သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပိုးခါးပတ္လမ္းသစ္နဲ႔ တ႐ုတ္စီးပြားေရး ျပႆနာ


FILE - Men work on unloading the rubber imported from Belt and Road Initiative (BRI) countries at a bonded logistics center in Nantong, Jiangsu province, China, May 17, 2019.
ပိုးခါးပတ္လမ္းသစ္နဲ႔ တရုတ္စီးပြားေရး ျပႆနာ
please wait

No media source currently available

0:00 0:05:28 0:00
တိုက္႐ိုက္ လင့္ခ္

ပိုးခါးပတ္လမ္းသစ္ စီမံကိန္း အေကာင္အထည္ေဖာ္ဖုိ႔ ၂၀၁၃ မွာ တရုတ္သမၼတ ေၾကညာစဥ္ကစၿပီး တရုတ္နဲ႔ ပူးတြဲလုပ္ကိုင္ဖို႔ ႏိုင္ငံအေတာ္မ်ားမ်ား လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ ေၾကညာၿပီး (၂) ႏွစ္ၾကာေတာ့ အာရွအေျခခံအေဆာက္အအံု ရင္းႏီွးမႈဘဏ္ (AIIB) ကို တည္ေထာင္ပါတယ္။ တရုတ္ကေဒၚလာသန္းေပါင္း (၂၉၇၈၀) မတည္ေငြထည့္ၿပီး၊ ျမန္မာကေဒၚလာ (၂၆၄) သန္း ထည့္ဝင္ပါတယ္။ AIIB ဘဏ္ကို တရုတ္နဲ႔အတူ တည္ေထာင္တဲ့ (၅၇) ႏိုင္ငံထဲမွာ ျမန္မာပါဝင္ပါတယ္။ ေရရွည္ခံမယ့္ အေျခခံအေဆာက္အအံုကို တည္ေဆာက္ၿပီး လူမႈစီးပြားေရးဘဝ ျမွင့္တင္ဖို႔ ရည္ရြယ္တယ္လို႔ ဆိုပါတယ္။

တကယ္ေတာ့ ပိုးခါးပတ္လမ္းသစ္ရဲ ႔ ဦးတည္ခ်က္က အေျခခံအေဆာက္အအံု တည္ေဆာက္ေရးသာ ျဖစ္ပါတယ္။ (၂၁) ရာစု အစပိုင္းက တရုတ္ျပည္မွာ သံ၊ သံမဏိ၊ ဘိလပ္ေျမ၊ လွ်ပ္စစ္ စတာေတြ ထုတ္လုပ္မႈ ပိုလွ်ံတဲ့ ျပႆနာ ရိွလာပါတယ္။ ၂၀၀၈ မွာ ကမာၻ႔ဘ႑ာေရး အက်ပ္အတည္းျဖစ္ေတာ့ တရုတ္လုပ္ငန္း ေထာင္ေသာင္းခ်ီ ပိတ္ပင္လုိက္ရပါတယ္။ တရုတ္ပို႔ကုန္ (၃၀) ရာခိုင္ႏႈန္း က်ဆင္းသြားပါတယ္။ တရုတ္အစိုးရက ျပည္နယ္ေတြကို ေဒၚလာသန္းေပါင္းသိန္းခ်ီ ေထာက္ပံ့ၿပီး အေျခခံအေဆာက္အအံုေတြ တည္ေဆာက္ေစပါတယ္။ ဒါေပမဲ့ လိုတာထက္ပိုလာတဲ့အခါ ျပႆနာ ရိွလာပါတယ္။

ျပည္တြင္းမွာ လက္ခံႏိုင္တာထက္ ကုန္ထုတ္လုပ္မႈ ပိုလွ်ံတာဟာ ကုန္ထုတ္လုပ္ငန္းအတြက္ေရာ၊ ေစ်းကြက္အတြက္ေရာ မေကာင္းပါဘူး။ ဥပမာ ၂၀၁၅ က ကမာၻမွာထုတ္လုပ္တဲ့ သံမဏီတန္ခ်ိန္ သန္း (၁၆၀၀) ေက်ာ္မွာ တရုတ္ထုတ္လုပ္တဲ့ သံမဏီက တန္သန္းခ်ိန္ (၈၀၀) ေက်ာ္ ျဖစ္ပါတယ္။ တရုတ္ျပည္မွာထုတ္တဲ့ သံမဏီ (၅၀) ရာခိုင္ႏႈန္းဟာ ဝယ္သူမရိွလို႔ ပိုလွ်ံေနပါတယ္။ သံမဏီနဲ႔ ဆက္ႏြယ္တဲ့ လုပ္ငန္းေတြကို ပိတ္ပစ္ရမယ့္ အေျခအေန ျဖစ္လာပါတယ္။ အဲဒီအခါမွာ အလုပ္လက္မဲ့ မ်ားလာၿပီး လူမႈစီးပြားေရး မၿငိမ္သက္မႈ ေပၚလာႏိုင္ပါတယ္။ ဒါေၾကာင့္ တရုတ္အေျခခံအေဆာက္အအံု လုပ္ငန္းက ပိုလွ်ံတာေတြကို ႏိုင္ငံျခားတင္ပို႔တဲ့နည္းဟာ တရုတ္အတြက္ အေကာင္ဆံုး ျဖစ္ပါတယ္။ ဒါေပမဲ့ အတိအလင္းေျပာဖို႔ မသင့္ေတာ္လို႔ ပိုးခါးပတ္လမ္းသစ္ စီမံကိန္း ေပၚလာတာ ျဖစ္ပါတယ္။

ပိုးခါးပတ္လမ္းသစ္ဟာ အထက္ကခ်ေပးတဲ့ စီမံကိန္း မဟုတ္ပါဘူး။ တရုတ္ႏိုင္ငံျခားေရးဌာနနဲ႔ အျခားစီးပြားေရးဌာနက ဝန္ထမ္းေတြ ေတြ႔ဆံုေဆြးေႏြးရင္း ေပၚထြက္လာတဲ့ အယူအဆသာ ျဖစ္တယ္လို႔ တရုတ္သတင္းရပ္ကြက္က ၾကားသိရေၾကာင္း စကၤာပူ-နန္ယန္တကၠသိုလ္ ပါေမာကၡ ‘လီမင္ေၾကာင္း’ က ဆိုပါတယ္။ ဇန္နဝါရီလ (၁) ရက္ေန႔ထုတ္ International Affairs စာေစာင္မွာ ေရးသားထားတာ ျဖစ္ပါတယ္။ အေျခခံအေဆာက္အအံုလုပ္ငန္းမွာ ပိုလွ်ံေနတာေတြကို ႏိုင္ငံျခားတင္ပို႔တဲ့နည္းကသာ ျပည္တြင္းလုပ္ငန္းေတြကို အသက္ရႈေခ်ာင္ေစလိမ့္မယ္လို႔ တရုတ္အစိုးရဝန္ထမ္းေတြ ယံုၾကည္ၾကပါတယ္။ ဒါဟာ တရုတ္အစိုးရ အရင္ကက်င့္သံုးခဲ့တဲ့ အေနာက္ဘက္ေဒသ ဖြံ႔ၿဖိဳးေရးအစီအစဥ္နဲ႔ သဟဇာတ ျဖစ္သြားပါတယ္။ ပိုလွ်ံေနတဲ့ ထုတ္ကုန္နဲ႔ အရင္းအတြက္ ပိုးခါးပတ္လမ္းသစ္ ေပၚေပါက္လာတာ ျဖစ္ပါတယ္။

တကယ္ေတာ့ ပိုးခါးပတ္လမ္းသစ္တည္ေဆာက္ေရးဟာ ပံုစံခ်ထားတဲ့ စီမံကိန္း မဟုတ္ပါဘူး။ ရင္းနီွးျမဳပ္ႏံွမႈနဲ႔ ကုန္သြယ္မႈမွန္သမွ် ပိုးခါးပတ္လမ္း တည္ေဆာက္ေရးနဲ႔ ဆက္ေနပါတယ္။ ပိုးခါးပတ္လမ္းမွာ အားလံုးပါဝင္ႏိုင္ပါတယ္။ ျပည္နယ္အစိုးရ၊ ႏိုင္ငံပိုင္ကုမၸဏီ၊ ပုဂၢလိကပိုင္ကုမၸဏီေတြ၊ ႏုိင္ငံတကာအဖြဲ႔အစည္းေတြ၊ အင္ဂ်ီအိုအဖြဲ႔ေတြ၊ ျပည္နယ္အဖြဲ႔ေတြနဲ႔ ပုဂၢလိကလုပ္ငန္းရွင္ေတြ ပါဝင္ႏုိ္င္တဲ့ စီမံခ်က္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာျပည္က တရုတ္စီးပြားေရးလုပ္ငန္းေတြဟာ ပိုးခါးပတ္လမ္းသစ္မွာ အက်ဳံးဝင္သလို ျဖစ္လာပါတယ္။ ေသာင္းရင္းျမစ္ကမ္းက ေကာ္မူရာ KNU စစ္စခန္းေဟာင္းမွာ ကရင္နယ္ျခားေစာင့္တပ္နဲ႔ တရုတ္ကုမၸဏီတို႔ ဖက္စပ္လုပ္ၿပီး တည္ေဆာက္တဲ့ ေရႊကုကၠိဳတရုတ္ရြာဟာလည္း ပိုးခါးပတ္လမ္းသစ္မွာ ပါဝင္တယ္လို႔ ဆိုပါတယ္။ ၂၀၂၇ မွာ ေရႊကုကိၠဳ ၿပီးစီးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ပိုလွ်ံလာတဲ့ အရင္းအႏီွးကိုျမဳပ္ႏံွဖို႔ ေနရာရွာတာဟာ အရင္းရွင္စနစ္ရဲ ႔ အသြင္လကၡဏာတခု ျဖစ္ပါတယ္။ အေမရိကန္မွာ ပိုလွ်ံတဲ့ အရင္းအႏီွးကို ျမဳပ္ႏံွဖို႔ လမ္းပန္းဆက္သြယ္ေရးေကာင္းေအာင္ (၂၀) ရာစုမွာ ဘိလပ္ေျမတန္ခ်ိန္ သန္းေပါင္း (၄၅၀၀) သံုးခဲ့ပါတယ္။ တရုတ္ျပည္မွာေတာ့ (၂၀၁၁) က (၂၀၁၃) အထိ (၂) ႏွစ္အတြင္း လမ္းပန္းဆက္သြယ္ေရးမွာ ဘိလပ္ေျမတန္ခ်ိန္ သန္း (၆၅၀၀) သံုးခဲ့ပါတယ္။ အေျခခံအေဆာက္အအံုေတြ ေကာင္းလာေပမယ့္ ဘိလပ္ေျမပိုလွ်ံေနတဲ့ ျပႆနာ ေပၚလာပါတယ္။ ဒါေၾကာင့္ အေျခခံအေဆာက္အအံုလုပ္ငန္းက ျပႆနာကို ေျဖရွင္းဖို႔ ႏုိင္ငံျခားနဲ႔ဆက္တဲ့ ပိုးခါးပတ္လမ္း ေပၚလာပံုကို ႏိုဝင္ဘာလထုတ္ Asia Europe People’s Forum သုေတသနစာတမ္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာျပည္မွာေတာ့ ေဒၚလာသန္း (၉၀၀၀) ကုန္က်မယ့္ မူဆယ္-မႏၱေလး မီးရထားလမ္း ေဆာက္လုပ္ၿပီး ယူနန္ျပည္နယ္ထဲက ေရႊလီ-ဒါလီ အျမန္ရထားလမ္းနဲ႔ ခ်ိတ္ဆက္ဖို႔ ရည္ရြယ္ထားပါတယ္။ ဒါေပမဲ့ သက္ဆိုင္ရာ ေဒသခံအစိုးရေတြ သေဘာတူမွ ပိုးခါးပတ္လမ္းေၾကာင္းက စီမံခ်က္ေတြကို အေကာင္အထည္ေဖာ္ႏုိင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေဒသခံႏုိင္ငံေတြရဲ ႔ အက်ဳိးစီးပြားေရးနဲ႔ ကိုက္ညီရမယ္ဆိုတဲ့ သေဘာတရား ရိွပါတယ္။ ဒါေပမဲ့ အရင္းစိုက္ထုတ္တဲ့ တရုတ္ကုမၸဏီေတြအဖို႔ကလည္း အျမတ္အစြန္း ရမွသာ လုပ္ႏုိင္မွာျဖစ္လို႔ အၿမဲတမ္း ညိွႏိႈင္းေနရမယ့္ သေဘာရိွေၾကာင္း တင္ျပလိုက္ရပါတယ္။

===Unicode==

ပိုးခါးပတ်လမ်းသစ် စီမံကိန်း အကောင်အထည်ဖော်ဖို့ ၂၀၁၃ မှာ တရုတ်သမ္မတ ကြေညာစဉ်ကစပြီး တရုတ်နဲ့ ပူးတွဲလုပ်ကိုင်ဖို့ နိုင်ငံအတော်များများ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ကြေညာပြီး (၂) နှစ်ကြာတော့ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမှုဘဏ် (AIIB) ကို တည်ထောင်ပါတယ်။ တရုတ်ကဒေါ်လာသန်းပေါင်း (၂၉၇၈၀) မတည်ငွေထည့်ပြီး၊ မြန်မာကဒေါ်လာ (၂၆၄) သန်း ထည့်ဝင်ပါတယ်။ AIIB ဘဏ်ကို တရုတ်နဲ့အတူ တည်ထောင်တဲ့ (၅၇) နိုင်ငံထဲမှာ မြန်မာပါဝင်ပါတယ်။ ရေရှည်ခံမယ့် အခြေခံအဆောက်အအုံကို တည်ဆောက်ပြီး လူမှုစီးပွားရေးဘဝ မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

တကယ်တော့ ပိုးခါးပတ်လမ်းသစ်ရဲ့ ဦးတည်ချက်က အခြေခံအဆောက်အအုံ တည်ဆောက်ရေးသာ ဖြစ်ပါတယ်။ (၂၁) ရာစု အစပိုင်းက တရုတ်ပြည်မှာ သံ၊ သံမဏိ၊ ဘိလပ်မြေ၊ လျှပ်စစ် စတာတွေ ထုတ်လုပ်မှု ပိုလျှံတဲ့ ပြဿနာ ရှိလာပါတယ်။ ၂၀၀၈ မှာ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်တော့ တရုတ်လုပ်ငန်း ထောင်သောင်းချီ ပိတ်ပင်လိုက်ရပါတယ်။ တရုတ်ပို့ကုန် (၃၀) ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ တရုတ်အစိုးရက ပြည်နယ်တွေကို ဒေါ်လာသန်းပေါင်းသိန်းချီ ထောက်ပံ့ပြီး အခြေခံအဆောက်အအုံတွေ တည်ဆောက်စေပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုလာတဲ့အခါ ပြဿနာ ရှိလာပါတယ်။

ပြည်တွင်းမှာ လက်ခံနိုင်တာထက် ကုန်ထုတ်လုပ်မှု ပိုလျှံတာဟာ ကုန်ထုတ်လုပ်ငန်းအတွက်ရော၊ ဈေးကွက်အတွက်ရော မကောင်းပါဘူး။ ဥပမာ ၂၀၁၅ က ကမ္ဘာမှာထုတ်လုပ်တဲ့ သံမဏီတန်ချိန် သန်း (၁၆၀၀) ကျော်မှာ တရုတ်ထုတ်လုပ်တဲ့ သံမဏီက တန်သန်းချိန် (၈၀၀) ကျော် ဖြစ်ပါတယ်။ တရုတ်ပြည်မှာထုတ်တဲ့ သံမဏီ (၅၀) ရာခိုင်နှုန်းဟာ ဝယ်သူမရှိလို့ ပိုလျှံနေပါတယ်။ သံမဏီနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေကို ပိတ်ပစ်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။ အဲဒီအခါမှာ အလုပ်လက်မဲ့ များလာပြီး လူမှုစီးပွားရေး မငြိမ်သက်မှု ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် တရုတ်အခြေခံအဆောက်အအုံ လုပ်ငန်းက ပိုလျှံတာတွေကို နိုင်ငံခြားတင်ပို့တဲ့နည်းဟာ တရုတ်အတွက် အကောင်ဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ အတိအလင်းပြောဖို့ မသင့်တော်လို့ ပိုးခါးပတ်လမ်းသစ် စီမံကိန်း ပေါ်လာတာ ဖြစ်ပါတယ်။

ပိုးခါးပတ်လမ်းသစ်ဟာ အထက်ကချပေးတဲ့ စီမံကိန်း မဟုတ်ပါဘူး။ တရုတ်နိုင်ငံခြားရေးဌာနနဲ့ အခြားစီးပွားရေးဌာနက ဝန်ထမ်းတွေ တွေ့ဆုံဆွေးနွေးရင်း ပေါ်ထွက်လာတဲ့ အယူအဆသာ ဖြစ်တယ်လို့ တရုတ်သတင်းရပ်ကွက်က ကြားသိရကြောင်း စင်္ကာပူ-နန်ယန်တက္ကသိုလ် ပါမောက္ခ ‘လီမင်ကြောင်း’ က ဆိုပါတယ်။ ဇန်နဝါရီလ (၁) ရက်နေ့ထုတ် International Affairs စာစောင်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ အခြေခံအဆောက်အအုံလုပ်ငန်းမှာ ပိုလျှံနေတာတွေကို နိုင်ငံခြားတင်ပို့တဲ့နည်းကသာ ပြည်တွင်းလုပ်ငန်းတွေကို အသက်ရှုချောင်စေလိမ့်မယ်လို့ တရုတ်အစိုးရဝန်ထမ်းတွေ ယုံကြည်ကြပါတယ်။ ဒါဟာ တရုတ်အစိုးရ အရင်ကကျင့်သုံးခဲ့တဲ့ အနောက်ဘက်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ သဟဇာတ ဖြစ်သွားပါတယ်။ ပိုလျှံနေတဲ့ ထုတ်ကုန်နဲ့ အရင်းအတွက် ပိုးခါးပတ်လမ်းသစ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

တကယ်တော့ ပိုးခါးပတ်လမ်းသစ်တည်ဆောက်ရေးဟာ ပုံစံချထားတဲ့ စီမံကိန်း မဟုတ်ပါဘူး။ ရင်းနှီးမြုပ်နံှမှုနဲ့ ကုန်သွယ်မှုမှန်သမျှ ပိုးခါးပတ်လမ်း တည်ဆောက်ရေးနဲ့ ဆက်နေပါတယ်။ ပိုးခါးပတ်လမ်းမှာ အားလုံးပါဝင်နိုင်ပါတယ်။ ပြည်နယ်အစိုးရ၊ နိုင်ငံပိုင်ကုမ္ပဏီ၊ ပုဂ္ဂလိကပိုင်ကုမ္ပဏီတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အင်ဂျီအိုအဖွဲ့တွေ၊ ပြည်နယ်အဖွဲ့တွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပါဝင်နိုင်တဲ့ စီမံချက် ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်က တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ ပိုးခါးပတ်လမ်းသစ်မှာ အကျုံးဝင်သလို ဖြစ်လာပါတယ်။ သောင်းရင်းမြစ်ကမ်းက ကော်မူရာ KNU စစ်စခန်းဟောင်းမှာ ကရင်နယ်ခြားစောင့်တပ်နဲ့ တရုတ်ကုမ္ပဏီတို့ ဖက်စပ်လုပ်ပြီး တည်ဆောက်တဲ့ ရွှေကုက္ကိုတရုတ်ရွာဟာလည်း ပိုးခါးပတ်လမ်းသစ်မှာ ပါဝင်တယ်လို့ ဆိုပါတယ်။ ၂၀၂၇ မှာ ရွှေကုက္ကို ပြီးစီးမယ်လို့ မျှော်လင့်ရပါတယ်။

ပိုလျှံလာတဲ့ အရင်းအနှီးကိုမြုပ်နံှဖို့ နေရာရှာတာဟာ အရင်းရှင်စနစ်ရဲ့ အသွင်လက္ခဏာတခု ဖြစ်ပါတယ်။ အမေရိကန်မှာ ပိုလျှံတဲ့ အရင်းအနှီးကို မြုပ်နံှဖို့ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် (၂၀) ရာစုမှာ ဘိလပ်မြေတန်ချိန် သန်းပေါင်း (၄၅၀၀) သုံးခဲ့ပါတယ်။ တရုတ်ပြည်မှာတော့ (၂၀၁၁) က (၂၀၁၃) အထိ (၂) နှစ်အတွင်း လမ်းပန်းဆက်သွယ်ရေးမှာ ဘိလပ်မြေတန်ချိန် သန်း (၆၅၀၀) သုံးခဲ့ပါတယ်။ အခြေခံအဆောက်အအုံတွေ ကောင်းလာပေမယ့် ဘိလပ်မြေပိုလျှံနေတဲ့ ပြဿနာ ပေါ်လာပါတယ်။ ဒါကြောင့် အခြေခံအဆောက်အအုံလုပ်ငန်းက ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံခြားနဲ့ဆက်တဲ့ ပိုးခါးပတ်လမ်း ပေါ်လာပုံကို နိုဝင်ဘာလထုတ် Asia Europe People’s Forum သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်မှာတော့ ဒေါ်လာသန်း (၉၀၀၀) ကုန်ကျမယ့် မူဆယ်-မန္တလေး မီးရထားလမ်း ဆောက်လုပ်ပြီး ယူနန်ပြည်နယ်ထဲက ရွှေလီ-ဒါလီ အမြန်ရထားလမ်းနဲ့ ချိတ်ဆက်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ ဒေသခံအစိုးရတွေ သဘောတူမှ ပိုးခါးပတ်လမ်းကြောင်းက စီမံချက်တွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံနိုင်ငံတွေရဲ့ အကျိုးစီးပွားရေးနဲ့ ကိုက်ညီရမယ်ဆိုတဲ့ သဘောတရား ရှိပါတယ်။ ဒါပေမဲ့ အရင်းစိုက်ထုတ်တဲ့ တရုတ်ကုမ္ပဏီတွေအဖို့ကလည်း အမြတ်အစွန်း ရမှသာ လုပ်နိုင်မှာဖြစ်လို့ အမြဲတမ်း ညှိနှိုင်းနေရမယ့် သဘောရှိကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG