သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပူတာအုိက စစ္ေရွာင္ေတြအတြက္ ေနရာသစ္မွာ ျပန္လည္ေနရာခ်ထားဖုိ႔ စီစဥ္


၂၀၁၅ ဇူလိုင္လ ၃၀ ရက္ေန႔က ျမစ္ၾကီးနားရွိ ကခ်င္စစ္ေရွာင္စခန္းကို ေတြ႔ရစဥ္

(Zawgyi/Unicode)

မူလေနရပ္ရင္းကို ျပန္ဖို႕မျဖစ္နိုင္ေတာ့တဲ့ ကခ်င္ျပည္နယ္ပူတာအိုၿမိဳ႕နယ္က စစ္ေရွာင္ ၃၇၀အတြက္ ေနရာသစ္မွာ ျပန္လည္ေနရာခ်ထားေပးဖို႕ စီစဥ္လုပ္ေဆာင္ေနတဲ့အေျခအေနကို ႏိုင္ကြန္းအိန္ တင္ဆက္ေပးမွာပါ။

ျမန္မာစစ္တပ္နဲ႕ ကခ်င္လြတ္လပ္ေရးအဖြဲ႕KIOတို႕အၾကားတိုက္ပြဲေၾကာင့္ ေနရပ္ကေနတိမ္းေရွာင္လာၾကတဲ့ ပူတာ အိုၿမိဳ႕နယ္ လုံစြတ္စခန္းကစစ္ေရွာင္ေတြအတြက္ ကခ်င္ေဒသ စစ္ေဘးေရွာင္မ်ားကူညီေစာင့္ေရွာက္ေရး ေကာ္မတီ (KHCC)ကေန ပူတာအို နဲ႔မခ်မ္းေဘာၾကားမွာ ျပန္လည္ေနရာခ်ထားေပးဖို႕ စီစဥ္လုပ္ေဆာင္ေနတယ္လို႕ အဖြဲ႕ ဥကၠ႒ သိကၡာေတာ္ရဆရာ ေဒါက္တာ ခါလမ္ဆမ္ဆြန္ကေျပာပါတယ္။

“မခ်မ္းေဘာနဲ႕ ပူတာအိုၾကားကေနရာတခုကို သြားၾကည့္ျပီးမွ ကြ်န္ေတာ္တို႕က အဲဒီမွာနည္းနည္း ညိွႏွိဳင္းေပးတယ္။ ရြာကအခံေတြနဲ႕ေပါ့။ ေဒသခံေတြနဲ႕။ ေနာက္ဆုံးေတာ့ေျပလည္သြားတယ္အဲဒီမွာ ကြ်န္ေတာ္တို႕ ဧက(၆၂)ဧကကို သူတို႕အိမ္ေျခ(၇၂)အိမ္ လူဦးေရ(၃၀၀)ေက်ာ္တယ္။ အဲတာကိုကြ်န္ေတာ္တို႕ သက္ဆိုင္ရာ ခရိုင္နဲ႕ညိွႏွိဳင္းျပီးမွ အားလုံးေျမတိုင္းစာရင္းေတြ၀င္ျပီး ဒီနိပြန္းေဖါင္ေဒးရွင္းရဲ႕ အကူညီနဲ႕အခု အဆင္သင့္ျဖစ္ေနျပီး။ မေန႕ကလဲ ကြ်န္ေတာ္ တို႕ ျပည္ေထာင္စု၀န္ၾကီး ေဒါက္တာ၀င္းျမတ္ေအးတို႕နဲ႕ ကြ်န္ေတာ္တို႕ေတြ႕ဆုံေဆြးေႏြးျပီးမွ လုပ္ငန္းေတာ့စဖို႕ အခု Ready ျဖစ္ေနပါျပီ။”

ပူတာအိုၿမိဳ႕နယ္ လုံးစြတ္စစ္ေရွာင္စခန္းက စစ္ေဘးေရွာင္ေတြအတြက္ ပူတာအိုနဲ႔ မခ်မ္းေဘာၾကားမွာရွိတဲ့ ဇီတန္ရြာရဲ့ ေဘးမွာ ေျမေနရာတစ္ခုကို အစိုးရႏွဲ႕ညႇိႏွိုင္းၿပီး ဂ်ပန္ႏိုင္ငံ နိပြန္ေဖါင္ေဒးရွင္းအကူအညီနဲ႕ စီစဥ္ေပးေနတာလို႕ သူကဆိုပါတယ္။

စစ္ေရွာင္ေတြအေနနဲ႕ မူလေနရပ္ရင္းမွာျပန္လည္ေနထိုင္ဖို႕လုံျခဳံမႈမရွိေသးတဲ့အေျခအေနေၾကာင့္ ေနရာသစ္ကို စီစဥ္ ေနတာလို႕ ေဒါက္တာ ခါလမ္ဆမ္ဆြန္ကေျပာပါတယ္။

“သူတို႕ရဲ႕မူလေနရာက တိုက္ပြဲျဖစ္ခဲ့တဲ့ေနရာ။ ဆိုေတာ့ အဲဒီေနရာက သြားေရးလာေရးလဲခက္တယ္။ ဒီဘက္ကို သူတို႕ ျပန္ဖို႕ကလဲ အဲဒီမွာ ျပည္သူ႕စစ္ေတြစစ္တပ္ေတြကအမ်ားၾကီးက်န္ရွိေသးတယ္။ သူတို႕က ျပန္လည္ေနရာခ်ထား ေရးကိုဘဲ ပိုျပီးမွဆႏၵရွိတယ္။ ဆိုေတာ့ ေနာက္တၾကိမ္ ေရႊ႕ခ်င္ေတာ့ဘူး။”

စစ္ေရွာင္ေတြေနရာခ်ထားေပးအျပီး အခ်ိန္တခုအထိ ဆက္လက္ၾကည့္ရႈ ေထာက္ပံ့သြားမယ္လို႕သူကဆိုပါတယ္။

စစ္ေရွာင္ေတြကိုေနရာခ်ထားေပးေရးအတြက္ ေျမေနရာတစ္ခုစီစဥ္ေပးဖို႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႕ အစိုးရထံမွာ ကခ်င္ ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္(KBC)ကေနယခုႏွစ္ ေဖေဖာ္ဝါရီလ (၆) ရက္ေန႔က ေတာင္းဆိုထားခဲ့ပါတယ္။

ေနရပ္ေရႊ႕ေျပာင္း လုံးစြတ္စစ္ေရွာင္စခန္း တာဝန္ခံဦးဖုန္ထိန္ကေတာ့ သင့္ေတာ္မယ့္ ေနရာအတြက္ ေရြးခ်ယ္ေျပာင္းေရႊ႕ တာလို႕ဆိုပါတယ္။

“ေနရာခ်မယ့္ ေနရာကေတာ့ ေျမေနရာေတာ့တိုင္းျပီးပါျပီး။ လူဦးေရက(၃၇၀)။ အဆင္ေျပတယ္လို႕ေတာ့ မဟုတ္ဘူး။ ကိုယ္ လိုခ်င္တဲ့ေနရာရဖို႕မလြယ္ေတာ့ဘူး။ ေျမေတြက လြတ္လပ္တဲ့ ေနရာလဲမရွိေတာ့။ သင့္ေတာ္မယ္ထင္တဲ့ ေျမေနရာ ေရြးထားတယ္။”

ပူတာအိုၿမိဳ႕၊ လုံစြတ္စစ္ေရွာင္စခန္းက စစ္ေဘးေရွာင္အမ်ားစုဟာ မခ်မ္းေဘာ၊ ပူတာအိုနဲ႕ ေခါင္လန္ဖူးၿမိဳ႕နယ္တို႔ က မျပဳံးေက်းရြာ၊ အင္ခါးဂါေက်းရြာ၊ အင္ဖ်ီဂါေက်းရြာ၊ ဖကန္းေက်းရြာနဲ႕ ႏွင္းတန္ေဂါင္ေက်းရြာတို႔က ရြာသားေတြျဖစ္ၾကျပီး ၂၀၁၃ ခုႏွစ္ကတည္းက တပ္မေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရးအဖြဲ႕ (KIO) တို႔အၾကား ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေၾကာင့္ ေနရပ္စြန႔္ ထြက္ေျပးလာၾကတာပါ။

ကာလအတန္ၾကာ တိုက္ပြဲရပ္တန္႕ေနတဲ့ ျမန္မာစစ္တပ္နဲ႕ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIAအၾကား ဇြန္လ(၆) ရက္နဲ႕(၇)ရက္ေန႕က ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။

ျမန္မာစစ္တပ္နဲ႕KIOတို႕တိုက္ပြဲျဖစ္စဥ္ေၾကာင့္ စစ္ေရွာင္ဦးေရ တသိန္းတေသာင္းေက်ာ္ ရွိလာေနခဲ့ျပီး တရုတ္နယ္စပ္နဲ႕ ျပည္တြင္းမွာ စစ္ေရွာင္စခန္း(၁၂၇)ခုရွိေနတယ္လို႕ ကခ်င္ေဒသ စစ္ေဘးေရွာင္မ်ား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ ဥကၠ႒ ေဒါက္တာ ခါလမ္ဆမ္ဆြန္ကေျပာပါတယ္။

ကခ်င္စစ္ေရွာင္ေတြေနရပ္ျပန္နိုင္ေရးအတြက္ ႏွစ္ဖက္လက္နက္ကိုင္ေတြ သေဘာတူညီမွု တစ္စုံတစ္ခု ရရွိမွသာလၽွင္ ေနရပ္ျပန္ေရး စိတ္ခ်ရမယ္လို႕ ဇြန္လ(၉)မွာက်ေရာက္တဲ့ ကခ်င္တိုက္ပြဲ(၉)ႏွစ္ျပည့္ေန႔ မွာ ကခ်င္အမ်ိဳးသား အတိုင္ပင္ ခံအဖြဲ႕က တိုက္တြန္း ေတာင္းဆိုထားပါတယ္။

ကခ်င္လက္နက္ကိုင္အဖြဲ႕တခုျဖစ္တဲ့ KIOဟာ ျမန္မာအစိုးရနဲ႕NCAအပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးနိုင္ျခင္းမရွိေသး ပါဘူး။

တိုက္႐ိုက္ လင့္ခ္


..............

ပူတာအိုက စစ်ရှောင်တွေအတွက် နေရာသစ်မှာ ပြန်လည်နေရာချထားဖို့ စီစဉ်

(Unicode)

မူလနေရပ်ရင်းကို ပြန်ဖို့မဖြစ်နိုင်တော့တဲ့ ကချင်ပြည်နယ်ပူတာအိုမြို့နယ်က စစ်ရှောင် ၃၇၀အတွက် နေရာသစ်မှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်လုပ်ဆောင်နေတဲ့အခြေအနေကို နိုင်ကွန်းအိန် တင်ဆက်ပေးမှာပါ။

မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့KIOတို့အကြားတိုက်ပွဲကြောင့် နေရပ်ကနေတိမ်းရှောင်လာကြတဲ့ ပူတာ အိုမြို့နယ် လုံစွတ်စခန်းကစစ်ရှောင်တွေအတွက် ကချင်ဒေသ စစ်ဘေးရှောင်များကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC)ကနေ ပူတာအို နဲ့မချမ်းဘောကြားမှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်လုပ်ဆောင်နေတယ်လို့ အဖွဲ့ ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကပြောပါတယ်။

“မချမ်းဘောနဲ့ ပူတာအိုကြားကနေရာတခုကို သွားကြည့်ပြီးမှ ကျွန်တော်တို့က အဲဒီမှာနည်းနည်း ညှိနှိုင်းပေးတယ်။ ရွာကအခံတွေနဲ့ပေါ့။ ဒေသခံတွေနဲ့။ နောက်ဆုံးတော့ပြေလည်သွားတယ်အဲဒီမှာ ကျွန်တော်တို့ ဧက(၆၂)ဧကကို သူတို့အိမ်ခြေ(၇၂)အိမ် လူဦးရေ(၃၀၀)ကျော်တယ်။ အဲတာကိုကျွန်တော်တို့ သက်ဆိုင်ရာ ခရိုင်နဲ့ညှိနှိုင်းပြီးမှ အားလုံးမြေတိုင်းစာရင်းတွေဝင်ပြီး ဒီနိပွန်းဖေါင်ဒေးရှင်းရဲ့ အကူညီနဲ့အခု အဆင်သင့်ဖြစ်နေပြီး။ မနေ့ကလဲ ကျွန်တော် တို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့နဲ့ ကျွန်တော်တို့တွေ့ဆုံဆွေးနွေးပြီးမှ လုပ်ငန်းတော့စဖို့ အခု Ready ဖြစ်နေပါပြီ။”

ပူတာအိုမြို့နယ် လုံးစွတ်စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေအတွက် ပူတာအိုနဲ့ မချမ်းဘောကြားမှာရှိတဲ့ ဇီတန်ရွာရဲ့ ဘေးမှာ မြေနေရာတစ်ခုကို အစိုးရနှဲ့ညှိနှိုင်းပြီး ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းအကူအညီနဲ့ စီစဉ်ပေးနေတာလို့ သူကဆိုပါတယ်။

စစ်ရှောင်တွေအနေနဲ့ မူလနေရပ်ရင်းမှာပြန်လည်နေထိုင်ဖို့လုံခြုံမှုမရှိသေးတဲ့အခြေအနေကြောင့် နေရာသစ်ကို စီစဉ် နေတာလို့ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကပြောပါတယ်။

“သူတို့ရဲ့မူလနေရာက တိုက်ပွဲဖြစ်ခဲ့တဲ့နေရာ။ ဆိုတော့ အဲဒီနေရာက သွားရေးလာရေးလဲခက်တယ်။ ဒီဘက်ကို သူတို့ ပြန်ဖို့ကလဲ အဲဒီမှာ ပြည်သူ့စစ်တွေစစ်တပ်တွေကအများကြီးကျန်ရှိသေးတယ်။ သူတို့က ပြန်လည်နေရာချထား ရေးကိုဘဲ ပိုပြီးမှဆန္ဒရှိတယ်။ ဆိုတော့ နောက်တကြိမ် ရွှေ့ချင်တော့ဘူး။”

စစ်ရှောင်တွေနေရာချထားပေးအပြီး အချိန်တခုအထိ ဆက်လက်ကြည့်ရှု ထောက်ပံ့သွားမယ်လို့သူကဆိုပါတယ်။

စစ်ရှောင်တွေကိုနေရာချထားပေးရေးအတွက် မြေနေရာတစ်ခုစီစဉ်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရထံမှာ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ကနေယခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့က တောင်းဆိုထားခဲ့ပါတယ်။

နေရပ်ရွှေ့ပြောင်း လုံးစွတ်စစ်ရှောင်စခန်း တာဝန်ခံဦးဖုန်ထိန်ကတော့ သင့်တော်မယ့် နေရာအတွက် ရွေးချယ်ပြောင်းရွှေ့ တာလို့ဆိုပါတယ်။

“နေရာချမယ့် နေရာကတော့ မြေနေရာတော့တိုင်းပြီးပါပြီး။ လူဦးရေက(၃၇၀)။ အဆင်ပြေတယ်လို့တော့ မဟုတ်ဘူး။ ကိုယ် လိုချင်တဲ့နေရာရဖို့မလွယ်တော့ဘူး။ မြေတွေက လွတ်လပ်တဲ့ နေရာလဲမရှိတော့။ သင့်တော်မယ်ထင်တဲ့ မြေနေရာ ရွေးထားတယ်။”

ပူတာအိုမြို့၊ လုံစွတ်စစ်ရှောင်စခန်းက စစ်ဘေးရှောင်အများစုဟာ မချမ်းဘော၊ ပူတာအိုနဲ့ ခေါင်လန်ဖူးမြို့နယ်တို့ က မပြုံးကျေးရွာ၊ အင်ခါးဂါကျေးရွာ၊ အင်ဖျီဂါကျေးရွာ၊ ဖကန်းကျေးရွာနဲ့ နှင်းတန်ဂေါင်ကျေးရွာတို့က ရွာသားတွေဖြစ်ကြပြီး ၂၀၁၃ ခုနှစ်ကတည်းက တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နေရပ်စွန့် ထွက်ပြေးလာကြတာပါ။

ကာလအတန်ကြာ တိုက်ပွဲရပ်တန့်နေတဲ့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIAအကြား ဇွန်လ(၆) ရက်နဲ့(၇)ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့KIOတို့တိုက်ပွဲဖြစ်စဉ်ကြောင့် စစ်ရှောင်ဦးရေ တသိန်းတသောင်းကျော် ရှိလာနေခဲ့ပြီး တရုတ်နယ်စပ်နဲ့ ပြည်တွင်းမှာ စစ်ရှောင်စခန်း(၁၂၇)ခုရှိနေတယ်လို့ ကချင်ဒေသ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကပြောပါတယ်။

ကချင်စစ်ရှောင်တွေနေရပ်ပြန်နိုင်ရေးအတွက် နှစ်ဖက်လက်နက်ကိုင်တွေ သဘောတူညီမှု တစ်စုံတစ်ခု ရရှိမှသာလျှင် နေရပ်ပြန်ရေး စိတ်ချရမယ်လို့ ဇွန်လ(၉)မှာကျရောက်တဲ့ ကချင်တိုက်ပွဲ(၉)နှစ်ပြည့်နေ့ မှာ ကချင်အမျိုးသား အတိုင်ပင် ခံအဖွဲ့က တိုက်တွန်း တောင်းဆိုထားပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ KIOဟာ မြန်မာအစိုးရနဲ့NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေး ပါဘူး။

XS
SM
MD
LG