သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကခ်င္လူထုသေဘာထား (အပိုင္း ၁)


ကခ်င္ၿငိမ္းခ်မ္းေရး ကြန္ယက္အဖြဲ႔က ေဒၚခြန္ဂ်ာ
တိုက္႐ိုက္ လင့္ခ္

ကခ်င္ျပည္နယ္ထဲမွာ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြအတြက္ ကခ်င္လူထုရဲ႕ သေဘာထားက ဘယ္လို ရွိပါသလဲ။ တ႐ုတ္စီးပြါးေရး စၾကၤန္လမ္းနဲ႔ ပတ္သက္ၿပီး ကခ်င္လူထုက ဘာကို စိုးရိမ္ေနၾကပါသလဲ။ ကခ်င္ၿငိမ္းခ်မ္းေရး ကြန္ယက္အဖြဲ႔က ေဒၚခြန္ဂ်ာကို ရန္ကုန္ၿမိဳ ႔ VOA ႐ုံးမွာ ေဒၚခင္မ်ိဳးသက္က ေတြ႔ဆုံေမးျမန္းထားတဲ့ ပထမပိုင္းကို တင္ဆက္ေပးထားပါတယ္။

ေမး ။ ။ အခုလို VOA ကို လာေရာက္ၿပီး ေျဖၾကားေပးတဲ့အတြက္ ကခ်င္ၿငိမ္းခ်မ္းေရး ကြန္ယက္အဖြဲ႔က ေဒၚခြန္ဂ်ာကို အမ်ားႀကီးေက်းဇူးတင္ပါတယ္။ အခုျမန္မာႏုိင္ငံမွာ တရုတ္က ရင္းႏီွးျမဳပ္ႏံွမႈေတြ အမ်ားႀကီးလုပ္ေနပါတယ္။ လုပ္ေနတဲ့အထဲမွာ ကခ်င္ေဒသမွာ ျပည္သူေတြက စိုးရိမ္ေနတယ္လို႔ သိရပါတယ္။ ဆုိေတာ့ ဘယ္အေၾကာင္းအရာေတြကို အဓိကစိုးရိမ္ေနတာလဲ။ တရုတ္နဲ႔ ရင္းႏီွးျမဳပ္ႏံွမႈနဲ႔ ပတ္သက္ၿပီး ပထမဦးဆံုး ေျပာျပေပးပါ။

ေျဖ ။ ။ နံပတ္တစ္ ေျပာရမယ္ဆိုရင္ တရုတ္ႏုိင္ငံအေနနဲ႔ တရုတ္-ျမန္မာ စီးပြားေရးစႀကၤန္ဆိုတဲ့ က႑ထဲက လုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ားက က်မတုိ႔ ကခ်င္ျပည္သူေတြ ဘယ္ေနရာမွာ ဘာလုပ္မလဲဆိုတာ မသိတဲ့အတြက္ေၾကာင့္မို႔ ပထမဦးဆံုး ပူပန္ၾကပါတယ္။ အဲဒီထဲမွာမွ အခုေလာေလာဆယ္ သိရိွထားတဲ့ သတင္းအခ်က္အလက္ေတြအရဆိုရင္ လမ္းပန္းဆက္သြယ္ေရး စီမံကိန္းေတြရိွတယ္။ ေနာက္တခုကေတာ့ စီးပြားေရးဇုန္ေတြ ရိွတယ္။ ဒီႏွစ္ခုကို အဓိကထားၿပီးေတာ့ ပူပန္ၾကပါတယ္။

အဲဒါထက္ပိုဆိုးတာက အရင္တုန္းက လက္က်န္ျဖစ္ေနတဲ့ Pending ျဖစ္ေနတဲ့ ျမစ္ဆံုဆည္ စီမံကိန္းကိုလည္း ဆက္လက္လုပ္ေဆာင္မွာကို စိုးရိမ္ပူပန္ၾကပါတယ္။

ေမး ။ ။ အဓိကေတာ့ ျမစ္ဆံုဆည္စီမံကိန္းကို စိတ္ပူၾကတာေပါ့။ ဒါေပမဲ့ တရုတ္ရဲ ႔ရင္းႏီွးျမဳပ္ႏံွမႈက အကုန္လံုးကို ျဖန္႔ၿပီးလုပ္ေနတာပါ။ ေစာေစာကေျပာတဲ့ စီးပြားေရးစႀကၤန္လမ္းမွာ ကခ်င္ေဒသတြင္းမွာ ထိခိုက္မႈေတြ အေတာ္မ်ားပါလား။ ပထမဦးဆံုး လမ္းပန္းဆက္သြယ္ေရးနဲ႔ စၿပီးေတာ့ ေျပာျပေပးပါ။

ေျဖ ။ ။ လမ္းပန္းဆက္သြယ္ေရးထဲမွာ အခု စီးပြားေရးစႀကၤန္လမ္းထဲမွာ ဘယ္ေလာက္ အတိုင္းအတာအထိ ပါမလဲဆုိတဲ့ သတင္းအခ်က္အလက္ေတြက အျပည့္အစံု မရရိွေသးဘူး။ ေလာေလာဆယ္ က်မတိုိ႔ သိထားသေလာက္ဆိုရင္ ကန္ပိုင္ ဒီဘက္ကေန ျမစ္ႀကီးနားကို ေရာက္မယ္။ ၿပီးေတာ့ ျမစ္ႀကီးနားကေန အေနာက္ဘက္ကိုျဖတ္တဲ့ လမ္းေၾကာင္းလည္း ျဖစ္လာႏိုင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကခ်င္ေဒသဟာ ျမစ္ႀကီးနားက အိႏိၵယနဲ႔ တရုတ္ႏိုင္ငံကို အတိုဆံုးကုန္လမ္းနဲ႔ျဖတ္ၿပီး ကုန္သြယ္ကူးသန္းႏိုင္တဲ့ ကုန္လမ္းျဖစ္တယ္။ ၿပီးေတာ့ ဒုတိယကေတာ့ ဗန္းေမာ္ေနရာ ျဖစ္တယ္။ အဲဒီမွာ ရထားလမ္း၊ ကားလမ္းနဲ႔ ေရေၾကာင္းလမ္းေတြ ပါမွာပါ။ အခုေလာေလာဆယ္ ကားလမ္းလို႔ ေျပာတဲ့အခါမွာ က်မတို႔ ဗန္းေမာ္ခရိုင္မွာဆိုရင္ မန္ဆီၿမိဳ ႔ထဲမွာဆိုရင္ မေန႔က ႏွစ္ရက္ေလာက္ပဲ တူးေသးတဲ့အခ်ိန္မွာ လမ္းေဖာက္လုပ္မႈဟာ (၃၄) ေပက်ယ္တဲ့ လမ္းဟာ တရုတ္ရဲ ႔ စီးပြားေရးဇုန္တစ္ခုျဖစ္တဲ့ မူဆယ္အထိကို ဆက္သြယ္ဖို႔ လုပ္ေနတယ္ဆိုတာကို သိရတယ္။ ၿပီးရင္ ရြာသားေတြအေနနဲ႔ လံုးဝသတင္းအခ်က္အလက္ မရဘဲ ဘတ္ဖိုးေတြ ဝင္လာၿပီးေတာ့ တပ္မေတာ္အင္ဂ်င္နီယာတပ္ေတြက ဦးေဆာင္ၿပီးေတာ့ ေဖာက္လုပ္တာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ျမန္လည္းျမန္ဆန္တယ္။ သို႔ေသာ္လဲ ရြာသားေတြက သတင္းအခ်က္အလက္လဲ မသိရဘူး။ ၿပီးေတာ့ သူတုိ႔ေျမကြက္ေတြဟာ သူတို႔ေရွ ႔မွာပဲ ခ်က္ခ်င္းတူးေဖာ္သြားတဲ့အခါမွာ ေတာ္ေတာ္ေလးကို ထိခိုက္ဖို႔ကို ရိွပါတယ္။

အဲဒီမွာ တရြာလံုးရဲ ႔ လယ္ကြက္ေတြ ပါသြားႏိုင္တယ္။ ၿပီးရင္ သစ္သီးဝလံၿခံေတြလည္း ပါသြားႏုိင္သလို၊ အိုးအိမ္ေတြလည္း ပါသြားႏိုင္တယ္။ သို႔ေသာ္လဲ ဘယ္လမ္းေၾကာင္း ျဖတ္မယ္ဆိုတာလဲ မသိရတဲ့အခါၾကေတာ့ မေဖာက္ေသးတဲ့ ေနရာေတြအတြက္လည္း ပိုစိုးရိမ္တာေပါ့။

ေမး ။ ။ ဒီလမ္းပန္းဆက္သြယ္ေရးကေတာ့ ေဒသတြင္း ဖြံ႔ၿဖိဳးဖုိ႔ အမ်ားႀကီးအေရးပါတာေပါ့။ ဒါေပမဲ့ ဒီလိုလမ္းေဖာက္တဲ့ေနရာမွာ ေဒသခံလူေတြ သိဖို႔ေတာ့ လိုတာေပါ့။ ဟုတ္တယ္မဟုတ္လား။ ဘယ္ေနရာမွာေဖာက္မယ္။ ဘာေတြလုပ္မယ္။ ဘယ္အတိုင္းအတာအထိ ပ်က္ဆီးမယ္ဆိုတာကို မသိဘဲနဲ႔လုပ္ေတာ့။ အခုက စစ္တပ္က လုပ္သြားတယ္ဆိုေတာ့ တရုတ္စီးပြားေရးစႀကၤန္လမ္းနဲ႔ ဘာမ်ားပတ္သက္ေနပါလဲ။

ေျဖ ။ ။ ဟုတ္ပါတယ္။ အဓိကေတာ့ စီးပြားေရးစႀကၤန္လမ္းရဲ ႔ ဆက္သြယ္ေရးလုပ္ငန္းျဖစ္တဲ့ ဧရာဝတီ ေကာ္ရိုက္တာနဲ႔ မူဆယ္ဘက္က ရိွေနတဲ့ စီးပြားေရးဇုန္ေတြကို ဆက္သြယ္ေပးဖို႔ လမ္းျဖစ္တယ္။ ဆက္သြယ္ဖို႔ ခ်ိတ္ဆက္ေနတယ္လို႔ ယူဆလို႔ရတယ္။ ေလာေလာဆယ္ သူတုိ႔သြားေနတဲ့ ေျမပံုအရ။ သို႔ေသာ္လဲ ဒါနဲ႔ပတ္သက္ၿပီး သတင္းအခ်က္အလက္ေတြကိုေတာ့ အတိအက် ဘယ္အင္တာနက္၊ ဘယ္ဝက္ဆိုဒ္မွာမွ၊ ဘယ္ဌာနမွာမွ ေတာင္းယူလို႔မရတဲ့အခါ ပိုၿပီးမွ အခက္အခဲ ရိွပါတယ္။ ေနာက္တခါၾကေတာ့ ေဒသခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြ သြားေမးတဲ့အခါမွာလဲ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလဲ တပိုင္းတပိုင္းေလးေတြပဲရိွၿပီး၊ သူတုိ႔ဆီမွာ ဒီလမ္းေၾကာင္းဟာ ဘယ္ေလာက္အထိ ဆက္သြားမလဲ။ ဘယ္ေလာက္အထိ ထိခိုက္မလဲ။ ဘယ္သူေတြက ဘာကိုေရာင္းဝယ္ကူးသန္းမလဲ။ ၿပီးေတာ့ ေဒသခံေတြ ဘယ္လိုထိခိုက္ၾကမလဲဆိုတာကို မစဥ္းစားၾကေသးတဲ့ အခ်ိန္မွာ အေကာင္အထည္ေဖာ္မႈက ခ်က္ခ်င္းဝင္လာတာ ျဖစ္တယ္။

ေနာက္ဒုတိယတစ္ခုကေတာ့ ဒီလမ္းလို႔ ေျပာတဲ့အခါမွာ ေရေၾကာင္းလမ္းလည္း ပါဝင္ပါတယ္။ ေရေၾကာင္းလမ္းကေတာ့ ဧရာဝတီျမစ္ကို အသံုးခ်ၿပီး တရုတ္ႏိုင္ငံက ကုန္စည္ေတြကို ပင္လယ္ဝအထိ ပို႔ေဆာင္ဖို႔ ျဖစ္တယ္လို႔ သိရတယ္။ အဲဒီေတာ့ ဧရာဝတီျမစ္ေၾကာင္းဟာ ေလာေလာဆယ္ ဒီေႏြရာသီမွာဆိုရင္ ေတာ္ေတာ္ေလးကို ေရတိမ္ပါတယ္။ မိုးရာသီမွာေတာ့ ေရက အမ်ားႀကီးကမ္းပါးေတြကို တိုက္စားေနျပန္တယ္။ အဲဒီေတာ့ ဒီေရကို အၿမဲတမ္း ကုန္စည္ကူးသန္း သယ္ေဆာင္လို႔ရေအာင္ ျပဳျပင္မြမ္းမံဖို႔ဆိုရင္ ေရေၾကာင္းကို ဘယ္လိုထိန္းသိမ္းမလဲ။ အဲဒီအခါ သဘာဝပတ္ဝန္းက်င္ကို ဘယ္လိုထိမလဲ။ ၿပီးေတာ့ ျမစ္ကမ္းေဘးက ေက်းရြာ၊ ၿမိဳ ႔နယ္ေတြကို ဘယ္လိုထိခိုက္မလဲ။ ေနာက္ ဒီမွာ ဟာမိုနီျဖစ္ေနတဲ့ သဟဇာတျဖစ္ေနတဲ့ ျမစ္ေၾကာင္းတေလွ်ာက္ကို အမီွျပဳၿပီးမွ စိုက္ပ်ဳိးေရးလုပ္ေနတဲ့ ေနရာေတြကို ဘယ္လိုထိခိုက္မလဲဆိုတာကို မသိႏုိင္ေသးဘူး။ ဒါေၾကာင့္မို႔ စိုးရိမ္မႈ ျဖစ္ပါတယ္။

ထိုနည္းတူစြာ ရထားလမ္းကလည္း ဘယ္ေနရာေတြကို ဘယ္လိုေဖာက္သြားမလဲဆိုတာလဲ မသိတဲ့အခါၾကေတာ့ ေဖာက္မယ္လို႔ ေနျပည္ေတာ္မွာ ေဆြးေႏြးတယ္လို႔ ၾကားေပမယ့္၊ က်မတုိ႔ ဟိုမွာၾကေတာ့ လက္ေတြ႔မွာ ဘယ္သူေတြ ထိခိုက္မလဲဆိုတာ အတိအက် မသိရေသးဘူးရွင့္။

ေမး ။ ။ ဆိုေတာ့ လမ္းပန္းဆက္သြယ္ေရးကို ေဒသခံေတြက ႀကိဳဆိုေပမယ့္ သူတုိ႔ သိခ်င္တယ္။ ဘာေတြလုပ္မယ္ဆိုတာကို အကုန္လံုး သူတုိ႔ကို ခ်ျပေစခ်င္တယ္။ အခုက လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုယ္တိုင္ မသိေသးဘူးဆိုေတာ့ စိုးရိမ္မယ္ဆိုလဲ၊ စိုးရိမ္စရာ ျဖစ္္ေနတယ္။ ေနာက္ လမ္းပန္းဆက္သြယ္ေရးၿပီးေတာ့ အဓိက ျမစ္ဆံုဆည္စီမံကိန္း - ေရအားလွ်ပ္စစ္စီမံကိန္းနဲ႔ ပတ္သက္ၿပီးေတာ့ အခု ကခ်င္ေဒသခံ အဖြဲ႔အစည္းေတြကလည္း တရုတ္သမၼတခ်ီက်င္ဖိန္ ကို စာေတြေပးပို႔ၿပီးေတာ့ ရပ္ဆိုင္းဖို႔ဆုိၿပီးေတာ့ ေျပာေနၾကပါတယ္။ ဆိုေတာ့ ျမစ္ဆံုဆည္စီမံကိန္္းနဲ႔ ပတ္သက္ၿပီးေတာ့ အခုထက္ထိ ေဒသခံေတြ စိတ္ပူေနတာကို နည္းနည္းေျပာျပေပးပါအံုး။

ေျဖ ။ ။ ေဒသခံေတြတင္ မဟုတ္ဘူး၊ တႏုိင္ငံလံုး စိတ္ပူေနၾကတာ ျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ဧရာဝတီျမစ္ဟာ ျမန္မာႏုိင္ငံရဲ ႔ တစ္ခုတည္းေသာ ျမစ္မႀကီး၊ ၿပီးေတာ့ ဧရာဝတီျမစ္ဝွမ္းေဒသလို႔ ေျပာရင္ ျမန္မာႏုိင္ငံရဲ ႔ (၆၅) ရာခိုင္ႏႈန္း ရိွေနပါတယ္။ အဲဒီ (၆၅) ရာခိုင္ႏႈန္းအထိ ထိခိုက္ဖို႔အတြက္ ရိွပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ဧရာဝတီျမစ္ဆံု တစ္ခုခုျဖစ္သြားသည္ရိွေသာ္ ပ်က္သြားႏုိင္တယ္။ ၿပီးေတာ့ ဒီဥစၥာက ျမန္မာႏုိင္ငံရဲ ႔ လွ်ပ္စစ္လိုအပ္ခ်က္အတြက္ မဟုတ္ဘဲနဲ႔၊ တရုတ္ႏုိင္ငံရဲ ႔ စီးပြားေရးရင္းႏီွးျမဳပ္ႏံွမႈအတြက္ အသံုးခ်သလို ျဖစ္ေနပါတယ္။ ဒါေၾကာင့္မို႔ ျမန္မာႏုိင္ငံအတြက္သာ လိုအပ္မယ္ဆိုရင္ ျမန္မာႏုိင္ငံမွာရိွေနတဲ့ ျမစ္ငယ္ေခ်ာင္းငယ္ေတြဆီကေန ရရိွတဲ့ လွ်ပ္စစ္ေတြဟာ က်မတုိ႔အတြက္ ဖူလံုပါတယ္။ ဥပမာ ကခ်င္ျပည္နယ္ဆိုရင္ တစ္ခုတည္းေသာ လွ်ပ္စစ္ပိုလွ်ံေနေသာ ျပည္နယ္ျဖစ္တယ္။ သို႔ေသာ္လဲပဲ က်မတို႔ လွ်ပ္စစ္မီးမလင္းတာဟာ ဓါတ္တိုင္ေတြ၊ ဓါတ္အားေပးလိုင္းေတြကို မဆြဲႏုိင္တဲ့အတြက္ေၾကာင့္ မီးမလင္းႏိုင္တာ ျဖစ္တယ္။ အခုေလာေလာဆယ္ေတာ့ တာပိန္က ေရအားလွ်ပ္စစ္ကိုေတာ့ national grid ထည့္ၿပီလို႔ ေျပာတယ္။ သို႔ေသာ္လဲ ဒီဟာမ်ဳိး တႏုိင္ငံလံုးကို ျဖန္႔ခ်ီဖို႔ဆိုရင္ တာပိန္လို၊ သို႔မဟုတ္ အဲဒီထက္ငယ္တဲ့ ျမစ္ငယ္ေခ်ာင္းငယ္ေတြဆီက ထုတ္တာနဲ႔တင္ က်မတို႔ ေကာင္းေကာင္းမြန္မြန္ ထုတ္ကုန္အတြက္ေတာင္ လုံေလာက္ပါတယ္။ အဲဒီေတာ့ ဧရာဝတီကို မထိဘူး။ ၿပီးေတာ့ ဧရာဝတီျမစ္ဆံုနဲ႔ ဧရာဝတီေကာ္ရစ္တာတစ္ခုလံုးကို က်မတို႔ ေစာင့္ၾကည့္ဖို႔ လိုအပ္တယ္။ တႏုိင္ငံလံုးရဲ ႔ အသက္ေသြးေၾကာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ပါ။

ေမး ။ ။ အခု လမ္းပန္းဆက္သြယ္ေရး၊ ေရအားလွ်ပ္စစ္က႑မွာ ကခ်င္လူထုနဲ႔ တႏုိင္ငံလံုးအတြက္ စိုးရိမ္ေနရတယ္ေပါ့။ ဆိုေတာ့ ေနာက္တစ္ခုက တရုတ္က ရင္းႏီွးျမဳပ္ႏံွမႈေတြထဲမွာ အဓိကက စီးပြားေရးဇုန္ေတြ လုပ္ဖို႔ပါပါတယ္။ ဒီထဲမွာဆိုရင္ ကန္ပိုက္တီ စီးပြားေရးဇုန္နဲ႔ ျမစ္ႀကီးနား စီးပြားေရးဇုန္ (၂) ခုဟာ အဓိက ကခ်င္ျပည္နယ္ထဲမွာ အေျခခ်မွာပါ။ ဆိုေတာ့ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္ေလာက္ပူပန္မႈေတြ ရိွေနပါလဲ။

ေျဖ ။ ။ စီးပြားေရးဇုန္ေတြမွာလဲ အခုအခ်ိန္မွာ ဘယ္ေလာက္ေျမဧက အကြက္အက်ယ္ကို ထိခိုက္မလဲဆိုတာကို သိပါၿပီ။ သို႔ေသာ္လဲ တျခားေသာလုပ္ငန္းေတြနဲ႔ တန္းတူပဲ ဒီဟာကို ျပန္လည္ၿပီးေတာ့မွ ေဒသခံေတြကို ေလ်ာ္ေၾကးေပးတဲ့အခါမွာ ဘယ္လိုပံုစံမ်ဳိးနဲ႔ ေလ်ာ္ေၾကးေပးမလဲ။ ဘယ္လိုေနရာမ်ဳိးကို ေရႊ ႔ေျပာင္းေပးမလဲ။ ၿပီးေတာ့ သူတုိ႔ရဲ ႔ အလုပ္အကိုင္၊ သက္ေမြးဝမ္းေၾကာင္းကို ဘယ္လိုတာဝန္ယူေပးမလဲ ဆိုတာေတြ လံုးဝမေပၚပါဘူး။ မသိရပါဘူး။ ေနာက္ၿပီးေတာ့မွ စီးပြားေရးဇုန္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ သဘာဝပတ္ဝန္းက်င္အရ၊ လူမႈေရးအရ ထိခိုက္မႈေတြကို ႀကိဳတင္စမ္းစစ္ရမယ့္ EIA/SIA Processes ေတြကို လုပ္ထားသလား၊ မလုပ္ထားဘူးလား ဆိုတာလဲ က်မတို႔ မသိရဘူး။ ဒီလိုသတင္းအခ်က္အလက္ေတြ မသိရတဲ့အခါ ပိုၿပီးစိုးရိမ္ပူပန္ပါတယ္။ ၿပီးေတာ့ ဒီေနရာမွာ ရိွေနတဲ့ လူေတြ၊ အိမ္ေထာင္စုေတြ ထိခိုက္နစ္နာသူေတြ အကုန္လံုးဟာ နစ္နာမႈကေန ျပန္လည္ထူေထာင္ႏိုင္မယ့္၊ ျပန္လည္လႈပ္ရွားသြားလာႏုိင္ဖို႔အတြက္ လူတန္းေစ့ေနႏိုင္ဖို႔အတြက္ ျပန္လည္ recover ျဖစ္မလားဆိုတာလဲ မသိရဘူးေပါ့။ အသီးအႏံွေလ်ာ္ေၾကးပဲ ေပးတယ္ဆိုရင္ ေျမႀကီးကို ဘယ္လိုလုပ္မလဲ။ ဒီေျမကို သူတို႔အေနနဲ႔ ဒီေလ်ာ္ေၾကးနဲ႔ ဒီေလာက္ပမာဏေျမကိုလည္း ျပန္မဝယ္ႏုိင္ဘူး။

ေနာက္တစ္ခုကေတာ့ အသက္ေမြးဝမ္းေၾကာင္း ျဖစ္ပါတယ္။ က်မတို႔ ျမန္မာႏုိင္ငံသား ေတာ္ေတာ္မ်ားမ်ားက စက္ရံုအလုပ္ရံုထဲမွာ အလုပ္လုပ္တဲ့ ဓေလ့မရိွဘူး။ အကုန္လံုး ေတာသူေတာင္သားေတြက ေျမႀကီးမွာပဲ လုပ္ကိုင္စားေသာက္တာ ျဖစ္တယ္။ အဲဒီေတာ့ ဒီေျမယာေတြ ဆံုးရႈံးသြားတာ၊ စက္မႈဇုန္တို႔၊ စီးပြားေရးဇုန္တို႔ ဆံုးရႈံးသြားေပမယ့္ သူုတို႔ေတြဟာ သူတုိ႔လုပ္ထားတဲ့ စက္မႈဇုန္ေတြမွာ အလုပ္အကိုင္ရရိွဖို႔ဆိုတာ မလြယ္ကူပါဘူး။ ေတာ္ေတာ္မ်ားမ်ား တရုတ္ႏိုင္ငံ စီမံကိန္္းေတြမွာ တရုတ္လုပ္သားေတြနဲ႔ပဲ လည္ပတ္တာ ျဖစ္တယ္။ လမ္းေဖာက္တာကအစ အလုပ္ၾကမ္းကအစ တရုတ္ႏုိင္ငံ လုပ္သားေတြကိုပဲ အသံုးျပဳတယ္။ ဒါေၾကာင့္မို႔ အလုပ္အကိုင္ ေဖာ္ထုတ္ဖုိ႔အတြက္ ေျပာတယ္။ ျမန္မာႏုိင္ငံသားေတြ အလုပ္အကိုင္ရရိွဖို႔ေတာ့ မဟုတ္ဘူးလို႔ ယူဆပါတယ္ရွင့္။

အဲဒီေတာ့ ဒီလိုျပႆနာေတြရိွၿပီး၊ စိုက္ပ်ဳိးေရးပဲ လုပ္တတ္တဲ့ လူေတြဟာ ေနာက္ထပ္ ေနရာသစ္ကို ေျပာင္းထားရင္ေတာင္ ဘာေတြလုပ္စားၾကမလဲ။ ေျမမရိွေတာ့ဘူးဆိုတဲ့ အေျခအေနမ်ဳိးမွာ အခက္အခဲေတြ အမ်ားႀကီး ရိွပါလိမ့္မယ္။ ဒါကိုလဲ စိုးရိမ္ၾကပါတယ္။
ေမး ။ ။ စီးပြားေရးအတြက္လဲ စိတ္ပူရတာေပါ့။ ေနာက္တခု က်မသိေနတာက တရုတ္က သတၱဳတူးေဖာ္ေရးလုပ္ငန္းေတြမွာလဲ ျမန္မာအစိုးရနဲ႔ စာခ်ဳပ္ေတြ ခ်ဳပ္ဆိုဖို႔ေတြ လုပ္ေနပါတယ္။ အဲဒီအထဲမွာမွ အပိုင္း (၃) ပိုင္း ခြဲၿပီးေတာ့ ေဒၚခြန္ဂ်ာ နည္းနည္းေျပာျပေပးပါ။ ပထမဦးဆံုးအပိုင္းကေတာ့ ေက်ာက္စိမ္းအပိုင္းေပါ့။ ေက်ာက္စိမ္းနဲ႔ ေနာက္တစ္ခုက အဓိကေတာ့ ဖားကန္႔က ပ်က္စီးေနတာေတြ။ ဒီေနရာေလးကို ပထမဦးဆံုး စေျပာေပးပါ။ သတၱဳတူးေဖာ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့။

ေျဖ ။ ။ သတၱဳတူးေဖာ္ေရးမွာ က်မတို႔ ကုမၸဏီမ်ားမ်ားမွာ beneficial ownership လို႔ေျပာတဲ့ ေနာက္ကြယ္ကေန အမွန္တကယ္ ပိုင္ဆိုင္သူေတြဟာ ဘယ္သူေတြလဲဆိုတာ က်မတို႔ မသိႏုိင္ဘူး။ အဲဒီေတာ့ ေလာေလာဆယ္ က်မတို႔ရဲ ႔ သတင္းအခ်က္အလက္ ေတာ္ေတာ္မ်ားမ်ားအရဆုိရင္ သက္ေသျပေနတာကေတာ့ တခ်ဳိ ႔ေတြက ျမန္မာႏုိင္ငံသားအမည္နဲ႔ ခံယူၿပီးေတာ့ ကုမၸဏီေတြကို ဒီမွာတူးေဖာ္ေနတယ္။ သို႔ေသာ္ အမွန္တကယ္ပိုင္ရွင္ေတြက တရုတ္မ်ားသာ ျဖစ္တယ္။ ဒါေၾကာင့္မို႔ ေက်ာက္စိမ္းေတြမွာ တရုတ္စာတန္းေတြ၊ banner ေတြကို သြားေထာင္ၿပီးေတာ့ ဓါတ္ပံုရိုက္ဖို႔ ႀကိဳးစားတဲ့အထိကို ရိွခဲ့တယ္။ ဒါေပမဲ့ တရားဥပေဒအရဆုိရင္ ဒါကို ခြင့္မျပဳဘူး။ ျမန္မာႏုိင္ငံသားပဲ ျဖစ္ရမယ္လို႔ ေျပာထားတယ္။ သို႔ေသာ္လဲ ဒီလို ျမန္မာႏုိင္ငံသားတစ္ေယာက္ေယာက္ နာမည္ခံၿပီး ဝင္ေနတာေတြလည္း အမ်ားႀကီး ရိွႏုိင္တယ္။ ရိွလည္းရိွေနတယ္။ ေနာက္ အဲဒီလိုမ်ဳိး လုပ္တဲ့အခါမွာ က်မတို႔က ေက်ာက္စိမ္းကို တူးေဖာ္ရာကေန ကုန္ၾကမ္းကေန တြင္းဝကေန ကုန္ေခ်ာ၊ သံုးစြဲသူေတြအထိ လက္ထဲေရာက္ဖို႔လို႔ ေျပာတဲ့အခါမွာ ေတာ္ေတာ္မ်ားမ်ားေသာ ေက်ာက္စိမ္းေတြဟာ ေမွာင္ခိုေစ်းကြက္ကပဲ သြားၾကတယ္။ ဒါကို ေမွာင္ခိုေစ်းကြက္လို႔ ေျပာလိုက္လို႔ရိွရင္ ဒါေတြဟာ ေက်ာက္စိမ္းေမွာင္ခိုကို ထြက္တာနဲ႔ တၿပိဳင္တည္း မူးယစ္ေဆးဝါးေတြကလည္း အမ်ားႀကီး ျပန္ဝင္လာတာေတြလည္း ရိွတယ္။ နယ္စပ္ကေနတဆင့္ ျပန္ဝင္လာတာေတြလည္း ရိွေနတယ္။

အဲဒီေတာ့ ေက်ာက္စိမ္းေနရာမွာ ထိခိုက္နစ္နာမႈဟာ သဘာဝသယံဇာတ ထိခိုက္တယ္။ လူေတြရဲ ႔ social life လူမႈေရးအရ ထိခိုက္နစ္နာမႈေတြ အမ်ားႀကီးရိွတယ္။ ၿပီးရင္ ဒုစရိုက္အားလံုးလည္း ေက်ာက္စိမ္းနယ္ေျမမွာ ျဖစ္တယ္။ အဓိကအထင္ရွားဆံုးက ေလာေလာဆယ္မွာ ပတ္ဝန္းက်င္ထိခိုက္မႈ ျဖစ္တယ္။ တႏွစ္တႏွစ္မွာ လူေပါင္းမ်ားစြာ ေသတယ္။ ၿပီးေတာ့ တူးေဖာ္တဲ့စနစ္ကလဲ စနစ္တက် ထိခိုက္နစ္နာမႈ မရိွေအာင္ ကာကြယ္မႈ မလုပ္ထားဘူး။ ၿပီးေတာ့ လုပ္သားေတြအားလံုးဟာ ပ်ံက်လုပ္သားေတြ ျဖစ္တဲ့အတြက္ေၾကာင့္ အာမခံခ်က္ မေပးထားတဲ့အခါၾကေတာ့ နစ္နာၿပီး၊ ေသဆံုးၿပီဆိုရင္လဲ ေလ်ာ္ေၾကးက ထိုက္တန္သေလာက္ မရဘူး။ တခ်ဳိ ႔ဆိုရင္ ဘယ္နားေရာက္သြားလို႔ ေသလား၊ ရွင္လားေတာင္ မသိရဘူး။ ဒီလိုျပႆနာေတြ အမ်ားႀကီးရိွေနပါတယ္။ ဒါကလဲ တရုတ္က အဓိကဝယ္ယူေနတဲ့ ကုန္ပစၥည္း ျဖစ္ေနတယ္။

ေနာက္တစ္ခုက ဒါကို Zero Budget နဲ႔ ျပန္ခ်ိတ္ဆက္တယ္။ ျမန္မာႏုိင္ငံက ဒီေက်ာက္စိမ္းကို အေခ်ာထည္ ထုတ္လုပ္တာ အင္မတန္နည္းပါတယ္။ ျမန္မာႏုိင္ငံကထြက္တဲ့ ေက်ာက္စိမ္းေတြဟာ တရုတ္ကို ထြက္သြားၿပီးမွ တရုတ္ကေန ကုန္ေခ်ာအေနနဲ႔ ျပန္ဝင္ေနပါတယ္။ အခု က်မတို႔ ဗိုလ္ခ်ဳပ္ေစ်း ေစ်းကြက္မွာ ၾကည့္မယ္ဆိုရင္ (၆၅) ရာခိုင္ႏႈန္းေလာက္ေသာ ကုန္ေခ်ာေတြဟာ တရုတ္ႏိ္ုင္ငံက ျပန္ဝင္လာတာကို ေရာင္းေနတယ္လို႔ သိရပါတယ္။ အဲဒီအခါၾကေတာ့ အတုအစစ္ မခြဲျခားႏုိင္သလို၊ ဒီဟာကို ျပန္ၿပီးဝယ္ယူဖို႔အတြက္ တရုတ္ကေန ေက်ာက္စိမ္းကို ျပၿပီးေတာ့ ခရီးသြားလုပ္ငန္းေတြ အမ်ားႀကီးလုပ္တဲ့အခါမွာ Zero Budget စနစ္နဲ႔ပဲ လုပ္တဲ့အခါၾကေတာ့ ျမန္မာႏုိင္ငံက ေက်ာက္စိမ္းနဲ႔ ပတ္သက္ၿပီးေတာ့ က်မတို႔ ဝင္ေငြရမႈ မရိွတဲ့အျပင္၊ ထိခိုက္နစ္နာမႈေတြ အမ်ားႀကီး တစီတပိုင္းႀကီး ေနာက္ဆက္တြဲေတြ ပါလာတာကို ေတြ႔ရတယ္။

အပိုင္း (၂)

==Unicode==

ကချင်ပြည်နယ်ထဲမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ကချင်လူထုရဲ့ သဘောထားက ဘယ်လို ရှိပါသလဲ။ တရုတ်စီးပွါးရေး စင်္ကြန်လမ်းနဲ့ ပတ်သက်ပြီး ကချင်လူထုက ဘာကို စိုးရိမ်နေကြပါသလဲ။ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့က ဒေါ်ခွန်ဂျာကို ရန်ကုန်မြို့ VOA ရုံးမှာ ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားတဲ့ ပထမပိုင်းကို တင်ဆက်ပေးထားပါတယ်။

မေး ။ ။ အခုလို VOA ကို လာရောက်ပြီး ဖြေကြားပေးတဲ့အတွက် ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့က ဒေါ်ခွန်ဂျာကို အများကြီးကျေးဇူးတင်ပါတယ်။ အခုမြန်မာနိုင်ငံမှာ တရုတ်က ရင်းနှီးမြုပ်နံှမှုတွေ အများကြီးလုပ်နေပါတယ်။ လုပ်နေတဲ့အထဲမှာ ကချင်ဒေသမှာ ပြည်သူတွေက စိုးရိမ်နေတယ်လို့ သိရပါတယ်။ ဆိုတော့ ဘယ်အကြောင်းအရာတွေကို အဓိကစိုးရိမ်နေတာလဲ။ တရုတ်နဲ့ ရင်းနှီးမြုပ်နံှမှုနဲ့ ပတ်သက်ပြီး ပထမဦးဆုံး ပြောပြပေးပါ။

ဖြေ ။ ။ နံပတ်တစ် ပြောရမယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ဆိုတဲ့ ကဏ္ဍထဲက လုပ်ငန်းတွေ တော်တော်များများက ကျမတို့ ကချင်ပြည်သူတွေ ဘယ်နေရာမှာ ဘာလုပ်မလဲဆိုတာ မသိတဲ့အတွက်ကြောင့်မို့ ပထမဦးဆုံး ပူပန်ကြပါတယ်။ အဲဒီထဲမှာမှ အခုလောလောဆယ် သိရှိထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွေရှိတယ်။ နောက်တခုကတော့ စီးပွားရေးဇုန်တွေ ရှိတယ်။ ဒီနှစ်ခုကို အဓိကထားပြီးတော့ ပူပန်ကြပါတယ်။

အဲဒါထက်ပိုဆိုးတာက အရင်တုန်းက လက်ကျန်ဖြစ်နေတဲ့ Pending ဖြစ်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းကိုလည်း ဆက်လက်လုပ်ဆောင်မှာကို စိုးရိမ်ပူပန်ကြပါတယ်။

မေး ။ ။ အဓိကတော့ မြစ်ဆုံဆည်စီမံကိန်းကို စိတ်ပူကြတာပေါ့။ ဒါပေမဲ့ တရုတ်ရဲ့ရင်းနှီးမြုပ်နံှမှုက အကုန်လုံးကို ဖြန့်ပြီးလုပ်နေတာပါ။ စောစောကပြောတဲ့ စီးပွားရေးစင်္ကြန်လမ်းမှာ ကချင်ဒေသတွင်းမှာ ထိခိုက်မှုတွေ အတော်များပါလား။ ပထမဦးဆုံး လမ်းပန်းဆက်သွယ်ရေးနဲ့ စပြီးတော့ ပြောပြပေးပါ။

ဖြေ ။ ။ လမ်းပန်းဆက်သွယ်ရေးထဲမှာ အခု စီးပွားရေးစင်္ကြန်လမ်းထဲမှာ ဘယ်လောက် အတိုင်းအတာအထိ ပါမလဲဆိုတဲ့ သတင်းအချက်အလက်တွေက အပြည့်အစုံ မရရှိသေးဘူး။ လောလောဆယ် ကျမတို့ သိထားသလောက်ဆိုရင် ကန်ပိုင် ဒီဘက်ကနေ မြစ်ကြီးနားကို ရောက်မယ်။ ပြီးတော့ မြစ်ကြီးနားကနေ အနောက်ဘက်ကိုဖြတ်တဲ့ လမ်းကြောင်းလည်း ဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကချင်ဒေသဟာ မြစ်ကြီးနားက အိန္ဒိယနဲ့ တရုတ်နိုင်ငံကို အတိုဆုံးကုန်လမ်းနဲ့ဖြတ်ပြီး ကုန်သွယ်ကူးသန်းနိုင်တဲ့ ကုန်လမ်းဖြစ်တယ်။ ပြီးတော့ ဒုတိယကတော့ ဗန်းမော်နေရာ ဖြစ်တယ်။ အဲဒီမှာ ရထားလမ်း၊ ကားလမ်းနဲ့ ရေကြောင်းလမ်းတွေ ပါမှာပါ။ အခုလောလောဆယ် ကားလမ်းလို့ ပြောတဲ့အခါမှာ ကျမတို့ ဗန်းမော်ခရိုင်မှာဆိုရင် မန်ဆီမြို့ထဲမှာဆိုရင် မနေ့က နှစ်ရက်လောက်ပဲ တူးသေးတဲ့အချိန်မှာ လမ်းဖောက်လုပ်မှုဟာ (၃၄) ပေကျယ်တဲ့ လမ်းဟာ တရုတ်ရဲ့ စီးပွားရေးဇုန်တစ်ခုဖြစ်တဲ့ မူဆယ်အထိကို ဆက်သွယ်ဖို့ လုပ်နေတယ်ဆိုတာကို သိရတယ်။ ပြီးရင် ရွာသားတွေအနေနဲ့ လုံးဝသတင်းအချက်အလက် မရဘဲ ဘတ်ဖိုးတွေ ဝင်လာပြီးတော့ တပ်မတော်အင်ဂျင်နီယာတပ်တွေက ဦးဆောင်ပြီးတော့ ဖောက်လုပ်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ မြန်လည်းမြန်ဆန်တယ်။ သို့သော်လဲ ရွာသားတွေက သတင်းအချက်အလက်လဲ မသိရဘူး။ ပြီးတော့ သူတို့မြေကွက်တွေဟာ သူတို့ရှေ့မှာပဲ ချက်ချင်းတူးဖော်သွားတဲ့အခါမှာ တော်တော်လေးကို ထိခိုက်ဖို့ကို ရှိပါတယ်။

အဲဒီမှာ တရွာလုံးရဲ့ လယ်ကွက်တွေ ပါသွားနိုင်တယ်။ ပြီးရင် သစ်သီးဝလံခြံတွေလည်း ပါသွားနိုင်သလို၊ အိုးအိမ်တွေလည်း ပါသွားနိုင်တယ်။ သို့သော်လဲ ဘယ်လမ်းကြောင်း ဖြတ်မယ်ဆိုတာလဲ မသိရတဲ့အခါကြတော့ မဖောက်သေးတဲ့ နေရာတွေအတွက်လည်း ပိုစိုးရိမ်တာပေါ့။

မေး ။ ။ ဒီလမ်းပန်းဆက်သွယ်ရေးကတော့ ဒေသတွင်း ဖွံ့ဖြိုးဖို့ အများကြီးအရေးပါတာပေါ့။ ဒါပေမဲ့ ဒီလိုလမ်းဖောက်တဲ့နေရာမှာ ဒေသခံလူတွေ သိဖို့တော့ လိုတာပေါ့။ ဟုတ်တယ်မဟုတ်လား။ ဘယ်နေရာမှာဖောက်မယ်။ ဘာတွေလုပ်မယ်။ ဘယ်အတိုင်းအတာအထိ ပျက်ဆီးမယ်ဆိုတာကို မသိဘဲနဲ့လုပ်တော့။ အခုက စစ်တပ်က လုပ်သွားတယ်ဆိုတော့ တရုတ်စီးပွားရေးစင်္ကြန်လမ်းနဲ့ ဘာများပတ်သက်နေပါလဲ။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဓိကတော့ စီးပွားရေးစင်္ကြန်လမ်းရဲ့ ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ ဧရာဝတီ ကော်ရိုက်တာနဲ့ မူဆယ်ဘက်က ရှိနေတဲ့ စီးပွားရေးဇုန်တွေကို ဆက်သွယ်ပေးဖို့ လမ်းဖြစ်တယ်။ ဆက်သွယ်ဖို့ ချိတ်ဆက်နေတယ်လို့ ယူဆလို့ရတယ်။ လောလောဆယ် သူတို့သွားနေတဲ့ မြေပုံအရ။ သို့သော်လဲ ဒါနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကိုတော့ အတိအကျ ဘယ်အင်တာနက်၊ ဘယ်ဝက်ဆိုဒ်မှာမှ၊ ဘယ်ဌာနမှာမှ တောင်းယူလို့မရတဲ့အခါ ပိုပြီးမှ အခက်အခဲ ရှိပါတယ်။ နောက်တခါကြတော့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ သွားမေးတဲ့အခါမှာလဲ လွှတ်တော်ကိုယ်စားလှယ်တွေကလဲ တပိုင်းတပိုင်းလေးတွေပဲရှိပြီး၊ သူတို့ဆီမှာ ဒီလမ်းကြောင်းဟာ ဘယ်လောက်အထိ ဆက်သွားမလဲ။ ဘယ်လောက်အထိ ထိခိုက်မလဲ။ ဘယ်သူတွေက ဘာကိုရောင်းဝယ်ကူးသန်းမလဲ။ ပြီးတော့ ဒေသခံတွေ ဘယ်လိုထိခိုက်ကြမလဲဆိုတာကို မစဉ်းစားကြသေးတဲ့ အချိန်မှာ အကောင်အထည်ဖော်မှုက ချက်ချင်းဝင်လာတာ ဖြစ်တယ်။

နောက်ဒုတိယတစ်ခုကတော့ ဒီလမ်းလို့ ပြောတဲ့အခါမှာ ရေကြောင်းလမ်းလည်း ပါဝင်ပါတယ်။ ရေကြောင်းလမ်းကတော့ ဧရာဝတီမြစ်ကို အသုံးချပြီး တရုတ်နိုင်ငံက ကုန်စည်တွေကို ပင်လယ်ဝအထိ ပို့ဆောင်ဖို့ ဖြစ်တယ်လို့ သိရတယ်။ အဲဒီတော့ ဧရာဝတီမြစ်ကြောင်းဟာ လောလောဆယ် ဒီနွေရာသီမှာဆိုရင် တော်တော်လေးကို ရေတိမ်ပါတယ်။ မိုးရာသီမှာတော့ ရေက အများကြီးကမ်းပါးတွေကို တိုက်စားနေပြန်တယ်။ အဲဒီတော့ ဒီရေကို အမြဲတမ်း ကုန်စည်ကူးသန်း သယ်ဆောင်လို့ရအောင် ပြုပြင်မွမ်းမံဖို့ဆိုရင် ရေကြောင်းကို ဘယ်လိုထိန်းသိမ်းမလဲ။ အဲဒီအခါ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိမလဲ။ ပြီးတော့ မြစ်ကမ်းဘေးက ကျေးရွာ၊ မြို့နယ်တွေကို ဘယ်လိုထိခိုက်မလဲ။ နောက် ဒီမှာ ဟာမိုနီဖြစ်နေတဲ့ သဟဇာတဖြစ်နေတဲ့ မြစ်ကြောင်းတလျှောက်ကို အမှီပြုပြီးမှ စိုက်ပျိုးရေးလုပ်နေတဲ့ နေရာတွေကို ဘယ်လိုထိခိုက်မလဲဆိုတာကို မသိနိုင်သေးဘူး။ ဒါကြောင့်မို့ စိုးရိမ်မှု ဖြစ်ပါတယ်။

ထိုနည်းတူစွာ ရထားလမ်းကလည်း ဘယ်နေရာတွေကို ဘယ်လိုဖောက်သွားမလဲဆိုတာလဲ မသိတဲ့အခါကြတော့ ဖောက်မယ်လို့ နေပြည်တော်မှာ ဆွေးနွေးတယ်လို့ ကြားပေမယ့်၊ ကျမတို့ ဟိုမှာကြတော့ လက်တွေ့မှာ ဘယ်သူတွေ ထိခိုက်မလဲဆိုတာ အတိအကျ မသိရသေးဘူးရှင့်။

မေး ။ ။ ဆိုတော့ လမ်းပန်းဆက်သွယ်ရေးကို ဒေသခံတွေက ကြိုဆိုပေမယ့် သူတို့ သိချင်တယ်။ ဘာတွေလုပ်မယ်ဆိုတာကို အကုန်လုံး သူတို့ကို ချပြစေချင်တယ်။ အခုက လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် မသိသေးဘူးဆိုတော့ စိုးရိမ်မယ်ဆိုလဲ၊ စိုးရိမ်စရာ ဖြစ်နေတယ်။ နောက် လမ်းပန်းဆက်သွယ်ရေးပြီးတော့ အဓိက မြစ်ဆုံဆည်စီမံကိန်း - ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အခု ကချင်ဒေသခံ အဖွဲ့အစည်းတွေကလည်း တရုတ်သမ္မတချီကျင်ဖိန် ကို စာတွေပေးပို့ပြီးတော့ ရပ်ဆိုင်းဖို့ဆိုပြီးတော့ ပြောနေကြပါတယ်။ ဆိုတော့ မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အခုထက်ထိ ဒေသခံတွေ စိတ်ပူနေတာကို နည်းနည်းပြောပြပေးပါအုံး။

ဖြေ ။ ။ ဒေသခံတွေတင် မဟုတ်ဘူး၊ တနိုင်ငံလုံး စိတ်ပူနေကြတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော မြစ်မကြီး၊ ပြီးတော့ ဧရာဝတီမြစ်ဝှမ်းဒေသလို့ ပြောရင် မြန်မာနိုင်ငံရဲ့ (၆၅) ရာခိုင်နှုန်း ရှိနေပါတယ်။ အဲဒီ (၆၅) ရာခိုင်နှုန်းအထိ ထိခိုက်ဖို့အတွက် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဧရာဝတီမြစ်ဆုံ တစ်ခုခုဖြစ်သွားသည်ရှိသော် ပျက်သွားနိုင်တယ်။ ပြီးတော့ ဒီဥစ္စာက မြန်မာနိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်အတွက် မဟုတ်ဘဲနဲ့၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြုပ်နံှမှုအတွက် အသုံးချသလို ဖြစ်နေပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံအတွက်သာ လိုအပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့ မြစ်ငယ်ချောင်းငယ်တွေဆီကနေ ရရှိတဲ့ လျှပ်စစ်တွေဟာ ကျမတို့အတွက် ဖူလုံပါတယ်။ ဥပမာ ကချင်ပြည်နယ်ဆိုရင် တစ်ခုတည်းသော လျှပ်စစ်ပိုလျှံနေသော ပြည်နယ်ဖြစ်တယ်။ သို့သော်လဲပဲ ကျမတို့ လျှပ်စစ်မီးမလင်းတာဟာ ဓါတ်တိုင်တွေ၊ ဓါတ်အားပေးလိုင်းတွေကို မဆွဲနိုင်တဲ့အတွက်ကြောင့် မီးမလင်းနိုင်တာ ဖြစ်တယ်။ အခုလောလောဆယ်တော့ တာပိန်က ရေအားလျှပ်စစ်ကိုတော့ national grid ထည့်ပြီလို့ ပြောတယ်။ သို့သော်လဲ ဒီဟာမျိုး တနိုင်ငံလုံးကို ဖြန့်ချီဖို့ဆိုရင် တာပိန်လို၊ သို့မဟုတ် အဲဒီထက်ငယ်တဲ့ မြစ်ငယ်ချောင်းငယ်တွေဆီက ထုတ်တာနဲ့တင် ကျမတို့ ကောင်းကောင်းမွန်မွန် ထုတ်ကုန်အတွက်တောင် လုံလောက်ပါတယ်။ အဲဒီတော့ ဧရာဝတီကို မထိဘူး။ ပြီးတော့ ဧရာဝတီမြစ်ဆုံနဲ့ ဧရာဝတီကော်ရစ်တာတစ်ခုလုံးကို ကျမတို့ စောင့်ကြည့်ဖို့ လိုအပ်တယ်။ တနိုင်ငံလုံးရဲ့ အသက်သွေးကြော ဖြစ်တဲ့အတွက်ကြောင့်မို့ပါ။

မေး ။ ။ အခု လမ်းပန်းဆက်သွယ်ရေး၊ ရေအားလျှပ်စစ်ကဏ္ဍမှာ ကချင်လူထုနဲ့ တနိုင်ငံလုံးအတွက် စိုးရိမ်နေရတယ်ပေါ့။ ဆိုတော့ နောက်တစ်ခုက တရုတ်က ရင်းနှီးမြုပ်နံှမှုတွေထဲမှာ အဓိကက စီးပွားရေးဇုန်တွေ လုပ်ဖို့ပါပါတယ်။ ဒီထဲမှာဆိုရင် ကန်ပိုက်တီ စီးပွားရေးဇုန်နဲ့ မြစ်ကြီးနား စီးပွားရေးဇုန် (၂) ခုဟာ အဓိက ကချင်ပြည်နယ်ထဲမှာ အခြေချမှာပါ။ ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ပူပန်မှုတွေ ရှိနေပါလဲ။

ဖြေ ။ ။ စီးပွားရေးဇုန်တွေမှာလဲ အခုအချိန်မှာ ဘယ်လောက်မြေဧက အကွက်အကျယ်ကို ထိခိုက်မလဲဆိုတာကို သိပါပြီ။ သို့သော်လဲ တခြားသောလုပ်ငန်းတွေနဲ့ တန်းတူပဲ ဒီဟာကို ပြန်လည်ပြီးတော့မှ ဒေသခံတွေကို လျော်ကြေးပေးတဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ လျော်ကြေးပေးမလဲ။ ဘယ်လိုနေရာမျိုးကို ရွှေ့ပြောင်းပေးမလဲ။ ပြီးတော့ သူတို့ရဲ့ အလုပ်အကိုင်၊ သက်မွေးဝမ်းကြောင်းကို ဘယ်လိုတာဝန်ယူပေးမလဲ ဆိုတာတွေ လုံးဝမပေါ်ပါဘူး။ မသိရပါဘူး။ နောက်ပြီးတော့မှ စီးပွားရေးဇုန်တွေနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင်အရ၊ လူမှုရေးအရ ထိခိုက်မှုတွေကို ကြိုတင်စမ်းစစ်ရမယ့် EIA/SIA Processes တွေကို လုပ်ထားသလား၊ မလုပ်ထားဘူးလား ဆိုတာလဲ ကျမတို့ မသိရဘူး။ ဒီလိုသတင်းအချက်အလက်တွေ မသိရတဲ့အခါ ပိုပြီးစိုးရိမ်ပူပန်ပါတယ်။ ပြီးတော့ ဒီနေရာမှာ ရှိနေတဲ့ လူတွေ၊ အိမ်ထောင်စုတွေ ထိခိုက်နစ်နာသူတွေ အကုန်လုံးဟာ နစ်နာမှုကနေ ပြန်လည်ထူထောင်နိုင်မယ့်၊ ပြန်လည်လှုပ်ရှားသွားလာနိုင်ဖို့အတွက် လူတန်းစေ့နေနိုင်ဖို့အတွက် ပြန်လည် recover ဖြစ်မလားဆိုတာလဲ မသိရဘူးပေါ့။ အသီးအနံှလျော်ကြေးပဲ ပေးတယ်ဆိုရင် မြေကြီးကို ဘယ်လိုလုပ်မလဲ။ ဒီမြေကို သူတို့အနေနဲ့ ဒီလျော်ကြေးနဲ့ ဒီလောက်ပမာဏမြေကိုလည်း ပြန်မဝယ်နိုင်ဘူး။

နောက်တစ်ခုကတော့ အသက်မွေးဝမ်းကြောင်း ဖြစ်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံသား တော်တော်များများက စက်ရုံအလုပ်ရုံထဲမှာ အလုပ်လုပ်တဲ့ ဓလေ့မရှိဘူး။ အကုန်လုံး တောသူတောင်သားတွေက မြေကြီးမှာပဲ လုပ်ကိုင်စားသောက်တာ ဖြစ်တယ်။ အဲဒီတော့ ဒီမြေယာတွေ ဆုံးရှုံးသွားတာ၊ စက်မှုဇုန်တို့၊ စီးပွားရေးဇုန်တို့ ဆုံးရှုံးသွားပေမယ့် သူုတို့တွေဟာ သူတို့လုပ်ထားတဲ့ စက်မှုဇုန်တွေမှာ အလုပ်အကိုင်ရရှိဖို့ဆိုတာ မလွယ်ကူပါဘူး။ တော်တော်များများ တရုတ်နိုင်ငံ စီမံကိန်းတွေမှာ တရုတ်လုပ်သားတွေနဲ့ပဲ လည်ပတ်တာ ဖြစ်တယ်။ လမ်းဖောက်တာကအစ အလုပ်ကြမ်းကအစ တရုတ်နိုင်ငံ လုပ်သားတွေကိုပဲ အသုံးပြုတယ်။ ဒါကြောင့်မို့ အလုပ်အကိုင် ဖော်ထုတ်ဖို့အတွက် ပြောတယ်။ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်ရရှိဖို့တော့ မဟုတ်ဘူးလို့ ယူဆပါတယ်ရှင့်။

အဲဒီတော့ ဒီလိုပြဿနာတွေရှိပြီး၊ စိုက်ပျိုးရေးပဲ လုပ်တတ်တဲ့ လူတွေဟာ နောက်ထပ် နေရာသစ်ကို ပြောင်းထားရင်တောင် ဘာတွေလုပ်စားကြမလဲ။ မြေမရှိတော့ဘူးဆိုတဲ့ အခြေအနေမျိုးမှာ အခက်အခဲတွေ အများကြီး ရှိပါလိမ့်မယ်။ ဒါကိုလဲ စိုးရိမ်ကြပါတယ်။
မေး ။ ။ စီးပွားရေးအတွက်လဲ စိတ်ပူရတာပေါ့။ နောက်တခု ကျမသိနေတာက တရုတ်က သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာလဲ မြန်မာအစိုးရနဲ့ စာချုပ်တွေ ချုပ်ဆိုဖို့တွေ လုပ်နေပါတယ်။ အဲဒီအထဲမှာမှ အပိုင်း (၃) ပိုင်း ခွဲပြီးတော့ ဒေါ်ခွန်ဂျာ နည်းနည်းပြောပြပေးပါ။ ပထမဦးဆုံးအပိုင်းကတော့ ကျောက်စိမ်းအပိုင်းပေါ့။ ကျောက်စိမ်းနဲ့ နောက်တစ်ခုက အဓိကတော့ ဖားကန့်က ပျက်စီးနေတာတွေ။ ဒီနေရာလေးကို ပထမဦးဆုံး စပြောပေးပါ။ သတ္တုတူးဖော်ရေးနဲ့ ပတ်သက်ပြီးတော့။

ဖြေ ။ ။ သတ္တုတူးဖော်ရေးမှာ ကျမတို့ ကုမ္ပဏီများများမှာ beneficial ownership လို့ပြောတဲ့ နောက်ကွယ်ကနေ အမှန်တကယ် ပိုင်ဆိုင်သူတွေဟာ ဘယ်သူတွေလဲဆိုတာ ကျမတို့ မသိနိုင်ဘူး။ အဲဒီတော့ လောလောဆယ် ကျမတို့ရဲ့ သတင်းအချက်အလက် တော်တော်များများအရဆိုရင် သက်သေပြနေတာကတော့ တချို့တွေက မြန်မာနိုင်ငံသားအမည်နဲ့ ခံယူပြီးတော့ ကုမ္ပဏီတွေကို ဒီမှာတူးဖော်နေတယ်။ သို့သော် အမှန်တကယ်ပိုင်ရှင်တွေက တရုတ်များသာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျောက်စိမ်းတွေမှာ တရုတ်စာတန်းတွေ၊ banner တွေကို သွားထောင်ပြီးတော့ ဓါတ်ပုံရိုက်ဖို့ ကြိုးစားတဲ့အထိကို ရှိခဲ့တယ်။ ဒါပေမဲ့ တရားဥပဒေအရဆိုရင် ဒါကို ခွင့်မပြုဘူး။ မြန်မာနိုင်ငံသားပဲ ဖြစ်ရမယ်လို့ ပြောထားတယ်။ သို့သော်လဲ ဒီလို မြန်မာနိုင်ငံသားတစ်ယောက်ယောက် နာမည်ခံပြီး ဝင်နေတာတွေလည်း အများကြီး ရှိနိုင်တယ်။ ရှိလည်းရှိနေတယ်။ နောက် အဲဒီလိုမျိုး လုပ်တဲ့အခါမှာ ကျမတို့က ကျောက်စိမ်းကို တူးဖော်ရာကနေ ကုန်ကြမ်းကနေ တွင်းဝကနေ ကုန်ချော၊ သုံးစွဲသူတွေအထိ လက်ထဲရောက်ဖို့လို့ ပြောတဲ့အခါမှာ တော်တော်များများသော ကျောက်စိမ်းတွေဟာ မှောင်ခိုဈေးကွက်ကပဲ သွားကြတယ်။ ဒါကို မှောင်ခိုဈေးကွက်လို့ ပြောလိုက်လို့ရှိရင် ဒါတွေဟာ ကျောက်စိမ်းမှောင်ခိုကို ထွက်တာနဲ့ တပြိုင်တည်း မူးယစ်ဆေးဝါးတွေကလည်း အများကြီး ပြန်ဝင်လာတာတွေလည်း ရှိတယ်။ နယ်စပ်ကနေတဆင့် ပြန်ဝင်လာတာတွေလည်း ရှိနေတယ်။

အဲဒီတော့ ကျောက်စိမ်းနေရာမှာ ထိခိုက်နစ်နာမှုဟာ သဘာဝသယံဇာတ ထိခိုက်တယ်။ လူတွေရဲ့ social life လူမှုရေးအရ ထိခိုက်နစ်နာမှုတွေ အများကြီးရှိတယ်။ ပြီးရင် ဒုစရိုက်အားလုံးလည်း ကျောက်စိမ်းနယ်မြေမှာ ဖြစ်တယ်။ အဓိကအထင်ရှားဆုံးက လောလောဆယ်မှာ ပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်တယ်။ တနှစ်တနှစ်မှာ လူပေါင်းများစွာ သေတယ်။ ပြီးတော့ တူးဖော်တဲ့စနစ်ကလဲ စနစ်တကျ ထိခိုက်နစ်နာမှု မရှိအောင် ကာကွယ်မှု မလုပ်ထားဘူး။ ပြီးတော့ လုပ်သားတွေအားလုံးဟာ ပျံကျလုပ်သားတွေ ဖြစ်တဲ့အတွက်ကြောင့် အာမခံချက် မပေးထားတဲ့အခါကြတော့ နစ်နာပြီး၊ သေဆုံးပြီဆိုရင်လဲ လျော်ကြေးက ထိုက်တန်သလောက် မရဘူး။ တချို့ဆိုရင် ဘယ်နားရောက်သွားလို့ သေလား၊ ရှင်လားတောင် မသိရဘူး။ ဒီလိုပြဿနာတွေ အများကြီးရှိနေပါတယ်။ ဒါကလဲ တရုတ်က အဓိကဝယ်ယူနေတဲ့ ကုန်ပစ္စည်း ဖြစ်နေတယ်။

နောက်တစ်ခုက ဒါကို Zero Budget နဲ့ ပြန်ချိတ်ဆက်တယ်။ မြန်မာနိုင်ငံက ဒီကျောက်စိမ်းကို အချောထည် ထုတ်လုပ်တာ အင်မတန်နည်းပါတယ်။ မြန်မာနိုင်ငံကထွက်တဲ့ ကျောက်စိမ်းတွေဟာ တရုတ်ကို ထွက်သွားပြီးမှ တရုတ်ကနေ ကုန်ချောအနေနဲ့ ပြန်ဝင်နေပါတယ်။ အခု ကျမတို့ ဗိုလ်ချုပ်ဈေး ဈေးကွက်မှာ ကြည့်မယ်ဆိုရင် (၆၅) ရာခိုင်နှုန်းလောက်သော ကုန်ချောတွေဟာ တရုတ်နိုင်ငံက ပြန်ဝင်လာတာကို ရောင်းနေတယ်လို့ သိရပါတယ်။ အဲဒီအခါကြတော့ အတုအစစ် မခွဲခြားနိုင်သလို၊ ဒီဟာကို ပြန်ပြီးဝယ်ယူဖို့အတွက် တရုတ်ကနေ ကျောက်စိမ်းကို ပြပြီးတော့ ခရီးသွားလုပ်ငန်းတွေ အများကြီးလုပ်တဲ့အခါမှာ Zero Budget စနစ်နဲ့ပဲ လုပ်တဲ့အခါကြတော့ မြန်မာနိုင်ငံက ကျောက်စိမ်းနဲ့ ပတ်သက်ပြီးတော့ ကျမတို့ ဝင်ငွေရမှု မရှိတဲ့အပြင်၊ ထိခိုက်နစ်နာမှုတွေ အများကြီး တစီတပိုင်းကြီး နောက်ဆက်တွဲတွေ ပါလာတာကို တွေ့ရတယ်။

အပိုင်း (၂)

XS
SM
MD
LG