မှာဖြစ်တယ်လို့လည်း တာ့ဘုန်းကျော်က ပြောပါတယ်။
“ကျနော်တို့ NRPC နဲ့ တွေ့မယ်ဆိုရင် ပထမဦးဆုံး ဒီ မြန်မာ့တပ်မတော်က ကျနော်တို့ မဟာမိတ်အဖွဲ့ဖြစ်တဲ့ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာတာ ပထမဦးဆုံး စဉ်းစားဖို့ လိုမယ်လို့ ကျနော်ထင်တယ်။ အဲဒါကို ဘယ်လို ပြန်ရုပ်သိမ်းမလဲ။ ဘယ်လို တက်လို့ ရအောင်ပေါ့။ AA ဒီအစည်းအဝေးထဲမှာ ပါဝင် ပတ်သက်လာအောင် စဉ်းစားဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီအခင်းအကျင်းက AA အနေနဲ့ တက်ရောက်နိုင်တဲ့ အခင်းအကျင်းရှိမှသာလျှင်၊ အာမခံနိုင်မှသာလျှင် ဒါက တွေ့ဆုံဆွေးနွေးမှုဖြစ်နိုင်တယ်။ တစ်နေရာရာတော့ ဖြစ်နိုင်တယ်ပေါ့။”
အစိုးရရဲ့ NRPC နဲ့ မြောက်ပိုင်းအဖွဲ့တွေအကြား ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပါ။ COVID 19 ဖြစ်ပွားလာတဲ့နောက်မှာ နေရာရွေးခြယ်မှုမှာ နှစ်ဘက်သဘောတူညီချက် မရတာကြောင့် ဆွေးနွေးပွဲတွေဟာ ၇ လနီးပါးကြာ ရပ်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။
ညီနောင်မဟာမိတ်အဖွဲ့တွေက ၂၁ ရာစုပင်လုံကို လုံခြုံရေးအာမခံချက်ရှိရင် တက်ရောက်ဖို့ ဆန္ဒရှိကြောင်း ထုတ်ပြန်တဲ့အပေါ်မှာတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက အခုလို တုံပြန်ပြောဆိုပါတယ်။
“သူတက်တာ မတက်တာကတော့ ဒီ ခွင့်ပြုတာ မပြုတာကတော့ NRPC နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ သူက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ပြီးလုပ်နေတာ NRPC ကပဲ ဦးဆောင်ပြီး လုပ်နေတာဖြစ်တယ်။ ကျနော်တို့အနေနဲ့ကတော့ ဒီဟာမှ မဟုတ်ပါဘူး။ ခွင့်ပြုလို့မို့ တက်တယ်တို့ ဘာတို့ဆိုရင် ကျနော်တို့အနေနဲ့က Bilateral ဆွေးနွေးတာတို့ သူတို့အဖွဲ့တွေနဲ့ တွေ့ခဲ့တာတော့ရှိတယ်။ အဲဒီထဲကအတိုင်း ဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လုံခြုံရေးအာမခံချက်က ကျနော်တို့အနေနဲ့က ပေးပြီးသားဖြစ်တယ်။ စိတ်ချပါလို့ ပြောပြီးသားဖြစ်တယ်။”
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ COVID 19 ကပ်ရောဂါကြောင့် ၂၁ ပင်လုံအစည်းအဝေးကို လူလျှော့ပြီး ကျင်းပချိန်မှာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေကို ဖိတ်မယ်၊ မဖိတ်ဘူးဆိုတာ ညှိနှိုင်းနေဆဲဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ၂၁ ပင်လုံ အစည်းအဝေး တက်ရောက်မယ်ဆိုတဲ့အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။
“NCA လက်မှတ် မထိုးထားတဲ့အဖွဲ့ ရှစ် ဖွဲ့က သူက ဖိတ်လို့ တက်ရင်လည်းပဲ NCA ထိုးမထားတဲ့အတွက်ကြောင့် နိုင်ငံရေးအရ ဆွေးနွေးခွင့်မရှိဘူး။ ပွဲတက် သက်သက်ပဲ ဖြစ်တာကိုး။ အဲတော့ ဖိတ်သည်ဖြစ်စေ၊ မဖိတ်သည်ဖြစ်စေ သိပ်တော့ မထူးဘူးပေါ့။ ဒါက တစ်ပိုင်း၊ ဒါပေမဲ့ တစ်ခု ရှိတာကတော့ အခု မြောက်ပိုင်း လေး ဖွဲ့နဲ့ ဆွေးနွေးပွဲတွေ ရပ်နေတဲ့အချိန်မှာ သူတို့တွေ ဒီပွဲကို လာတက်တဲ့အချိန်မှာ အဲဒီမြောက်ပိုင်း လေး ဖွဲ့နဲ့ ဆွေးနွေးပွဲကို အစပြုနိုင်ဖို့အတွက် ညှိနှိုင်းနိုင်မယ့် အခွင့်အလမ်းကောင်း တစ်ခုတော့ဖြစ်လိမ့်မယ်။ ဒီထက်တော့ မပိုဘူး ထင်ပါတယ်။”
ဒီရက်ပိုင်းတွေအတွင်း အစိုးရတပ်မတော်နဲ့ AA အဖဲ့ွ အကြား ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို TNLA အဖွဲ့နဲ့လည်း မန်တုံမြို့နယ်အတွင်းမှာ တိုက်ပွဲ တွေ ဖြစ်ပွားနေပါတယ်။
MIPS ခေါ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူအဖွဲ့ကတော့ ၂၀၁၉ ခုနှစ်အတွင်း မြန်မာပြည်မှာ တိုက်ပွဲပေါင်း ၁,၀၀၀ ကျော်ဖြစ်ခဲ့ရာမှာ တိုက်ပွဲတွေရဲ့ ၅၃ ရာခိုင်နှုန်းက AA နဲ့ ဖြစ်ပွားခဲ့ပြီး ၂၈ ရာခိုင်နှုန်းကတော့ TNLA နဲ့ ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။