သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္နဲ႔ ရွမ္းလက္နက္ကုိင္အဖဲြ႔ ကုိဗစ္စစ္ေဆးေရးဂိတ္ေတြ ဖယ္ရွားခံရ


ကခ်င္ျပည္နယ္ မိုင္ဂ်ာယန္ နယ္ေျမရွိ COVID-19 ကာကြယ္ေရးလုပ္ငန္းေတြကို စစ္ေဆးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - The Kachin Net၊ Kachin News Group - ဧၿပီလ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ျဖစ္တဲ့ ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO နဲ႔ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA တို႕ရဲ႕ COVID-19 ကပ္ေရာဂါ စစ္ေဆးေရးဂိတ္ေတြကို တပ္မေတာ္ကေန ဟန္႔တားပိတ္ပင္တဲ့အေျခအေနကို တင္ဆက္ေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ကခ်င္ျပည္နယ္ လြယ္ဂ်ယ္ၿမိဳ႕နယ္မွာရွိတဲ့ တ႐ုတ္-ျမန္မာနယ္စပ္ အ၀င္ထြက္လမ္းေပၚက ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ရဲ႕ COVID-19 ေရာဂါ စစ္ေဆးေရးလြယ္ဂ်ယ္ဂိတ္ကို တပ္မေတာ္ဘက္က ေတာင္းဆိုခ်က္အရ ေနရာရုပ္သိမ္းခဲ့ရတယ္လို႔ KIO ေျပာခြင့္ရ ဗိုလ္မွဴးၾကီးေနာ္ဘူက ေျပာပါတယ္။

“ေရာဂါစစ္ေဆးမႈကို ဒီလမ္းဆုံမွာ လုပ္ရင္ေတာ့ ပိုျပီးမွ ထိေရာက္မယ္ဆိုျပီးမွ အဲဒီမွာေျပာင္းေရႊ႕ျပီးမွ စစ္ေဆးေရးလုပ္ေနတဲ့ဂိတ္ ျဖစ္ပါတယ္။ ဇြန္လ ၁၅ ရက္ေန႔ကနဲ႔ အဲဒီမွာေျပာင္းလုပ္တဲ့ခ်က္ပိြဳင့္ျဖစ္ပါတယ္။ တပ္မေတာ္က ေျပာတာကေတာ့ က်ေနာ္တို႔နဲ႔ ေတာ္ေတာ္နီးေနတဲ့ေနရာျဖစ္ေနျပီး။ ျပည္သူလူထုအေနနဲ႔လည္း အားလုံးေရာေရာေႏွာေႏွာ ရွိေနတဲ့ေနရာဆိုေတာ့ မျဖစ္သင့္တာေတြျဖစ္လို႔ ရွိရင္ေတာ့ က်ေနာ္တို႔အတြက္ မေကာင္းပါဘူး။ ျပန္ျဖဳတ္ရင္ေကာင္းပါတယ္ဆိုျပီးမွ က်ေနာ္တို႔ဆီမွာ အၾကံျပဳလာတာ။ ဆိုေတာ့ က်ေနာ္တို႔ကလည္း ျပန္ဆုတ္ဖို႔ နဂိုလ္ေနရာမွာပဲ ထိုင္ဖို႔။ အဲဒီလြယ္ဂ်ယ္ေနရာက ခ်က္ပိြဳင့္ကို ရံုးမထိုင္ဖို႔၊ ေျပာင္းဖို႔ က်ေနာ္တို႔ ေျပာထားျပီးသားျဖစ္ပါတယ္။ က်န္းမာေရး၀န္ထမ္းေတြကလည္း ဒီလ ၂၁ ရက္ေန႔ ညေနပိုင္းမွာ အကုန္လုံးျပန္ဆုတ္ျပီးမွ တပ္မေတာ္က ၂၂ ရက္ေန႔မွာ ညေနပိုင္းသူတို႔ လာစစ္တဲ့အခါ က်ေနာ္တို႔ ၀န္ထမ္းေတြလည္း မရွိေတာ့ဘူး။ ခ်က္ပိြဳင့္လုပ္တဲ့တဲေတြေပါ့ေနာ္ ... သူတို႔ကျပည္သူလူထုကို ေခၚျပီးေတာ့မွ အားလုံးျဖဳတ္ပစ္လိုက္ပါ။ ပစၥည္းေတြလည္း ခင္ဗ်ားတို႔ ရြာက လိုအပ္တဲ့ေနရာမွာသုံးပါဆိုျပီးမွ ျပည္သူလူထုေတြကိုျဖဳတ္ခိုင္းတာ။”

လြယ္ဂ်ယ္နဲ႔ Lana Zup ၾကား တ႐ုတ္နယ္စပ္ကေန ၀င္ထြက္သြားလာသူေတြကို KIO ေဆးတပ္ဖြဲ႔ႏွင့္ အရပ္ဘက္ က်န္းမာေရးဝန္ထမ္းေတြက ေရာဂါစစ္ေဆးမႈေတြ ျပဳလုပ္ေနရာမွာ ဇြန္လ ၂၂ ရက္ေန႔မွာ ျမန္မာစစ္တပ္ကေန ဂိတ္စခန္းကို ရုပ္သိမ္းလိုက္တာလို႔ ဗိုလ္မွဴးၾကီးေနာ္ဘူက ဆိုပါတယ္။

အလားတူ ဇြန္လ ၂၁ ရက္ေန႔မွာလည္း ရွမ္းျပည္နယ္ မိုးနဲၿမိဳ႕နယ္ နားခန္ေက်းရြာအတြင္းရွိ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္္ (RCSS/SSA) ရဲ႕ COVID-19 စစ္ေဆးေရးဂိတ္ကို အေရွ႕အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ (ရလခ) တိုင္းမွဴးအမိန႔္နဲ႔ လာေရာက္ဖ်က္ဆီးခဲ့တယ္လို႔ RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မွဴးႀကီး စိုင္းအုမ္ေခးကေျပာပါတယ္။

“က်ေနာ္တို႔ RCSS ရဲ႕ COVID-19 ေရာဂါ တားဆီးကာကြယ္ေရးအဖြဲ႔ကေနျပီးေတာ့ လမ္းေပၚမွာ ဂိတ္ခ်ျပီးေတာ့ လူ၀င္၊ လူထြက္ေတြ စစ္ေဆးၾကည့္တာေပါ့ေနာ္။ ၂၁ ရက္ေန႕က်မွပဲ အဲဒီခမရ ၅၇၅ ကေနျပီးေတာ့ အင္အား ၃၀ ေက်ာ္၊ ၄၀ ေလာက္ေပါ့ေလ။ ရလခတိုင္းမွဴးအမိန္႔ဆိုျပီးေတာ့ လာျပီးေတာ့ ဖ်က္စီးလိုက္တာေပါ့ အဲဒီတဲေတြေလ။”

ျမန္မာနိုင္ငံမွာ COVID-19 ဗိုင္းရပ္စ္ေရာဂါ ကူးစက္မႈ ျဖစ္ပြါးေနဆဲကာလမွာ အခုလိုစစ္ေဆးေရးဂိတ္ေတြ တားဆီးတဲ့ လုပ္ရပ္ဟာ မျဖစ္သင့္ဘူးလို႔ သူကဆိုပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ COVID-19 ေရာဂါ စစ္ေဆးေရးဂိတ္ကို ဖယ္ရွားခိုင္းေနတဲ့ျဖစ္စဥ္အေပၚ တပ္မေတာ္သတင္းမွန္ျပန္ၾကားအဖြဲ႔အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ က်င္းပတဲ့သတင္းစာရွင္းလင္းပြဲမွာ အခုလိုေျပာဆိုခဲ့ပါတယ္။

“COVID-19 နဲ႕ပက္သက္ျပီးေတာ့က တပ္မေတာ္အေနနဲ႔ ဒါအမ်ိဳးသားေရးကိစၥျဖစ္တယ္။ နိုင္ငံတနိုင္ငံလုံးရဲ႕အေရး ကိစၥျဖစ္တယ္။ ဒါနဲ႔ ပတ္သက္ျပီးေတာ့မွ EAO မ်ားနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ က်ေနာ္တို႔ လွဴဒါန္းခဲ့တာရွိတယ္။ လုပ္ကိုင္ခဲ့တာ ရွိတယ္။ ဒါနဲ႔ ပတ္သက္ျပီးပူးေပါင္းေဆာင္ရြက္မႈမ်ားကိုလည္း က်ေနာ္တို႔ ၾကိဳဆိုပါတယ္။ သို႔ေသာ္ အတိုင္းအတာ ေတြရွိပါတယ္။ NCA ထဲမွာ ပါျပီးျဖစ္ပါတယ္။ အင္အားနယ္ေျမနဲ႔ ပတ္သက္ျပီးေတာ့က် ဒီစာေတြ မတိုးခ်ဲ႕ရဘူး ပါျပီးျဖစ္တယ္။ ဒီဟာကို အေၾကာင္းျပျပီးေတာ့က် ယခင္မရွိခဲ့ဘူးတဲ့ေနရာမွာ လမ္းမၾကီးေပၚတက္ျပီး လုပ္တာသည္ ပထမေတာ့ အရပ္၀တ္နဲ႔ ေနာက္ယူနီေဖါင္းနဲ႔ ေနာက္လက္နက္ပါယူလာမယ္။ သည္ဟာေတြသည္ မျဖစ္ခင္ကတိုင္ ၾကိဳတင္ျပီးေတာ့ က ေျဖရွင္းထားသင့္တဲ့ဟာေတြျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔အေနနဲ႔ ေဆာင္ရြက္ရျခင္းျဖစ္ပါတယ္။”

RCSS/SSA ေျပာခြင့္ရ ဒုဗိုလ္မွဴးႀကီး စိုင္းအုမ္ေခးကေတာ့ သူတို႔ေရာဂါစစ္ေဆးေရးဂိတ္ဟာ ျမိဳ႕ေတြမွာ မဟုတ္ဘဲ ေတာရြာဘက္မွာသာ စစ္ေဆးေနတာလို႔ ဆိုပါတယ္။

“နယ္ေျမေက်ာ္လြန္ျပီးေတာ့ ဂိတ္ေတြ၊ ဘာေတြေဆာက္ျပီးေတာ့ေစာင့္တာ တားဆီးတာဆိုတာက အဲတာကမမွန္ဘူးေပါ့ေနာ္။ စစ္ေဆးတဲ့ေနရာကလည္း ၿမိဳ႕ေပၚလည္း မဟုတ္၊ လမ္းမၾကီးေပၚမွာလည္း မဟုတ္၊ ေတာရြာနဲ႔ ေက်းရြာ အဲဒီၾကားေတြမွာပဲ။”

ျပီးခဲ့တဲ့ ဇြန္လ ၂ ရက္ေန႔ကလဲ ေညာင္ေလးပင္ခရိုင္ ေရႊက်င္ ၿမိဳ႕နယ္ ခလိန္-ေခ်ာင္းဝလမ္းဆုံရွိ ေဆာက္လုပ္ၿပီးခါစ KNU-ကရင္အမ်ိဳးသားအစည္းအရံုးရဲ႕ COVID-19 ကာကြယ္ေရးဂိတ္တစ္ခုကို ျမန္မာစစ္တပ္ဘက္က ဖ်က္စီးခဲ့တယ္လို႔ KNU ဘက္က ဆိုပါတယ္။

ၿပီးခဲ့တဲ့ေမလအတြင္းက တပ္မေတာ္ဘက္မွ ဖိအားေပးမႈေၾကာင့္ KNU သထံုခရိုင္ အတြင္းဖြင့္ လွစ္ထားတဲ့ COVID-19 ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး KNU က်န္းမာေရးစစ္ေဆးေရးဂိတ္ သံုး ခု ဖ်က္သိမ္းလိုက္ရပါတယ္။

တပ္မေတာ္အေနနဲ႔ အမ်ားသူငါသြားတဲ့ လမ္းေပၚ အခုလို နယ္ေျမခ်ဲ႕ထြင္ျပီး စစ္ေဆးေရးဂိတ္ထားရွိတာ လက္မခံဘူးလို႔ ဆိုပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ တခ်ိဳ႕ေရာဂါစစ္ေဆးေရးဂိတ္ေတြကို တပ္မေတာ္ဘက္ကေန ဟန္႔တားမႈရွိေနေပမဲ့ တဘက္မွာေတာ့ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ အစိုးရ၊ တပ္ပိုင္းဆိုင္ရာကေန တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြကို လိုအပ္တဲ့ ေဆး၀ါးပစၥည္းေတြ ေထာက္ပံ့မႈ လုပ္ေဆာင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကချင်နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ ကိုဗစ်စစ်ဆေးရေးဂိတ်တွေ ဖယ်ရှားခံရ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA တို့ရဲ့ COVID-19 ကပ်ရောဂါ စစ်ဆေးရေးဂိတ်တွေကို တပ်မတော်ကနေ ဟန့်တားပိတ်ပင်တဲ့အခြေအနေကို တင်ဆက်ပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်မှာရှိတဲ့ တရုတ်-မြန်မာနယ်စပ် အဝင်ထွက်လမ်းပေါ်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ COVID-19 ရောဂါ စစ်ဆေးရေးလွယ်ဂျယ်ဂိတ်ကို တပ်မတော်ဘက်က တောင်းဆိုချက်အရ နေရာရုပ်သိမ်းခဲ့ရတယ်လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ရောဂါစစ်ဆေးမှုကို ဒီလမ်းဆုံမှာ လုပ်ရင်တော့ ပိုပြီးမှ ထိရောက်မယ်ဆိုပြီးမှ အဲဒီမှာပြောင်းရွှေ့ပြီးမှ စစ်ဆေးရေးလုပ်နေတဲ့ဂိတ် ဖြစ်ပါတယ်။ ဇွန်လ ၁၅ ရက်နေ့ကနဲ့ အဲဒီမှာပြောင်းလုပ်တဲ့ချက်ပွိုင့်ဖြစ်ပါတယ်။ တပ်မတော်က ပြောတာကတော့ ကျနော်တို့နဲ့ တော်တော်နီးနေတဲ့နေရာဖြစ်နေပြီး။ ပြည်သူလူထုအနေနဲ့လည်း အားလုံးရောရောနှောနှော ရှိနေတဲ့နေရာဆိုတော့ မဖြစ်သင့်တာတွေဖြစ်လို့ ရှိရင်တော့ ကျနော်တို့အတွက် မကောင်းပါဘူး။ ပြန်ဖြုတ်ရင်ကောင်းပါတယ်ဆိုပြီးမှ ကျနော်တို့ဆီမှာ အကြံပြုလာတာ။ ဆိုတော့ ကျနော်တို့ကလည်း ပြန်ဆုတ်ဖို့ နဂိုလ်နေရာမှာပဲ ထိုင်ဖို့။ အဲဒီလွယ်ဂျယ်နေရာက ချက်ပွိုင့်ကို ရုံးမထိုင်ဖို့၊ ပြောင်းဖို့ ကျနော်တို့ ပြောထားပြီးသားဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလည်း ဒီလ ၂၁ ရက်နေ့ ညနေပိုင်းမှာ အကုန်လုံးပြန်ဆုတ်ပြီးမှ တပ်မတော်က ၂၂ ရက်နေ့မှာ ညနေပိုင်းသူတို့ လာစစ်တဲ့အခါ ကျနော်တို့ ဝန်ထမ်းတွေလည်း မရှိတော့ဘူး။ ချက်ပွိုင့်လုပ်တဲ့တဲတွေပေါ့နော် ... သူတို့ကပြည်သူလူထုကို ခေါ်ပြီးတော့မှ အားလုံးဖြုတ်ပစ်လိုက်ပါ။ ပစ္စည်းတွေလည်း ခင်ဗျားတို့ ရွာက လိုအပ်တဲ့နေရာမှာသုံးပါဆိုပြီးမှ ပြည်သူလူထုတွေကိုဖြုတ်ခိုင်းတာ။”

လွယ်ဂျယ်နဲ့ Lana Zup ကြား တရုတ်နယ်စပ်ကနေ ဝင်ထွက်သွားလာသူတွေကို KIO ဆေးတပ်ဖွဲ့နှင့် အရပ်ဘက် ကျန်းမာရေးဝန်ထမ်းတွေက ရောဂါစစ်ဆေးမှုတွေ ပြုလုပ်နေရာမှာ ဇွန်လ ၂၂ ရက်နေ့မှာ မြန်မာစစ်တပ်ကနေ ဂိတ်စခန်းကို ရုပ်သိမ်းလိုက်တာလို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

အလားတူ ဇွန်လ ၂၁ ရက်နေ့မှာလည်း ရှမ်းပြည်နယ် မိုးနဲမြို့နယ် နားခန်ကျေးရွာအတွင်းရှိ တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS/SSA) ရဲ့ COVID-19 စစ်ဆေးရေးဂိတ်ကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းမှူးအမိန့်နဲ့ လာရောက်ဖျက်ဆီးခဲ့တယ်လို့ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးကပြောပါတယ်။

“ကျနော်တို့ RCSS ရဲ့ COVID-19 ရောဂါ တားဆီးကာကွယ်ရေးအဖွဲ့ကနေပြီးတော့ လမ်းပေါ်မှာ ဂိတ်ချပြီးတော့ လူဝင်၊ လူထွက်တွေ စစ်ဆေးကြည့်တာပေါ့နော်။ ၂၁ ရက်နေ့ကျမှပဲ အဲဒီခမရ ၅၇၅ ကနေပြီးတော့ အင်အား ၃၀ ကျော်၊ ၄၀ လောက်ပေါ့လေ။ ရလခတိုင်းမှူးအမိန့်ဆိုပြီးတော့ လာပြီးတော့ ဖျက်စီးလိုက်တာပေါ့ အဲဒီတဲတွေလေ။”

မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ရောဂါ ကူးစက်မှု ဖြစ်ပွါးနေဆဲကာလမှာ အခုလိုစစ်ဆေးရေးဂိတ်တွေ တားဆီးတဲ့ လုပ်ရပ်ဟာ မဖြစ်သင့်ဘူးလို့ သူကဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ COVID-19 ရောဂါ စစ်ဆေးရေးဂိတ်ကို ဖယ်ရှားခိုင်းနေတဲ့ဖြစ်စဉ်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုခဲ့ပါတယ်။

“COVID-19 နဲ့ပက်သက်ပြီးတော့က တပ်မတော်အနေနဲ့ ဒါအမျိုးသားရေးကိစ္စဖြစ်တယ်။ နိုင်ငံတနိုင်ငံလုံးရဲ့အရေး ကိစ္စဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့မှ EAO များနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ လှူဒါန်းခဲ့တာရှိတယ်။ လုပ်ကိုင်ခဲ့တာ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်မှုများကိုလည်း ကျနော်တို့ ကြိုဆိုပါတယ်။ သို့သော် အတိုင်းအတာ တွေရှိပါတယ်။ NCA ထဲမှာ ပါပြီးဖြစ်ပါတယ်။ အင်အားနယ်မြေနဲ့ ပတ်သက်ပြီးတော့ကျ ဒီစာတွေ မတိုးချဲ့ရဘူး ပါပြီးဖြစ်တယ်။ ဒီဟာကို အကြောင်းပြပြီးတော့ကျ ယခင်မရှိခဲ့ဘူးတဲ့နေရာမှာ လမ်းမကြီးပေါ်တက်ပြီး လုပ်တာသည် ပထမတော့ အရပ်ဝတ်နဲ့ နောက်ယူနီဖေါင်းနဲ့ နောက်လက်နက်ပါယူလာမယ်။ သည်ဟာတွေသည် မဖြစ်ခင်ကတိုင် ကြိုတင်ပြီးတော့ က ဖြေရှင်းထားသင့်တဲ့ဟာတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။”

RCSS/SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးကတော့ သူတို့ရောဂါစစ်ဆေးရေးဂိတ်ဟာ မြို့တွေမှာ မဟုတ်ဘဲ တောရွာဘက်မှာသာ စစ်ဆေးနေတာလို့ ဆိုပါတယ်။

“နယ်မြေကျော်လွန်ပြီးတော့ ဂိတ်တွေ၊ ဘာတွေဆောက်ပြီးတော့စောင့်တာ တားဆီးတာဆိုတာက အဲတာကမမှန်ဘူးပေါ့နော်။ စစ်ဆေးတဲ့နေရာကလည်း မြို့ပေါ်လည်း မဟုတ်၊ လမ်းမကြီးပေါ်မှာလည်း မဟုတ်၊ တောရွာနဲ့ ကျေးရွာ အဲဒီကြားတွေမှာပဲ။”

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကလဲ ညောင်လေးပင်ခရိုင် ရွှေကျင် မြို့နယ် ခလိန်-ချောင်းဝလမ်းဆုံရှိ ဆောက်လုပ်ပြီးခါစ KNU-ကရင်အမျိုးသားအစည်းအရုံးရဲ့ COVID-19 ကာကွယ်ရေးဂိတ်တစ်ခုကို မြန်မာစစ်တပ်ဘက်က ဖျက်စီးခဲ့တယ်လို့ KNU ဘက်က ဆိုပါတယ်။

ပြီးခဲ့တဲ့မေလအတွင်းက တပ်မတော်ဘက်မှ ဖိအားပေးမှုကြောင့် KNU သထုံခရိုင် အတွင်းဖွင့် လှစ်ထားတဲ့ COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး KNU ကျန်းမာရေးစစ်ဆေးရေးဂိတ် သုံး ခု ဖျက်သိမ်းလိုက်ရပါတယ်။

တပ်မတော်အနေနဲ့ အများသူငါသွားတဲ့ လမ်းပေါ် အခုလို နယ်မြေချဲ့ထွင်ပြီး စစ်ဆေးရေးဂိတ်ထားရှိတာ လက်မခံဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တချို့ရောဂါစစ်ဆေးရေးဂိတ်တွေကို တပ်မတော်ဘက်ကနေ ဟန့်တားမှုရှိနေပေမဲ့ တဘက်မှာတော့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရ၊ တပ်ပိုင်းဆိုင်ရာကနေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ ထောက်ပံ့မှု လုပ်ဆောင်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG