သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သီေပါဘက္တိုက္ပြဲေၾကာင့္ ရြာသား ၂၀၀ ေက်ာ္ အိုးအိမ္စြန္႔ထြက္ေျပးရ


ရွမ္းျပည္နယ္ေျမာက္ပိုင္း တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကေသာ စစ္ေဘးေရွာင္မ်ား။ (ၾသဂုတ္ ၂၅၊၂၀၁၉)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါျမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/ SSA အဖြဲ႔တို႔ တုိက္ပဲြျဖစ္ရာက ေဒသခံအမ်ားအျပား ေဘးလြတ္ရာ တိမ္းေရွာင္ေနရတဲ့ အေၾကာင္း ေျပာျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ျပေပးပါမယ္။

သီေပါျမိဳ႕နယ္ ပန္မုံနဲ႔ နားအံုေက်းရြာအၾကား ျမန္မာစစ္တပ္နဲ႔ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္တို႔ မေန႔ညေနပိုင္းက တိုက္ပြဲျဖစ္ပြါးအျပီး နားအုံေက်းရြာသားေတြ ထြက္ေျပးခဲ့ၾကရတာပါ။ ထြက္ေျပးခဲ့ၾကတဲ့ ရြာသား ၂၀၀ ေက်ာ္ေလာက္ဟာ အခုအခါ နားအံုေက်းရြာနဲ႔ ၈ မိုင္ေလာက္ အကြာမွာရွိတဲ့ ေဆာင္ၾကဲရြာ ဘုန္းၾကီးေက်ာင္းမွာ ခုိလႈံေနတယ္လို႔ လည္း နားအံုေက်းရြာအုပ္ခ်ဳပ္ေရးမွဴး စုိင္းစန္းေဆာက ေျပာပါတယ္။

“ပန္မုံနဲ႔ နားအုံၾကားမွာဗ်။ သူတို႔ တိုက္ပြဲျဖစ္တဲ့ေနရာက တမိုင္ေလာက္ရွိပါတယ္ဗ်။ သူတို႔ပစ္ခတ္တာက မိနစ္ ၂၀ ေလာက္ပါဗ်။ ၅၀၆ နဲ႔ ရွမ္းစစ္တပ္ပါဗ်။ ရြာကလူေတြက်ေတာ့အကုန္လုံး ထြက္ေျပးေနၾကတယ္ဗ်။ အခုက်ေတာ့ ေဆာင္ၾကဲမွာ အကုန္လုံးေရာက္ေနၾကတယ္ဗ်။ ၂၀၀ ေက်ာ္ရွိပါတယ္ဗ်။”

တုိက္ပဲြေတြေၾကာင့္ တိမ္းေရွာင္လာသူေတြအတြက္ ဒီေန႔ေန႔လယ္ပိုင္းအထိေတာ့ အကူညီေပးေရး အဖြဲ႔ေတြ ေရာက္လာတာ မရွိဘူးလို႔ သီေပါျမိဳ႕နယ္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္စိုင္းခမ္းေအာင္က ေျပာပါတယ္။

“ေလာေလာဆယ္ အပူတျပင္းဆိုေတာ့ သူတို႔ ဒီအတိုင္းပဲ ပါလာတဲ့ အထဲကေနျပီးေတာ့ခ်က္ျပဳတ္စားေသာက္ ရတာေပါ့။ အခုေလာေလာလတ္လတ္ ျဖစ္တဲ့အခါက်ေတာ့ ကူညီကယ္ဆယ္တဲ့အဖြဲ႔ေတြကေတာ့ မေရာက္လာၾကေသးဘူးဗ်။”

လက္ရွိမွာ ျမန္မာ့တပ္မေတာ္နဲ႔ ရွမ္းျပည္တပ္မေတာ္တို႔အၾကား တိုက္ပြဲျငိမ္သက္ျပီး ျဖစ္ေပမဲ့ စစ္တပ္ဘက္က လႈပ္ရွားေနဆဲေၾကာင့္ တိုက္ပြဲအေျခအေန မခန္႔မွန္းနိုင္ေသးဘူးလို႕ စိုင္းခမ္းေအာင္က ဆက္ေျပာပါတယ္။

“ႏွစ္ဘက္လက္နက္ကိုင္ေတြကေတာ့ ထိပ္တိုက္ေတြ႔တဲ့ အေျခအေန မရွိေတာ့ဘူးဗ်။ ဟို SSPP ဘက္က သူတို႔က ဆုတ္လိုက္ျပီး။ တပ္မေတာ္ဘက္ကေတာ့ ရွိေနေသးတယ္ဗ်။ ဒါေပမဲ့ တပ္ဘက္က ထပ္ျပီးေတာ့မွ အတြင္းပိုင္းကို ေမႊေႏွာက္ေနမယ္ဆိုရင္ေတာ့ ေျပာလို႔ မရဘူးေပါ့။”

မေန႔က သီေပါျမိဳ႕နယ္အတြင္း ျဖစ္ပြားတဲ့တိုက္ပြဲမွာ တပ္မေတာ္ဘက္က ထိခိုက္မႈမရွိခဲ့ဘူးလို႔ ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“မေန႔ကေန ၄ နာရီေလာက္မွာေတာ့ ထိေတြ႔မႈျဖစ္ပြါးခဲ့တာ ရွိပါတယ္ဗ်။ က်ေနာ္တို႔ေနာင္ေကာ္ၾကီးေဒသဘက္ေပါ့။ အဲဒီဘက္မွာ ထိေတြ႕မႈ ျဖစ္ပြါးခဲ့တာရွိတယ္။ ထိခိုက္ဒဏ္ရာရရွိမွဳေတာ့ မရွိပါဘူးဗ်။”

မေန႔က တိုက္ပြဲအေျခအေနကို သိရွိဖို႕ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP ဘက္ကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/SSA အဖြဲ႕ဟာ ျပည္နယ္အဆင့္ ပဏာမအပစ္ရပ္လက္မွတ္ေရးထိုးထားေပမဲ့ တနိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး NCA သေဘာတူစာခ်ဳပ္ကိုေတာ့ လက္မွတ္ေရးထိုးနိုင္ျခင္း မရွိေသးပါဘူး။

ျပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္းက ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္အဖြဲ႕ေတြအေနနဲ႔ မိုင္းရွဴး မိုင္းေနာင္ ကားလမ္း ေျမာက္ဘက္ျခမ္းကို ဆုတ္ခြါေပးဖို႔ ျမန္မာအစိုးရ ကိုယ္စားလွယ္ဘက္ကေတာင္းဆိုခဲ့ေပမဲ့ SSPP ဘက္က လက္မခံခဲ့တာေၾကာင့္ တိုက္ပြဲေတြျဖစ္ပြါးခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္ ေမလ ၁ ရက္ေန႔တုန္းက ၿငိမ္းခ်မ္းေရးေကာ္မရွင္ဒုတိယဥကၠ႒ ဦးသိန္းေဇာ္ ဦးေဆာင္တဲ့ ၿငိမ္းခ်မ္းေရး ေကာ္မရွင္အဖြဲ႔၀င္ေတြဟာ ဝမ့္ဟိုင္းဌာနခ်ဳပ္ကို လာေရာက္ျပီးေတာ့ SSPP/SSA ေခါင္းေဆာင္ေတြနဲ႔ ျငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ျဖိဳးေရးအစီအစဥ္ေတြကို ေဆြးေႏြးခဲ့ေပမဲ့ ဒီေဆြးေႏြးပြဲအျပီးမွာပဲ တပ္မေတာ္ကေန SSPP ေက်ာက္မဲျမိဳ႕နယ္က လြယ္ရင္တပ္စခမ္း တိုက္ခိုက္ခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္အထိ တပ္မေတာ္နဲ႔ ၾကိဳၾကားတိုက္ပြဲျဖစ္ပြါးေနပါတယ္။

တပ္မေတာ္ကေန ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသဘက္မွာ အပစ္ခတ္ရပ္စဲထားေၾကာင္း ေၾကညာထားေပမဲ့ တအာင္း ပေလာင္တပ္ဖြဲ႔ TNLA ကိုးကန္႔တပ္ဖြဲ႔ MNDAA ကခ်င္လြတ္လပ္ေရး အဖြဲ႔ KIO တို႔နဲ႔ တိုက္ပြဲ ျဖစ္ပြါးေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သီပေါဘက်တိုက်ပွဲကြောင့် ရွာသား ၂၀၀ ကျော် အိုးအိမ်စွန့်ထွက်ပြေးရ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/ SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ရာက ဒေသခံအများအပြား ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ အကြောင်း ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပေးပါမယ်။

သီပေါမြို့နယ် ပန်မုံနဲ့ နားအုံကျေးရွာအကြား မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်တို့ မနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွါးအပြီး နားအုံကျေးရွာသားတွေ ထွက်ပြေးခဲ့ကြရတာပါ။ ထွက်ပြေးခဲ့ကြတဲ့ ရွာသား ၂၀၀ ကျော်လောက်ဟာ အခုအခါ နားအုံကျေးရွာနဲ့ ၈ မိုင်လောက် အကွာမှာရှိတဲ့ ဆောင်ကြဲရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတယ်လို့ လည်း နားအုံကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းစန်းဆောက ပြောပါတယ်။

“ပန်မုံနဲ့ နားအုံကြားမှာဗျ။ သူတို့ တိုက်ပွဲဖြစ်တဲ့နေရာက တမိုင်လောက်ရှိပါတယ်ဗျ။ သူတို့ပစ်ခတ်တာက မိနစ် ၂၀ လောက်ပါဗျ။ ၅၀၆ နဲ့ ရှမ်းစစ်တပ်ပါဗျ။ ရွာကလူတွေကျတော့အကုန်လုံး ထွက်ပြေးနေကြတယ်ဗျ။ အခုကျတော့ ဆောင်ကြဲမှာ အကုန်လုံးရောက်နေကြတယ်ဗျ။ ၂၀၀ ကျော်ရှိပါတယ်ဗျ။”

တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာသူတွေအတွက် ဒီနေ့နေ့လယ်ပိုင်းအထိတော့ အကူညီပေးရေး အဖွဲ့တွေ ရောက်လာတာ မရှိဘူးလို့ သီပေါမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းခမ်းအောင်က ပြောပါတယ်။

“လောလောဆယ် အပူတပြင်းဆိုတော့ သူတို့ ဒီအတိုင်းပဲ ပါလာတဲ့ အထဲကနေပြီးတော့ချက်ပြုတ်စားသောက် ရတာပေါ့။ အခုလောလောလတ်လတ် ဖြစ်တဲ့အခါကျတော့ ကူညီကယ်ဆယ်တဲ့အဖွဲ့တွေကတော့ မရောက်လာကြသေးဘူးဗျ။”

လက်ရှိမှာ မြန်မာ့တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်တို့အကြား တိုက်ပွဲငြိမ်သက်ပြီး ဖြစ်ပေမဲ့ စစ်တပ်ဘက်က လှုပ်ရှားနေဆဲကြောင့် တိုက်ပွဲအခြေအနေ မခန့်မှန်းနိုင်သေးဘူးလို့ စိုင်းခမ်းအောင်က ဆက်ပြောပါတယ်။

“နှစ်ဘက်လက်နက်ကိုင်တွေကတော့ ထိပ်တိုက်တွေ့တဲ့ အခြေအနေ မရှိတော့ဘူးဗျ။ ဟို SSPP ဘက်က သူတို့က ဆုတ်လိုက်ပြီး။ တပ်မတော်ဘက်ကတော့ ရှိနေသေးတယ်ဗျ။ ဒါပေမဲ့ တပ်ဘက်က ထပ်ပြီးတော့မှ အတွင်းပိုင်းကို မွှေနှောက်နေမယ်ဆိုရင်တော့ ပြောလို့ မရဘူးပေါ့။”

မနေ့က သီပေါမြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲမှာ တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“မနေ့ကနေ ၄ နာရီလောက်မှာတော့ ထိတွေ့မှုဖြစ်ပွါးခဲ့တာ ရှိပါတယ်ဗျ။ ကျနော်တို့နောင်ကော်ကြီးဒေသဘက်ပေါ့။ အဲဒီဘက်မှာ ထိတွေ့မှု ဖြစ်ပွါးခဲ့တာရှိတယ်။ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိပါဘူးဗျ။”

မနေ့က တိုက်ပွဲအခြေအနေကို သိရှိဖို့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့ဟာ ပြည်နယ်အဆင့် ပဏာမအပစ်ရပ်လက်မှတ်ရေးထိုးထားပေမဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA သဘောတူစာချုပ်ကိုတော့ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက မြောက်ပိုင်းရှမ်းပြည်တပ်မတော်အဖွဲ့တွေအနေနဲ့ မိုင်းရှူး မိုင်းနောင် ကားလမ်း မြောက်ဘက်ခြမ်းကို ဆုတ်ခွါပေးဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်ကတောင်းဆိုခဲ့ပေမဲ့ SSPP ဘက်က လက်မခံခဲ့တာကြောင့် တိုက်ပွဲတွေဖြစ်ပွါးခဲ့ပါတယ်။

၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့တုန်းက ငြိမ်းချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ ဝမ့်ဟိုင်းဌာနချုပ်ကို လာရောက်ပြီးတော့ SSPP/SSA ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ဆွေးနွေးခဲ့ပေမဲ့ ဒီဆွေးနွေးပွဲအပြီးမှာပဲ တပ်မတော်ကနေ SSPP ကျောက်မဲမြို့နယ်က လွယ်ရင်တပ်စခမ်း တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အထိ တပ်မတော်နဲ့ ကြိုကြားတိုက်ပွဲဖြစ်ပွါးနေပါတယ်။

တပ်မတော်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာ အပစ်ခတ်ရပ်စဲထားကြောင်း ကြေညာထားပေမဲ့ တအာင်း ပလောင်တပ်ဖွဲ့ TNLA ကိုးကန့်တပ်ဖွဲ့ MNDAA ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့နဲ့ တိုက်ပွဲ ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG