သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပိုးခါးပတ္လမ္းသစ္နဲ႔ ျမန္မာႏိုင္ငံ


China New Silk Road
ပိုးခါးပတ္လမ္းသစ္နဲ႔ ျမန္မာႏိုင္ငံ
please wait

No media source currently available

0:00 0:05:21 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာျပည္မွာ အေကာင္အထည္ေဖာ္မယ့္ ပိုးခါးပတ္လမ္းသစ္အေၾကာင္း နယ္သာလန္အေျခစိုက္ TNI (ေခၚ) Transnational Institute က တရုတ္ဘာသာ အေထာက္အထားေတြကို အေျခခံၿပီး လြန္ခဲ့တဲ့ ႏိုဝင္ဘာလက သံုးသပ္ထားပါတယ္။ တရုတ္-ျမန္မာ လွ်ပ္စစ္ဓါတ္အားလိုင္း၊ အျမန္ရထားလမ္း၊ ေရေၾကာင္း-ကုန္ေၾကာင္း သယ္ယူပို႔ေဆာင္ေရး၊ အထူးစီးပြားေရးဇုန္နဲ႔ စက္မႈဇုန္ စတဲ့ နယ္ပယ္ (၄) ခုမွာ အေကာင္အထည္ေဖာ္ဖို႔ ႏိုင္ငံပိုင္တရုတ္ကုမၸဏီႀကီးေတြနဲ႔ ယူနန္ျပည္နယ္အစိုးရတို႔ ႀကိဳပမ္းပံုကို ေဖာ္ျပထားပါတယ္။

ျမစ္ဆံုဆည္ စတင္တည္ေဆာက္ခ်ိန္က ျမန္မာ့ေရအားလွ်ပ္စစ္ကို တရုတ္ျပည္ တင္ပို႔ဖို႔ ရည္ရြယ္ခဲ့ပါတယ္။ အခုေတာ့ တရုတ္ျပည္မွာ လွ်ပ္စစ္ဓါတ္အားေတြ ပိုလွ်ံေနလို႔ ျမန္မာက ဝယ္ယူသံုးစြဲရမယ့္ အေျခအေန ေရာက္လာပါတယ္။ တရုတ္ျပည္မွာ လွ်ပ္စစ္ဓါတ္အား ထုတ္လုပ္မႈ ပိုလွ်ံေနၿပီး ယူနန္နဲ႔ ဆုခၽြမ္ျပည္နယ္ေတြမွာ အမ်ားဆံုး ပိုလွ်ံေနပါတယ္။ ဗိယက္နမ္နဲ႔ လာအိုႏုိင္ငံေတြဟာ ယူနန္ျပည္နယ္က လွ်ပ္စစ္ဓါတ္အား ဝယ္ယူေနပါတယ္။ ျမန္မာကလည္း တရုတ္ေတာင္ပိုင္း လွ်ပ္စစ္ဓါတ္အားလိုင္း CSGChina Southern Power Grid ကေန မဂၢါဝပ္ (၁၀၀၀) ဝယ္ယူဖို႔ သေဘာတူထားေၾကာင္း သိရပါတယ္။

ျမန္မာျပည္ေျမာက္ပိုင္းက နယ္စပ္ၿမိဳ ႔အခ်ဳိ ႔ကို CSG ကုမၸဏီက လွွ်ပ္စစ္ဓါတ္အားေပးေနတာ ၾကာၿပီျဖစ္ပါတယ္။ ဒါေပမဲ့ ျပည္တြင္းအထိ လွ်ပ္စစ္ဓါတ္အား ပို႔ေပးႏုိင္ဖုိ႔အတြက္ ကီလိုဗို႔ (၅၀၀) သယ္ေဆာင္ႏိုင္တဲ့ လွွ်ပ္စစ္ႀကိဳးလိုင္းေတြကို တည္ေဆာက္ဖို႔ လိုပါတယ္။ ဒီေနရာမွာ တရုတ္ႏုိင္ငံပိုင္ CSG ကုမၸဏီဟာ ထင္ရွားပါတယ္။ အမႈထမ္း (၃) သိန္းနီးပါးရိွၿပီး ႏွစ္စဥ္ေဒၚလာသန္း (၈) ေသာင္း ဝင္ေငြရိွတဲ့ ကုမၸဏီႀကီး ျဖစ္ပါတယ္။ CSG ရဲ ႔ ဝင္ေငြဟာ ျမန္မာျပည္ရဲ ႔ ၂၀၁၈ အသားတင္ထုတ္လုပ္မႈထက္ ပိုမ်ားပါတယ္။ မူဆယ္၊ ဟိုပုံ၊ လိြဳင္ေကာ္နဲ႔ ပဲခူးတုိင္းက ဘုရားႀကီးအထိ လွ်ပ္စစ္လိုင္းေတြ တည္ေဆာက္မယ့္သေဘာ ရိွပါတယ္။ မူဆယ္နဲ႔ ဗန္းေမာ္ကို ျဖတ္သန္းတဲ့ လွ်ပ္စစ္ႀကိဳးလိုင္းစနစ္ (၂) ခု တည္ေဆာက္မယ့္ အစီိအစဥ္ ျဖစ္ပါတယ္။ အုန္းေတာ၊ နဘား နဲ႔ ဗန္းေမာ္တို႔ကို ခ်ိတ္ဆက္တဲ့ လွ်ပ္စစ္လိုင္း ျဖစ္ပါတယ္။

ယူနန္လွ်ပ္စစ္လုိင္းနဲ႔ ျမန္မာအမ်ဳိးသားလွ်ပ္စစ္လိုင္း ခ်ိတ္ဆက္သြားရင္ ယူနန္ကလွ်ပ္စစ္ ရန္ကုန္အထိ ေရာက္သြားမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ပဋိပကၡေဒသေတြကို ျဖတ္ရတဲ့ ႀကိဳးလိုင္းေတြျဖစ္လို႔ အၿမဲတမ္းလွ်ပ္စစ္ဓါတ္အား ရမယ္လို႔ မေျပာႏိုင္ပါဘူး။ ပိုးခါးပတ္လမ္းေၾကာင္းထဲမွာ ေရႊလီ၊ ေက်ာက္ျဖဴ ရထားလမ္းလည္း ပါဝင္ပါတယ္။ ေဒၚလာသန္းတစ္ေသာင္း ကုန္က်မယ့္ စီမံကိန္း ျဖစ္ပါတယ္။ ႏုိင္ငံပိုင္ တရုတ္မီးရထား ကုမၸဏီက ဦးေဆာင္တည္ေဆာက္မယ့္ ရထားလမ္း ျဖစ္ပါတယ္။ အမႈထမ္း သံုးသိန္းနဲ႔ ႏိုင္ငံျခားမွာ ရထားလမ္းေတြ တည္ေဆာက္ေနတဲ့ တရုတ္ကုမၸဏီ ျဖစ္ပါတယ္။ စက္တင္ဘာလကေတာ့ မူဆယ္-မႏၱေလး ရထားလမ္း ေဆာက္လုပ္ေရးကို လံုၿခံဳေရးေၾကာင့္ ရပ္ဆိုင္းလိုက္ေၾကာင္း ျမန္မာဘက္က ေၾကညာပါတယ္။ ေရႊလီ-ေက်ာက္ျဖဴ ရထားလမ္းဟာ စီးပြားေရး တြက္ေခ်မကိုက္ဘူးလို႔ ျမင္ၾကပါတယ္။

ယူနန္က ကုန္ပစၥည္းေတြ ဗန္းေမာ္ကို သယ္ယူၿပီး ဧရာဝတီျမစ္ေၾကာင္းကတဆင့္ ရန္ကုန္အထိ ပို႔ေဆာင္မယ့္ အစီအစဥ္ကို “တရုတ္-ျမန္မာ ကုန္ေၾကာင္း၊ ေရေၾကာင္းလမ္း” လို႔ ေခၚပါတယ္။ ဒီ စီမံကိန္းကို ယူနန္အစိုးရ စာရြက္စာတမ္းေတြမွာ ေဖာ္ျပတာမ်ားေပမယ့္ ျမန္မာဘက္က သိပ္စိတ္ဝင္စားပံု မရဘူးလို႔ ဆိုိပါတယ္။ ျမန္မာအစိုးရက အထူးစီးပြားေရးဇုန္ကို ပိုၿပီးစိတ္ဝင္စားပါတယ္။ ေစ်းကြက္စနစ္ က်င့္သံုးကတည္းက တရုတ္ျပည္မွာ တည္ေဆာက္ထားတဲ့ အထူးစီးပြားေရးဇုန္ေပါင္း (၂၅၄၃) ရိွပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ အနည္းအက်ဥ္းသာ ရိွပါတယ္။ ဂ်ပန္အကူအညီနဲ႔ တည္ေဆာက္ခဲ့တဲ့ သီလဝါဇုန္ကေတာ့ လုပ္ငန္းစေနပါၿပီ။ ထားဝယ္ဇုန္ကေတာ့ လာမယ္ၾကာမယ္ဆိုတဲ့ သေဘာပဲ ရိွပါေသးတယ္။ တရုတ္-ျမန္မာ စီးပြားေရးစၾကၤ ံမွာ ေက်ာက္ျဖဴ၊ ျမစ္ႀကီးနား၊ ကန္ပိုက္တီ၊ မူဆယ္နဲ႔ ခ်င္းေရႊေဟာ္ ဆိုတဲ့ ဇုန္ (၅) ခု ထပ္တိုးတာမို႔ ျမန္မာျပည္မွာ အထူးစီးပြားေရးဇုန္ (၇) ခု ရိွတယ္လို႔ ေျပာႏိုင္မယ္ ထင္ပါတယ္။

ယူနန္၊ ထိန္ခ်ဳံး၊ ေဘာင္ရွန္း၊ ဟိန္ရုန္နဲ႔ လန္ခ်န္းက ႏုိင္ငံပိုင္ တရုတ္ကုမၸဏီေတြဟာ မႏၱေလးနဲ႔ ျမစ္ႀကီးနား စက္မႈဇုန္ေတြအထိ ဝင္ေရာက္ရင္းႏီွးျမဳပ္ႏံွေနၾကပါတယ္။ ေနာက္ၿပီး တရုတ္နယ္စပ္က ေရႊလီ၊ ဝမ္ဒိန္၊ ထိန္ခ်ဳံးနဲ႔ လန္ခ်န္းမွာ အထူးစီးပြားေရးဇုန္ေတြ တည္ေဆာက္ေနပါတယ္။ စက္မႈဇုန္ တည္ေဆာက္လုိ႔ ေဒသခံေတြ နစ္နာတာမို႔ ကခ်င္နဲ႔ ကရင္ျပည္နယ္ေတြမွာ ကန္႔ကြက္ဆႏၵျပၾကပါတယ္။ ပိုးခါးပတ္လမ္းသစ္ဟာ တရုတ္အရင္းရွင္စနစ္မွာ ပိုလွ်ံေနတာေတြကို ျမန္မာျပည္ထဲ သယ္ေဆာင္လာတဲ့ သေဘာမ်ဳိးမျဖစ္ဖို႔ အေရးႀကီးတယ္လို႔ Transnational Institute က သံုးသပ္ပါတယ္။

