သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေရာဂါထိန္းခ်ဳပ္ ကုသေရး ကခ်င္ျပည္နယ္အစုိးရနဲ႔ KIO ပူးေပါင္းေဆာင္ရြက္မည္


လူမႈေရး၀န္ၾကီး ဦးေန၀င္းဦးေဆာင္တဲ့အဖဲြ႔နဲ႔ KIO ဦးဆြမ္လြတ္ဂမ္တို႔ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖဲြ႔ ေတြ႔ဆံု (ဓါတ္ပံု-COVID-19 Concern and Response Committee)

(Zawgyi/Unicode)

COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးနဲ႔ပတ္သက္ၿပီး ကခ်င္ျပည္နယ္အစိုးရအဖဲြ႕နဲ႔ ကခ်င္လြတ္လပ္ေရးအဖဲြ႕ KIOတုိ႔ အတူပူးေပါင္းေဆာင္ရြက္ဖို႔ သေဘာတူခဲ့တဲ့သတင္းကို ကိုမိုးေဇာ္ တင္ျပေပးထားပါတယ္။

COVID-19 ေရာဂါ တိုက္ဖ်က္ေရးအတြက္ ကခ်င္ျပည္နယ္အစိုးရအဖဲြ႔က လူမႈေရး၀န္ၾကီး ဦးေန၀င္းဦးေဆာင္တဲ့အဖဲြ႔နဲ႔ KIO ဘက္က ဦးဆြမ္လြတ္ဂမ္တို႔ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖဲြ႕ဟာ ဝိုင္းေမာ္ၿမိဳ႔နယ္ နမ့္ဆန္ယန္အနီးက မိုင္ဆပ္ပါမွာ ဒီကေန႔ မနက္ ၉နာရီခဲြကေန ညေန ၂နာရီအထိ ေတြ႕ဆံု ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

ဒီေဆြးေႏြးပဲြမွာ အဓိက ေဆြးေႏြးၾကတဲ့အခ်က္ေတြကို ကခ်င္ျပည္နယ္အစိုးရအဖဲြ႕ လူမႈေရး၀န္ႀကီး ဦးေန၀င္းက အခုလို ေျပာပါတယ္။

“အဓိက ရရိွတဲ့ သေဘာတူညီခ်က္ကေတာ့ အဲဒီဘက္ကမွာ ေရာဂါရိွတဲ့သူ၊ ပိုးေတြ႔တဲ့လူရိွလိုရိွရင္ ဒီဘက္ကမွာလာၿပီး စစ္ႏိုင္ေဆးႏိုင္တယ္။ ကုသဖုိ႔ကိစၥ အဲဒါေတြ ပူးေပါင္းေဆာင္ရြက္ဖုိ႔ေပါ့။ ေနာက္ၿပီးမွ တဘက္မွာလည္းပဲ က်ေနာ္တို႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြကို က်ေနာ္တုိ႔အေနနဲ႔ အစိုးရအဖဲြ႔နဲ႔ သူတို႔နဲ႔ ဘယ္လုိ ပူးေပါင္းၿပီးေတာ့မွ ေဆာင္ရြက္ၾကမလဲဆုိတာကို ေတြ႔ဆံုေဆြးေႏြးၾကျခင္းျဖစ္ပါတယ္ဗ်။”

အစိုးရဘက္က ျမန္မာႏိုင္ငံအတြင္းက ျပည္သူေတြ ကိုဗစ္ ၁၉ေရာဂါနဲ႔ပတ္သက္လို႔ တစ္ဦးတစ္ေယာက္ က်န္ရိွမေနေစေရးဆိုတဲ့ မူ၀ါဒကို အဓိကထား ေဆာင္ရြက္ေနတာျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။

ဒီသတင္းနဲ႔ပတ္သက္ၿပီး KIO ဘက္ကို ဆက္သြယ္ခဲ့ေပမဲ့ တာ၀န္ရိွသူေတြ ျပန္မေရာက္ေသးတာေၾကာင့္ ေမးျမန္းႏိုင္တာ မရိွခဲပါဘူး။

ဒီေန႔ အစည္းအေ၀းကိုပါ၀င္တက္ေရာက္ခဲ့တဲ့ ျမစ္ၾကီနား အေျခစိုက္ CCRC ေခၚ COVID-19 Concern and Response Committee ကအဖဲြ႕၀င္တစ္ဦးျဖစ္တဲ့ ဦးအဂူးခင္က KIOဘက္က အျမင္သေဘာထားနဲ႔ ပတ္သက္ၿပီး အခုလို ေျပာပါတယ္။

“သူတို႔ကေတာ့ ေကာင္းတဲ့သေဘာေတြကို ေျပာပါတယ္။ အဓိကေတာ့ ဒီလို ကိုဗစ္ ၁၉ ဒီလို ကပ္ေရာဂါမွာေတာင္မွ မပူးေပါင္းႏိုင္ရင္ေတာ့ တစ္ျခားကိစၥေတြမွာ ဘယ္လိုမွ ပူးေပါင္းဖို႔ မျဖစ္ႏိုင္ဘူးဆိုတဲ့ သေဘာမ်ိဳးေပါ့ေနာ္။ ဒီလိုဟာမ်ိဳးကေတာ့ ပူးေပါင္းသင့္ပါတယ္။ ပူးေပါင္းၿပီး ေရွ႕ေရးအတြက္လည္း ေရွ႕မွာလည္း တစ္ျခား ကိစၥ အရပ္ရပ္ေတြမွာ ပူးေပါင္းသြားႏိုင္ရင္ ပိုေကာင္းတယ္ဆိုတဲ့ အျမင္သေဘာထားမ်ိဳးေတာ့ သူတို႔ဘက္က ေျပာပါတယ္။”

ဒီေန႔ေဆြးေႏြးလို႔ ရရိွတဲ့အခ်က္ေတြကိုေတာ့ ေဒါက္တာတင္မ်ိဳး၀င္းဦးေဆာင္တဲ့ COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးနဲ႔ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြနဲ႔ ညွိႏိႈင္းပူးေပါင္းေရးေကာ္မတီကို တင္ျပသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြနဲ႔ ညွိႏိႈင္း ပူးေပါင္းေရးေကာ္မတီဟာ ဧၿပီလ ၂၇ရက္ေန႔မွာ စတင္ ဖဲြ႕စည္းခဲ့ၿပီး ၂၈ရက္ေန႔မွာ COVID-19 ေရာဂါ တိုက္ဖ်က္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္ဖို႔ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ ၁၈ဖဲြ႕ထံကို အေၾကာင္းၾကားစာေပးပို႔ထားပါတယ္။

ေလာေလာဆည္မွာေတာ့ ဒီေကာ္မတီ NCAလက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ ၁၀ဖဲြ႕နဲ႔ ေဆြးေႏြးထားသလို ကရင္အမ်ိဳးသားအစည္းအရံုး KNU ၊ မြန္ျပည္သစ္ပါတီတို႔နဲ႔ တစ္ဖဲြ႕ခ်င္းစီနဲ႔ Online ကေန ေဆြးေႏြးထားၿပီးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

................

ကိုဗစ်ရောဂါထိန်းချုပ် ကုသရေး ကချင်ပြည်နယ်အစိုးရနဲ့ KIO ပူးပေါင်းဆောင်ရွက်မည်

(Unicode)

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIOတို့ အတူပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တဲ့သတင်းကို ကိုမိုးဇော် တင်ပြပေးထားပါတယ်။

COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးနေဝင်းဦးဆောင်တဲ့အဖွဲ့နဲ့ KIO ဘက်က ဦးဆွမ်လွတ်ဂမ်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်အနီးက မိုင်ဆပ်ပါမှာ ဒီကနေ့ မနက် ၉နာရီခွဲကနေ ညနေ ၂နာရီအထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးကြတဲ့အချက်တွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းက အခုလို ပြောပါတယ်။

“အဓိက ရရှိတဲ့ သဘောတူညီချက်ကတော့ အဲဒီဘက်ကမှာ ရောဂါရှိတဲ့သူ၊ ပိုးတွေ့တဲ့လူရှိလိုရှိရင် ဒီဘက်ကမှာလာပြီး စစ်နိုင်ဆေးနိုင်တယ်။ ကုသဖို့ကိစ္စ အဲဒါတွေ ပူးပေါင်းဆောင်ရွက်ဖို့ပေါ့။ နောက်ပြီးမှ တဘက်မှာလည်းပဲ ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကျနော်တို့အနေနဲ့ အစိုးရအဖွဲ့နဲ့ သူတို့နဲ့ ဘယ်လို ပူးပေါင်းပြီးတော့မှ ဆောင်ရွက်ကြမလဲဆိုတာကို တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ပါတယ်ဗျ။”

အစိုးရဘက်က မြန်မာနိုင်ငံအတွင်းက ပြည်သူတွေ ကိုဗစ် ၁၉ရောဂါနဲ့ပတ်သက်လို့ တစ်ဦးတစ်ယောက် ကျန်ရှိမနေစေရေးဆိုတဲ့ မူဝါဒကို အဓိကထား ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး KIO ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ တာဝန်ရှိသူတွေ ပြန်မရောက်သေးတာကြောင့် မေးမြန်းနိုင်တာ မရှိခဲပါဘူး။

ဒီနေ့ အစည်းအဝေးကိုပါဝင်တက်ရောက်ခဲ့တဲ့ မြစ်ကြီနား အခြေစိုက် CCRC ခေါ် COVID-19 Concern and Response Committee ကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအဂူးခင်က KIOဘက်က အမြင်သဘောထားနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“သူတို့ကတော့ ကောင်းတဲ့သဘောတွေကို ပြောပါတယ်။ အဓိကတော့ ဒီလို ကိုဗစ် ၁၉ ဒီလို ကပ်ရောဂါမှာတောင်မှ မပူးပေါင်းနိုင်ရင်တော့ တစ်ခြားကိစ္စတွေမှာ ဘယ်လိုမှ ပူးပေါင်းဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ သဘောမျိုးပေါ့နော်။ ဒီလိုဟာမျိုးကတော့ ပူးပေါင်းသင့်ပါတယ်။ ပူးပေါင်းပြီး ရှေ့ရေးအတွက်လည်း ရှေ့မှာလည်း တစ်ခြား ကိစ္စ အရပ်ရပ်တွေမှာ ပူးပေါင်းသွားနိုင်ရင် ပိုကောင်းတယ်ဆိုတဲ့ အမြင်သဘောထားမျိုးတော့ သူတို့ဘက်က ပြောပါတယ်။”

ဒီနေ့ဆွေးနွေးလို့ ရရှိတဲ့အချက်တွေကိုတော့ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းပူးပေါင်းရေးကော်မတီကို တင်ပြသွားမှာဖြစ်ကြောင်း ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်း ပူးပေါင်းရေးကော်မတီဟာ ဧပြီလ ၂၇ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့ပြီး ၂၈ရက်နေ့မှာ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ဖွဲ့ထံကို အကြောင်းကြားစာပေးပို့ထားပါတယ်။

လောလောဆည်မှာတော့ ဒီကော်မတီ NCAလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့နဲ့ ဆွေးနွေးထားသလို ကရင်အမျိုးသားအစည်းအရုံး KNU ၊ မွန်ပြည်သစ်ပါတီတို့နဲ့ တစ်ဖွဲ့ချင်းစီနဲ့ Online ကနေ ဆွေးနွေးထားပြီးဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG