သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး ျမန္မာအစုိးရနဲ႔ KNU ေဆြးေႏြး


COVID-19 နဲ႔ ပတ္သက္ၿပီး အစိုးရေကာ္မတီနဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU တို႔ရဲ႕ online ကေန ညိွႏိႈင္းေဆြးေႏြးပဲြ (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook ေမ ၁၁၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးနဲ႔ ပတ္သက္ၿပီး အစိုးရနဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU တို႔ ဒီကေန႔ online meeting က်င္းပေဆြးေႏြးရာမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ဖာပြန္ခ႐ိုင္အတြင္း အစိုးရတပ္မေတာ္နဲ႔ KNU အၾကား ထိေတြ႕မႈျဖစ္ပြားတဲ့အေျခအေနေတြကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။ ေလာေလာဆယ္ ႏွစ္ဘက္အၾကား ေဆြးေႏြးမႈေတြ မၿပီးျပတ္ေသးတာေၾကာင့္ လာမယ့္အပတ္မွာ ထပ္မံ ေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။ ဒီသတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကုိမိုးေဇာ္က တင္ျပေပးပါမယ္။

အစိုးရက COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႕ေတြနဲ႔ ညွိႏိႈင္းပူးေပါင္းေရးေကာ္မတီဟာ ၿပီးခဲ့တဲ့အပတ္ ေသာၾကာေန႔က NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ ေရးထိုးထားတဲ့ တိုင္းရင္းသားေတြနဲ႔ online က တဆင့္ ေဆြးေႏြးခဲ့ၿပီး သေဘာတူညီခ်က္ ၇ ခ်က္ ရခဲ့ပါတယ္။

ဒီကေန႔မွာေတာ့ အစိုးရေကာ္မတီနဲ႔ KNU တို႔ဟာ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးကို သေဘာတူညီခ်က္ ၇ ခ်က္ေပၚ အေျခခံၿပီး online က ေဆြးေႏြးခဲ့သလို COVID ျဖစ္ပြားစဥ္ကာလနဲ႔ ေနာက္ပိုင္းကာလ လူမႈစီးပြားဖံြ႕ၿဖိဳးေရးကိစၥရပ္ေတြကိုပါ ထည့္သြင္း ေဆြးေႏြးခဲ့ပါတယ္။

ဒီအစည္းအေ၀းမွာပဲ ဒီလ ၆ ရက္ေန႔က ဖာပြန္ခ႐ိုင္အတြင္းရွိ KUN ရဲ႕ COVID တားဆီးေရးဂိတ္ ၂ ဂိတ္ကို အစိုးရတပ္က ဖယ္ရွားခဲ့တဲ့ေနာက္ KNU နဲ႔ တိုက္ပဲြ ၂ ႀကိမ္ျဖစ္ပြားတဲ့ ကိစၥကိုပါ ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း အစည္းအေ၀းကို ပါ၀င္တက္ေရာက္ခဲ့တဲ့ ဦးလွေမာင္ေရႊက ေျပာပါတယ္။

“ေဆြးေႏြးတဲ့အထဲမွာ ႏွစ္ဘက္ ဒါမ်ိဳး မေတာ္တဆမႈေတြ မျဖစ္ဖို႔အတြက္ ညွိႏိႈင္း တိုင္ပင္ေဆြးေႏြး ေဆာင္ရြက္ရမယ့္အခ်က္ေတြ ပါပါတယ္။ အရင္တစ္ပတ္ေပါ့ေနာ္၊ အရင္ရက္ပိုင္းက ေနရာ ၂ ခုမွာ ဒီလိုမ်ိဳး မေတာ္တဆ ထိေတြ႕မႈေတြ ရွိတယ္။ အဲဒါမ်ိဳးေတြ ေနာင္မျဖစ္ေအာင္လို႔ ဘယ္လိုညွိႏိႈင္းေဆာင္ရြက္မလဲဆိုတဲ့ ကိစၥေတြ ပါတယ္။ ေဆြးေႏြးတာေတာ့ ေကာင္းတယ္။ ဒါေပမဲ့ ဒီေန႔ တစ္ရက္တည္းေတာ့ ေဆြးေႏြးတာက မလံုေလာက္ဘူးေပါ့ေလ။ အဲေတာ့ KNU ဘက္မွာလည္း ျပန္ၿပီး ညွိႏိႈင္းေဆြးေႏြးရမွာေတြ ရွိတယ္။ ဒါေၾကာင့္ ေနာက္တစ္ပတ္မွာေတာ့ ဒီလိုပဲ online မွာ ျပန္ေဆြးေႏြးဖို႔ေတာ့ ႏွစ္ဘက္ ညွိႏိႈင္းတာရွိပါတယ္။”

COVID ေရာဂါ တားဆီးေရးေဆာင္ရြက္စဥ္ ႏွစ္ဘက္တပ္ေတြအၾကား မေျပမလည္ျဖစ္မႈေတြကို ေကာ္မတီက အဓိက ၾကား၀င္ေျဖရွင္းေဆာင္ရြက္သြားဖြယ္ရွိေၾကာင္းလည္း ေျပာပါတယ္။

ဒီေန႔ online အစည္းအေ၀းကို ဦးေဆာင္တက္ေရာက္ခဲ့တဲ့ KNU ရဲ႕ အေထြေထြအတြင္းေရးမႈး ပဒိုေစာတာဒိုမႈးကေတာ့ ႏွစ္ဘက္တပ္ေတြအၾကားျဖစ္ပြားတဲ့ တိုက္ပဲြဟာ နယ္ေျမပိုင္းျခားသတ္မွတ္မႈ တိတိက်က် မေဆာင္ရြက္ႏိုင္ေသးတာေၾကာင့္ ျဖစ္ခဲ့ရေၾကာင္း သံုးသပ္ပါတယ္။

COVID-19 နဲ႔ ပတ္သက္ၿပီး အစိုးရေကာ္မတီနဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU တို႔ရဲ႕ online meeting ညိွႏိႈင္းေဆြးေႏြးပဲြ (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook ေမ ၁၁၊ ၂၀၂၀)
COVID-19 နဲ႔ ပတ္သက္ၿပီး အစိုးရေကာ္မတီနဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU တို႔ရဲ႕ online meeting ညိွႏိႈင္းေဆြးေႏြးပဲြ (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook ေမ ၁၁၊ ၂၀၂၀)

KNU ဘက္ကေတာ့ COVID ေရာဂါျဖစ္ပြားခ်ိန္မွာ ေရာဂါတိုက္ဖ်က္ေရးကို ဦးစားေပးၿပီး က်န္ကိစၥရပ္ေတြကို ညွိႏိႈင္းေဆြးေႏြးသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

“အဲဒီကိစၥေတြကေတာ့ က်ေနာ္တို႔ ျပန္ညွိႏိႈင္းဖို႔ ရွိပါတယ္။ ေကာ္မတီကေနတဆင့္ ျပန္ညွိႏိႈင္းသြားမယ့္ သေဘာရွိပါတယ္။ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ ကစထမႈးနဲ႔ ေတြ႕ဆံုတဲ့အခ်ိန္မွာလည္း သူက ေကာ္မတီအေနနဲ႔ ညွိႏိႈင္းလုပ္ေဆာင္လို႔ အဆင္ေျပတယ္ဆိုရင္ သူတို႔အေနနဲ႔ ေျပာစရာမရွိပါဘူး ဆိုတဲ့ပံုစံမ်ိဳး ေျပာခဲ့တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ဘက္ကလည္း ျပႆနာရွိႏိုင္တဲ့ ေနရာေတြက ဘယ္ႏွစ္ေနရာ ရွိလဲေပါ့။ အဲလိုေနရာမ်ိဳးေတြကို က်ေနာ္တို႔ သူတို႔နဲ႔ တင္ျပၿပီးေတာ့ ညွိႏိႈင္းမွာေပါ့ေနာ္။ အမွန္ကေတာ့ က်ေနာ္တို႔က နယ္ေျမပိုင္းျခားမႈအရ အျငင္းပြားေနတာထက္ COVID ကို ဦးတည္ၿပီးေတာ့ ဒီ Pandemic ကာကြယ္ေရးမွာ အတူတကြ ပါ၀င္ၾကဖို႔ေတာ့ လိုတာေပါ့ေနာ္။”

COVID-19 တိုက္ဖ်က္ေရးအတြက္ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြနဲ႔ ပူးေပါင္းေကာ္မတီဟာ NCA လက္မွတ္ထိုးအဖဲြ႕ေတြနဲ႔ ညွိႏိႈင္းေဆာင္ရြက္ေနသလို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လိႈင္ကလည္း NCA လက္မွတ္ မေရးထိုးေသးတဲ့ ၀၊ မိုင္းလား အဖဲြ႕က ေခါင္းေဆာင္ေတြနဲ႔ ဒီလ ၁၀ ရက္ေန႔က က်ိဳင္းတံုၿမိဳ႕မွာ ေတြ႕ဆံုေဆြးေႏြးခဲ့ၿပီး ေရာဂါကုသ ထိန္းခ်ဳပ္ေရးဆိုင္ရာ အေထာက္အကူပစၥည္းေတြ ေပးအပ္ခဲ့ပါတယ္။

တပ္မေတာ္ကလည္း COVID-19 ေရာဂါ တိုက္ဖ်က္ေရးကို ထိထိေရာက္ေရာက္ေဆာင္ရြက္ႏိုင္ဖို႔နဲ႔ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ အၾကမ္းဖက္ အဖဲြ႔အစည္းေတြရွိတဲ့ ေနရာေဒသေတြကအပ က်န္နယ္ေျမေတြကို ေမလ ၁၀ ရက္ေန႔ကေန ၾသဂုတ္လ ၃၁ ရက္ေန႔အထိ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာထားပါတယ္။ ဒီေၾကညာခ်က္မွာ လက္ရွိ တိ္ုက္ပဲြျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္ မပါ၀င္တာေၾကာင့္ ေ၀ဖန္တာေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး မြန်မာအစိုးရနဲ့ KNU ဆွေးနွေး

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ ဒီကနေ့ online meeting ကျင်းပဆွေးနွေးရာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖာပွန်ခရိုင်အတွင်း အစိုးရတပ်မတော်နဲ့ KNU အကြား ထိတွေ့မှုဖြစ်ပွားတဲ့အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ လောလောဆယ် နှစ်ဘက်အကြား ဆွေးနွေးမှုတွေ မပြီးပြတ်သေးတာကြောင့် လာမယ့်အပတ်မှာ ထပ်မံ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

အစိုးရက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းပူးပေါင်းရေးကော်မတီဟာ ပြီးခဲ့တဲ့အပတ် သောကြာနေ့က NCA အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားတွေနဲ့ online က တဆင့် ဆွေးနွေးခဲ့ပြီး သဘောတူညီချက် ၇ ချက် ရခဲ့ပါတယ်။

ဒီကနေ့မှာတော့ အစိုးရကော်မတီနဲ့ KNU တို့ဟာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို သဘောတူညီချက် ၇ ချက်ပေါ် အခြေခံပြီး online က ဆွေးနွေးခဲ့သလို COVID ဖြစ်ပွားစဉ်ကာလနဲ့ နောက်ပိုင်းကာလ လူမှုစီးပွားဖွံ့ဖြိုးရေးကိစ္စရပ်တွေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

ဒီအစည်းအဝေးမှာပဲ ဒီလ ၆ ရက်နေ့က ဖာပွန်ခရိုင်အတွင်းရှိ KUN ရဲ့ COVID တားဆီးရေးဂိတ် ၂ ဂိတ်ကို အစိုးရတပ်က ဖယ်ရှားခဲ့တဲ့နောက် KNU နဲ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားတဲ့ ကိစ္စကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း အစည်းအဝေးကို ပါဝင်တက်ရောက်ခဲ့တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။

“ဆွေးနွေးတဲ့အထဲမှာ နှစ်ဘက် ဒါမျိုး မတော်တဆမှုတွေ မဖြစ်ဖို့အတွက် ညှိနှိုင်း တိုင်ပင်ဆွေးနွေး ဆောင်ရွက်ရမယ့်အချက်တွေ ပါပါတယ်။ အရင်တစ်ပတ်ပေါ့နော်၊ အရင်ရက်ပိုင်းက နေရာ ၂ ခုမှာ ဒီလိုမျိုး မတော်တဆ ထိတွေ့မှုတွေ ရှိတယ်။ အဲဒါမျိုးတွေ နောင်မဖြစ်အောင်လို့ ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲဆိုတဲ့ ကိစ္စတွေ ပါတယ်။ ဆွေးနွေးတာတော့ ကောင်းတယ်။ ဒါပေမဲ့ ဒီနေ့ တစ်ရက်တည်းတော့ ဆွေးနွေးတာက မလုံလောက်ဘူးပေါ့လေ။ အဲတော့ KNU ဘက်မှာလည်း ပြန်ပြီး ညှိနှိုင်းဆွေးနွေးရမှာတွေ ရှိတယ်။ ဒါကြောင့် နောက်တစ်ပတ်မှာတော့ ဒီလိုပဲ online မှာ ပြန်ဆွေးနွေးဖို့တော့ နှစ်ဘက် ညှိနှိုင်းတာရှိပါတယ်။”

COVID ရောဂါ တားဆီးရေးဆောင်ရွက်စဉ် နှစ်ဘက်တပ်တွေအကြား မပြေမလည်ဖြစ်မှုတွေကို ကော်မတီက အဓိက ကြားဝင်ဖြေရှင်းဆောင်ရွက်သွားဖွယ်ရှိကြောင်းလည်း ပြောပါတယ်။

ဒီနေ့ online အစည်းအဝေးကို ဦးဆောင်တက်ရောက်ခဲ့တဲ့ KNU ရဲ့ အထွေထွေအတွင်းရေးမှုး ပဒိုစောတာဒိုမှုးကတော့ နှစ်ဘက်တပ်တွေအကြားဖြစ်ပွားတဲ့ တိုက်ပွဲဟာ နယ်မြေပိုင်းခြားသတ်မှတ်မှု တိတိကျကျ မဆောင်ရွက်နိုင်သေးတာကြောင့် ဖြစ်ခဲ့ရကြောင်း သုံးသပ်ပါတယ်။

KNU ဘက်ကတော့ COVID ရောဂါဖြစ်ပွားချိန်မှာ ရောဂါတိုက်ဖျက်ရေးကို ဦးစားပေးပြီး ကျန်ကိစ္စရပ်တွေကို ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“အဲဒီကိစ္စတွေကတော့ ကျနော်တို့ ပြန်ညှိနှိုင်းဖို့ ရှိပါတယ်။ ကော်မတီကနေတဆင့် ပြန်ညှိနှိုင်းသွားမယ့် သဘောရှိပါတယ်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကစထမှုးနဲ့ တွေ့ဆုံတဲ့အချိန်မှာလည်း သူက ကော်မတီအနေနဲ့ ညှိနှိုင်းလုပ်ဆောင်လို့ အဆင်ပြေတယ်ဆိုရင် သူတို့အနေနဲ့ ပြောစရာမရှိပါဘူး ဆိုတဲ့ပုံစံမျိုး ပြောခဲ့တဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကလည်း ပြဿနာရှိနိုင်တဲ့ နေရာတွေက ဘယ်နှစ်နေရာ ရှိလဲပေါ့။ အဲလိုနေရာမျိုးတွေကို ကျနော်တို့ သူတို့နဲ့ တင်ပြပြီးတော့ ညှိနှိုင်းမှာပေါ့နော်။ အမှန်ကတော့ ကျနော်တို့က နယ်မြေပိုင်းခြားမှုအရ အငြင်းပွားနေတာထက် COVID ကို ဦးတည်ပြီးတော့ ဒီ Pandemic ကာကွယ်ရေးမှာ အတူတကွ ပါဝင်ကြဖို့တော့ လိုတာပေါ့နော်။”

COVID-19 နဲ႔ ပတ္သက္ၿပီး အစိုးရေကာ္မတီနဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU တို႔ရဲ႕ online meeting ညိွႏိႈင္းေဆြးေႏြးပဲြ (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook ေမ ၁၁၊ ၂၀၂၀)
COVID-19 နဲ႔ ပတ္သက္ၿပီး အစိုးရေကာ္မတီနဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU တို႔ရဲ႕ online meeting ညိွႏိႈင္းေဆြးေႏြးပဲြ (သတင္းဓာတ္ပံု - Hla Maung Shwe's Facebook ေမ ၁၁၊ ၂၀၂၀)

COVID-19 တိုက်ဖျက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းကော်မတီဟာ NCA လက်မှတ်ထိုးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေသလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကလည်း NCA လက်မှတ် မရေးထိုးသေးတဲ့ ဝ၊ မိုင်းလား အဖွဲ့က ခေါင်းဆောင်တွေနဲ့ ဒီလ ၁၀ ရက်နေ့က ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရောဂါကုသ ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။

တပ်မတော်ကလည်း COVID-19 ရောဂါ တိုက်ဖျက်ရေးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့နဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အကြမ်းဖက် အဖွဲ့အစည်းတွေရှိတဲ့ နေရာဒေသတွေကအပ ကျန်နယ်မြေတွေကို မေလ ၁၀ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပါတယ်။ ဒီကြေညာချက်မှာ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မပါဝင်တာကြောင့် ဝေဖန်တာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG