သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုက္ပဲြနဲ႕ ကပ္ေရာဂါ အႏၱရာယ္ၾကားက ရွမ္းျပည္နယ္ ဒုကၡသည္မ်ား


၂၀၁၉ ၾသဂုတ္လတုန္းက ရွမ္းျပည္နယ္ ကြတ္ခိုင္မွ ထြက္ေျပးလာေသာ ဒုကၡသည္မ်ား

( ဒုကၡသည္မ်ားေန႔ အထူးအစီအစဥ္)
(Zawgyi/Unicode)

တုိင္းရင္းေဒသေတြက တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြနဲ႔ အစိုးရတပ္ တိုက္ပြဲေတြေၾကာင့္ စစ္ေရွာင္ထြက္ေျပးၾကရၿပီး ေနရပ္ရင္းေတြကို မျပန္ရဲၾကေတာ့ပဲ အသက္ေဘးလြတ္ရာမွာ အေျခခ်ေနဖို႔ ႀကိဳးစား႐ုန္းကန္ေနရတဲ့ ရွမ္းျပည္နယ္ထဲက ဒုကၡသည္ေတြအေၾကာင္း ဒုကၡသည္မ်ားေန႔ အထူးအစီအစဥ္အျဖစ္ မဆုမြန္က စုစည္းတင္ဆက္ေပးပါမယ္။

စစ္မီးေတြ မၿငိမ္းႏိုင္ေသးတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသဘက္မွာ အခုအခ်ိန္အထိကို တုိင္းရင္းသား လက္နက္ကိုင္တပ္ေတြနဲ႔ အစိုးရတပ္တို႔ၾကား တုိက္ပြဲေတြက အျပင္းအထန္ ဆက္ျဖစ္ပြားေနဆဲပါ။ အထူးသျဖင့္ကေတာ့ ရွမ္းလက္နက္ကိုင္တပ္ ေနာက္ TNLA တအာင္းပေလာင္တပ္အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ တပ္ေပါင္းစု နဲ႔ ျမန္မာအစိုးရတပ္တို႔ၾကားတိုက္ခုိက္ ထိုးစစ္ဆင္တာေတြ မၾကာခဏျဖစ္ပြားေနပါတယ္။

ဒီလိုမၿငိမ္းႏုိင္ေသးတဲ့စစ္မီးေတြၾကား စစ္ေရးပဋိပကၡေတြတင္းမာေနတာမို႔ ေထာင္ခ်ီတဲ့ ရွမ္းျပည္နယ္တြင္းက ေဒသခံရွမ္းလူထု အပါအဝင္ အဲ့ဒီ့ေဒသမွာေနထိုင္တဲ့ တိုင္းရင္းသားျပည္သူေတြဟာ အသက္ေဘးလြတ္ရာ အိုးအိမ္စြန္႔ခြာ တိမ္းေရွာင္ ထြက္ေျပးေနၾကရပါတယ္။ တကမာၻလံုး COVID-19 ကပ္ေရာဂါျဖစ္ေနခ်ိန္ ဒုကၡသည္ေတြ မွာ စစ္ေဘးေရာ ေရာဂါေဘးေၾကာင့္ အႏၱရာယ္ၾကီးတဲ့ အေနအထားျဖစ္ေနတယ္လို႔ တအာင္းအမ်ိဳးသမီးအဖြဲ႔အစည္းရဲ႕အၾကံေပး ေလြင္းပိုးညင္းေျပာျပပါတယ္။

“ အခု က်မတို႔ တအာင္းေဒသမွာဆိုရင္ အခုထိ တုိက္ပြဲေတြက မရပ္ေသးဘူး အခုကပ္ဆိုးေရာဂါျဖစ္ေပမဲ့လည္း စစ္ေဘးေရွာင္ေတြက တိုးလာတာပဲရွိတယ္။ သူမ်ားဆို နယ္စပ္ဘက္ေတြေျပးလို႔ရတယ္ က်မတို႔က ျပည္တြင္းမွာပဲ လွည့္လည္ေျပးေနၾကရတယ္။ အေျခအေနနည္းနည္းၿငိမ္တာနဲ႔ျပန္သြားေပါ့။ အဲ့လို ကစဥ္႔ကလ်ားေျပးေနရတဲ့သူေတြကို ကိန္းဂဏန္းအရ တိတိက်က်ေျပာဖို႔သိပ္ခက္တယ္။ အဲ့ေတာ့ သြားကူရတဲ့အခါမွာလည္း ကန္႔သတ္ခ်က္ေတြရွိေတာ့ အကူအညီေတြ ေရာက္သင့္သေလာက္မေရာက္ဘူး အရမ္းအခက္ခဲျဖစ္တယ္။ အခုလို ကပ္ေရာဂါၾကီးျဖစ္ေနခ်ိန္မွာ အသက္အႏၱရာယ္ေတြလည္း အမ်ားၾကီးရွိပါတယ္။အဲ့လိုျဖစ္တဲ့အတြက္ ႏွစ္ဘက္စလံုးက တုိက္ပြဲေတြရပ္ဖို႔ေတာ့ လိုအပ္တယ္။”

စစ္ေရွာင္ဒုကၡသည္အမ်ားစုကိုေတာ့ ခရစ္ယာန္ဘုရားရွိခိုးေက်ာင္း ၊ ဘုန္းေတာ္ၾကီးေက်ာင္းေတြနဲ႔ စာသင္ေက်ာင္းေတြမွာ ရွမ္းၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ေဒသခံေတြက ကူညီေစာင့္ေရွာက္ ေပးထားၾကၿပီးတိုက္ပြဲေတြ ေခတၱၿငိမ္သက္သြားခ်ိန္ တခ်ိဳ႕ေနရပ္ကိုျပန္ သြားၾကတာရွိသလို အမ်ားစုကေတာ့ မိုင္းအႏၱရာယ္လို ဆက္ျဖစ္လာႏိုင္ေျခရွိတဲ့ တုိက္ပြဲအေငြ႕အသက္ေတြေၾကာင့္ အသက္အႏၱရာယ္အတြက္ စိုးရိမ္ရတာေၾကာင့္ ေဘးလြတ္ရာေနရာေတြမွာ ဆက္လက္ခိုလံႈေနၾကၿပီး အဲ့ဒီ့ေဒသေတြမွာ အေျခခ်ဖို႔ ၾကိဳးစားလာေနၾကတယ္လို႔ ကူညီေစာင့္ေရွာက္ေပးေနသူေတြက ေျပာပါတယ္။

တိုက္ပြဲေတြၾကား တိမ္းေရွာင္လာတဲ့ ရွမ္းျပည္သူေတြ လိုအပ္ခ်က္ကို ကူညီေစာင့္ေရွာက္ေပးေနတဲ့ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးဌာန အလုပ္အမႈေဆာင္ေကာ္မတီဝင္ ဦးမိုင္းသိန္းေဇာ္က ေနရပ္ရင္းကိုမျပန္ရဲၾကေတာ့တဲ့ တိုင္းရင္းသားေတြ ရဲ႕လက္ရွိအေနအထားကိုေျပာျပပါတယ္။

“ ေျမာက္ပိုင္းမဟာမိတ္တပ္နဲ႔ ျမန္မာ့တပ္မေတာ္နဲ႔ တုိက္ပြဲေတြျဖစ္ခဲ့တာ၊ အခု က်ေနာ္တို႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ နမ့္ဆန္မွာေတာ့ မရွိေတာ့ဘူးခင္ဗ်။ မန္းတံုမွာကေတာ့ ကမ့္ ၂ခု က်န္ေနပါတယ္ခင္ဗ်။ ၁ခုက လီဆူးတိုင္းရင္းသားေတြ ေနာက္ ၁ခုကေတာ့ ကခ်င္တုိင္းရင္းသားေတြ ရွိေနတယ္ခင္ဗ်။ သူတို႔ကို လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ျပန္လည္ေနရာခ်ထားေရးဝန္ၾကီးဌာန လူကယ္ျပန္ကေန စားဖို႔ေသာက္ဖို႔ လစဥ္ေထာက္ပံ့ထားတာေတာ့ ရွိပါတယ္ဗ်။သူတို႔ေတြကေနတာလည္းၾကာၿပီ။ တုိက္ပြဲေတြျဖစ္တာ ၂၀၁၂ကတည္းက သူတို႔မျပန္ခ်င္တာေလ။ တျခားတုိင္းရင္းသားေတြ ပေလာင္တုိင္းရင္းသားေတြ လည္းရွိတယ္ ပေလာင္တိုင္းရင္းသားေတြက ဘာလုပ္လဲဆိုရင္ မိမိတို႔ရဲ႕ ေမြးရပ္ ေနရပ္ဇာတိကိုျပန္သြားတယ္။ ဒါေပမဲ့ အဲ့ဒီ့လီဆူးတုိင္းရင္းသားနဲ႔ ကခ်င္တုိင္းရင္းသားေတြကေတာ့ သူတို႔မျပန္ပဲနဲ႔ ဒုကၡသည္စခန္း ေတြထဲမွာ ဒုကၡသည္ေတြအျဖစ္ ဆက္ ေနေနဆဲပါ ယေန႔အထိပါခင္ဗ်။”

ဒီတိုင္းရင္းသားေတြလိုပဲ ေနရပ္ကိုမျပန္ခ်င္ေတာ့ပဲ ေဘးလြတ္ရာေနရာသစ္ေတြမွာ ခိုလံႈေနထိုင္အေျခခ်ဖို႔ ၾကိဳးစားေနၾကတဲ့ စစ္ေရွာင္ျပည္သူေတြကေတာ့ ရွမ္းျပည္နယ္ ေတာင္ပိုင္း မိုင္း႐ႈးၿမိဳ႕နယ္ထဲက ဟိုက္ပါစစ္ေရွာင္စခန္းက ဒုကၡသည္ေတြပါ။

ဟိုက္ပါစစ္ေရွာင္စခန္းအေရာက္ ဒုကၡသည္ေတြအတြက္ အေရးေပၚ လူသားခ်င္းစာနာမႈအကူညီေတြနဲ႔ လိုအပ္ခ်က္ေတြ ဝိုင္းကူညီေပးခဲ့သူ ျမန္မာလူထုမဟာမိတ္အဖြဲ႔က ကိုမိုးက-သူ႔အေတြ႔ အၾကံဳ ေျပာျပပါတယ္။

“ အဲ့တုန္းက သူတို႔ ဟိုက္ပါေနရာကို စစ္ေဘးေရွာင္စခန္းကို ေရာက္လာၾကတာေပါ့ေနာ္ အဲ့ဒီ့ထဲမွာ ပေလာင္တုိင္းရင္းသားေတြ ၊ လီဆူတိုင္းရင္းသားေတြ ၊ ရွမ္းတုိင္းရင္းသားေတြ ေရာက္လာၾကတယ္။ သူတို႔က အခု ထြက္ေျပးလာၾကတဲ့ မူလရြာေတြကို မျပန္ေတာ့ပဲနဲ႔ အဲ့ဒီ့ဟိုက္ပါရြာရဲ႕ အျပင္ဘက္နားေလးမွာ အရင္စစ္ေဘးေရွာင္စခန္းနား အဲ့နားေလးမွာ ဟိုက္ပါရြာရဲ႕ကူညီမႈနဲ႔ ရြာတည္လိုက္ၾကတယ္ဗ်။ အဓိကကေတာ့ သူတို႔မျပန္ရဲဘူး သြားဖို႔လာဖို႔က မိုင္းမိတာတို႔ ဘာတို႔ၾကားေတာ့ စိုးရိမ္မႈေတြလည္းရွိတယ္ ထင္ပါတယ္။ ေနာက္တခုက ဒီလိုမ်ိဳး ထပ္ျဖစ္လာဦးမလား ထပ္ေျပးရဦးမလားဆိုတာ အကဲျဖတ္လို႔မရဘူးေပါ့ေနာ္။ အဲ့ဒီ့အတြက္ မူလေနရာေတြကို ျပန္မသြားၾကေတာ့ဘဲနဲ႔ အဲ့ဒီ့ရြာေတြမွာပဲ ေနလိုက္ၾကေတာ့မယ္လို႔ က်ေနာ့္အေနနဲ႔သိရပါတယ္။

ေနာက္တခုက အဲ့ဒီ့အတြက္ျဖစ္ေပၚလာႏုိင္တာေတြက ဒီေက်းရြာေတြက က်ေနာ္တို႔ရွမ္းျပည္မွာ ဆိုလို႔ရွိရင္ ခဏ ခဏ စစ္ေရွာင္ေနၾကရတဲ့ရြာေတြဆိုေတာ့-သူတို႔အတြက္ အာမခံခ်က္ေတြ ဥပမာ ေျမယာပိုင္ဆိုင္ခြင့္ေတြ ေက်းရြာနယ္နမိတ္အျဖစ္ သတ္မွတ္ဖို႔ေတြက ဥပေဒအရ ျပည္ထဲေရးက အသိအမွတ္ျပဳမွပဲ သူတို႔ရဲ႕ဖြံ႔ၿဖိဳးတိုးတက္ေရးေတြ အစိုးရရဲ႕ကူညီေထာက္ပံ့မႈေတြက တရားဝင္အက်ိဳးခံစားခြင့္ရွိမွာ။အသိအမွတ္မျပဳရင္ ဒီလူေတြအတြက္ အာမခံခ်က္မရွိဘူးျဖစ္ေနတာေပါ့။”

ရွမ္းျပည္နယ္ကြတ္ခိုင္ဘက္ ေကာင္းနိမ္၊ ေရႊေမွာ္စတဲ့ေက်းရြာေတြနားမွာ ၂၀၂၀ျပည့္ႏွစ္ ဇြန္လဆန္းပိုင္း စစ္တပ္နဲ႔ TNLA တအာင္းတပ္တို႔ၾကား တုိက္ပြဲေတြျဖစ္ေနဆဲပါ။ ကြတ္ခိုင္ဘက္မွာ တိုက္ပြဲေတြျဖစ္တုိင္း စစ္ေရွာင္ေျပးလာၾကတဲ့ စစ္ေဘးသင့္ျပည္သူေတြကို ကူညီေပးေနတဲ့ ကြတ္ခိုင္ၿမိဳ႕နယ္ ျဗဟၼစိုရ္လူမႈကူညီေရးအသင္းတာဝန္ခံ ဦးတင္ဝင္းက လတ္တေလာအေျခအေနနဲ႔ ယခင္ႏွစ္ေတြကတည္းရွိေနၿပီး မျပန္ၾကေသးတဲ့ဒုကၡသည္ေတြအေၾကာင္း ေျပာျပပါတယ္။

“ ဒီဘက္က အဖြဲ႔ေတြနဲ႔အစိုးရနဲ႔ျဖစ္တဲ့တိုက္ပြဲေတြမွာ ကြတ္ခိုင္ဘက္ျခမ္းမွာ တပ္နဲ႔ျဖစ္တာေတြေပါ့ လြန္ခဲ့တဲ့ႏွစ္ေတြက တုိက္ပြဲျဖစ္မွာစိုးလို႔ ေရာက္လာၾကတဲ့သူေတြလည္းရွိတယ္။ တအာင္း ပေလာင္ရွိတယ္။ ေနာက္ ကခ်င္မ်ားတယ္။ လီဆူးကေတာ့ နည္းနည္းပဲရွိေတာ့တယ္။ အခုက ကခ်င္ရယ္ ပေလာင္ရယ္ လီဆူးရယ္ရွိတယ္။ၿပီးခဲ့တဲ့ ၁၀ရက္ပတ္ဝန္းက်င္ေလာက္က အစိုးရပိုင္းက ေထာက္ပံ့တာရွိတယ္ NGOေတြက ေထာက္ပံ့တာရွိတယ္ သူတို႔ကို ၿမိဳ႕မိၿဖိဳ႕ဖေတြက ကူတယ္ လူမႈအဖြဲ႔ေတြလည္း ကူတယ္ ကိုယ့္ဘာသာကိုယ္လည္း တတ္ႏုိင္သေလာက္ကူၾကတာရွိတယ္။ တိုက္ပြဲၿငိမ္ရင္ေတာ့ သူတို႔ေဒသသူတို႔ျပန္တာမ်ားတယ္။ တုိက္ပြဲျဖစ္ရင္ ေျပးလာၾကတယ္ အဲ့လိုေပါ့”

ရွမ္းျပည္ဘက္မွာ စစ္ေရးက တင္းမာေနဆဲမို႔ ဒီလိုဒုကၡသည္ေတြ ေနရပ္ရင္းျပန္ေရး မေသခ်ာမေရရာလွပဲ အနာဂတ္ေတြမွာ ဘယ္လိုအေျခခ်ေနထိုင္ၾကရမလဲဆိုတဲ့ စိန္ေခၚမႈေတြ အႏၱရာယ္ေတြၾကံဳေနရခ်ိန္မွာပဲ ေျမာက္ပိုင္းညီေနာင္မဟာမိတ္ ၃ ဖြဲ႔ျဖစ္တဲ့ TNLA တအာင္းပေလာင္တပ္ဖြဲ႕၊ AA ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔၊ MNDAA ကိုးကန္႔တပ္ဖြဲ႕ေတြကေန ဇြန္လ ၁ ရက္ကေန ၾသဂုတ္လ ၃၁ ရက္အထိ ေနာက္ထပ္ ၃ လ တဘက္သတ္ အပစ္ရပ္ေၾကာင္း ဒီလ ဇြန္လ ၁ရက္ေန႔က ေၾကညာခ်က္ထုတ္ခဲ့တာပါ။

ဒါေပမဲ့ဒီ ေျမာက္ပိုင္းညီေနာင္မဟာမိတ္ ၃ ဖြဲ႔ရဲ႕ အပစ္ရပ္ေၾကညာခ်က္အေပၚ ယုံၾကည္နိုင္စရာ မရွိဘူးလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကို ေျပာဆိုထားပါတယ္။“တပ္မေတာ္အေနနဲ႔ေရာ နိုင္ငံေတာ္အစိုးရအေနနဲ႔ တဒဂၤျငိမ္းခ်မ္းေရးအတြက္ လုပ္ေဆာင္ေနတာ မဟုတ္ဘူး။ ထာ၀ရျငိမ္းခ်မ္းေရးအတြက္ လုပ္ေဆာင္ေနတာျဖစ္တယ္”ဆိုတဲ့ စစ္တပ္ရဲ႕တုန္႔ျပန္ခ်က္ဟာ- တိုင္းရင္းသားေဒသေတြက စစ္ေျပးစစ္ေရွာင္ဒုကၡသည္ေတြအတြက္ အိမ္ျပန္ႏိုင္ေရး ေမွ်ာ္လင့္ခ်က္အေပၚ သက္ေရာက္မႈရွိႏိုင္ပါ့မလားဆိုတာ အကဲခတ္ေတြကေတာ့ သံုးသပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

တိုက်ပွဲနဲ့ ကပ်ရောဂါ အန္တရာယ်ကြားက ရှမ်းပြည်နယ် ဒုက္ခသည်များ

( ဒုက္ခသည်များနေ့ အထူးအစီအစဉ်)
(Unicode)

တိုင်းရင်းဒေသတွေက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် စစ်ရှောင်ထွက်ပြေးကြရပြီး နေရပ်ရင်းတွေကို မပြန်ရဲကြတော့ပဲ အသက်ဘေးလွတ်ရာမှာ အခြေချနေဖို့ ကြိုးစားရုန်းကန်နေရတဲ့ ရှမ်းပြည်နယ်ထဲက ဒုက္ခသည်တွေအကြောင်း ဒုက္ခသည်များနေ့ အထူးအစီအစဉ်အဖြစ် မဆုမွန်က စုစည်းတင်ဆက်ပေးပါမယ်။

စစ်မီးတွေ မငြိမ်းနိုင်သေးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာ အခုအချိန်အထိကို တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေက အပြင်းအထန် ဆက်ဖြစ်ပွားနေဆဲပါ။ အထူးသဖြင့်ကတော့ ရှမ်းလက်နက်ကိုင်တပ် နောက် TNLA တအာင်းပလောင်တပ်အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တပ်ပေါင်းစု နဲ့ မြန်မာအစိုးရတပ်တို့ကြားတိုက်ခိုက် ထိုးစစ်ဆင်တာတွေ မကြာခဏဖြစ်ပွားနေပါတယ်။

ဒီလိုမငြိမ်းနိုင်သေးတဲ့စစ်မီးတွေကြား စစ်ရေးပဋိပက္ခတွေတင်းမာနေတာမို့ ထောင်ချီတဲ့ ရှမ်းပြည်နယ်တွင်းက ဒေသခံရှမ်းလူထု အပါအဝင် အဲ့ဒီ့ဒေသမှာနေထိုင်တဲ့ တိုင်းရင်းသားပြည်သူတွေဟာ အသက်ဘေးလွတ်ရာ အိုးအိမ်စွန့်ခွာ တိမ်းရှောင် ထွက်ပြေးနေကြရပါတယ်။ တကမ္ဘာလုံး COVID-19 ကပ်ရောဂါဖြစ်နေချိန် ဒုက္ခသည်တွေ မှာ စစ်ဘေးရော ရောဂါဘေးကြောင့် အန္တရာယ်ကြီးတဲ့ အနေအထားဖြစ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့အကြံပေး လွေင်းပိုးညင်းပြောပြပါတယ်။

“ အခု ကျမတို့ တအာင်းဒေသမှာဆိုရင် အခုထိ တိုက်ပွဲတွေက မရပ်သေးဘူး အခုကပ်ဆိုးရောဂါဖြစ်ပေမဲ့လည်း စစ်ဘေးရှောင်တွေက တိုးလာတာပဲရှိတယ်။ သူများဆို နယ်စပ်ဘက်တွေပြေးလို့ရတယ် ကျမတို့က ပြည်တွင်းမှာပဲ လှည့်လည်ပြေးနေကြရတယ်။ အခြေအနေနည်းနည်းငြိမ်တာနဲ့ပြန်သွားပေါ့။ အဲ့လို ကစဉ့်ကလျားပြေးနေရတဲ့သူတွေကို ကိန်းဂဏန်းအရ တိတိကျကျပြောဖို့သိပ်ခက်တယ်။ အဲ့တော့ သွားကူရတဲ့အခါမှာလည်း ကန့်သတ်ချက်တွေရှိတော့ အကူအညီတွေ ရောက်သင့်သလောက်မရောက်ဘူး အရမ်းအခက်ခဲဖြစ်တယ်။ အခုလို ကပ်ရောဂါကြီးဖြစ်နေချိန်မှာ အသက်အန္တရာယ်တွေလည်း အများကြီးရှိပါတယ်။အဲ့လိုဖြစ်တဲ့အတွက် နှစ်ဘက်စလုံးက တိုက်ပွဲတွေရပ်ဖို့တော့ လိုအပ်တယ်။”

စစ်ရှောင်ဒုက္ခသည်အများစုကိုတော့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ရှမ်းမြို့မိမြို့ဖတွေနဲ့ ဒေသခံတွေက ကူညီစောင့်ရှောက် ပေးထားကြပြီးတိုက်ပွဲတွေ ခေတ္တငြိမ်သက်သွားချိန် တချို့နေရပ်ကိုပြန် သွားကြတာရှိသလို အများစုကတော့ မိုင်းအန္တရာယ်လို ဆက်ဖြစ်လာနိုင်ခြေရှိတဲ့ တိုက်ပွဲအငွေ့အသက်တွေကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်ရတာကြောင့် ဘေးလွတ်ရာနေရာတွေမှာ ဆက်လက်ခိုလှုံနေကြပြီး အဲ့ဒီ့ဒေသတွေမှာ အခြေချဖို့ ကြိုးစားလာနေကြတယ်လို့ ကူညီစောင့်ရှောက်ပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲတွေကြား တိမ်းရှောင်လာတဲ့ ရှမ်းပြည်သူတွေ လိုအပ်ချက်ကို ကူညီစောင့်ရှောက်ပေးနေတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာန အလုပ်အမှုဆောင်ကော်မတီဝင် ဦးမိုင်းသိန်းဇော်က နေရပ်ရင်းကိုမပြန်ရဲကြတော့တဲ့ တိုင်းရင်းသားတွေ ရဲ့လက်ရှိအနေအထားကိုပြောပြပါတယ်။

“ မြောက်ပိုင်းမဟာမိတ်တပ်နဲ့ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ခဲ့တာ၊ အခု ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်ဆန်မှာတော့ မရှိတော့ဘူးခင်ဗျ။ မန်းတုံမှာကတော့ ကမ့် ၂ခု ကျန်နေပါတယ်ခင်ဗျ။ ၁ခုက လီဆူးတိုင်းရင်းသားတွေ နောက် ၁ခုကတော့ ကချင်တိုင်းရင်းသားတွေ ရှိနေတယ်ခင်ဗျ။ သူတို့ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူကယ်ပြန်ကနေ စားဖို့သောက်ဖို့ လစဉ်ထောက်ပံ့ထားတာတော့ ရှိပါတယ်ဗျ။သူတို့တွေကနေတာလည်းကြာပြီ။ တိုက်ပွဲတွေဖြစ်တာ ၂၀၁၂ကတည်းက သူတို့မပြန်ချင်တာလေ။ တခြားတိုင်းရင်းသားတွေ ပလောင်တိုင်းရင်းသားတွေ လည်းရှိတယ် ပလောင်တိုင်းရင်းသားတွေက ဘာလုပ်လဲဆိုရင် မိမိတို့ရဲ့ မွေးရပ် နေရပ်ဇာတိကိုပြန်သွားတယ်။ ဒါပေမဲ့ အဲ့ဒီ့လီဆူးတိုင်းရင်းသားနဲ့ ကချင်တိုင်းရင်းသားတွေကတော့ သူတို့မပြန်ပဲနဲ့ ဒုက္ခသည်စခန်း တွေထဲမှာ ဒုက္ခသည်တွေအဖြစ် ဆက် နေနေဆဲပါ ယနေ့အထိပါခင်ဗျ။”

ဒီတိုင်းရင်းသားတွေလိုပဲ နေရပ်ကိုမပြန်ချင်တော့ပဲ ဘေးလွတ်ရာနေရာသစ်တွေမှာ ခိုလှုံနေထိုင်အခြေချဖို့ ကြိုးစားနေကြတဲ့ စစ်ရှောင်ပြည်သူတွေကတော့ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်ထဲက ဟိုက်ပါစစ်ရှောင်စခန်းက ဒုက္ခသည်တွေပါ။

ဟိုက်ပါစစ်ရှောင်စခန်းအရောက် ဒုက္ခသည်တွေအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူညီတွေနဲ့ လိုအပ်ချက်တွေ ဝိုင်းကူညီပေးခဲ့သူ မြန်မာလူထုမဟာမိတ်အဖွဲ့က ကိုမိုးက-သူ့အတွေ့ အကြုံ ပြောပြပါတယ်။

“ အဲ့တုန်းက သူတို့ ဟိုက်ပါနေရာကို စစ်ဘေးရှောင်စခန်းကို ရောက်လာကြတာပေါ့နော် အဲ့ဒီ့ထဲမှာ ပလောင်တိုင်းရင်းသားတွေ ၊ လီဆူတိုင်းရင်းသားတွေ ၊ ရှမ်းတိုင်းရင်းသားတွေ ရောက်လာကြတယ်။ သူတို့က အခု ထွက်ပြေးလာကြတဲ့ မူလရွာတွေကို မပြန်တော့ပဲနဲ့ အဲ့ဒီ့ဟိုက်ပါရွာရဲ့ အပြင်ဘက်နားလေးမှာ အရင်စစ်ဘေးရှောင်စခန်းနား အဲ့နားလေးမှာ ဟိုက်ပါရွာရဲ့ကူညီမှုနဲ့ ရွာတည်လိုက်ကြတယ်ဗျ။ အဓိကကတော့ သူတို့မပြန်ရဲဘူး သွားဖို့လာဖို့က မိုင်းမိတာတို့ ဘာတို့ကြားတော့ စိုးရိမ်မှုတွေလည်းရှိတယ် ထင်ပါတယ်။ နောက်တခုက ဒီလိုမျိုး ထပ်ဖြစ်လာဦးမလား ထပ်ပြေးရဦးမလားဆိုတာ အကဲဖြတ်လို့မရဘူးပေါ့နော်။ အဲ့ဒီ့အတွက် မူလနေရာတွေကို ပြန်မသွားကြတော့ဘဲနဲ့ အဲ့ဒီ့ရွာတွေမှာပဲ နေလိုက်ကြတော့မယ်လို့ ကျနော့်အနေနဲ့သိရပါတယ်။

နောက်တခုက အဲ့ဒီ့အတွက်ဖြစ်ပေါ်လာနိုင်တာတွေက ဒီကျေးရွာတွေက ကျနော်တို့ရှမ်းပြည်မှာ ဆိုလို့ရှိရင် ခဏ ခဏ စစ်ရှောင်နေကြရတဲ့ရွာတွေဆိုတော့-သူတို့အတွက် အာမခံချက်တွေ ဥပမာ မြေယာပိုင်ဆိုင်ခွင့်တွေ ကျေးရွာနယ်နမိတ်အဖြစ် သတ်မှတ်ဖို့တွေက ဥပဒေအရ ပြည်ထဲရေးက အသိအမှတ်ပြုမှပဲ သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးတွေ အစိုးရရဲ့ကူညီထောက်ပံ့မှုတွေက တရားဝင်အကျိုးခံစားခွင့်ရှိမှာ။အသိအမှတ်မပြုရင် ဒီလူတွေအတွက် အာမခံချက်မရှိဘူးဖြစ်နေတာပေါ့။”

ရှမ်းပြည်နယ်ကွတ်ခိုင်ဘက် ကောင်းနိမ်၊ ရွှေမှော်စတဲ့ကျေးရွာတွေနားမှာ ၂၀၂၀ပြည့်နှစ် ဇွန်လဆန်းပိုင်း စစ်တပ်နဲ့ TNLA တအာင်းတပ်တို့ကြား တိုက်ပွဲတွေဖြစ်နေဆဲပါ။ ကွတ်ခိုင်ဘက်မှာ တိုက်ပွဲတွေဖြစ်တိုင်း စစ်ရှောင်ပြေးလာကြတဲ့ စစ်ဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ ကွတ်ခိုင်မြို့နယ် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းတာဝန်ခံ ဦးတင်ဝင်းက လတ်တလောအခြေအနေနဲ့ ယခင်နှစ်တွေကတည်းရှိနေပြီး မပြန်ကြသေးတဲ့ဒုက္ခသည်တွေအကြောင်း ပြောပြပါတယ်။

“ ဒီဘက်က အဖွဲ့တွေနဲ့အစိုးရနဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာ ကွတ်ခိုင်ဘက်ခြမ်းမှာ တပ်နဲ့ဖြစ်တာတွေပေါ့ လွန်ခဲ့တဲ့နှစ်တွေက တိုက်ပွဲဖြစ်မှာစိုးလို့ ရောက်လာကြတဲ့သူတွေလည်းရှိတယ်။ တအာင်း ပလောင်ရှိတယ်။ နောက် ကချင်များတယ်။ လီဆူးကတော့ နည်းနည်းပဲရှိတော့တယ်။ အခုက ကချင်ရယ် ပလောင်ရယ် လီဆူးရယ်ရှိတယ်။ပြီးခဲ့တဲ့ ၁၀ရက်ပတ်ဝန်းကျင်လောက်က အစိုးရပိုင်းက ထောက်ပံ့တာရှိတယ် NGOတွေက ထောက်ပံ့တာရှိတယ် သူတို့ကို မြို့မိဖြို့ဖတွေက ကူတယ် လူမှုအဖွဲ့တွေလည်း ကူတယ် ကိုယ့်ဘာသာကိုယ်လည်း တတ်နိုင်သလောက်ကူကြတာရှိတယ်။ တိုက်ပွဲငြိမ်ရင်တော့ သူတို့ဒေသသူတို့ပြန်တာများတယ်။ တိုက်ပွဲဖြစ်ရင် ပြေးလာကြတယ် အဲ့လိုပေါ့”

ရှမ်းပြည်ဘက်မှာ စစ်ရေးက တင်းမာနေဆဲမို့ ဒီလိုဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေး မသေချာမရေရာလှပဲ အနာဂတ်တွေမှာ ဘယ်လိုအခြေချနေထိုင်ကြရမလဲဆိုတဲ့ စိန်ခေါ်မှုတွေ အန္တရာယ်တွေကြုံနေရချိန်မှာပဲ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့၊ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့တွေကနေ ဇွန်လ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိ နောက်ထပ် ၃ လ တဘက်သတ် အပစ်ရပ်ကြောင်း ဒီလ ဇွန်လ ၁ရက်နေ့က ကြေညာချက်ထုတ်ခဲ့တာပါ။

ဒါပေမဲ့ဒီ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ အပစ်ရပ်ကြေညာချက်အပေါ် ယုံကြည်နိုင်စရာ မရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောဆိုထားပါတယ်။“တပ်မတော်အနေနဲ့ရော နိုင်ငံတော်အစိုးရအနေနဲ့ တဒင်္ဂငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာ မဟုတ်ဘူး။ ထာဝရငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာဖြစ်တယ်”ဆိုတဲ့ စစ်တပ်ရဲ့တုန့်ပြန်ချက်ဟာ- တိုင်းရင်းသားဒေသတွေက စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေအတွက် အိမ်ပြန်နိုင်ရေး မျှော်လင့်ချက်အပေါ် သက်ရောက်မှုရှိနိုင်ပါ့မလားဆိုတာ အကဲခတ်တွေကတော့ သုံးသပ်နေကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG