(Zawgyi / Unicode)
ကခ်င္ျပည္နယ္မွာ တေက်ာ့ျပန္ စစ္ျဖစ္တာ ၉ ႏွစ္တိုင္သြားေပမယ့္ စစ္ေရးပဋိပကၡေတြ မၿငိမ္းႏုိင္ေသးတာေၾကာင့္ ေနရပ္မျပန္ႏုိင္ၾကေသးတဲ့ ျပည္တြင္းဒုကၡသည္ေတြရဲ႕ အေျခအေနေတြကုိ ဒုကၡသည္မ်ားေန႔ အထူးအစီအစဥ္အျဖစ္ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။
ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ (KIO) လက္ေအာက္ခံ ကခ်င္လြတ္ေျမာက္ေရးတပ္ (KIA) နဲ႔ ျမန္မာအစိုးရ စစ္တပ္တို႔ၾကား ၁၉၉၄ ကေနစလို႔ ၁၇ ႏွစ္တာ အပစ္ရပ္ၿပီးတဲ့အခ်ိန္ ၂၀၁၁ ခုႏွစ္ကစလို႔ တေက်ာ့ျပန္ စစ္ျပန္ျဖစ္ခဲ့တာ ဒီႏွစ္ဆုိရင္ ၉ ႏွစ္တင္းတင္း ျပည့္သြားပါၿပီ။ မၾကာေသးခင္ အခ်ိန္အထိလည္း KIA နဲ႔ တပ္မေတာ္ၾကား တုိက္ပဲြေတြ ျဖစ္ေနဆဲမုိ႔ ကခ်င္ျပည္နယ္က စစ္ေရွာင္စခန္းေတြမွာ ခိုလံႈေနထိုင္ေနရတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ႏုိင္ေရး မေရမရာ ျဖစ္ေနပါတယ္။
“အခုကေလ အကုန္လံုးက အခက္အခဲေတြက မ်ားေတာ့ အရမ္းကိုမ်ားပါတယ္။ ကိုယ့္ရဲ႕ ပညာပိုင္းဆိုလည္း ပညာ ေကာင္းေကာင္းမတက္ရဘူးေပါ့ေနာ္။ ေက်ာင္းပညာေရးေပါ့။ ပိုက္ဆံရွာရလည္း အရမ္းခက္ခဲတယ္။ ၿပီးေတာ့ အလုပ္အကိုင္ေပါ့ေနာ္၊ အလုပ္အကိုင္ကလည္း မည္မည္ရရ မရွိဘူး။ ဘာအလုပ္အကိုင္မွ မရွိဘူး။ အဲ့လိုအခက္ခဲေတြရွိတယ္။ စိတ္ဓာတ္ေတြက်တယ္။ စိတ္က်ေတာ့ တခ်ိဳ႕ကလည္း မူးယစ္ေဆး သံုးစြဲတဲ့သူေတြ အရမ္းမ်ားသြားတယ္။ မူးယစ္ေဆးဝါးေတြ သံုးတယ္၊ မေကာင္းတဲ့ဘက္ကို လုပ္သြားတဲ့ လူငယ္ေတြက အရမ္းကို မ်ားသြားၿပီ။
“ကမ့္ပ္ထဲမွာ အဆင္မေျပေတာ့ အလုပ္ေတြကိုလည္း လိုက္ရွာ၊ အေမအေဖကို လုပ္ေကၽြးဖို႔ အဲ့လို ႐ုန္းကန္ေနရတာေပါ့။ မိသားစုအေျခအေန မေကာင္းတဲ့သူေတြဆို အျပင္မွာထြက္ၿပီး ရရာအလုပ္ေတြ သြားရွာၾကရတယ္။ တခ်ိဳ႕ဆုိ ေန႔စားေတြ ထြက္လုပ္ရတယ္။ ဖားကန္႔ဘက္ေတြေပါ့။ အဲ့လို စိတ္က်ဥ္းက်ပ္တဲ့ဒဏ္ေတြကို မခံႏိုင္ၾကဘူး။ ေထာင္ထဲမွာလိုပဲေပါ့ေနာ့၊ ကေလးေတြက အစေပါ့။”
ခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ အစိုးရထိန္းခ်ဳပ္နယ္ေျမထဲက Mai Na ျပည္တြင္း ဒုကၡသည္စခန္းက ကခ်င္လူငယ္ Hpau Dut Lu Htoi ေျပာျပသြားတာပါ။
အခုဆိုရင္ေတာ့ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ (KIO) ထိန္းခ်ဳပ္နယ္ေျမအတြင္းမွာ ခိုလံႈေနထိုင္သူက ၇၀,၀၀၀ နီးပါးနဲ႔ အစိုးရ ထိန္းခ်ဳပ္နယ္ေျမထဲမွာ ၄၀,၀၀၀ နီးပါး၊ စုစုေပါင္း ၁၀၀,၀၀၀ ေက်ာ္အထိ ရွိေနပါတယ္။ ဒီလုိ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ ၉ ႏွစ္ေလာက္ ခုိလႈံေနထုိင္ေနၾကရတဲ့အတြက္ အခက္အခဲေတြလည္း တေန႔တျခား ပုိမိုႀကီးမားလာေနတယ္လုိ႔ ကခ်င္စစ္ေရွာင္ေတြအေရး ဆႏၵျပခဲ့ရာက ေထာင္ဒဏ္အျပစ္ေပးခံခဲ့ရတဲ့ ကခ်င္တမ်ိဳးသားလံုးဆိုင္ရာ လူငယ္သမဂၢရဲ႕ ဥကၠ႒ ကို Lum Zawng က ေျပာပါတယ္။
“အခုဆိုရင္ ကခ်င္ေဒသမွာ စစ္ျဖစ္တာက ၁၀ ႏွစ္ထဲ ဝင္လာေတာ့မယ္ေပါ့ေနာ္။ အနာဂတ္ကေတာ့ လံုးဝကို ေပ်ာက္ကြယ္တဲ့ အေနအထား ျဖစ္ေနတယ္။ ဒီအခက္အခဲေတြကေတာ့ ေခတၱခဏ စစ္ေရွာင္တဲ့သေဘာမ်ိဳး မဟုတ္ေတာ့ဘူး။ စစ္ဒဏ္သင့္ျပည္သူေတြကို တုံ႔ျပန္တဲ့ ႏုိင္ငံေတာ္အစိုးရေသာ္လည္းေကာင္း၊ လက္နက္ကိုင္ေတြ ဘက္ကေသာ္လည္းေကာင္း တစံုတရာ ခိုင္မာတဲ့ တာဝန္ယူမႈ တာဝန္ခံမႈကို အခုအခ်ိန္အထိကို က်ေနာ္တို႔ မေတြ႔ရေသးဘူးလို႔ ျမင္မိတယ္။
“ဒါေၾကာင့္ စစ္ေရွာင္ေတြ ျပည္သူေတြက သူတို႔႐ုန္းကန္ေနရတဲ့ သူတို႔ရဲ႕ ခါးသီးလြန္းတဲ့အခ်ိန္၊ အခုကလည္း COVID-19 ျဖစ္ေတာ့ နဂိုကတည္းက ခက္ခဲေနေတာ့ အခုကလည္း ႏုိင္ငံတကာေတြ NGO ေတြ ဒိုနာေတြဘက္က အကူအညီေတြ တတိတိနဲ႔ ျဖတ္ေတာက္လာေနတဲ့အတြက္ အထူးသျဖင့္ သက္ႀကီးရြယ္အိုေတြ အမ်ိဳးသမီးေတြ မိသားစုေတြအတြက္ အရမ္းခက္ခဲလာၿပီး ထြက္ေပါက္ရွာရခက္တဲ့ အေနအထားေတြ ႀကံဳေတြ႔ေနရပါတယ္။”
ကခ်င္ေဒသ စစ္ေဘးေရွာင္ျပည္သူမ်ား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ (KHCC) (The Kachin Humanitarian Concern Committee) ရဲ႕ ဥကၠ႒လည္းျဖစ္ KBC ကခ်င္ႏွစ္ျခင္းအဖြဲ႔ခ်ဳပ္ရဲ႕ ဥကၠ႒ ေဒါက္တာ Hkalam Samson ကေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးမွာ လက္နက္ကုိင္ ပဋိပကၡေတြက အဓိကအဟန္႔အတား ျဖစ္ေနတယ္လုိ႔ ေျပာပါတယ္။
“အခုက COVID-19 ကလည္း ရွိေနတယ္။ ဒီဘက္က အပစ္အခတ္ရပ္စဲေရး Bilateral ကလည္း သူတို႔ မထိုးေသးဘူး။ ဒီလိုအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ က်ေနာ္တို႔ အလွ်င္စလိုေတာ့ လုပ္လို႔မျဖစ္ေသးဘူး။ အခု လူေတြက စိတ္ဓာတ္ပိုင္းဆုိင္ရာ ေတာ္ေတာ္ေလးကို ယိုယြင္းေနၿပီ။ နယ္စပ္ဘက္မွာဆိုရင္ ပညာေရးေပါ့။ ေနာက္ က်ေနာ္တို႔ တုိက္ပြဲေတြ ျပန္ျဖစ္လာရင္ အႏၱရာယ္ကင္းမယ့္ ရြာေတြေပါ့။ အဲဒါေတြကို ေရြးဖို႔လုပ္ေနတယ္၊ ျပန္လည္ေနရာခ်ထားေရးေပါ့။ ပူတာအိုမွာရွိတဲ့ ရြာေတြက ေျမေနရာေတြကို ေဒသခံေတြနဲ႔ညိႇၿပီး နိပြန္ေဖာင္ေဒးရွင္းရဲ႕ ရန္ပံုေငြနဲ႔လုပ္ဖို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးနဲ႔လည္း ေဆြးေႏြးၿပီးၿပီ။ အဲဒါကိုေတာ့ ဒီလအတြင္းမွာ စဖို႔ ေသခ်ာသြားၿပီ။ အဲဒါေတြစဖို႔ သက္ဆုိင္ရာ INGO, NGO အစိုးရေတြ အားလံုးပါဝင္ဖို႔ေတာ့ လိုတယ္။ အခုက ကိုယ့္ဘာသာကိုယ္ ျပန္ေနၾကတာလည္း ေတာ္ေတာ္ရွိေနပါတယ္။ ေနရပ္ျပန္ေရးကို အားလံုး အတူတကြ ျပန္ႏုိင္ေရးမွာပဲ တရားမွ်တမႈရမွာေပါ့၊ ဒါကို ႀကိဳးစားေနပါတယ္။”
ကခ်င္လက္နက္ကုိင္အဖဲြ႔ (KIA) နဲ႔ ျမန္မာအစုိးရၾကား အပစ္အခတ္ ရပ္စဲႏုိင္ဖုိ႔ ေဆြးေႏြးမႈေတြ ရွိခဲ့ေပမယ့္လည္း အၿပီးသတ္ သေဘာတူညီမႈမ်ဳိးေတာ့ မရေသးပါဘူး။ ဒီအတြက္လည္း ကခ်င္တုိင္းရင္းသူ Hpau Dut Lu Htoi တုိ႔လုိ္ စစ္ေရွာင္ဒုကၡသည္ေတြ ေနရပ္ျပန္ႏုိင္ေရး အလွမ္းေ၀းေနပါတယ္။
“လူႀကီးေတြက ၂၀၂၀ ေက်ာ္ရင္ ကုိယ့္ေနရာ ကိုယ့္ေဒသကိုေတာ့ ျပန္ရေတာ့မယ္လို႔ အေဖကေျပာတယ္။ ဒါေပမယ့္ တဖြဲ႔နဲ႔တဖြဲ႔ၾကား မေျပလည္မႈေတြက ရွိေနေတာ့ ၿငိမ္းခ်မ္းေရးကလည္း မရႏိုင္ေသးဘူး။ အဲဒီေတာ့ တကယ္ပဲ IDP ေတြ ျပန္ရပါ့မလားေပါ့။ လံုၿခံဳမႈမရွိဘူး၊ ၿငိမ္းခ်မ္းမႈမရွိဘူး၊ ကိုယ့္အတြက္ ဘဝအာမခံခ်က္ မရွိဘူးဆိုေတာ့ ျပန္ခ်င္တယ္ဆိုေပမယ့္ ျပန္ရမယ့္ အေနအထားတခု မဟုတ္ဘူးေနာ္။ ဒါေၾကာင့္ ျပန္ရမယ္ဆိုတာကို ျပန္စဥ္းစားရမယ့္ အေနအထားျဖစ္တယ္။”
ကခ်င္လူငယ္ တက္ႂကြလႈပ္ရွားသူ ကို Lum Zawng ကေတာ့ အစုိးရနဲ႔ လက္နက္ကုိင္အဖဲြ႔ေတြရဲ႕ၾကား ေဆြးေႏြးမႈေတြမွာ ဒုကၡသည္ေတြကုိ အသုံးခ်ခံအျဖစ္ သေဘာမထားဘဲ အႏွစ္သာရရွိတဲ့ ေဆြးေႏြးမႈေတြ ျဖစ္ေစခ်င္တယ္လုိ႔ ေျပာပါတယ္။
“အစိုးရဘက္ကျဖစ္ျဖစ္ လက္နက္ကိုင္ေတြဘက္ကျဖစ္ျဖစ္ Political Tools အေနနဲ႔ လံုးဝ မတြန္းပို႔ခိုင္းေစခ်င္ဘူး၊ မသံုးေစခ်င္ဘူးေပါ့ေနာ္။ IDP ေတြကို ျပန္ပို႔ဖို႔အတြက္ Bilateral ထိုးရမယ္ဆိုတဲ့ တြန္းအား လက္နက္ကိုင္ ပဋိပကၡေတြ ေျဖရွင္းဖို႔ကို IDP ေတြျပန္ေရး ႏုိင္ငံေရးျပႆနာေတြ စစ္ေရးျပႆနာေတြမွာ ဒီလို စစ္ဒဏ္သင့္ျပည္သူေတြကို ဒီအထဲ လံုးဝ ဆြဲမေခၚေစခ်င္ဘူး။ ဒါက လူမႈအသိုင္းအဝိုင္းအတြက္ အႏၱရာယ္ရွိတယ္။ အဓိကကေတာ့ တပ္မေတာ္နဲ႔ တုိင္းရင္းသား လက္နက္ကိုင္ေတြဘက္က IDP ေတြကို သူတို႔မူလေနရာကို ေကာင္းမြန္စြာ ျပန္ပို႔ႏိုင္ေရး ေဆာင္ရြက္သင့္တယ္။ ခိုင္မာတဲ့ အာမခံခ်က္တခုကို တည္ေဆာက္ထားေပးရပါမယ္။ ခိုင္မာတဲ့ အာမခံခ်က္ ေပးႏုိင္မွ တပ္မေတာ္၊ တုိင္းရင္းသား လက္နက္ကိုင္၊ လူမႈအဖြဲ႔အစည္းေတြ၊ ဘာသာေရးအဖြဲ႔ေတြ၊ တက္ႂကြလႈပ္ရွားေပးေနတဲ့ လူငယ္ေတြ၊ Third Party ပါၿပီးမွ ေသခ်ာစြာ ေဆြးေႏြးတုိင္ပင္ ညႇိႏိႈင္းၿပီးမွ ျပန္ပို႔ေရးအစီအစဥ္က အေကာင္းဆံုးျဖစ္မယ္လို႔ က်ေနာ္တို႔ ယူဆပါတယ္။”
ဒုကၡသည္ေတြ ေဘးကင္းလုံၿခံဳမႈရွိရွိ ေနရပ္ျပန္ႏုိင္ေရး ေတာင္းဆုိမႈေတြ ၾကားမွာပဲ စစ္ေရွာင္စခန္းေတြ ပိတ္သိမ္းၿပီး ျပန္လည္ေနရာခ်ထားႏုိင္ေရး ကခ်င္ျပည္နယ္ အစိုးရနဲ႔ ကခ်င္လူမႈအသုိင္းအ၀ုိင္းက ေခါင္းေဆာင္ေတြ ဒုကၡသည္ေတြရဲ႕ သေဘာဆႏၵေတြကိုလည္း ကြင္းဆင္းေလ့လာ စံုစမ္းေနၾကပါတယ္။ ဒါေပမယ့္လည္း လက္နက္ကုိင္အဖဲြ႔ေတြၾကား တင္းမာမႈေတြနဲ႔ တုိက္ပဲြေတြကေတာ့ ဒုကၡသည္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြအေပၚ ၿခိမ္းေျခာက္ေနဆဲ ျဖစ္ပါတယ္။
----------------------------
(Unicode)
ကချင်ဒုက္ခသည်တွေ ဘယ်တော့အိမ်ပြန်နိုင်မလဲ (ဒုက္ခသည်များနေ့ အထူးဆောင်းပါး)
ကချင်ပြည်နယ်မှာ တကျော့ပြန် စစ်ဖြစ်တာ ၉ နှစ်တိုင်သွားပေမယ့် စစ်ရေးပဋိပက္ခတွေ မငြိမ်းနိုင်သေးတာကြောင့် နေရပ်မပြန်နိုင်ကြသေးတဲ့ ပြည်တွင်းဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ဒုက္ခသည်များနေ့ အထူးအစီအစဉ်အဖြစ် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား ၁၉၉၄ ကနေစလို့ ၁၇ နှစ်တာ အပစ်ရပ်ပြီးတဲ့အချိန် ၂၀၁၁ ခုနှစ်ကစလို့ တကျော့ပြန် စစ်ပြန်ဖြစ်ခဲ့တာ ဒီနှစ်ဆိုရင် ၉ နှစ်တင်းတင်း ပြည့်သွားပါပြီ။ မကြာသေးခင် အချိန်အထိလည်း KIA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်နေဆဲမို့ ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်နေရတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မရေမရာ ဖြစ်နေပါတယ်။
“အခုကလေ အကုန်လုံးက အခက်အခဲတွေက များတော့ အရမ်းကိုများပါတယ်။ ကိုယ့်ရဲ့ ပညာပိုင်းဆိုလည်း ပညာ ကောင်းကောင်းမတက်ရဘူးပေါ့နော်။ ကျောင်းပညာရေးပေါ့။ ပိုက်ဆံရှာရလည်း အရမ်းခက်ခဲတယ်။ ပြီးတော့ အလုပ်အကိုင်ပေါ့နော်၊ အလုပ်အကိုင်ကလည်း မည်မည်ရရ မရှိဘူး။ ဘာအလုပ်အကိုင်မှ မရှိဘူး။ အဲ့လိုအခက်ခဲတွေရှိတယ်။ စိတ်ဓာတ်တွေကျတယ်။ စိတ်ကျတော့ တချို့ကလည်း မူးယစ်ဆေး သုံးစွဲတဲ့သူတွေ အရမ်းများသွားတယ်။ မူးယစ်ဆေးဝါးတွေ သုံးတယ်၊ မကောင်းတဲ့ဘက်ကို လုပ်သွားတဲ့ လူငယ်တွေက အရမ်းကို များသွားပြီ။
“ကမ့်ပ်ထဲမှာ အဆင်မပြေတော့ အလုပ်တွေကိုလည်း လိုက်ရှာ၊ အမေအဖေကို လုပ်ကျွေးဖို့ အဲ့လို ရုန်းကန်နေရတာပေါ့။ မိသားစုအခြေအနေ မကောင်းတဲ့သူတွေဆို အပြင်မှာထွက်ပြီး ရရာအလုပ်တွေ သွားရှာကြရတယ်။ တချို့ဆို နေ့စားတွေ ထွက်လုပ်ရတယ်။ ဖားကန့်ဘက်တွေပေါ့။ အဲ့လို စိတ်ကျဉ်းကျပ်တဲ့ဒဏ်တွေကို မခံနိုင်ကြဘူး။ ထောင်ထဲမှာလိုပဲပေါ့နော့၊ ကလေးတွေက အစပေါ့။”
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အစိုးရထိန်းချုပ်နယ်မြေထဲက Mai Na ပြည်တွင်း ဒုက္ခသည်စခန်းက ကချင်လူငယ် Hpau Dut Lu Htoi ပြောပြသွားတာပါ။
အခုဆိုရင်တော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်းမှာ ခိုလှုံနေထိုင်သူက ၇၀,၀၀၀ နီးပါးနဲ့ အစိုးရ ထိန်းချုပ်နယ်မြေထဲမှာ ၄၀,၀၀၀ နီးပါး၊ စုစုပေါင်း ၁၀၀,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ဒီလို သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ၉ နှစ်လောက် ခိုလှုံနေထိုင်နေကြရတဲ့အတွက် အခက်အခဲတွေလည်း တနေ့တခြား ပိုမိုကြီးမားလာနေတယ်လို့ ကချင်စစ်ရှောင်တွေအရေး ဆန္ဒပြခဲ့ရာက ထောင်ဒဏ်အပြစ်ပေးခံခဲ့ရတဲ့ ကချင်တမျိုးသားလုံးဆိုင်ရာ လူငယ်သမဂ္ဂရဲ့ ဥက္ကဋ္ဌ ကို Lum Zawng က ပြောပါတယ်။
“အခုဆိုရင် ကချင်ဒေသမှာ စစ်ဖြစ်တာက ၁၀ နှစ်ထဲ ဝင်လာတော့မယ်ပေါ့နော်။ အနာဂတ်ကတော့ လုံးဝကို ပျောက်ကွယ်တဲ့ အနေအထား ဖြစ်နေတယ်။ ဒီအခက်အခဲတွေကတော့ ခေတ္တခဏ စစ်ရှောင်တဲ့သဘောမျိုး မဟုတ်တော့ဘူး။ စစ်ဒဏ်သင့်ပြည်သူတွေကို တုံ့ပြန်တဲ့ နိုင်ငံတော်အစိုးရသော်လည်းကောင်း၊ လက်နက်ကိုင်တွေ ဘက်ကသော်လည်းကောင်း တစုံတရာ ခိုင်မာတဲ့ တာဝန်ယူမှု တာဝန်ခံမှုကို အခုအချိန်အထိကို ကျနော်တို့ မတွေ့ရသေးဘူးလို့ မြင်မိတယ်။
“ဒါကြောင့် စစ်ရှောင်တွေ ပြည်သူတွေက သူတို့ရုန်းကန်နေရတဲ့ သူတို့ရဲ့ ခါးသီးလွန်းတဲ့အချိန်၊ အခုကလည်း COVID-19 ဖြစ်တော့ နဂိုကတည်းက ခက်ခဲနေတော့ အခုကလည်း နိုင်ငံတကာတွေ NGO တွေ ဒိုနာတွေဘက်က အကူအညီတွေ တတိတိနဲ့ ဖြတ်တောက်လာနေတဲ့အတွက် အထူးသဖြင့် သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေ မိသားစုတွေအတွက် အရမ်းခက်ခဲလာပြီး ထွက်ပေါက်ရှာရခက်တဲ့ အနေအထားတွေ ကြုံတွေ့နေရပါတယ်။”
ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) (The Kachin Humanitarian Concern Committee) ရဲ့ ဥက္ကဋ္ဌလည်းဖြစ် KBC ကချင်နှစ်ခြင်းအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ Hkalam Samson ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ လက်နက်ကိုင် ပဋိပက္ခတွေက အဓိကအဟန့်အတား ဖြစ်နေတယ်လို့ ပြောပါတယ်။
“အခုက COVID-19 ကလည်း ရှိနေတယ်။ ဒီဘက်က အပစ်အခတ်ရပ်စဲရေး Bilateral ကလည်း သူတို့ မထိုးသေးဘူး။ ဒီလိုအကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ အလျှင်စလိုတော့ လုပ်လို့မဖြစ်သေးဘူး။ အခု လူတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာ တော်တော်လေးကို ယိုယွင်းနေပြီ။ နယ်စပ်ဘက်မှာဆိုရင် ပညာရေးပေါ့။ နောက် ကျနော်တို့ တိုက်ပွဲတွေ ပြန်ဖြစ်လာရင် အန္တရာယ်ကင်းမယ့် ရွာတွေပေါ့။ အဲဒါတွေကို ရွေးဖို့လုပ်နေတယ်၊ ပြန်လည်နေရာချထားရေးပေါ့။ ပူတာအိုမှာရှိတဲ့ ရွာတွေက မြေနေရာတွေကို ဒေသခံတွေနဲ့ညှိပြီး နိပွန်ဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေနဲ့လုပ်ဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့လည်း ဆွေးနွေးပြီးပြီ။ အဲဒါကိုတော့ ဒီလအတွင်းမှာ စဖို့ သေချာသွားပြီ။ အဲဒါတွေစဖို့ သက်ဆိုင်ရာ INGO, NGO အစိုးရတွေ အားလုံးပါဝင်ဖို့တော့ လိုတယ်။ အခုက ကိုယ့်ဘာသာကိုယ် ပြန်နေကြတာလည်း တော်တော်ရှိနေပါတယ်။ နေရပ်ပြန်ရေးကို အားလုံး အတူတကွ ပြန်နိုင်ရေးမှာပဲ တရားမျှတမှုရမှာပေါ့၊ ဒါကို ကြိုးစားနေပါတယ်။”
ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ မြန်မာအစိုးရကြား အပစ်အခတ် ရပ်စဲနိုင်ဖို့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်လည်း အပြီးသတ် သဘောတူညီမှုမျိုးတော့ မရသေးပါဘူး။ ဒီအတွက်လည်း ကချင်တိုင်းရင်းသူ Hpau Dut Lu Htoi တို့လို စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အလှမ်းဝေးနေပါတယ်။
“လူကြီးတွေက ၂၀၂၀ ကျော်ရင် ကိုယ့်နေရာ ကိုယ့်ဒေသကိုတော့ ပြန်ရတော့မယ်လို့ အဖေကပြောတယ်။ ဒါပေမယ့် တဖွဲ့နဲ့တဖွဲ့ကြား မပြေလည်မှုတွေက ရှိနေတော့ ငြိမ်းချမ်းရေးကလည်း မရနိုင်သေးဘူး။ အဲဒီတော့ တကယ်ပဲ IDP တွေ ပြန်ရပါ့မလားပေါ့။ လုံခြုံမှုမရှိဘူး၊ ငြိမ်းချမ်းမှုမရှိဘူး၊ ကိုယ့်အတွက် ဘဝအာမခံချက် မရှိဘူးဆိုတော့ ပြန်ချင်တယ်ဆိုပေမယ့် ပြန်ရမယ့် အနေအထားတခု မဟုတ်ဘူးနော်။ ဒါကြောင့် ပြန်ရမယ်ဆိုတာကို ပြန်စဉ်းစားရမယ့် အနေအထားဖြစ်တယ်။”
ကချင်လူငယ် တက်ကြွလှုပ်ရှားသူ ကို Lum Zawng ကတော့ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ကြား ဆွေးနွေးမှုတွေမှာ ဒုက္ခသည်တွေကို အသုံးချခံအဖြစ် သဘောမထားဘဲ အနှစ်သာရရှိတဲ့ ဆွေးနွေးမှုတွေ ဖြစ်စေချင်တယ်လို့ ပြောပါတယ်။
“အစိုးရဘက်ကဖြစ်ဖြစ် လက်နက်ကိုင်တွေဘက်ကဖြစ်ဖြစ် Political Tools အနေနဲ့ လုံးဝ မတွန်းပို့ခိုင်းစေချင်ဘူး၊ မသုံးစေချင်ဘူးပေါ့နော်။ IDP တွေကို ပြန်ပို့ဖို့အတွက် Bilateral ထိုးရမယ်ဆိုတဲ့ တွန်းအား လက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းဖို့ကို IDP တွေပြန်ရေး နိုင်ငံရေးပြဿနာတွေ စစ်ရေးပြဿနာတွေမှာ ဒီလို စစ်ဒဏ်သင့်ပြည်သူတွေကို ဒီအထဲ လုံးဝ ဆွဲမခေါ်စေချင်ဘူး။ ဒါက လူမှုအသိုင်းအဝိုင်းအတွက် အန္တရာယ်ရှိတယ်။ အဓိကကတော့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က IDP တွေကို သူတို့မူလနေရာကို ကောင်းမွန်စွာ ပြန်ပို့နိုင်ရေး ဆောင်ရွက်သင့်တယ်။ ခိုင်မာတဲ့ အာမခံချက်တခုကို တည်ဆောက်ထားပေးရပါမယ်။ ခိုင်မာတဲ့ အာမခံချက် ပေးနိုင်မှ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့တွေ၊ တက်ကြွလှုပ်ရှားပေးနေတဲ့ လူငယ်တွေ၊ Third Party ပါပြီးမှ သေချာစွာ ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးမှ ပြန်ပို့ရေးအစီအစဉ်က အကောင်းဆုံးဖြစ်မယ်လို့ ကျနော်တို့ ယူဆပါတယ်။”
ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်ရေး တောင်းဆိုမှုတွေ ကြားမှာပဲ စစ်ရှောင်စခန်းတွေ ပိတ်သိမ်းပြီး ပြန်လည်နေရာချထားနိုင်ရေး ကချင်ပြည်နယ် အစိုးရနဲ့ ကချင်လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေ ဒုက္ခသည်တွေရဲ့ သဘောဆန္ဒတွေကိုလည်း ကွင်းဆင်းလေ့လာ စုံစမ်းနေကြပါတယ်။ ဒါပေမယ့်လည်း လက်နက်ကိုင်အဖွဲ့တွေကြား တင်းမာမှုတွေနဲ့ တိုက်ပွဲတွေကတော့ ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်တွေအပေါ် ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။