ကခ်င္ျပည္နယ္မွာ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ကခ်င္လူထု ဘယ္လို သေဘာထားပါလဲ။ ေက်ာက္မ်က္ရတနာနဲ႔ သတၱဳတူးေဖၚမႈအျပင္ စိုက္ပ်ိဳးေရးမွာပါ တ႐ုတ္လုပ္ငန္းရွင္ေတြ ႀကီးစိုးေနလို႔ ကခ်င္လူထုစိုးရိမ္ေနတာပါ။ ေဒၚခြန္ဂ်ာ (ကခ်င္ၿငိမ္းခ်မ္းေရး ကြန္ရက္) ကို ေဒၚခင္မ်ိဳးသက္ ေတြ႔ဆုံေမးျမန္းထားပါတယ္။
ေမး ။ ။ ေက်ာက္စိမ္းၿပီးေတာ့ လူေျပာမ်ားေနတာ ျမန္မာႏုိင္ငံမွာ ရိွေနတဲ့ ေျမရွာသတၱဳ တူးေဖာ္ေနလို႔ ကခ်င္ေဒသမွာ ပ်က္ဆီးမႈေတြ အမ်ားႀကီး ရိွလာေနတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ နည္းနည္းေျပာျပေပးပါ။
ေျဖ ။ ။ ေျမရွားသတၱဳကေတာ့ နယ္စပ္တေလွ်ာက္မွာ ကန္ပိုင္နယ္နဲ႔ ျပည္သူ႔စစ္ေတြ ရိွေနတဲ့ေနရာေတြနဲ႔ ခ်ီေဖြေနရာေတြက ပိုၿပီးအမ်ားဆံုး ျဖစ္ေနတယ္။ ဒါေပမဲ့ လြယ္ဂ်ယ္နားအထိ ကခ်င္ ေကအိုင္အို ရိွတဲ့ေနရာေတြမွာလည္း ရိွေနတယ္။ အဲဒီေတာ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ ေျမရွားကို ထုတ္လုပ္ပံုမွာ mining တခုတည္းမဟုတ္ဘဲ၊ ထုတ္လုပ္ပံုအဆင့္ဆင့္က ထိခိုက္ပါတယ္။ အဲဒီေတာ့ ပထမဦးဆံုးကေတာ့ တူးေဖာ္တာ အနက္ႀကီး တူးေဖာ္တဲ့အခါ ေတာင္ေတြ တစ္လံုးၿပီးတစ္လံုး က်မတုိ႔မ်က္စိေရွ ႔မွာ ေပ်ာက္ကြယ္သြားတယ္။ ၿပီးေတာ့ အဲဒီထဲမွာ ေျမရွားကို ရရိွဖို႔အတြက္ ေဖ်ာ္ထားတဲ့ chemical ဓါတုပစၥည္းေတြရဲ ႔ စြန္႔ပစ္ေရေတြဟာ အကုန္လံုး ျမစ္ေခ်ာင္းအင္းအိုင္ေတြထဲကို ျပန္ဝင္လာတယ္။ ေနာက္ သူတုိ႔ဆီကရတဲ့ အနယ္ကို မီးျပန္ဖုတ္တဲ့အခါ တစ္ေတာလံုး တစ္ေတာင္လံုးျပဳန္းေအာင္ သစ္ေတြခုတ္ၿပီးေတာ့ မီးဖုတ္ရတာ ျဖစ္တယ္။ မီးနဲ႔ဖုတ္ၿပီးမွ ေလာင္စားအမ်ားႀကီး သံုးရတာ ျဖစ္တဲ့အတြက္ ေျမရွားရိွတဲ့ေနရာမွာ တစ္ရြာလံုး၊ တစ္ေတာင္လံုး၊ တစ္တြင္းလံုးကို ပ်က္ဆီးတာ ျဖစ္တယ္။
အခု ခ်ီေဖြမွာဆုိရင္ ေခ်ာင္းတစ္ေခ်ာင္း ခ်ီေဖြျမစ္ငယ္တစ္ခုက ပ်က္ဆီးသြားၿပီ ျဖစ္တယ္။ ေနာက္ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ ေျမရွားသတၱဳတူးတာက တကယ္ေတာ့ တရုတ္ကုမၸဏီ ျဖစ္တယ္။ ၿပီးေတာ့မွ ခ်ီေဖြၿပီးေတာ့ ေမချမစ္မွာ ေဆာက္ထားတဲ့ လွ်ပ္စစ္ထုတ္လုပ္ေရး ေရကာတာငယ္ဟာလည္း တရုတ္ကုမၸဏီ ျဖစ္တယ္။ ဒီကုမၸဏီႏွစ္ခုထဲမွာေတာင္ ဒီေျမရွားထုတ္လုပ္မႈနဲ႔ ပတ္သက္ၿပီးေတာ့ တင္းမာမႈေတြ ျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေျမရွားက တူးလိုက္တာ ေရကာတာရဲ ႔ထိပ္မွာ ျဖစ္ေနေတာ့ အနယ္ေတြအားလံုးက ေရကာတာထဲ ဝင္ေနတယ္။ အဲဒီအခါၾကေတာ့ သူတုိ႔ေမွ်ာ္လင့္မထားတဲ့ ဆယ္ႏွစ္ေက်ာ္ေလာက္မွက်တဲ့ အနယ္ဟာ သံုးႏွစ္ေလာက္အတြင္းမွာ က်သြားတဲ့အခါမွာ ကုမၸဏီက ျပန္ကြက္တာရိွတယ္။ သို႔ေသာ္လဲပဲ တရုတ္ကုမၸဏီေတြရဲ ႔ လုပ္ထံုလုပ္နည္းကေတာ့ တရုတ္ကုမၸဏီအခ်င္းခ်င္း တင္းမာမႈျဖစ္ရင္ တရုတ္ႏိုင္ငံမွာ မျဖစ္ဘဲနဲ႔ ျမန္မာေျမေပၚမွာ ျပန္ျဖစ္ေလ့ရိွတယ္။ အဲဒါကေတာ့ ျမန္မာေျမေပၚမွာပဲ တစ္ဖြဲ႔ကို ေဆာ္ၾသၿပီးမွ ေျမရွားလုပ္တဲ့ ကုမၸဏီကို ကန္႔ကြက္ခိုင္းတာမ်ဳိးေတြလည္း လုပ္တယ္။ သို႔ေသာ္လဲ ဒီေဒသခံေတြအတြက္ေတာ့ အက်ဥ္းအက်ပ္ထဲ ေရာက္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေျမရွားသတၱဳကို တူးတဲ့အခ်ိန္မွာလဲ ျပည္သူ႔စစ္တို႔ ဘာတို႔က ပါဝင္ေနတာ ျဖစ္တယ္။ နယ္ျခားေစာင့္တပ္ေတြလည္း ပါဝင္ေနတာ ျဖစ္တဲ့အခါၾကေတာ့ ကန္႔ကြက္မယ္ဆိုရင္လဲ သူတုိ႔အတြက္လဲ အႏၱရာယ္ ရိွတယ္။ အဲဒီေတာ့ သုေတသန သြားလုပ္တဲ့ လူေတြအတြက္လည္း အႏၱရာယ္ ရိွပါတယ္။ အခု ဒီေျမရွားကိုေတာ့ ကိုင္တြယ္တာ ဒီတခါ ဒီဇင္ဘာလထဲမွာ က်မတို႔ ပထမဦးဆံုးအႀကိမ္ ျမင္ဖူးတာ ျဖစ္တယ္။ ဒါေပမဲ့ ဒီေျမရွားေတြ တူးေနတာ ႏွစ္ေပါင္းမ်ားစြာ ရိွေနၿပီ။ ေတာင္ေတြလည္း အမ်ားႀကီးျပဳန္းေနၿပီ။ ဒါေတြကို အရပ္ဖက္အဖြဲ႔အစည္းေတြက မၾကာခဏေတာ့ ေအာ္ေနတယ္။ သို႔ေသာ္လဲ အေရးယူမႈက မရိွေသးဘူး။
ေမး ။ ။ ဆိုေတာ့ အခု ပူတာအုိဘက္မွာ တရုတ္ကုမၸဏီေတြနဲ႔ ျမန္မာႏုိင္ငံတြင္းမွာ ဒီေဒသဟာ Virgin Land လို႔ေခၚတယ္ မထိရမတို႔ရေသးတဲ့ နယ္ေျမ။ အဲဒီေနရာမွာ သဘာဝေဘးမဲ့ေတာေတြလည္း လုပ္ထားတယ္။ အဲဒီေနရာမွာ သတၱဳတူးေဖာ္ရွာေဖြေရးေတြ လုပ္မယ္လို႔ သိရပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္ေလာက္မ်ား သိရပါလဲ။
ေျဖ ။ ။ ၂၀၁၉ ႏွစ္စပိုင္းေလာက္ထိ တရုတ္ကုမၸဏီတစ္ခုျဖစ္တဲ့ မြန္ဂိုလီယားဒိုဂ်င္းကုမၸဏီ က တူးေဖာ္မယ္လို႔ ေျပာတဲ့အခါ ေဒသခံေတြလည္း ဆႏၵျပၾကပါတယ္။ ၿပီးေတာ့ အမ်ဳိးသားဥယ်ာဥ္ထဲမွာ ဝင္တူးမွာျဖစ္တဲ့အတြက္ေၾကာင့္မို႔ သဘာဝပတ္ဝန္းက်င္ ထိခိုက္မွာျဖစ္တယ္ဆိုၿပီး ဆႏၵေဖာ္ထုတ္တာေတြလည္း ရိွၾကပါတယ္။ ဒါနဲ႔ ေနာက္ဆံုးၾကေတာ့ ျပည္နယ္ကို ထိခိုက္တာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ မလုပ္ေတာ့ပါဘူးဆိုၿပီး ျပန္ၿပီးရပ္ဆိုင္းထားတယ္ဆိုၿပီး သတင္းမီဒီယာေတြကတဆင့္ က်မတို႔ ျပန္ေတြ႔ရပါတယ္။ သို႔ေသာ္လဲ လြန္ခဲ့တဲ့ ဒီဇင္ဘာလတုန္းက က်မတို႔လည္း ပူတာအုိ ေရာက္တဲ့အခါမွာ သတၱဳကုမၸဏီေတြနဲ႔အတူ ႏုိင္ငံေတာ္က ကခ်င္ျပည္နယ္အစိုးရက တာဝန္ရိွသူမ်ားလည္း ေရာက္ေနပါတယ္။ အခုအခ်ိန္မွာ က်မတို႔ သတင္းစာမွာ အပိုင္းအစေလး ေတြ႔တာကေတာ့ ဧက (၃) သိန္းမွာ ကုမၸဏီ (၄) ခုကို စၿပီးေတာ့မွ ခ်ထားဖို႔အတြက္ ႀကိဳးစားေနသလား။ သို႔ေသာ္လဲ အဲဒီမွာ က်မတို႔အေနနဲ႔ ခ်ေပးလိုက္ၿပီဆိုတာကိုေတာ့ မေတြ႔ေသးဘူး။ ဒါေပမဲ့ ဧက (၃) သိန္းဆိုတာ ပူတာအုိေနရာမွာ သတၱဳရွာေဖြေရးအတြက္ ေပးတယ္ဆိုတာ ေတာ္ေတာ္ေလးမ်ားပါတယ္။ ဘာျဖစ္လို႔ ေျပာသလဲဆိုရင္ ပူတာအိုေဒသဟာ အေရွ ႔ေတာင္အာရွ တစ္ခုလံုးရဲ ႔ တစ္ခုတည္းေသာ ေရခဲေတာင္ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာသာ ရိွတာ ျဖစ္ပါတယ္။ ၿပီးေတာ့ ျမန္မာႏုိင္ငံက ဧရာဝတီအပါအဝင္ ျမစ္ေခ်ာင္းေတာ္ေတာ္မ်ားမ်ားရဲ ႔ ေရဝင္ေရလဲ ေဒသလည္း ျဖစ္တယ္။
ဒီေနရာပ်က္ဆီးသြားၿပီဆိုရင္ က်မတုိ႔ ဧရာဝတီလည္း ပ်က္ဆီးတာ အတူတူလည္း ျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ ဒီေနရာမွာ တူးေဖာ္လိုက္တဲ့အခါမွာ သဘာဝပတ္ဝန္းက်င္ေတြ ျပဳန္းတီးသြားတဲ့အခါမွာ ေရဝင္ေရလဲတင္မကဘူး၊ အဲဒီမွာ ရိွေနတဲ့ က်မတို႔ ထိန္းသိမ္းရမယ့္ ေတာရိုင္းတိရစာၦန္ Biodiversity ဇီဝမ်ဳိးကြဲေတြ အကုန္လံုးကိုလည္း ထိခိုက္သြားမွာ ျဖစ္ပါတယ္။ ၿပီးေတာ့ အရမ္းရွားပါးတဲ့ ဥပမာ သစ္ခြနက္လိုမ်ဳိး၊ မခ်စ္အု၊ ထန္းေတာင္ျမစ္တို႔ကအစ ဒီေနရာမွာပဲရိွတာ ျဖစ္တယ္။ အဲဒီေတာ့ က်မတို႔အကုန္လံုးကို ပ်က္ဆီးသြားေစႏုိင္တယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ေျပာပါတယ္ exploration စမ္းသပ္ရွာေဖြတာ ျဖစ္တဲ့အတြက္ အႏၱရာယ္မရိွဘူးလို႔ ေျပာတယ္။ သို႔ေသာ္လဲပဲ ျမန္မာႏုိင္ငံမွာ က်င့္သံုးေနတဲ့ လက္ရိွဓေလ့ကေတာ့ စမ္းသပ္ရွာေဖြၿပီလို႔ ေျပာလို႔ရိွရင္ ထြက္ထြက္မထြက္ထြက္ အဲဒီကုမၸဏီက ျပန္ထြက္သြားဖို႔ ရွားပါတယ္။ ဥပမာ ေက်ာက္စိမ္းအတြက္ေျပာၿပီး၊ ေရႊထြက္ရင္ ေရႊဘက္ေျပာင္းထုတ္ၾကတာ ျဖစ္တယ္။ ေရႊအတြက္ေျပာၿပီး ေရႊမထြက္လို႔ သံထြက္ရင္ သံအတြက္ လိုင္စင္ကိုေျပာင္းသြားၿပီး အဲဒီေနရာေတြကို ျပန္ၿပီးေတာ့ လႊမ္းမိုးထားၿပီးေတာ့ ေဒသခံေတြ ျပန္လည္သံုးစြဲခြင့္ ဘယ္ေတာ့မွ ျပန္ရေလ့ မရိွဘူး။ အထူးသျဖင့္ ပူတာအုိေဒသက သဘာဝထိန္းသိမ္းေတာေတြမွာဆိုရင္ မူလေဒသကတည္းကေန အဲဒီေနရာမွာ ႏွစ္ေပါင္းမ်ားစြာ ဘုိးစဥ္ေဘာင္ဆက္ ေနၾကသူေတြေတာင္မွ ထိန္းသိမ္းေတာအတြင္းမွာ မေနၾကဘဲ၊ ျပင္ပကို ျပန္ထုတ္လိုက္တဲ့ ေနရာေတြမွာ ေနၾကတာျဖစ္တယ္။ ထိန္းသိမ္းေတာအတြင္းမွာ လူေတြ ေနခြင့္ေတာင္ မရိွပါဘူး။ အဲဒီေနရာေတြမွာ သတၱဳတူးေဖာ္မယ့္ ကုမၸဏီေတြကို ထည့္တယ္ဆိုတာ အႏၱရာယ္ေတာ္ေတာ္မ်ားပါတယ္။
ေမး ။ ။ ဆိုေတာ့ သတၱဳတူးေဖာ္ေရးမွာလည္း ကခ်င္ေဒသခံေတြက စိုးရိမ္ေနရတယ္။ ေနာက္တစ္ခုကေတာ့ အခုလက္ေတြ႔လည္း ေတြ႔ေနရတဲ့ စိုက္ပ်ဳိးေရးမွာ ထိခိုက္ေနတာ။ ပထမဦးဆံုး ငွက္ေပ်ာစိုက္တဲ့ကိစၥ။ ငွက္ေပ်ာစိုက္တာနဲ႔ ပတ္သက္ၿပီး ဘယ္ေလာက္မ်ား ထိခိုက္ပ်က္ဆီးမႈေတြ ရိွပါလဲ။ ေဒသခံေတြအတြက္ ဘယ္လိုစိတ္ပူစရာေတြ ရိွပါသလဲ။
ေျဖ ။ ။ ေဒသခံေတြအတြက္သာမကဘဲ တႏုိင္ငံလံုးအတြက္ ပူပင္မႈ ရိွပါတယ္။ ဘာျဖစ္လို႔ေျပာသလဲဆိုရင္ ငွက္ေပ်ာၿခံဟာ ပထမတုန္းကေတာ့ တရားမဝင္ဘူး။ ဘယ္သူမွ ခြင့္မျပဳထားဘူးလို႔ ေျပာပါတယ္။ သို႔ေသာ္လဲ ၂၀၁၉ ေနာက္ပိုင္းမွာေတာ့ ရိွေနတဲ့ ငွက္ေပ်ာၿခံေတြကို တရားဝင္ေအာင္ လိုက္ၿပီးလုပ္ေဆာင္ေပးေနတာကို ေတြ႔ရတယ္။ ေျမေတြကို လိုင္စင္ခ်ေပးလိုက္တာမ်ဳိး။ ဒါေတြကို က်မတို႔ ေတြ႔ရတယ္။ အဲဒီထဲကရမယ့္ အခြန္ဘ႑ာေငြကို ႏုိင္ငံေတာ္ဘ႑ာလို႔ တြက္ခ်က္ေနၾကပါတယ္။ ဒါေပမဲ့ အဲဒါဟာ က်မတုိ႔ virgin land သဘာဝသစ္ေတာေတြ အမ်ားႀကီးပ်က္စီးသြားပါတယ္။ ေရေတြ ပ်က္ဆီးသြားပါတယ္။ ၿပီးေတာ့ ဧကပမာဏဟာ တႏွစ္ထက္တႏွစ္ အခုဆိုရင္ ဗန္းေမာ္ခရိုင္ အကုန္လံုးကုန္ပါၿပီ။ ျမစ္ႀကီးနားကေန ဗန္းေမာ္အထိ ဒီကားလမ္းတေလွွ်ာက္လံုးက အေရွ ႔အေနာက္အကုန္ ဧရာဝတီျမစ္ အေရွ ႔ျခမ္းအကုန္ ကုန္ပါတယ္။ ၿပီးေတာ့ ဧရာဝတီျမစ္ရဲ ႔ အေနာက္ျခမ္းကိုလည္း အမ်ားႀကီးဝင္ေနပါတယ္။ ဗန္းေမာ္ခရိုင္တင္မကဘူး၊ ျမစ္ႀကီးနားခရိုင္၊ မိုးညွင္းခရိုင္၊ မုိးေကာင္းခရိုင္ အကုန္လံုး ဝင္ေနပါတယ္။ ၿပီးေတာ့ ေရႊကူၿမိဳ ႔နယ္ ေရာက္ပါၿပီ၊ ေနာက္ ကသာၿမိဳ ႔နယ္ ကသာခရိုင္ စစ္ကိုင္းတုိင္းအထိ ေရာက္ေနပါၿပီ။ အဲဒီေတာ့ တစ္သွ်ဳးငွက္ေပ်ာေတြဟာ တကယ္တမ္းေတာ့ တရုတ္ႏိုင္ငံ ယူနန္မွာ အရင္တုန္းက စိုက္ပါတယ္။ သူတုိိ႔အေနနဲ႔ လက္မခံတဲ့အတြက္ေၾကာင့္မို႔ လာအိုနဲ႔ ဗိယက္နမ္တို႔ကို ေျပာင္းသြားတာ ျဖစ္တယ္။ အခု လာအိုနဲ႔ ဗိယက္နမ္တို႔ကတဖန္ ျပန္ၿပီးေတာ့ ေမာင္းထုတ္လုိက္တဲ့အခါ က်မတုိ႔ ျမန္မာႏုိင္ငံထဲကို ေရာက္လာတာ ျဖစ္တယ္။ အဲဒီေတာ့ သူတို႔ေတြအေနနဲ႔ virgin land ေတြကို အမ်ားႀကီးဖ်က္ဆီးလိုက္တယ္။ တခ်ဳိ ႔ဆုိရင္ ကာကြယ္ေတာထဲေရာက္ေနပါတယ္။ ဒါေတြကို ထိေရာက္စြာ အေရးယူမႈလည္း မရိွေသးဘူး။
ပထမဦးဆံုး ဖ်က္တာကေတာ့ တစ္ေနရာပဲ ရိွေသးတယ္။ ဧကတစ္ဆယ္ေက်ာ္ပဲ ရိွပါေသးတယ္။ ဒါေပမဲ့ ဒီလိုမ်ဳိး ေတာေတာင္ေတြကို တၿပိဳင္နက္ထဲမွာ အကုန္လံုး ငွက္ေပ်ာၿခံလုပ္လိုက္တဲ့အခါ၊ သဘာဝသစ္ေတာမရိွေတာ့တဲ့အခါ က်မတုိ႔အေနနဲ႔ မုိးရာသီမွာ ေရသံုးမႈ၊ ေရႀကီးမႈ၊ ေျမၿပိဳမႈေတြ အမ်ားႀကီးျဖစ္ပါတယ္။ ေႏြရာသီေရာက္တဲ့အခါ ေရတြင္းေတြက အကုန္ခမ္းေနပါၿပီ။ ဆိုေတာ့ ခါတိုင္းႏွစ္ေတြမွာ က်မတုိ႔ ေပ (၄၀၀) ေလာက္ အဝီဇိတြင္း တူးထားတဲ့ေရေတြဟာ အခုအခ်ိန္မွာ စုပ္လို႔မရေတာ့ဘူး။ ဒါက ေျမေအာက္ေရပါ ခမ္းသြားတဲ့သေဘာေတြ ျဖစ္တယ္။ ဒါက တႏုိင္ငံလံုးကိုပါ ထိခိုက္ပါတယ္။ ျမစ္ေၾကာတေလွ်ာက္လံုးမွာ ရိွတဲ့လူေတြအတြက္ အားလံုးအတြက္လည္း ထိခိုက္သြားမွာ ျဖစ္တယ္။ ေျမၿပိဳတဲ့အခ်ိန္မွာ ေျမေတြအားလံုးက ေရထဲဝင္သြားတယ္။ ၿပီးေတာ့ ျမစ္ဟာ အရမ္းကို တိမ္သြားတယ္။ အနယ္က်တဲ့အခါမွာ။ ၿပီးရင္း မုိးရြာတဲ့အခါမွာ မိုးေရကို မထိန္းႏိုင္တဲ့အတြက္ ဒီေရေတြဟာ ဒလေဟာစီးၿပီးေတာ့မွ ကမ္းနားတေလွ်ာက္မွာရိွတဲ့ ၿမိဳ ႔ေတြ၊ ရြာေတြ အကုန္လံုးကိုတိုက္ခ်ေနတယ္။ ဒါက ေတာ္ေတာ္ဆိုးေနၿပီ။ တႏွစ္ထက္တႏွစ္ ပိုဆိုးလာတာ ျဖစ္တယ္။
ေနာက္တခုက ရာသီဥတု ေျပာင္းလဲမႈ။ အပူခ်ိန္ ျမွင့္တက္တယ္ဆိုတာ လြန္ခဲ့တဲ့ (၂) နွစ္ (၃) ႏွစ္ကေနစၿပီး ဒီႏွစ္အထိ တကယ့္ကို က်မတို႔အားလံုးကို ဘာကိရိယာမွမပါဘဲနဲ႔ တုိင္းတာသိရိွႏုိင္၊ ခံစားႏုိင္တာ ျဖစ္ေနတယ္။
ေမး ။ ။ ဆိုေတာ့ တစ္သွ်ဳးငွက္ေပ်ာတင္ မကဘူး၊ တရုတ္လုပ္သားေတြနဲ႔ ဝင္လာၿပီးေတာ့ စိုက္ပ်ဳိးေရးလုပ္ေနတာ ႀကံလည္း ရိွေနတယ္လို႔ သိရပါတယ္။ ေနာက္တျခားသီးႏံွေတြလည္း ရိွပါတယ္။ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေဒသခံေတြမွာ ဘာမွဝင္ၿပီးေတာ့ လုပ္ႏုိင္တဲ့ အတိုင္းအတာ ဘာမွမရိွဘူးလား။
ေျဖ ။ ။ ႀကံတို႔ဘာတို႔ကို ႏုိင္ငံေတာ္ကေန တရားဝင္စီမံကိန္းခ်ၿပီးေတာ့ လုပ္ေဆာင္ေနတာ ျဖစ္တယ္။ ဥပမာ က်မတို႔ ဗန္းေမာ္ခရိုင္မွာဆိုရင္ ႀကံဧက တစ္ေသာင္းစၿပီ။ ၿပီးေတာ့ ႀကံတန္ခ်ိန္ ဘယ္ေလာက္ပို႔မယ္ဆိုတဲ့ဟာေတြကို က်မတုိ႔ ျမင္ရပါတယ္။ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ား စိုက္ပ်ဳိးမႈေတြကေတာ့ တရားမဝင္ဘဲ ျဖစ္တယ္။ အခုန တစ္သွ်ဳးငွက္ေပ်ာမွာလည္း အခုထက္ထိ အမ်ားစုက တရားမဝင္ဘဲ စိုက္ေနၾကတာ ျဖစ္တယ္။ အဲဒီေတာ့ ေဒသခံေတြအေနနဲ႔ ဘယ္လိုမွ စြက္ဖက္လို႔မရဘူးဆိုတာကေတာ့ အခုေလာေလာဆယ္ ေျမယာဥပေဒအရလည္း သူတုိ႔အေနနဲ႔ ဒီေျမေတြကို ကာကြယ္ႏုိင္စြမ္း မရိွဘူး။ ေတာ္ေတာ္မ်ားမ်ား အဲဒီထိခိုက္တဲ့ေနရာက ေဒသခံေတြ အမ်ားႀကီးကလဲ အခုအခ်ိန္မွာ စစ္ေျပးဒုကၡသည္အေနနဲ႔ camp ဒုကၡသည္စခန္းေတြမွာပဲ ေနရေနတယ္။ ကိုယ့္ေနရာကို ျပန္လာရင္ေတာင္ သူတုိ႔မွာ မွတ္ပံုတင္ယူဖို႔အတြက္ ပံုစံ (၇) ေလွ်ာက္ဖို႔အတြက္ အင္မတန္ အခက္အခဲ ရိွေနပါတယ္။ အဆင့္ဆင့္သြားတဲ့အခါမွာ မရႏုိင္ၾကဘူး။ သို႔ေသာ္လဲ ပိုက္ဆံရိွတဲ့လူေတြကေတာ့ တေနရာရာက ထိုင္ေနၿပီးေတာ့မွ ဥပမာ မိသားစုတစ္စုထဲကေန ဧကမ်ားစြာ ပိုင္ႏုိ္င္တာေတြလည္း ရိွပါတယ္။ အဲဒီေတာ့ ဒီလုိပံုစံမ်ဳိးနဲ႔ ေျမပံုကို တစ္ေနရာကေန ေျမပံုခ်ၿပီးေတာ့ လုိင္စင္ခ်ေပးေနတာမ်ဳိး၊ ေရာင္းေပးေနတာမ်ုိးေတြဟာ ေဒသခံေတြက ဒီေျမေတြဟာ ေျမလြတ္ေျမရိုင္းေတြ မဟုတ္ဘူး၊ သူတုိိ႔ရဲ ႔ ဥယ်ာဥ္ၿခံေျမေတြ ပါသြားတယ္။ ဒါေပမဲ့ ကာကြယ္ႏိုင္ခြင့္ မရိွဘူး ျဖစ္ေနပါတယ္။
ေမး ။ ။ ဆိုေတာ့ ဆံုးရႈံးမႈေတြက မ်ားတယ္။ ေနာက္တခုက ပလက္စတစ္နဲ႔ ပတ္သက္တာ။ အခုန တစ္သွ်ဳးငွက္ေပ်ာနဲ႔ ပတ္သက္ၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားက ညည္းေနၾကတာက ပလက္စတစ္ ျပႆနာပါ။ ဆိုေတာ့ ဒီပလက္စတစ္ ျပႆနာကို သီးျခားေလး ေျပာျပေပးပါ။ ဘယ္ေလာက္မ်ား ကခ်င္ျပည္နယ္မွာ ကခ်င္ျပည္နယ္တစ္ခုလံုးနဲ႔ ၿခံဳၿပီးေတာ့ ပလက္စတစ္ ျပႆနာကို ဘယ္လိုႀကံဳေတြ႔ေနရလဲ။ ေျပာျပေပးပါ။
ေျဖ ။ ။ အရမ္းမ်ားပါတယ္။ ပလက္စတစ္လုိ႔ေျပာရင္ စိုက္ပ်ဳိးေရးကထြက္တဲ့ ပလက္စတစ္ေတြကိုပဲ ျပန္ေျပာခ်င္ပါတယ္။ အခုေလာေလာဆယ္ ကခ်င္ျပည္နယ္မွာဆိုရင္ ေျမကြက္ေတြမွာဝင္ၿပီး ငွက္ေပ်ာစိုက္တာ ရိွတယ္။ ၿပီးေတာ့ လယ္ကြက္ေတြမွာ သြားၿပီးေတာ့ စပါးစိုက္တဲ့အခ်ိန္ နားတဲ့အခ်ိန္မွာ ဖရဲစိုက္တာ ရိွပါတယ္။ အဲဒီ ဖရဲနဲ႔ ငွက္ေပ်ာမွာ ပလက္စတစ္ကို အမ်ားႀကီးသံုးစြဲပါတယ္။ ပ်ဳိးပင္ေပါက္စ ပ်ဳိးတဲ့အခ်ိန္ကစၿပီး၊ ပလက္စတစ္ကို သံုးစြဲတဲ့ စြန္႔ပစ္တဲ့ ပလက္စတစ္ေတြဟာ အမ်ားႀကီးရိွပါတယ္။ ဒါေတြကို မီးျပန္ရိႈ ႔ျပန္ရင္လဲ ေျမေပၚကေပ်ာက္ေအာင္ လုပ္ရင္လဲ က်မတုိ႔ ေလထုထဲ ျပန္ေရာက္ေနတယ္။ ဥပမာဆုိရင္ ငွက္ေပ်ာၿခံ ဧက (၁) သိန္းဆိုရင္ ပလက္စတ္စလည္း ဧက (၁) သိန္းစာ pollution ျဖစ္ေနတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ငွက္ေပ်ာတစ္ပင္မွာ တစ္ခိုင္၊ တစ္ခိုင္မွာ ပလက္စတစ္အိတ္က တစ္အိတ္ ျဖစ္တယ္။ ေစာေစာကေျပာတဲ့ ပင္ေပါက္ကတည္းကဟာကို က်မတို႔ ထည့္မတြက္ဘဲနဲ႔ ငွက္ေပ်ာပင္တစ္ပင္မွာ ငွက္ေပ်ာခိုင္ သံုးခိုင္ရိွတယ္ဆိုရင္ ပလက္စတစ္ သံုးအိတ္ သံုးပါတယ္။ ပလက္စတစ္အိတ္ ကၽြတ္ကၽြတ္အိတ္ေလာက္ မဟုတ္ပါဘူး။ အႀကီးႀကီးေတြပါ။ ဆုိေတာ့ ဒီအိတ္ေတြရဲ ႔ ပမာဏေတြက အင္မတန္မ်ားပါတယ္။ အဲဒီေတာ့ pollution လုိ႔ေျပာရင္ ပလက္စတစ္အိတ္က ေျမႀကီးထဲမွာသာမက ေလထုကိုလည္း ညစ္ပက္ေနတယ္။ ဒါတင္မကဘဲနဲ႔ စိုက္ပ်ဳိးေရးနဲ႔ တြဲေနတဲ့ ပုိးသတ္ေဆး၊ ၿပီးေတာ့ ဓါတ္ေျမၾသဇာေတြကလည္း ျမစ္ေခ်ာင္းအင္းအုိင္ေတြကိုပါ ပ်က္ဆီးေစပါတယ္။ ေလာေလာဆယ္ဆိုရင္ ပလက္စတစ္ေၾကာင့္မုိ႔ ဆက္ၿပီးလယ္ထြန္းလို႔မရ၊ ပလက္စတစ္ကို ရွင္းေနရတဲ့ ျပႆနာေတြ ရိွေနတယ္။ ၿပီးေတာ့ ဓါတ္ေျမၾသဇာနဲ႔ ပိုးသတ္ေဆး အရမ္းသံုးသြားတဲ့အတြက္ေၾကာင့္မို႔ ေျမကြက္က ေသသြားတယ္ဆိုတဲ့ ပံုစံမ်ဳိးနဲ႔ ျပန္စိုက္ပ်ဳိးရ ခက္ခဲေနတဲ့ ေျမေတြ။ ၿပီးေနာက္ ငါးေတြေသဆံုးတာ၊ ေရေတြသံုးလို႔မရေတာ့တာ၊ ေရေတြအေရာင္ေျပာင္းသြားတာ၊ အဲဒါေတြကလည္း အမ်ားႀကီးရိွေနပါတယ္။
ေမး ။ ။ ပလက္စတစ္ရဲ ႔ အႏၱရာယ္ေတာ္ေတာ္ႀကီးတာ။ အခုလိုမ်ဳိး စိတ္ရွည္လက္ရွည္ VOA ကိုလာၿပီး ေျဖၾကားေပးတဲ့အတြက္ ေဒၚခြန္ဂ်ာကို အမ်ားႀကီးေက်းဇူးတင္ပါတယ္။
ေျဖ ။ ။ က်မကလည္း ေက်းဇူးတင္ပါတယ္။
အပိုင္း (၁)
==Unicode==
ကချင်ပြည်နယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကချင်လူထု ဘယ်လို သဘောထားပါလဲ။ ကျောက်မျက်ရတနာနဲ့ သတ္တုတူးဖေါ်မှုအပြင် စိုက်ပျိုးရေးမှာပါ တရုတ်လုပ်ငန်းရှင်တွေ ကြီးစိုးနေလို့ ကချင်လူထုစိုးရိမ်နေတာပါ။ ဒေါ်ခွန်ဂျာ (ကချင်ငြိမ်းချမ်းရေး ကွန်ရက်) ကို ဒေါ်ခင်မျိုးသက် တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ကျောက်စိမ်းပြီးတော့ လူပြောများနေတာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မြေရှာသတ္တု တူးဖော်နေလို့ ကချင်ဒေသမှာ ပျက်ဆီးမှုတွေ အများကြီး ရှိလာနေတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောပြပေးပါ။
ဖြေ ။ ။ မြေရှားသတ္တုကတော့ နယ်စပ်တလျှောက်မှာ ကန်ပိုင်နယ်နဲ့ ပြည်သူ့စစ်တွေ ရှိနေတဲ့နေရာတွေနဲ့ ချီဖွေနေရာတွေက ပိုပြီးအများဆုံး ဖြစ်နေတယ်။ ဒါပေမဲ့ လွယ်ဂျယ်နားအထိ ကချင် ကေအိုင်အို ရှိတဲ့နေရာတွေမှာလည်း ရှိနေတယ်။ အဲဒီတော့ တော်တော်များများကတော့ မြေရှားကို ထုတ်လုပ်ပုံမှာ mining တခုတည်းမဟုတ်ဘဲ၊ ထုတ်လုပ်ပုံအဆင့်ဆင့်က ထိခိုက်ပါတယ်။ အဲဒီတော့ ပထမဦးဆုံးကတော့ တူးဖော်တာ အနက်ကြီး တူးဖော်တဲ့အခါ တောင်တွေ တစ်လုံးပြီးတစ်လုံး ကျမတို့မျက်စိရှေ့မှာ ပျောက်ကွယ်သွားတယ်။ ပြီးတော့ အဲဒီထဲမှာ မြေရှားကို ရရှိဖို့အတွက် ဖျော်ထားတဲ့ chemical ဓါတုပစ္စည်းတွေရဲ့ စွန့်ပစ်ရေတွေဟာ အကုန်လုံး မြစ်ချောင်းအင်းအိုင်တွေထဲကို ပြန်ဝင်လာတယ်။ နောက် သူတို့ဆီကရတဲ့ အနယ်ကို မီးပြန်ဖုတ်တဲ့အခါ တစ်တောလုံး တစ်တောင်လုံးပြုန်းအောင် သစ်တွေခုတ်ပြီးတော့ မီးဖုတ်ရတာ ဖြစ်တယ်။ မီးနဲ့ဖုတ်ပြီးမှ လောင်စားအများကြီး သုံးရတာ ဖြစ်တဲ့အတွက် မြေရှားရှိတဲ့နေရာမှာ တစ်ရွာလုံး၊ တစ်တောင်လုံး၊ တစ်တွင်းလုံးကို ပျက်ဆီးတာ ဖြစ်တယ်။
အခု ချီဖွေမှာဆိုရင် ချောင်းတစ်ချောင်း ချီဖွေမြစ်ငယ်တစ်ခုက ပျက်ဆီးသွားပြီ ဖြစ်တယ်။ နောက် အဲဒါနဲ့ ပတ်သက်ပြီးတော့ မြေရှားသတ္တုတူးတာက တကယ်တော့ တရုတ်ကုမ္ပဏီ ဖြစ်တယ်။ ပြီးတော့မှ ချီဖွေပြီးတော့ မေခမြစ်မှာ ဆောက်ထားတဲ့ လျှပ်စစ်ထုတ်လုပ်ရေး ရေကာတာငယ်ဟာလည်း တရုတ်ကုမ္ပဏီ ဖြစ်တယ်။ ဒီကုမ္ပဏီနှစ်ခုထဲမှာတောင် ဒီမြေရှားထုတ်လုပ်မှုနဲ့ ပတ်သက်ပြီးတော့ တင်းမာမှုတွေ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေရှားက တူးလိုက်တာ ရေကာတာရဲ့ထိပ်မှာ ဖြစ်နေတော့ အနယ်တွေအားလုံးက ရေကာတာထဲ ဝင်နေတယ်။ အဲဒီအခါကြတော့ သူတို့မျှော်လင့်မထားတဲ့ ဆယ်နှစ်ကျော်လောက်မှကျတဲ့ အနယ်ဟာ သုံးနှစ်လောက်အတွင်းမှာ ကျသွားတဲ့အခါမှာ ကုမ္ပဏီက ပြန်ကွက်တာရှိတယ်။ သို့သော်လဲပဲ တရုတ်ကုမ္ပဏီတွေရဲ့ လုပ်ထုံလုပ်နည်းကတော့ တရုတ်ကုမ္ပဏီအချင်းချင်း တင်းမာမှုဖြစ်ရင် တရုတ်နိုင်ငံမှာ မဖြစ်ဘဲနဲ့ မြန်မာမြေပေါ်မှာ ပြန်ဖြစ်လေ့ရှိတယ်။ အဲဒါကတော့ မြန်မာမြေပေါ်မှာပဲ တစ်ဖွဲ့ကို ဆော်သြပြီးမှ မြေရှားလုပ်တဲ့ ကုမ္ပဏီကို ကန့်ကွက်ခိုင်းတာမျိုးတွေလည်း လုပ်တယ်။ သို့သော်လဲ ဒီဒေသခံတွေအတွက်တော့ အကျဉ်းအကျပ်ထဲ ရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေရှားသတ္တုကို တူးတဲ့အချိန်မှာလဲ ပြည်သူ့စစ်တို့ ဘာတို့က ပါဝင်နေတာ ဖြစ်တယ်။ နယ်ခြားစောင့်တပ်တွေလည်း ပါဝင်နေတာ ဖြစ်တဲ့အခါကြတော့ ကန့်ကွက်မယ်ဆိုရင်လဲ သူတို့အတွက်လဲ အန္တရာယ် ရှိတယ်။ အဲဒီတော့ သုတေသန သွားလုပ်တဲ့ လူတွေအတွက်လည်း အန္တရာယ် ရှိပါတယ်။ အခု ဒီမြေရှားကိုတော့ ကိုင်တွယ်တာ ဒီတခါ ဒီဇင်ဘာလထဲမှာ ကျမတို့ ပထမဦးဆုံးအကြိမ် မြင်ဖူးတာ ဖြစ်တယ်။ ဒါပေမဲ့ ဒီမြေရှားတွေ တူးနေတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ တောင်တွေလည်း အများကြီးပြုန်းနေပြီ။ ဒါတွေကို အရပ်ဖက်အဖွဲ့အစည်းတွေက မကြာခဏတော့ အော်နေတယ်။ သို့သော်လဲ အရေးယူမှုက မရှိသေးဘူး။
မေး ။ ။ ဆိုတော့ အခု ပူတာအိုဘက်မှာ တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံတွင်းမှာ ဒီဒေသဟာ Virgin Land လို့ခေါ်တယ် မထိရမတို့ရသေးတဲ့ နယ်မြေ။ အဲဒီနေရာမှာ သဘာဝဘေးမဲ့တောတွေလည်း လုပ်ထားတယ်။ အဲဒီနေရာမှာ သတ္တုတူးဖော်ရှာဖွေရေးတွေ လုပ်မယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်များ သိရပါလဲ။
ဖြေ ။ ။ ၂၀၁၉ နှစ်စပိုင်းလောက်ထိ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ မွန်ဂိုလီယားဒိုဂျင်းကုမ္ပဏီ က တူးဖော်မယ်လို့ ပြောတဲ့အခါ ဒေသခံတွေလည်း ဆန္ဒပြကြပါတယ်။ ပြီးတော့ အမျိုးသားဥယျာဉ်ထဲမှာ ဝင်တူးမှာဖြစ်တဲ့အတွက်ကြောင့်မို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှာဖြစ်တယ်ဆိုပြီး ဆန္ဒဖော်ထုတ်တာတွေလည်း ရှိကြပါတယ်။ ဒါနဲ့ နောက်ဆုံးကြတော့ ပြည်နယ်ကို ထိခိုက်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ မလုပ်တော့ပါဘူးဆိုပြီး ပြန်ပြီးရပ်ဆိုင်းထားတယ်ဆိုပြီး သတင်းမီဒီယာတွေကတဆင့် ကျမတို့ ပြန်တွေ့ရပါတယ်။ သို့သော်လဲ လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကျမတို့လည်း ပူတာအို ရောက်တဲ့အခါမှာ သတ္တုကုမ္ပဏီတွေနဲ့အတူ နိုင်ငံတော်က ကချင်ပြည်နယ်အစိုးရက တာဝန်ရှိသူများလည်း ရောက်နေပါတယ်။ အခုအချိန်မှာ ကျမတို့ သတင်းစာမှာ အပိုင်းအစလေး တွေ့တာကတော့ ဧက (၃) သိန်းမှာ ကုမ္ပဏီ (၄) ခုကို စပြီးတော့မှ ချထားဖို့အတွက် ကြိုးစားနေသလား။ သို့သော်လဲ အဲဒီမှာ ကျမတို့အနေနဲ့ ချပေးလိုက်ပြီဆိုတာကိုတော့ မတွေ့သေးဘူး။ ဒါပေမဲ့ ဧက (၃) သိန်းဆိုတာ ပူတာအိုနေရာမှာ သတ္တုရှာဖွေရေးအတွက် ပေးတယ်ဆိုတာ တော်တော်လေးများပါတယ်။ ဘာဖြစ်လို့ ပြောသလဲဆိုရင် ပူတာအိုဒေသဟာ အရှေ့တောင်အာရှ တစ်ခုလုံးရဲ့ တစ်ခုတည်းသော ရေခဲတောင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာ ရှိတာ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံက ဧရာဝတီအပါအဝင် မြစ်ချောင်းတော်တော်များများရဲ့ ရေဝင်ရေလဲ ဒေသလည်း ဖြစ်တယ်။
ဒီနေရာပျက်ဆီးသွားပြီဆိုရင် ကျမတို့ ဧရာဝတီလည်း ပျက်ဆီးတာ အတူတူလည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာ တူးဖော်လိုက်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်တွေ ပြုန်းတီးသွားတဲ့အခါမှာ ရေဝင်ရေလဲတင်မကဘူး၊ အဲဒီမှာ ရှိနေတဲ့ ကျမတို့ ထိန်းသိမ်းရမယ့် တောရိုင်းတိရစ္ဆာန် Biodiversity ဇီဝမျိုးကွဲတွေ အကုန်လုံးကိုလည်း ထိခိုက်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ အရမ်းရှားပါးတဲ့ ဥပမာ သစ်ခွနက်လိုမျိုး၊ မချစ်အု၊ ထန်းတောင်မြစ်တို့ကအစ ဒီနေရာမှာပဲရှိတာ ဖြစ်တယ်။ အဲဒီတော့ ကျမတို့အကုန်လုံးကို ပျက်ဆီးသွားစေနိုင်တယ်။ တော်တော်များများကတော့ ပြောပါတယ် exploration စမ်းသပ်ရှာဖွေတာ ဖြစ်တဲ့အတွက် အန္တရာယ်မရှိဘူးလို့ ပြောတယ်။ သို့သော်လဲပဲ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ လက်ရှိဓလေ့ကတော့ စမ်းသပ်ရှာဖွေပြီလို့ ပြောလို့ရှိရင် ထွက်ထွက်မထွက်ထွက် အဲဒီကုမ္ပဏီက ပြန်ထွက်သွားဖို့ ရှားပါတယ်။ ဥပမာ ကျောက်စိမ်းအတွက်ပြောပြီး၊ ရွှေထွက်ရင် ရွှေဘက်ပြောင်းထုတ်ကြတာ ဖြစ်တယ်။ ရွှေအတွက်ပြောပြီး ရွှေမထွက်လို့ သံထွက်ရင် သံအတွက် လိုင်စင်ကိုပြောင်းသွားပြီး အဲဒီနေရာတွေကို ပြန်ပြီးတော့ လွှမ်းမိုးထားပြီးတော့ ဒေသခံတွေ ပြန်လည်သုံးစွဲခွင့် ဘယ်တော့မှ ပြန်ရလေ့ မရှိဘူး။ အထူးသဖြင့် ပူတာအိုဒေသက သဘာဝထိန်းသိမ်းတောတွေမှာဆိုရင် မူလဒေသကတည်းကနေ အဲဒီနေရာမှာ နှစ်ပေါင်းများစွာ ဘိုးစဉ်ဘောင်ဆက် နေကြသူတွေတောင်မှ ထိန်းသိမ်းတောအတွင်းမှာ မနေကြဘဲ၊ ပြင်ပကို ပြန်ထုတ်လိုက်တဲ့ နေရာတွေမှာ နေကြတာဖြစ်တယ်။ ထိန်းသိမ်းတောအတွင်းမှာ လူတွေ နေခွင့်တောင် မရှိပါဘူး။ အဲဒီနေရာတွေမှာ သတ္တုတူးဖော်မယ့် ကုမ္ပဏီတွေကို ထည့်တယ်ဆိုတာ အန္တရာယ်တော်တော်များပါတယ်။
မေး ။ ။ ဆိုတော့ သတ္တုတူးဖော်ရေးမှာလည်း ကချင်ဒေသခံတွေက စိုးရိမ်နေရတယ်။ နောက်တစ်ခုကတော့ အခုလက်တွေ့လည်း တွေ့နေရတဲ့ စိုက်ပျိုးရေးမှာ ထိခိုက်နေတာ။ ပထမဦးဆုံး ငှက်ပျောစိုက်တဲ့ကိစ္စ။ ငှက်ပျောစိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လောက်များ ထိခိုက်ပျက်ဆီးမှုတွေ ရှိပါလဲ။ ဒေသခံတွေအတွက် ဘယ်လိုစိတ်ပူစရာတွေ ရှိပါသလဲ။
ဖြေ ။ ။ ဒေသခံတွေအတွက်သာမကဘဲ တနိုင်ငံလုံးအတွက် ပူပင်မှု ရှိပါတယ်။ ဘာဖြစ်လို့ပြောသလဲဆိုရင် ငှက်ပျောခြံဟာ ပထမတုန်းကတော့ တရားမဝင်ဘူး။ ဘယ်သူမှ ခွင့်မပြုထားဘူးလို့ ပြောပါတယ်။ သို့သော်လဲ ၂၀၁၉ နောက်ပိုင်းမှာတော့ ရှိနေတဲ့ ငှက်ပျောခြံတွေကို တရားဝင်အောင် လိုက်ပြီးလုပ်ဆောင်ပေးနေတာကို တွေ့ရတယ်။ မြေတွေကို လိုင်စင်ချပေးလိုက်တာမျိုး။ ဒါတွေကို ကျမတို့ တွေ့ရတယ်။ အဲဒီထဲကရမယ့် အခွန်ဘဏ္ဍာငွေကို နိုင်ငံတော်ဘဏ္ဍာလို့ တွက်ချက်နေကြပါတယ်။ ဒါပေမဲ့ အဲဒါဟာ ကျမတို့ virgin land သဘာဝသစ်တောတွေ အများကြီးပျက်စီးသွားပါတယ်။ ရေတွေ ပျက်ဆီးသွားပါတယ်။ ပြီးတော့ ဧကပမာဏဟာ တနှစ်ထက်တနှစ် အခုဆိုရင် ဗန်းမော်ခရိုင် အကုန်လုံးကုန်ပါပြီ။ မြစ်ကြီးနားကနေ ဗန်းမော်အထိ ဒီကားလမ်းတလျှောက်လုံးက အရှေ့အနောက်အကုန် ဧရာဝတီမြစ် အရှေ့ခြမ်းအကုန် ကုန်ပါတယ်။ ပြီးတော့ ဧရာဝတီမြစ်ရဲ့ အနောက်ခြမ်းကိုလည်း အများကြီးဝင်နေပါတယ်။ ဗန်းမော်ခရိုင်တင်မကဘူး၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းခရိုင် အကုန်လုံး ဝင်နေပါတယ်။ ပြီးတော့ ရွှေကူမြို့နယ် ရောက်ပါပြီ၊ နောက် ကသာမြို့နယ် ကသာခရိုင် စစ်ကိုင်းတိုင်းအထိ ရောက်နေပါပြီ။ အဲဒီတော့ တစ်သျှုးငှက်ပျောတွေဟာ တကယ်တမ်းတော့ တရုတ်နိုင်ငံ ယူနန်မှာ အရင်တုန်းက စိုက်ပါတယ်။ သူတို့အနေနဲ့ လက်မခံတဲ့အတွက်ကြောင့်မို့ လာအိုနဲ့ ဗိယက်နမ်တို့ကို ပြောင်းသွားတာ ဖြစ်တယ်။ အခု လာအိုနဲ့ ဗိယက်နမ်တို့ကတဖန် ပြန်ပြီးတော့ မောင်းထုတ်လိုက်တဲ့အခါ ကျမတို့ မြန်မာနိုင်ငံထဲကို ရောက်လာတာ ဖြစ်တယ်။ အဲဒီတော့ သူတို့တွေအနေနဲ့ virgin land တွေကို အများကြီးဖျက်ဆီးလိုက်တယ်။ တချို့ဆိုရင် ကာကွယ်တောထဲရောက်နေပါတယ်။ ဒါတွေကို ထိရောက်စွာ အရေးယူမှုလည်း မရှိသေးဘူး။
ပထမဦးဆုံး ဖျက်တာကတော့ တစ်နေရာပဲ ရှိသေးတယ်။ ဧကတစ်ဆယ်ကျော်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီလိုမျိုး တောတောင်တွေကို တပြိုင်နက်ထဲမှာ အကုန်လုံး ငှက်ပျောခြံလုပ်လိုက်တဲ့အခါ၊ သဘာဝသစ်တောမရှိတော့တဲ့အခါ ကျမတို့အနေနဲ့ မိုးရာသီမှာ ရေသုံးမှု၊ ရေကြီးမှု၊ မြေပြိုမှုတွေ အများကြီးဖြစ်ပါတယ်။ နွေရာသီရောက်တဲ့အခါ ရေတွင်းတွေက အကုန်ခမ်းနေပါပြီ။ ဆိုတော့ ခါတိုင်းနှစ်တွေမှာ ကျမတို့ ပေ (၄၀၀) လောက် အဝီဇိတွင်း တူးထားတဲ့ရေတွေဟာ အခုအချိန်မှာ စုပ်လို့မရတော့ဘူး။ ဒါက မြေအောက်ရေပါ ခမ်းသွားတဲ့သဘောတွေ ဖြစ်တယ်။ ဒါက တနိုင်ငံလုံးကိုပါ ထိခိုက်ပါတယ်။ မြစ်ကြောတလျှောက်လုံးမှာ ရှိတဲ့လူတွေအတွက် အားလုံးအတွက်လည်း ထိခိုက်သွားမှာ ဖြစ်တယ်။ မြေပြိုတဲ့အချိန်မှာ မြေတွေအားလုံးက ရေထဲဝင်သွားတယ်။ ပြီးတော့ မြစ်ဟာ အရမ်းကို တိမ်သွားတယ်။ အနယ်ကျတဲ့အခါမှာ။ ပြီးရင်း မိုးရွာတဲ့အခါမှာ မိုးရေကို မထိန်းနိုင်တဲ့အတွက် ဒီရေတွေဟာ ဒလဟောစီးပြီးတော့မှ ကမ်းနားတလျှောက်မှာရှိတဲ့ မြို့တွေ၊ ရွာတွေ အကုန်လုံးကိုတိုက်ချနေတယ်။ ဒါက တော်တော်ဆိုးနေပြီ။ တနှစ်ထက်တနှစ် ပိုဆိုးလာတာ ဖြစ်တယ်။
နောက်တခုက ရာသီဥတု ပြောင်းလဲမှု။ အပူချိန် မြှင့်တက်တယ်ဆိုတာ လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ်ကနေစပြီး ဒီနှစ်အထိ တကယ့်ကို ကျမတို့အားလုံးကို ဘာကိရိယာမှမပါဘဲနဲ့ တိုင်းတာသိရှိနိုင်၊ ခံစားနိုင်တာ ဖြစ်နေတယ်။
မေး ။ ။ ဆိုတော့ တစ်သျှုးငှက်ပျောတင် မကဘူး၊ တရုတ်လုပ်သားတွေနဲ့ ဝင်လာပြီးတော့ စိုက်ပျိုးရေးလုပ်နေတာ ကြံလည်း ရှိနေတယ်လို့ သိရပါတယ်။ နောက်တခြားသီးနံှတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေမှာ ဘာမှဝင်ပြီးတော့ လုပ်နိုင်တဲ့ အတိုင်းအတာ ဘာမှမရှိဘူးလား။
ဖြေ ။ ။ ကြံတို့ဘာတို့ကို နိုင်ငံတော်ကနေ တရားဝင်စီမံကိန်းချပြီးတော့ လုပ်ဆောင်နေတာ ဖြစ်တယ်။ ဥပမာ ကျမတို့ ဗန်းမော်ခရိုင်မှာဆိုရင် ကြံဧက တစ်သောင်းစပြီ။ ပြီးတော့ ကြံတန်ချိန် ဘယ်လောက်ပို့မယ်ဆိုတဲ့ဟာတွေကို ကျမတို့ မြင်ရပါတယ်။ ဒါပေမဲ့ တော်တော်များများ စိုက်ပျိုးမှုတွေကတော့ တရားမဝင်ဘဲ ဖြစ်တယ်။ အခုန တစ်သျှုးငှက်ပျောမှာလည်း အခုထက်ထိ အများစုက တရားမဝင်ဘဲ စိုက်နေကြတာ ဖြစ်တယ်။ အဲဒီတော့ ဒေသခံတွေအနေနဲ့ ဘယ်လိုမှ စွက်ဖက်လို့မရဘူးဆိုတာကတော့ အခုလောလောဆယ် မြေယာဥပဒေအရလည်း သူတို့အနေနဲ့ ဒီမြေတွေကို ကာကွယ်နိုင်စွမ်း မရှိဘူး။ တော်တော်များများ အဲဒီထိခိုက်တဲ့နေရာက ဒေသခံတွေ အများကြီးကလဲ အခုအချိန်မှာ စစ်ပြေးဒုက္ခသည်အနေနဲ့ camp ဒုက္ခသည်စခန်းတွေမှာပဲ နေရနေတယ်။ ကိုယ့်နေရာကို ပြန်လာရင်တောင် သူတို့မှာ မှတ်ပုံတင်ယူဖို့အတွက် ပုံစံ (၇) လျှောက်ဖို့အတွက် အင်မတန် အခက်အခဲ ရှိနေပါတယ်။ အဆင့်ဆင့်သွားတဲ့အခါမှာ မရနိုင်ကြဘူး။ သို့သော်လဲ ပိုက်ဆံရှိတဲ့လူတွေကတော့ တနေရာရာက ထိုင်နေပြီးတော့မှ ဥပမာ မိသားစုတစ်စုထဲကနေ ဧကများစွာ ပိုင်နိုင်တာတွေလည်း ရှိပါတယ်။ အဲဒီတော့ ဒီလိုပုံစံမျိုးနဲ့ မြေပုံကို တစ်နေရာကနေ မြေပုံချပြီးတော့ လိုင်စင်ချပေးနေတာမျိုး၊ ရောင်းပေးနေတာမျိုးတွေဟာ ဒေသခံတွေက ဒီမြေတွေဟာ မြေလွတ်မြေရိုင်းတွေ မဟုတ်ဘူး၊ သူတို့ရဲ့ ဥယျာဉ်ခြံမြေတွေ ပါသွားတယ်။ ဒါပေမဲ့ ကာကွယ်နိုင်ခွင့် မရှိဘူး ဖြစ်နေပါတယ်။
မေး ။ ။ ဆိုတော့ ဆုံးရှုံးမှုတွေက များတယ်။ နောက်တခုက ပလက်စတစ်နဲ့ ပတ်သက်တာ။ အခုန တစ်သျှုးငှက်ပျောနဲ့ ပတ်သက်ပြီးတော့ တော်တော်များများက ညည်းနေကြတာက ပလက်စတစ် ပြဿနာပါ။ ဆိုတော့ ဒီပလက်စတစ် ပြဿနာကို သီးခြားလေး ပြောပြပေးပါ။ ဘယ်လောက်များ ကချင်ပြည်နယ်မှာ ကချင်ပြည်နယ်တစ်ခုလုံးနဲ့ ခြုံပြီးတော့ ပလက်စတစ် ပြဿနာကို ဘယ်လိုကြုံတွေ့နေရလဲ။ ပြောပြပေးပါ။
ဖြေ ။ ။ အရမ်းများပါတယ်။ ပလက်စတစ်လို့ပြောရင် စိုက်ပျိုးရေးကထွက်တဲ့ ပလက်စတစ်တွေကိုပဲ ပြန်ပြောချင်ပါတယ်။ အခုလောလောဆယ် ကချင်ပြည်နယ်မှာဆိုရင် မြေကွက်တွေမှာဝင်ပြီး ငှက်ပျောစိုက်တာ ရှိတယ်။ ပြီးတော့ လယ်ကွက်တွေမှာ သွားပြီးတော့ စပါးစိုက်တဲ့အချိန် နားတဲ့အချိန်မှာ ဖရဲစိုက်တာ ရှိပါတယ်။ အဲဒီ ဖရဲနဲ့ ငှက်ပျောမှာ ပလက်စတစ်ကို အများကြီးသုံးစွဲပါတယ်။ ပျိုးပင်ပေါက်စ ပျိုးတဲ့အချိန်ကစပြီး၊ ပလက်စတစ်ကို သုံးစွဲတဲ့ စွန့်ပစ်တဲ့ ပလက်စတစ်တွေဟာ အများကြီးရှိပါတယ်။ ဒါတွေကို မီးပြန်ရှို့ပြန်ရင်လဲ မြေပေါ်ကပျောက်အောင် လုပ်ရင်လဲ ကျမတို့ လေထုထဲ ပြန်ရောက်နေတယ်။ ဥပမာဆိုရင် ငှက်ပျောခြံ ဧက (၁) သိန်းဆိုရင် ပလက်စတ်စလည်း ဧက (၁) သိန်းစာ pollution ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် ငှက်ပျောတစ်ပင်မှာ တစ်ခိုင်၊ တစ်ခိုင်မှာ ပလက်စတစ်အိတ်က တစ်အိတ် ဖြစ်တယ်။ စောစောကပြောတဲ့ ပင်ပေါက်ကတည်းကဟာကို ကျမတို့ ထည့်မတွက်ဘဲနဲ့ ငှက်ပျောပင်တစ်ပင်မှာ ငှက်ပျောခိုင် သုံးခိုင်ရှိတယ်ဆိုရင် ပလက်စတစ် သုံးအိတ် သုံးပါတယ်။ ပလက်စတစ်အိတ် ကျွတ်ကျွတ်အိတ်လောက် မဟုတ်ပါဘူး။ အကြီးကြီးတွေပါ။ ဆိုတော့ ဒီအိတ်တွေရဲ့ ပမာဏတွေက အင်မတန်များပါတယ်။ အဲဒီတော့ pollution လို့ပြောရင် ပလက်စတစ်အိတ်က မြေကြီးထဲမှာသာမက လေထုကိုလည်း ညစ်ပက်နေတယ်။ ဒါတင်မကဘဲနဲ့ စိုက်ပျိုးရေးနဲ့ တွဲနေတဲ့ ပိုးသတ်ဆေး၊ ပြီးတော့ ဓါတ်မြေသြဇာတွေကလည်း မြစ်ချောင်းအင်းအိုင်တွေကိုပါ ပျက်ဆီးစေပါတယ်။ လောလောဆယ်ဆိုရင် ပလက်စတစ်ကြောင့်မို့ ဆက်ပြီးလယ်ထွန်းလို့မရ၊ ပလက်စတစ်ကို ရှင်းနေရတဲ့ ပြဿနာတွေ ရှိနေတယ်။ ပြီးတော့ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေး အရမ်းသုံးသွားတဲ့အတွက်ကြောင့်မို့ မြေကွက်က သေသွားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်စိုက်ပျိုးရ ခက်ခဲနေတဲ့ မြေတွေ။ ပြီးနောက် ငါးတွေသေဆုံးတာ၊ ရေတွေသုံးလို့မရတော့တာ၊ ရေတွေအရောင်ပြောင်းသွားတာ၊ အဲဒါတွေကလည်း အများကြီးရှိနေပါတယ်။
မေး ။ ။ ပလက်စတစ်ရဲ့ အန္တရာယ်တော်တော်ကြီးတာ။ အခုလိုမျိုး စိတ်ရှည်လက်ရှည် VOA ကိုလာပြီး ဖြေကြားပေးတဲ့အတွက် ဒေါ်ခွန်ဂျာကို အများကြီးကျေးဇူးတင်ပါတယ်။
ဖြေ ။ ။ ကျမကလည်း ကျေးဇူးတင်ပါတယ်။