သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူသတ္မႈစဲြခ်က္နဲ႔ ျမန္မာစစ္သားႏွစ္ဦး တပ္မေတာ္ဖမ္းဆီးအေရးယူ


ကရင္ျပည္နယ္ရွိ ေက်းရြာတခုတြင္ ေတြ႔ရသည့္ လံုျခံဳေရးတပ္ဖြဲ႔ဝင္တခ်ဳိ႕။ (စက္တင္ဘာ ၂၁၊ ၂၀၁၆)

[Zawgyi/Unicode]

ကရင္ျပည္နယ္၊ ဖာပြန္ၿမိဳ႕နယ္၊ ပိုလိုထေက်းရြာက အမ်ိဳးသမီးတစ္ဦးကို ပစၥည္းလုယက္၊ သတ္ျဖတ္မႈက်ဴးလြန္ခဲ့တဲ့ ျမန္မာစစ္သားႏွစ္ဦးကို အေရးယူေပးဖို႔ KNU Concerned Group အပါ၀င္ကရင္အဖြဲ႔အစည္းေတြ ေတာင္းဆိုတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးပါမယ္။

(ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕)
(ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕)

ဖါးပြန္ခရိုင္မွာ ျမန္မာစစ္တပ္တပ္သား ႏွစ္ဦးကေန ပစ္သတ္ခဲ့တဲ့ ေဒသခံအမ်ဳိးသမီး ေနာ္မုေနာ္ ေသဆုံးမႈမွာ တရားမွ်တမႈရရွိေရးအတြက္ ကရင္လက္နက္ကုိင္အဖြဲ႔အစည္းမ်ားအပါအဝင္ ကရင္အဖဲြဲ႔အစည္းေတြကေန ေတာင္းဆိုခဲ့တာပါ။

ပစၥည္းလုယူ သတ္ျဖတ္မႈ က်ဴးလြန္တဲ့ တပ္မေတာ္သားႏွစ္ဦးကို ထိေရာက္စြာ အေရးယူေပးဖို႕ေတာင္းဆိုေၾကာင္း KNU Concerned Group ေျပာခြင့္ရ ကရင္အမ်ိဳးသားအစည္းအရံုး KNU ဒုဥကၠ႒ေဟာင္း ပဒုိေနာ္စီဖုိးရာစိန္က ေျပာပါတယ္။

“ဇူလုိင္လ ၁၆ ရက္ေပါ့ေနာ္။ ဗမာစစ္တပ္ႏွစ္ဦးကေတာ့ ဒီအမ်ိဳးသမီးဆိုင္ကို သြားတာရွိတယ္။ ျပီးေတာ့သူရဲ႕ ဆြဲၾကိဳးေတြကို လုယူျပီးေတာ့ သူပစ္သတ္ျပီးေတာ့ ထြက္ေျပးသြားျဖစ္တယ္ေပါ့ေလ။ ဒီလိုျဖစ္ပ်က္တာဟာ က်မတို႔ လုံး၀လက္မခံဘူး။ ဒါကို လုံး၀ကန္႔ကြက္တယ္လို႔ က်မတို႔ ထုတ္ျပန္ထားတာ။ ဘာမွမျပစ္မရွိတဲ့ အမ်ိဳးသမီးတေယာက္ကို ဒီလိုပစ္ခတ္သတ္ျဖတ္တာမ်ိဳးဟာ ဒါ လက္ခံနိုင္စရာမရွိဘူး။ က်ဴးလြန္တဲ့လူေတြကိုေတာ့ ထိေရာက္စြာအေရးယူဖို႔ လိုအပ္ေနတယ္။”

ၿပီးခဲ့တဲ့ဇူလုိင္လ ၁၆ ရက္ေန႔က ဖာပြန္ၿမဳိ႕နယ္၊ ပုိလုိထာေက်းရြာေန အသက္ ၄၀ ႏွစ္ အရြယ္ ေနာ္မုေနာ္ဆုိသူ အမ်ဳိးသမီးကုိ အမွတ္ (၈) စစ္ကြပ္ကဲေရးဌာနခ်ဳပ္ (စကခ) လက္ေအာက္ခံ ခမရ-၄၀၉ တပ္ရင္းက တပ္မေတာ္သား ႏွစ္ဦးက ပစ္သတ္ခဲ့ၿပီး လက္ဝတ္ရတနာေတြကိုလုယူတဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့တာပါ။

ျမန္မာ့တပ္မေတာ္ရဲ႕ မတရား ညႇဥ္းပန္းႏွိပ္စက္မႈ၊ အေၾကာင္းမဲ့ သတ္ျဖတ္ျခင္း၊ အဓမၼျပဳက်င့္မႈေတြအျပင္ ျပည္သူလူထုေတြရဲ႕ ပစၥည္းဥစၥာေတြကုိ အတင္းအဓမၼရယူျခင္းမ်ား ရပ္တန္႔သြားႏုိင္ေရးနဲ႔ ထိေရာက္စြာအေရးယူ တားဆီးဟန္႔တားႏုိင္ေရးအတြက္ Amnesty International (AI) ႏွင့္ Human Right Watch စတဲ့ ႏုိင္ငံတကာ အဖြဲ႔အစည္းကေန ဝင္ေရာက္စုံစမ္းဖို႕ ေတာင္းဆိုေၾကာင္းကိုလည္း ပဒုိေနာ္စီဖုိးရာစိန္ကေျပာပါတယ္။

ကရင္ျငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ အစီအစဥ္တာ၀န္ခံ ေနာ္၀ါးခူရွီးကေတာ့ NCA အပစ္ရပ္လက္မွတ္ေရးထိုးထားတဲ့ KNU ေဒသဘက္မွာ ဒီလို လုပ္ရပ္က်ဴးလြန္္တာမျဖစ္သင့္ဘူးလို႔ ေျပာပါတယ္။

“ဒါက အျဖစ္သင့္ဘူးေနာ္။ အခုကဒီ ျငိမ္းခ်မ္းေရး တည္ေဆာက္တဲ့ကာလမွာ KNU လည္း NCA ထိုးထားတယ္။ က်မတို႔ ျပန္ၾကည့္မယ္ဆိုရင္ ဒီတရား၀င္က်ဴးလြန္ခြင့္ေပးထားတဲ့စနစ္က ရွိတာၾကာေနျပီးေပါ့ေနာ္။ စနစ္ေၾကာင့္ အျပစ္ရွိတဲ့ စစ္သားစစ္တပ္ေတြဟာ သူတို႔ အျပစ္မေပးဘူးဆိုေတာ့ ဒီလိုမ်ိဳးဆက္ျဖစ္ေနတာေပါ့ေနာ္။”

KNU - ကရင္အမ်ဳိးသားအစည္းအရုံး တပ္မဟာ ၅ ဘက္ကလည္း ဒီျဖစ္စဥ္အေပၚ စုံစမ္းေဖာ္ထုတ္ အေရးယူေပးဖို႔ ကရင္ျပည္နယ္ ပစ္ခတ္တိုက္ခုိက္မႈ ရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC-S) ကုိ ဇူလုိင္လ ၁၈ ရက္ေန႔မွာ တုိင္ၾကားစာေပးပုိ႔ထားပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ျပစ္မႈက်ဴးလြန္ထားတဲ့ စစ္သည္ေတြကို အေရးယူသြားမယ္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“သူတို႔ရဲ႕လုပ္ေဆာင္မႈနဲ႔ ပတ္သက္ျပီးေတာ့ က်ေနာ္တို႔ အေရးယူသြားမွာျဖစ္ပါတယ္။ ပဏာမစစ္ေၾကာစစ္ေဆးခ်က္အရေတာ့ မွန္တယ္လို႔ သိရတာေပါ့ေနာ္။ ဒါနဲ႔ ပတ္သက္ျပီးအေရးယူေဆာင္ရြက္သြားပါမယ္။”

လက္ရွိျပစ္မႈ က်ဴးလြန္ထားတဲ့ တပ္သားအဆင့္ရွိ သန္းစိုးလြင္ႏွင့္ ဟိန္းမင္းထက္တို႔ ႏွစ္ ဦးကို ဘီးလင္းတပ္နယ္ စစ္ဘက္အခ်ဳပ္မွာ ခ်ဳပ္ေႏွာင္ထာျပီး ပဏာမ စုံစမ္းေဖာ္ထုတ္ခ်က္အရ ျပစ္မႈက်ဴးလြန္ခဲ့ေၾကာင္း ဝန္ခံတဲ့အတြက္ စစ္စည္းကမ္းအရဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူရန္အတြက္ အျမန္ဆုံး စစ္ေဆးအေရးယူ ေဆာင္ရြက္သြားမယ္လို႔ ဇူလိုင္ ၂၀ ရက္ေန႔မွာ တပ္မေတာ္ကေန သတင္းထုတ္ျပန္ထားပါတယ္။

တရားခံစစ္သည္ ႏွစ္ ဦးထြက္ေျပး၊ ေပ်ာက္ဆုံးေနျခင္းနဲ႔ မႈခင္းျဖစ္စဥ္အား သက္ဆိုင္ရာအထက္ဌာနေတြထံ အခ်ိန္ႏွင့္ တေျပးညီ သတင္းမပို႔ခဲ့တဲ့ စခန္းမွတာဝန္ရွိသူေတြကိုလည္း စစ္တရား႐ုံးရဲ႕ စစ္ေဆးေတြ႔ရွိခ်က္အတိုင္း စစ္စည္းကမ္းအရ ထိေရာက္စြာ အေရးယူသြားမယ္လို႔လည္း ေဖၚျပထားပါတယ္။

ျပီးခဲ့တဲ့ဧၿပီလ ၅ ရက္ေန႔က ဖာပြန္ ခရိုင္ေဒသ အေရးေပၚကူညီေထာက္ပံ့ေပးေရး အဖြဲ႕မွ ေစာအိုမူးဟာလည္း လယ္မူ ပေလာေဒသကို သြားေရာက္ အကူအညီေပးတဲ့ လုပ္ငန္းေတြ လုပ္ေဆာင္ၿပီးရြာအျပန္မွာ ျမန္မာစစ္တပ္ရဲ႕ ပစ္ခတ္မႈခံရၿပီး ေသဆုံးသြားခဲ့ပါတယ္။

KNU - ကရင္အမ်ဳိးသားအစည္းအရုံးဟာ ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္လက္မွတ္ေရးထိုးထားေပမဲ့ ဖါးပြန္ခရိုင္ဘက္မွာေတာ့ တိုက္ပြဲေတြျဖစ္ပြါးေနဆဲ ျဖစ္ပါတယ္။

အထူးသျဖင့္ ေဒသအတြင္း လမ္းေဖါက္လုပ္ေနတဲ့ ျမန္မာစစ္တပ္နဲ႔ KNU ဖါပြန္ခရိုင္တပ္မဟာ ၅ တပ္ဖြဲ႔တို႔အၾကား စစ္ေရးတင္းမာေနသလို ေထာင္နဲ႔ခ်ီတဲ့ ေဒသခံရြာသားေတြ စစ္ေဘးတိမ္းေရွာင္ေနရတဲ့ အေျခအေနမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူသတ်မှုစွဲချက်နဲ့ မြန်မာစစ်သားနှစ်ဦး တပ်မတော်ဖမ်းဆီးအရေးယူ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာက အမျိုးသမီးတစ်ဦးကို ပစ္စည်းလုယက်၊ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာစစ်သားနှစ်ဦးကို အရေးယူပေးဖို့ KNU Concerned Group အပါဝင်ကရင်အဖွဲ့အစည်းတွေ တောင်းဆိုတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

(ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕)
(ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕)

ဖါးပွန်ခရိုင်မှာ မြန်မာစစ်တပ်တပ်သား နှစ်ဦးကနေ ပစ်သတ်ခဲ့တဲ့ ဒေသခံအမျိုးသမီး နော်မုနော် သေဆုံးမှုမှာ တရားမျှတမှုရရှိရေးအတွက် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ကရင်အဖွဲ့အစည်းတွေကနေ တောင်းဆိုခဲ့တာပါ။

ပစ္စည်းလုယူ သတ်ဖြတ်မှု ကျူးလွန်တဲ့ တပ်မတော်သားနှစ်ဦးကို ထိရောက်စွာ အရေးယူပေးဖို့တောင်းဆိုကြောင်း KNU Concerned Group ပြောခွင့်ရ ကရင်အမျိုးသားအစည်းအရုံးKNU ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်က ပြောပါတယ်။

“ဇူလိုင်လ ၁၆ ရက်ပေါ့နော်။ ဗမာစစ်တပ်နှစ်ဦးကတော့ ဒီအမျိုးသမီးဆိုင်ကို သွားတာရှိတယ်။ ပြီးတော့သူရဲ့ ဆွဲကြိုးတွေကို လုယူပြီးတော့ သူပစ်သတ်ပြီးတော့ ထွက်ပြေးသွားဖြစ်တယ်ပေါ့လေ။ ဒီလိုဖြစ်ပျက်တာဟာ ကျမတို့ လုံးဝလက်မခံဘူး။ ဒါကို လုံးဝကန့်ကွက်တယ်လို့ ကျမတို့ ထုတ်ပြန်ထားတာ။ ဘာမှမပြစ်မရှိတဲ့ အမျိုးသမီးတယောက်ကို ဒီလိုပစ်ခတ်သတ်ဖြတ်တာမျိုးဟာ ဒါ လက်ခံနိုင်စရာမရှိဘူး။ ကျူးလွန်တဲ့လူတွေကိုတော့ ထိရောက်စွာအရေးယူဖို့ လိုအပ်နေတယ်။”

ပြီးခဲ့တဲ့ဇူလိုင်လ ၁၆ ရက်နေ့က ဖာပွန်မြို့နယ်၊ ပိုလိုထာကျေးရွာနေ အသက် ၄၀ နှစ် အရွယ် နော်မုနော်ဆိုသူ အမျိုးသမီးကို အမှတ် (၈) စစ်ကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက်ခံ ခမရ-၄၀၉ တပ်ရင်းက တပ်မတော်သား နှစ်ဦးက ပစ်သတ်ခဲ့ပြီး လက်ဝတ်ရတနာတွေကိုလုယူတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။

မြန်မာ့တပ်မတော်ရဲ့ မတရား ညှဉ်းပန်းနှိပ်စက်မှု၊ အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်မှုတွေအပြင် ပြည်သူလူထုတွေရဲ့ ပစ္စည်းဥစ္စာတွေကို အတင်းအဓမ္မရယူခြင်းများ ရပ်တန့်သွားနိုင်ရေးနဲ့ ထိရောက်စွာအရေးယူ တားဆီးဟန့်တားနိုင်ရေးအတွက် Amnesty International (AI) နှင့် Human Right Watch စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းကနေ ဝင်ရောက်စုံစမ်းဖို့ တောင်းဆိုကြောင်းကိုလည်း ပဒိုနော်စီဖိုးရာစိန်ကပြောပါတယ်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် အစီအစဉ်တာဝန်ခံ နော်ဝါးခူရှီးကတော့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ KNU ဒေသဘက်မှာ ဒီလို လုပ်ရပ်ကျူးလွန်တာမဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“ဒါက အဖြစ်သင့်ဘူးနော်။ အခုကဒီ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ကာလမှာ KNU လည်း NCA ထိုးထားတယ်။ ကျမတို့ ပြန်ကြည့်မယ်ဆိုရင် ဒီတရားဝင်ကျူးလွန်ခွင့်ပေးထားတဲ့စနစ်က ရှိတာကြာနေပြီးပေါ့နော်။ စနစ်ကြောင့် အပြစ်ရှိတဲ့ စစ်သားစစ်တပ်တွေဟာ သူတို့ အပြစ်မပေးဘူးဆိုတော့ ဒီလိုမျိုးဆက်ဖြစ်နေတာပေါ့နော်။”

KNU - ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ ဘက်ကလည်း ဒီဖြစ်စဉ်အပေါ် စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ကို ဇူလိုင်လ ၁၈ ရက်နေ့မှာ တိုင်ကြားစာပေးပို့ထားပါတယ်။

တပ်မတော်ဘက်ကတော့ ပြစ်မှုကျူးလွန်ထားတဲ့ စစ်သည်တွေကို အရေးယူသွားမယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“သူတို့ရဲ့လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အရေးယူသွားမှာဖြစ်ပါတယ်။ ပဏာမစစ်ကြောစစ်ဆေးချက်အရတော့ မှန်တယ်လို့ သိရတာပေါ့နော်။ ဒါနဲ့ ပတ်သက်ပြီးအရေးယူဆောင်ရွက်သွားပါမယ်။”

လက်ရှိပြစ်မှု ကျူးလွန်ထားတဲ့ တပ်သားအဆင့်ရှိ သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့ နှစ် ဦးကို ဘီးလင်းတပ်နယ် စစ်ဘက်အချုပ်မှာ ချုပ်နှောင်ထာပြီး ပဏာမ စုံစမ်းဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံတဲ့အတွက် စစ်စည်းကမ်းအရဥပဒေနှင့်အညီ ထိရောက်စွာအရေးယူရန်အတွက် အမြန်ဆုံး စစ်ဆေးအရေးယူ ဆောင်ရွက်သွားမယ်လို့ ဇူလိုင် ၂၀ ရက်နေ့မှာ တပ်မတော်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

တရားခံစစ်သည် နှစ် ဦးထွက်ပြေး၊ ပျောက်ဆုံးနေခြင်းနဲ့ မှုခင်းဖြစ်စဉ်အား သက်ဆိုင်ရာအထက်ဌာနတွေထံ အချိန်နှင့် တပြေးညီ သတင်းမပို့ခဲ့တဲ့ စခန်းမှတာဝန်ရှိသူတွေကိုလည်း စစ်တရားရုံးရဲ့ စစ်ဆေးတွေ့ရှိချက်အတိုင်း စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၅ ရက်နေ့က ဖာပွန် ခရိုင်ဒေသ အရေးပေါ်ကူညီထောက်ပံ့ပေးရေး အဖွဲ့မှ စောအိုမူးဟာလည်း လယ်မူ ပလောဒေသကို သွားရောက် အကူအညီပေးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပြီးရွာအပြန်မှာ မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုခံရပြီး သေဆုံးသွားခဲ့ပါတယ်။

KNU - ကရင်အမျိုးသားအစည်းအရုံးဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားပေမဲ့ ဖါးပွန်ခရိုင်ဘက်မှာတော့ တိုက်ပွဲတွေဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

အထူးသဖြင့် ဒေသအတွင်း လမ်းဖေါက်လုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ KNU ဖါပွန်ခရိုင်တပ်မဟာ ၅ တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေသလို ထောင်နဲ့ချီတဲ့ ဒေသခံရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

XS
SM
MD
LG