ဒါေပမဲ့ ျမန္မာအစိုးရ ခြင့္ျပဳမွသာ တရုတ္အရင္းအႏီွးေတြ ဝင္ေရာက္လာႏုိင္တာကို သတိျပဳသင့္ပါတယ္။ ဒါေၾကာင့္မို႔ တရုတ္ပိုးခါးပတ္လမ္းေၾကာင္းနဲ႔ဆိုင္တဲ့ စီမံကိန္္းေတြကို အေသအခ်ာ ဆန္းစစ္ေစာင့္ၾကည့္ ေလ့လာရပါလိမ့္မယ္။ ျမန္မာျပည္သားေတြအတြက္ ေကာင္းက်ဳိးမေပးႏုိင္တဲ့ စီမံကိန္းေတြကို ပယ္ခ်ရပါလိမ့္မယ္။ ျမစ္ဆံုဆည္လို လက္ခံၿပီးမွ ရပ္ဆိုင္းတာမ်ဳိးဟာ အမႈျဖစ္ၿပီး ေလွ်ာ္ေၾကးေပးရမယ့္ကိန္း ေရာက္လာႏုိ္င္ပါတယ္။ တရုတ္နဲ႔ ပတ္သက္တဲ့ စီမံကိန္းမွန္သမွ်ကို လက္မွတ္မထိုးမီ အႏုစိတ္ခြဲျခားစိတ္ျဖာၿပီး ေကာင္းက်ဳိးဆိုးျပစ္ကို ေဖာ္ျပသင့္တယ္လို႔ ဆိုပါတယ္။

==Unicode===

မြန်မာပြည်မှာ အကောင်အထည်ဖော်မယ့် ပိုးခါးပတ်လမ်းသစ်အကြောင်း နယ်သာလန်အခြေစိုက် TNI (ခေါ်) Transnational Institute က တရုတ်ဘာသာ အထောက်အထားတွေကို အခြေခံပြီး လွန်ခဲ့တဲ့ နိုဝင်ဘာလက သုံးသပ်ထားပါတယ်။ တရုတ်-မြန်မာ လျှပ်စစ်ဓါတ်အားလိုင်း၊ အမြန်ရထားလမ်း၊ ရေကြောင်း-ကုန်ကြောင်း သယ်ယူပို့ဆောင်ရေး၊ အထူးစီးပွားရေးဇုန်နဲ့ စက်မှုဇုန် စတဲ့ နယ်ပယ် (၄) ခုမှာ အကောင်အထည်ဖော်ဖို့ နိုင်ငံပိုင်တရုတ်ကုမ္ပဏီကြီးတွေနဲ့ ယူနန်ပြည်နယ်အစိုးရတို့ ကြိုပမ်းပုံကို ဖော်ပြထားပါတယ်။

မြစ်ဆုံဆည် စတင်တည်ဆောက်ချိန်က မြန်မာ့ရေအားလျှပ်စစ်ကို တရုတ်ပြည် တင်ပို့ဖို့ ရည်ရွယ်ခဲ့ပါတယ်။ အခုတော့ တရုတ်ပြည်မှာ လျှပ်စစ်ဓါတ်အားတွေ ပိုလျှံနေလို့ မြန်မာက ဝယ်ယူသုံးစွဲရမယ့် အခြေအနေ ရောက်လာပါတယ်။ တရုတ်ပြည်မှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ပိုလျှံနေပြီး ယူနန်နဲ့ ဆုချွမ်ပြည်နယ်တွေမှာ အများဆုံး ပိုလျှံနေပါတယ်။ ဗိယက်နမ်နဲ့ လာအိုနိုင်ငံတွေဟာ ယူနန်ပြည်နယ်က လျှပ်စစ်ဓါတ်အား ဝယ်ယူနေပါတယ်။ မြန်မာကလည်း တရုတ်တောင်ပိုင်း လျှပ်စစ်ဓါတ်အားလိုင်း CSGChina Southern Power Grid ကနေ မဂ္ဂါဝပ် (၁၀၀၀) ဝယ်ယူဖို့ သဘောတူထားကြောင်း သိရပါတယ်။

မြန်မာပြည်မြောက်ပိုင်းက နယ်စပ်မြို့အချို့ကို CSG ကုမ္ပဏီက လျှပ်စစ်ဓါတ်အားပေးနေတာ ကြာပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းအထိ လျှပ်စစ်ဓါတ်အား ပို့ပေးနိုင်ဖို့အတွက် ကီလိုဗို့ (၅၀၀) သယ်ဆောင်နိုင်တဲ့ လျှပ်စစ်ကြိုးလိုင်းတွေကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီနေရာမှာ တရုတ်နိုင်ငံပိုင် CSG ကုမ္ပဏီဟာ ထင်ရှားပါတယ်။ အမှုထမ်း (၃) သိန်းနီးပါးရှိပြီး နှစ်စဉ်ဒေါ်လာသန်း (၈) သောင်း ဝင်ငွေရှိတဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။ CSG ရဲ့ ဝင်ငွေဟာ မြန်မာပြည်ရဲ့ ၂၀၁၈ အသားတင်ထုတ်လုပ်မှုထက် ပိုများပါတယ်။ မူဆယ်၊ ဟိုပုံ၊ လွိုင်ကော်နဲ့ ပဲခူးတိုင်းက ဘုရားကြီးအထိ လျှပ်စစ်လိုင်းတွေ တည်ဆောက်မယ့်သဘော ရှိပါတယ်။ မူဆယ်နဲ့ ဗန်းမော်ကို ဖြတ်သန်းတဲ့ လျှပ်စစ်ကြိုးလိုင်းစနစ် (၂) ခု တည်ဆောက်မယ့် အစီအစဉ် ဖြစ်ပါတယ်။ အုန်းတော၊ နဘား နဲ့ ဗန်းမော်တို့ကို ချိတ်ဆက်တဲ့ လျှပ်စစ်လိုင်း ဖြစ်ပါတယ်။

ယူနန်လျှပ်စစ်လိုင်းနဲ့ မြန်မာအမျိုးသားလျှပ်စစ်လိုင်း ချိတ်ဆက်သွားရင် ယူနန်ကလျှပ်စစ် ရန်ကုန်အထိ ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခဒေသတွေကို ဖြတ်ရတဲ့ ကြိုးလိုင်းတွေဖြစ်လို့ အမြဲတမ်းလျှပ်စစ်ဓါတ်အား ရမယ်လို့ မပြောနိုင်ပါဘူး။ ပိုးခါးပတ်လမ်းကြောင်းထဲမှာ ရွှေလီ၊ ကျောက်ဖြူ ရထားလမ်းလည်း ပါဝင်ပါတယ်။ ဒေါ်လာသန်းတစ်သောင်း ကုန်ကျမယ့် စီမံကိန်း ဖြစ်ပါတယ်။ နိုင်ငံပိုင် တရုတ်မီးရထား ကုမ္ပဏီက ဦးဆောင်တည်ဆောက်မယ့် ရထားလမ်း ဖြစ်ပါတယ်။ အမှုထမ်း သုံးသိန်းနဲ့ နိုင်ငံခြားမှာ ရထားလမ်းတွေ တည်ဆောက်နေတဲ့ တရုတ်ကုမ္ပဏီ ဖြစ်ပါတယ်။ စက်တင်ဘာလကတော့ မူဆယ်-မန္တလေး ရထားလမ်း ဆောက်လုပ်ရေးကို လုံခြုံရေးကြောင့် ရပ်ဆိုင်းလိုက်ကြောင်း မြန်မာဘက်က ကြေညာပါတယ်။ ရွှေလီ-ကျောက်ဖြူ ရထားလမ်းဟာ စီးပွားရေး တွက်ချေမကိုက်ဘူးလို့ မြင်ကြပါတယ်။

ယူနန်က ကုန်ပစ္စည်းတွေ ဗန်းမော်ကို သယ်ယူပြီး ဧရာဝတီမြစ်ကြောင်းကတဆင့် ရန်ကုန်အထိ ပို့ဆောင်မယ့် အစီအစဉ်ကို “တရုတ်-မြန်မာ ကုန်ကြောင်း၊ ရေကြောင်းလမ်း” လို့ ခေါ်ပါတယ်။ ဒီ စီမံကိန်းကို ယူနန်အစိုးရ စာရွက်စာတမ်းတွေမှာ ဖော်ပြတာများပေမယ့် မြန်မာဘက်က သိပ်စိတ်ဝင်စားပုံ မရဘူးလို့ ဆိုပါတယ်။ မြန်မာအစိုးရက အထူးစီးပွားရေးဇုန်ကို ပိုပြီးစိတ်ဝင်စားပါတယ်။ ဈေးကွက်စနစ် ကျင့်သုံးကတည်းက တရုတ်ပြည်မှာ တည်ဆောက်ထားတဲ့ အထူးစီးပွားရေးဇုန်ပေါင်း (၂၅၄၃) ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ အနည်းအကျဉ်းသာ ရှိပါတယ်။ ဂျပန်အကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ သီလဝါဇုန်ကတော့ လုပ်ငန်းစနေပါပြီ။ ထားဝယ်ဇုန်ကတော့ လာမယ်ကြာမယ်ဆိုတဲ့ သဘောပဲ ရှိပါသေးတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံမှာ ကျောက်ဖြူ၊ မြစ်ကြီးနား၊ ကန်ပိုက်တီ၊ မူဆယ်နဲ့ ချင်းရွှေဟော် ဆိုတဲ့ ဇုန် (၅) ခု ထပ်တိုးတာမို့ မြန်မာပြည်မှာ အထူးစီးပွားရေးဇုန် (၇) ခု ရှိတယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။

ယူနန်၊ ထိန်ချုံး၊ ဘောင်ရှန်း၊ ဟိန်ရုန်နဲ့ လန်ချန်းက နိုင်ငံပိုင် တရုတ်ကုမ္ပဏီတွေဟာ မန္တလေးနဲ့ မြစ်ကြီးနား စက်မှုဇုန်တွေအထိ ဝင်ရောက်ရင်းနှီးမြုပ်နံှနေကြပါတယ်။ နောက်ပြီး တရုတ်နယ်စပ်က ရွှေလီ၊ ဝမ်ဒိန်၊ ထိန်ချုံးနဲ့ လန်ချန်းမှာ အထူးစီးပွားရေးဇုန်တွေ တည်ဆောက်နေပါတယ်။ စက်မှုဇုန် တည်ဆောက်လို့ ဒေသခံတွေ နစ်နာတာမို့ ကချင်နဲ့ ကရင်ပြည်နယ်တွေမှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။ ပိုးခါးပတ်လမ်းသစ်ဟာ တရုတ်အရင်းရှင်စနစ်မှာ ပိုလျှံနေတာတွေကို မြန်မာပြည်ထဲ သယ်ဆောင်လာတဲ့ သဘောမျိုးမဖြစ်ဖို့ အရေးကြီးတယ်လို့ Transnational Institute က သုံးသပ်ပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရ ခွင့်ပြုမှသာ တရုတ်အရင်းအနှီးတွေ ဝင်ရောက်လာနိုင်တာကို သတိပြုသင့်ပါတယ်။ ဒါကြောင့်မို့ တရုတ်ပိုးခါးပတ်လမ်းကြောင်းနဲ့ဆိုင်တဲ့ စီမံကိန်းတွေကို အသေအချာ ဆန်းစစ်စောင့်ကြည့် လေ့လာရပါလိမ့်မယ်။ မြန်မာပြည်သားတွေအတွက် ကောင်းကျိုးမပေးနိုင်တဲ့ စီမံကိန်းတွေကို ပယ်ချရပါလိမ့်မယ်။ မြစ်ဆုံဆည်လို လက်ခံပြီးမှ ရပ်ဆိုင်းတာမျိုးဟာ အမှုဖြစ်ပြီး လျှော်ကြေးပေးရမယ့်ကိန်း ရောက်လာနိုင်ပါတယ်။ တရုတ်နဲ့ ပတ်သက်တဲ့ စီမံကိန်းမှန်သမျှကို လက်မှတ်မထိုးမီ အနုစိတ်ခွဲခြားစိတ်ဖြာပြီး ကောင်းကျိုးဆိုးပြစ်ကို ဖော်ပြသင့်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG