သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ျပည္နယ္က တရုတ္ငွက္ေပ်ာခင္း


ကခ်င္ျပည္နယ္ ဝိုင္းေမာ္ေဒသမွာ စိုက္ပ်ဳိးထားေသာ တစ္သွ်ဳးငွက္ေပ်ာစိုက္ခင္း (Green Myanmar Environmental Services Co.,Ltd.)
ကခ်င္ျပည္နယ္က တရုတ္ငွက္ေပ်ာခင္း
please wait

No media source currently available

0:00 0:05:08 0:00
တိုက္႐ိုက္ လင့္ခ္

ကခ်င္းေခါင္းေဆာင္တဦးျဖစ္တဲ့ ဇခြန္တင္ရင္း တည္ေထာင္တဲ့ NDAK ကခ်င္နယ္ျခားေစာင့္တပ္ ခ်ဳပ္ကိုင္တဲ့ ကခ်င္အထူးေဒသ (၁) က ကန္ပိုက္တီမွာ ကုန္သြယ္ေရးစခန္း တည္ေဆာက္ဖို႔ ကခ်င္ျပည္နယ္အစိုးရနဲ႔ ယူနန္တရုတ္ကုမၸဏီတို႔ မၾကာမီက နားလည္မႈစာခၽြန္လႊာ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ ဇခြန္တင္ရင္းရဲ ႔ သားေတြပိုင္တဲ့ ကန္ပိုက္တီ ဖြံ႔ၿဖိဳးေရးကုမၸဏီနဲ႔ ယူနန္ထိုင္ယင္းကုမၸဏီတို႔ ဖက္စပ္လုပ္မယ့္ စီမံခ်က္ျဖစ္ၿပီး၊ ကခ်င္ဘက္က (၃၀) ရာခိုင္ႏႈန္း၊ ယူနန္ဘက္က (၇၀) ရာခိုင္ႏႈန္း ပိုင္ဆိုင္လိမ့္မယ္လို႔ သိရပါတယ္။ ေျမဧက (၇၀) မွာ ေဒၚလာသန္း (၂၀) ေက်ာ္ ရင္းႏီွးျမဳပ္ႏံွမယ့္ စီမံကိန္း ျဖစ္ပါတယ္။

ကန္ပိုက္တီမွာ ရင္းႏီွးမယ့္ တရုတ္ကုမၸဏီဟာ ျမစ္ႀကီးနားစီးပြားေရးဇုန္ကို တည္ေဆာက္ေနတဲ့ ယူနန္ ထန္ခ်ဳံးဟုန္ရင္ အုပ္စုရဲ ႔ လက္ေအာက္ခံလုပ္ငန္းတခု ျဖစ္ပါတယ္။ လက္ရိွ ကန္ပိုက္တီ ကုန္သြယ္ေရးစခန္းဟာ တဧကေလာက္သာ ရိွပါတယ္။ တစ္သွ်ဳးငွက္ေပ်ာကို ကန္ပိုက္တီကတဆင့္ ယူနန္ကို တင္ပို႔တာမ်ားပါတယ္။ ဆန္၊ ေျပာင္းဖူး၊ ရာဘာ၊ သံ စတာေတြကိုလည္း တင္ပို႔ပါတယ္။ ယူနန္ကေန ဓါတ္ေျမၾသဇာ၊ စားသံုးကုန္ပစၥည္း၊ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ အပိုပစၥည္းေတြ တင္သြင္းပါတယ္။ ေန႔စဥ္ကုန္တင္ကားအစီး (၂၀၀) ကေန (၅၀၀) အထိ ျဖတ္သန္းသြားလာတဲ့စခန္း ျဖစ္ပါတယ္။

ေဒသခံေတြရဲ ႔ နာမည္ကိုသံုးၿပီး စိုက္ပ်ဳိးေနတဲ့ တရုတ္ပိုင္တစ္သွ်ဳးငွက္ေပ်ာၿခံေတြ အမ်ားဆံုးရိွတဲ့ နယ္ေျမဟာ ဝိုင္းေမာ၊္ ဗန္းေမာ္၊ မိုးေမာက္၊ ေရႊကူစတဲ့ ၿမိဳ ႔နယ္ေတြ ျဖစ္ပါတယ္။ ဒီၿမိဳ ႔နယ္ေတြအထိ တရုတ္ကုန္တင္ကားႀကီးေတြ ဝင္ေရာက္ၿပီး၊ ငွက္ေပ်ာသီးေတြ သယ္ယူပါတယ္။ ကန္ပိုက္တီစခန္းမွာ အစစ္အေဆး မလုပ္ႏိုင္တဲ့အတြက္ ငွက္ေပ်ာသီးအျပင္ ယူနန္ကို ဘာပစၥည္းေတြ သယ္ယူေနတယ္ဆိုတာကို မသိႏုိင္ပါဘူး။ ကုန္တင္ကားႀကီးေတြေၾကာင့္ လမ္းနဲ႔တံတားေတြ ပ်က္စီးလာပါတယ္။ ဒီကိစၥကို ျပည္နယ္လႊတ္ေတာ္မွာ တင္ျပေပမယ့္ အေရးမယူႏို္င္ေသးေၾကာင္း သိရပါတယ္။ ကန္ပိုက္တီနယ္စပ္ ကုန္သြယ္ေရးစခန္းကို အဆင့္ျမွင့္ၿပီးမွသာ တစ္သွ်ဳးငွက္ေပ်ာ သယ္ယူေနတဲ့ ကားႀကီးေတြအပါအဝင္ အျခားကုန္ပစၥည္းေတြကို စစ္ေဆးႏုိင္မယ္လို႔ ကခ်င္ျပည္နယ္ဘ႑ာေရးဝန္ႀကီးဌာနက ဆိုပါတယ္။

လက္နက္ကိုင္ပဋိပကၡ ျဖစ္ပြားေနတဲ့ ကခ်င္ျပည္နယ္မွာ အာဏာပိုင္တပ္ဖြဲ႔အမ်ဳိးမ်ဳိးနဲ႔ အဆင္ေျပသလို တရုတ္က လုပ္ကိုင္စားေသာက္ေနတာ အေတာ္ၾကာပါၿပီ။ ေက်ာက္မ်က္နဲ႔ သစ္လုပ္ငန္းမွာ အရင္ဆံုး တရုတ္ဝင္ေရာက္ပါတယ္။ အခုေတာ့ လယ္ယာစီးပြားေရးက တရုတ္လုပ္ငန္းေတြ သိသာထင္ရွားလာပါတယ္။ ကခ်င္ျပည္နယ္မွာတင္ တစ္သွ်ဳးငွက္ေပ်ာစိုက္ခင္း ဧက (၁) သိန္းခြဲေလာက္ ရိွတယ္လို႔ သိရပါတယ္။ နားလည္မႈယူၿပီး စိုက္ပ်ဳိးတာ ရိွသလို၊ အတင္းအဓမၼေျမသိမ္းၿပီး စိုက္ပ်ဳိးတာလည္း ရိွပါတယ္။ ဝိုင္းေမာ္ၿမိဳ ႔နယ္မွာ သေဘာတူညီခ်က္နဲ႔ စိုက္ပ်ဳိးတာ (၄၀) ရာခုိင္ႏႈန္းေလာက္ပဲ ရိွပါတယ္။ တစ္သွ်ဳးငွက္ေပ်ာလုပ္ငန္း ရပ္ဆိုင္းထားရတဲ့အတြက္ ေဒသခံရြာသား (၇) ဦးကို မ်ဳိးဆက္ၾကယ္ပြင့္အမည္ခံ တရုတ္ကုမၸဏီက ေလ်ာ္ေၾကးေငြ က်ပ္သိန္းေပါင္း တစ္ေသာင္းေက်ာ္ ေတာင္းတဲ့အမႈကို လူသိမ်ားပါတယ္။

တစ္သွ်ဳးငွက္ေပ်ာစိုက္ခင္းနဲ႔ ပတ္သက္ၿပီး အျငင္းပြားလို႔ ေဒသခံရြာသားေတြကိို ကုမၸဏီတခုက၂၀၁၈ မွာ တရားစြဲတဲ့အခါ ရြာသားေတြကို ေထာင္ဒဏ္ (၆) လ (သို႔မဟုတ္) ဒဏ္ေငြ က်ပ္ငါးေသာင္းေပးေဆာင္ဖုိ႔ ဝိုင္းေမာ္ၿမိဳ ႔တရားရံုးက အမိန္႔ခ်မွတ္ခဲ့ပါတယ္။ ျပႆနာျဖစ္လြန္တဲ့အတြက္ ငွက္ေပ်ာစိုက္ခင္းေတြကို စည္းကမ္းတက် ထိန္းသိမ္းကြပ္ကဲၿပီး ေဒသခံေတြကို အႏၱရာယ္မျဖစ္ေစဖုိ႔ ျပည္ေထာင္စုအစိုးရကို အမ်ဳိးသားလႊတ္ေတာ္က လြန္္ခဲ့တဲ့ႏွစ္က တိုက္တြန္းခဲ့ပါတယ္။ ရင္းႏီွးျမဳပ္ႏံွမႈေကာ္မရွင္ရဲ ႔ ခြင့္ျပဳခ်က္မရတဲ့ တစ္သွ်ဳးငွက္ေပ်ာစိုက္ခင္းေတြဟာ တရားမဝင္ေပမယ့္ ေဒသဆုိင္ရာ အာဏာပိုင္နဲ႔ နားလည္မႈယူၿပီး စိုက္ပ်ဳိးေနတာ ျဖစ္ပါတယ္။ စည္းကမ္းမရိွ စိုက္ပ်ဳိးတာေၾကာင့္ သဘာဝပတ္ဝန္းက်င္ကိုေရာ ေဒသခံေတြရဲ ႔ က်န္းမာေရးကိုေရာ အႏၱရာယ္ေပးေနတယ္လုိ႔ ေဆြးေႏြးသြားၾကပါတယ္။

တစ္သွ်ဳးငွက္ေပ်ာစိုက္ပ်ဳိးေရးကို ဘိန္းအစားထိုး စိုက္ပ်ဳိးေရးအေနနဲ႔ ကခ်င္ျပည္နယ္မွာ ၂၀၁၆ ခုႏွစ္ေလာက္ကတည္းက စတင္လုပ္ကိုင္လာပါတယ္။ ငွက္ေပ်ာသီးအားလံုး တၿပိဳင္တည္းႀကီးထြားသီးပြင့္ၿပီး အထြက္တိုးတာေၾကာင့္ ရင္းႏီွးျမဳပ္ႏံွတဲ့ တရုတ္ကုမၸဏီေတြ မ်ားလာပါတယ္။ ဓါတ္ေျမၾသဇာနဲ႔ ပိုးသတ္ေဆးကို သံုးေပမယ့္ စည္းကမ္းမရိွတဲ့အတြက္ ေရေျမညစ္ညမ္းမႈေတြ မ်ားလာပါတယ္။ ဓါတ္ေျမၾသဇာနဲ႔ ပိုးသတ္ေဆးအနံ႔ဆိုးကို တႏွစ္ပတ္လံုး ရႈရႈိက္ေနရတဲ့ ေက်းရြာေတြ ရိွလာပါတယ္။ တစ္သွ်ဳးငွက္ေပ်ာစိုက္ခင္းေတြ ဒုကၡေပးပံုကို ေဒသခံေတြ တိုင္တန္းၾကေပမယ့္ ငွက္ေပ်ာၿခံရွင္ကို လက္နက္ကိုင္တပ္ဖြဲ႔ေတြက အကာအကြယ္ေပးထားလို႔ ဘာမွမတတ္ႏုိင္ဘူးလို႔ ဆိုပါတယ္။

တိုက္ပြဲေတြျဖစ္လုိ႔ စြန္္႔ခြါသြားၾကတဲ့ ေက်းရြာေတြမွာ ငွက္ေပ်ာစိုက္ခင္းတိုးခ်ဲ ႔တဲ့ တရုတ္ေတြလည္း ရိွပါတယ္။ ဒီေနရာေတြကို အစိုးရတပ္ရဲ ႔ ခြင့္ျပဳခ်က္မရဘဲ မသြားႏိုင္ပါဘူး။ တစ္သွ်ဳးငွက္ေပ်ာနဲ႔ ပတ္သက္ၿပီး တရုတ္ကုမၸဏီနဲ႔ ေဒသခံေတြအၾကား တင္းမာမႈေတြ ရိွလာပါတယ္။ ယူနန္က ဝင္လာတဲ့ တရုတ္စိုက္ပ်ဳိးေရးလုပ္သား အေရအတြက္ကို မခန္႔မွန္းႏိုင္ဘူးလို႔ ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးက မႏွစ္က ေျပာပါတယ္။ နယ္စပ္စခန္းေတြကေန ယာယီေနထိုင္ခြင့္ယူၿပီး ဝင္လာသူ (၆၀၀၀) ေလာက္ ရိွႏိုင္တယ္လို႔ သိရပါတယ္။

==Unicode==

ကချင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဇခွန်တင်ရင်း တည်ထောင်တဲ့ NDAK ကချင်နယ်ခြားစောင့်တပ် ချုပ်ကိုင်တဲ့ ကချင်အထူးဒေသ (၁) က ကန်ပိုက်တီမှာ ကုန်သွယ်ရေးစခန်း တည်ဆောက်ဖို့ ကချင်ပြည်နယ်အစိုးရနဲ့ ယူနန်တရုတ်ကုမ္ပဏီတို့ မကြာမီက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဇခွန်တင်ရင်းရဲ့ သားတွေပိုင်တဲ့ ကန်ပိုက်တီ ဖွံ့ဖြိုးရေးကုမ္ပဏီနဲ့ ယူနန်ထိုင်ယင်းကုမ္ပဏီတို့ ဖက်စပ်လုပ်မယ့် စီမံချက်ဖြစ်ပြီး၊ ကချင်ဘက်က (၃၀) ရာခိုင်နှုန်း၊ ယူနန်ဘက်က (၇၀) ရာခိုင်နှုန်း ပိုင်ဆိုင်လိမ့်မယ်လို့ သိရပါတယ်။ မြေဧက (၇၀) မှာ ဒေါ်လာသန်း (၂၀) ကျော် ရင်းနှီးမြုပ်နံှမယ့် စီမံကိန်း ဖြစ်ပါတယ်။

ကန်ပိုက်တီမှာ ရင်းနှီးမယ့် တရုတ်ကုမ္ပဏီဟာ မြစ်ကြီးနားစီးပွားရေးဇုန်ကို တည်ဆောက်နေတဲ့ ယူနန် ထန်ချုံးဟုန်ရင် အုပ်စုရဲ့ လက်အောက်ခံလုပ်ငန်းတခု ဖြစ်ပါတယ်။ လက်ရှိ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းဟာ တဧကလောက်သာ ရှိပါတယ်။ တစ်သျှုးငှက်ပျောကို ကန်ပိုက်တီကတဆင့် ယူနန်ကို တင်ပို့တာများပါတယ်။ ဆန်၊ ပြောင်းဖူး၊ ရာဘာ၊ သံ စတာတွေကိုလည်း တင်ပို့ပါတယ်။ ယူနန်ကနေ ဓါတ်မြေသြဇာ၊ စားသုံးကုန်ပစ္စည်း၊ မော်တော်ဆိုင်ကယ်နဲ့ အပိုပစ္စည်းတွေ တင်သွင်းပါတယ်။ နေ့စဉ်ကုန်တင်ကားအစီး (၂၀၀) ကနေ (၅၀၀) အထိ ဖြတ်သန်းသွားလာတဲ့စခန်း ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ နာမည်ကိုသုံးပြီး စိုက်ပျိုးနေတဲ့ တရုတ်ပိုင်တစ်သျှုးငှက်ပျောခြံတွေ အများဆုံးရှိတဲ့ နယ်မြေဟာ ဝိုင်းမော၊် ဗန်းမော်၊ မိုးမောက်၊ ရွှေကူစတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ဒီမြို့နယ်တွေအထိ တရုတ်ကုန်တင်ကားကြီးတွေ ဝင်ရောက်ပြီး၊ ငှက်ပျောသီးတွေ သယ်ယူပါတယ်။ ကန်ပိုက်တီစခန်းမှာ အစစ်အဆေး မလုပ်နိုင်တဲ့အတွက် ငှက်ပျောသီးအပြင် ယူနန်ကို ဘာပစ္စည်းတွေ သယ်ယူနေတယ်ဆိုတာကို မသိနိုင်ပါဘူး။ ကုန်တင်ကားကြီးတွေကြောင့် လမ်းနဲ့တံတားတွေ ပျက်စီးလာပါတယ်။ ဒီကိစ္စကို ပြည်နယ်လွှတ်တော်မှာ တင်ပြပေမယ့် အရေးမယူနိုင်သေးကြောင်း သိရပါတယ်။ ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်းကို အဆင့်မြှင့်ပြီးမှသာ တစ်သျှုးငှက်ပျော သယ်ယူနေတဲ့ ကားကြီးတွေအပါအဝင် အခြားကုန်ပစ္စည်းတွေကို စစ်ဆေးနိုင်မယ်လို့ ကချင်ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ အာဏာပိုင်တပ်ဖွဲ့အမျိုးမျိုးနဲ့ အဆင်ပြေသလို တရုတ်က လုပ်ကိုင်စားသောက်နေတာ အတော်ကြာပါပြီ။ ကျောက်မျက်နဲ့ သစ်လုပ်ငန်းမှာ အရင်ဆုံး တရုတ်ဝင်ရောက်ပါတယ်။ အခုတော့ လယ်ယာစီးပွားရေးက တရုတ်လုပ်ငန်းတွေ သိသာထင်ရှားလာပါတယ်။ ကချင်ပြည်နယ်မှာတင် တစ်သျှုးငှက်ပျောစိုက်ခင်း ဧက (၁) သိန်းခွဲလောက် ရှိတယ်လို့ သိရပါတယ်။ နားလည်မှုယူပြီး စိုက်ပျိုးတာ ရှိသလို၊ အတင်းအဓမ္မမြေသိမ်းပြီး စိုက်ပျိုးတာလည်း ရှိပါတယ်။ ဝိုင်းမော်မြို့နယ်မှာ သဘောတူညီချက်နဲ့ စိုက်ပျိုးတာ (၄၀) ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ တစ်သျှုးငှက်ပျောလုပ်ငန်း ရပ်ဆိုင်းထားရတဲ့အတွက် ဒေသခံရွာသား (၇) ဦးကို မျိုးဆက်ကြယ်ပွင့်အမည်ခံ တရုတ်ကုမ္ပဏီက လျော်ကြေးငွေ ကျပ်သိန်းပေါင်း တစ်သောင်းကျော် တောင်းတဲ့အမှုကို လူသိများပါတယ်။

တစ်သျှုးငှက်ပျောစိုက်ခင်းနဲ့ ပတ်သက်ပြီး အငြင်းပွားလို့ ဒေသခံရွာသားတွေကို ကုမ္ပဏီတခုက၂၀၁၈ မှာ တရားစွဲတဲ့အခါ ရွာသားတွေကို ထောင်ဒဏ် (၆) လ (သို့မဟုတ်) ဒဏ်ငွေ ကျပ်ငါးသောင်းပေးဆောင်ဖို့ ဝိုင်းမော်မြို့တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ ပြဿနာဖြစ်လွန်တဲ့အတွက် ငှက်ပျောစိုက်ခင်းတွေကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲပြီး ဒေသခံတွေကို အန္တရာယ်မဖြစ်စေဖို့ ပြည်ထောင်စုအစိုးရကို အမျိုးသားလွှတ်တော်က လွန်ခဲ့တဲ့နှစ်က တိုက်တွန်းခဲ့ပါတယ်။ ရင်းနှီးမြုပ်နံှမှုကော်မရှင်ရဲ့ ခွင့်ပြုချက်မရတဲ့ တစ်သျှုးငှက်ပျောစိုက်ခင်းတွေဟာ တရားမဝင်ပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်နဲ့ နားလည်မှုယူပြီး စိုက်ပျိုးနေတာ ဖြစ်ပါတယ်။ စည်းကမ်းမရှိ စိုက်ပျိုးတာကြောင့် သဘာဝပတ်ဝန်းကျင်ကိုရော ဒေသခံတွေရဲ့ ကျန်းမာရေးကိုရော အန္တရာယ်ပေးနေတယ်လို့ ဆွေးနွေးသွားကြပါတယ်။

တစ်သျှုးငှက်ပျောစိုက်ပျိုးရေးကို ဘိန်းအစားထိုး စိုက်ပျိုးရေးအနေနဲ့ ကချင်ပြည်နယ်မှာ ၂၀၁၆ ခုနှစ်လောက်ကတည်းက စတင်လုပ်ကိုင်လာပါတယ်။ ငှက်ပျောသီးအားလုံး တပြိုင်တည်းကြီးထွားသီးပွင့်ပြီး အထွက်တိုးတာကြောင့် ရင်းနှီးမြုပ်နံှတဲ့ တရုတ်ကုမ္ပဏီတွေ များလာပါတယ်။ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးကို သုံးပေမယ့် စည်းကမ်းမရှိတဲ့အတွက် ရေမြေညစ်ညမ်းမှုတွေ များလာပါတယ်။ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးအနံ့ဆိုးကို တနှစ်ပတ်လုံး ရှုရှိုက်နေရတဲ့ ကျေးရွာတွေ ရှိလာပါတယ်။ တစ်သျှုးငှက်ပျောစိုက်ခင်းတွေ ဒုက္ခပေးပုံကို ဒေသခံတွေ တိုင်တန်းကြပေမယ့် ငှက်ပျောခြံရှင်ကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကာအကွယ်ပေးထားလို့ ဘာမှမတတ်နိုင်ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်လို့ စွန့််ခွါသွားကြတဲ့ ကျေးရွာတွေမှာ ငှက်ပျောစိုက်ခင်းတိုးချဲ့တဲ့ တရုတ်တွေလည်း ရှိပါတယ်။ ဒီနေရာတွေကို အစိုးရတပ်ရဲ့ ခွင့်ပြုချက်မရဘဲ မသွားနိုင်ပါဘူး။ တစ်သျှုးငှက်ပျောနဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီနဲ့ ဒေသခံတွေအကြား တင်းမာမှုတွေ ရှိလာပါတယ်။ ယူနန်က ဝင်လာတဲ့ တရုတ်စိုက်ပျိုးရေးလုပ်သား အရေအတွက်ကို မခန့်မှန်းနိုင်ဘူးလို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက မနှစ်က ပြောပါတယ်။ နယ်စပ်စခန်းတွေကနေ ယာယီနေထိုင်ခွင့်ယူပြီး ဝင်လာသူ (၆၀၀၀) လောက် ရှိနိုင်တယ်လို့ သိရပါတယ်။

XS
SM
MD
LG