သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္နဲ႔ ရွမ္းေျမာက္က စစ္ေရွာင္ေတြရဲ႕ ကိုဗစ္ကာလအခက္အခဲ ကူညီေျဖရွင္းဖုိ႔ေတာင္းဆို


စစ္ေဘးေရွာင္ ကခ်င္ဒုကၡသည္မ်ား။ (ဇူလိုင္ ၃၀၊ ၂၀၁၅)

[Zawgyi/Unicode]

ကခ်င္နဲ႔ ရွမ္းေျမာက္မွာ ရွိေနတဲ့ စစ္ေရွာင္ျပည္သူေတြအတြက္ ကပ္ေရာဂါကာလမွာ ရင္ဆုိင္ေနရတဲ့ အခက္အခဲေတြကုိ အေလးထားေဆာင္ရြက္ေပးဖုိ႔ ေတာင္းဆုိထားတဲ့သတင္းကို တင္ဆက္ေပးပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက တင္ျပေပးပါမယ္။

ကုိဗစ္ကပ္ေရာဂါကာလအတြင္းမွာ စစ္ေရွာင္ျပည္သူေတြကို ကာကြယ္ေစာင့္ေရွာက္ေပးဖုိ႔နဲ႔ သူတုိ႔ေနရပ္ျပန္ႏုိင္ဖို႔အတြက္ အစုိးရအပါအဝင္ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕အစည္းေတြနဲ႔ ကူညီေရးအဖြဲ႕အစည္းေတြကုိ စစ္ေရွာင္ေကာ္မတီေတြဘက္က ေတာင္းဆိုလုိက္တာပါ။

ရွမ္းျပည္နယ္ေျမာက္ပိုင္းနဲ႔ ကခ်င္ျပည္နယ္ မန္ဝိန္းႀကီးေဒသတို႔မွာ ရွိေနတဲ့ စစ္ေရွာင္းစခန္း ၃၉ ခုေက်ာ္က လူေပါင္း ၁၄,၀၀၀ ေက်ာ္ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကုိ ေျဖရွင္းေပးဖုိ႔ပါ။

တပ္မေတာ္နဲ႔ တုိင္းရင္းသား လက္နက္ကိုင္ေတြၾကား ျဖစ္ပြားေနတဲ့ ၉ ႏွစ္တာ တုိက္ပြဲအတြင္းမွာ စားေသာက္ေနထုိင္ေရးနဲ႔ လံုျခံဳေရးအခက္အခဲေတြ ရွိေနတဲ့ ဒီစစ္ေရွာင္ျပည္သူေတြဟာ အခုျဖစ္ပြားေနတဲ့ ကုိဗစ္ကပ္ေရာဂါကာလ အၾကပ္အတည္းကိုလည္း ရင္ဆိုင္ေနရတယ္လို႔ ဆုိပါတယ္။

“COVID-19 နဲ႔ ပတ္သက္ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈေတြကုိ လက္လွမ္းမီႏုိင္ဖို႔အတြက္ အေရးႀကီးတာေပါ့။ ဥပမာ COVID-19 တေယာက္ေယာက္စီမွာ ကပ္ၿပီဆုိရင္ အကုန္လံုးကိုကပ္လာႏုိင္ေတာ့ သူတုိ႔ကုိ COVID-19 ရန္ကေန ကာကြယ္ႏုိင္ေအာင္လို႔ သူတို႔ကိုလုပ္ေပးရမယ့္ အလားအလာ ရွိတာေပါ့ေနာ္။ အဲလိုမ်ိဳးလုပ္တဲ့အခ်ိန္မွာ တခ်ိဳ႕ကုိ ဒီက်န္းမာေရး စစ္ေဆးမႈေတြ အျမဲတမ္း ေန႔တုိင္းလိုလုိ လုပ္ႏုိင္ရင္ေတာ့ ပုိေကာင္းတာေပါ့။”

ဒါကေတာ့ IDPs Committee အဖြဲ႕ဝင္ ဦးေနာင္လတ္ေျပာသြားတာပါ။ စစ္ေရွာင္ျပည္သူေတြရဲ႕ အေျခခံလုိအပ္ခ်က္ေတြျဖစ္တဲ့ စားဝတ္ေနေရး၊ ပညာေရး၊ က်န္းမာေရးနဲ႔ လူမႈဘဝလံုျခံဳေရးတို႔အတြက္ ကာကြယ္ေစာင့္ေရွာက္မႈေတြ ရရွိေစခ်င္တယ္လို႔ သူကဆိုပါတယ္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕မွာ စစ္ေရွာင္စခန္း ၁၀၀ ေက်ာ္ရွိေနၿပီး ကာလရွည္ၾကာ ေနရပ္စြန္႔ခြာသူေတြအတြက္ ျပည္တြင္းစစ္ရပ္တန္႔ႏုိင္ဖို႔ကို အားလံုး ပါဝင္ေဆာင္ရြက္ေပးဖုိ႔ ကခ်င္လူငယ္မ်ားအဖြဲ႕ကြန္ယက္ အတြင္းေရးမွဴး ဆြတ္ဆုိင္းထြယ္က ေျပာပါတယ္။

“စစ္ေရွာင္တာက ျပႆနာ မဟုတ္ဘူးေပါ့ေနာ္။ ဒီေရွာင္ခဲ့ရတာက ႏုိင္ငံေရးမွာ မမွ်တမႈေတြရွိေနလို႔ လက္နက္ကုိင္ပဋိပကၡေတြ ျဖစ္လာတယ္ဆုိေတာ့ စစ္ေရွာင္ျပည္သူေတြရဲ႕ အေရးကိစၥကုိ ကခ်င္ျပည္နယ္မွာရွိသူေတြပဲ ခံေနရတယ္ဆိုတဲ့ စိတ္ကုိ မသြင္းဘဲနဲ႔ ျမန္မာတႏုိင္ငံလံုးမွာရွိတဲ့ ျပည္သားေတြအကုန္လံုးက ႏုိင္ငံတြင္း စစ္မီးမၿငိမ္း ျဖစ္ေနတဲ့အတြက္ေၾကာင့္ ဆိုတာကုိစဥ္းစားၿပီးေတာ့ ျမန္မာႏုိင္ငံ အႏွံ႔အျပားမွာ ျဖစ္ေနတဲ့ ဒီလက္နက္ကုိင္ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းဖို႔ ျပည္သူေတြကေန အစုိးရကို အသံေပးတာပဲျဖစ္ျဖစ္ သက္ဆုိင္တဲ့အစုအဖြဲ႕ေတြကို အျမဲတမ္းတြန္းအားေတြ ေပးေနသင့္တယ္လို႔ က်မကေတာ့ ေျပာခ်င္ပါတယ္။”

ကိုဗစ္ကာလမွာ ျဖစ္ပြားေနတဲ့ လက္နက္ကုိင္ပဋိပကၡေတြကုိ ျခြင္းခ်က္မရွိ ရပ္တန္႔ေပးဖို႔၊ ဒီကပ္ေရာဂါကုိ ထိန္းခ်ဳပ္ကာကြယ္ႏုိင္ဖို႔အတြက္ လူဦးေရ ထူထပ္တဲ့ စစ္ေရွာင္စခန္းေတြမွာ ေရာဂါစစ္ေဆးေပးဖုိ႔ကို အေရးေပၚေတာင္းဆိုေနၾကတာပါ။

အဲဒါအျပင္ စစ္ေရွာင္ျပည္သူေတြရဲ႕ စားဝတ္ေနေရးနဲ႔ ေက်ာင္းေတြ ျပန္ဖြင့္ခ်ိန္မွာ စစ္ေဘးေရွာင္ကေလးေတြ အတြက္ကိုလည္း က်န္းမာေရးဌာန လမ္းညႊန္ခ်က္နဲ႔အညီ ပညာသင္ၾကားႏုိင္ဖို႔အတြက္ လုိအပ္တာေတြကုိ ပံ့ပုိ႔ေပးဖို႔ လုိလားေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကချင်နဲ့ရှမ်းမြောက်က စစ်ရှောင်တွေရဲ့ ကိုဗစ်ကာလအခက်အခဲ ကူညီဖြေရှင်းဖို့တောင်းဆို

ကချင်နဲ့ ရှမ်းမြောက်မှာ ရှိနေတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ကပ်ရောဂါကာလမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အလေးထားဆောင်ရွက်ပေးဖို့ တောင်းဆိုထားတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ပြပေးပါမယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ စစ်ရှောင်ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ သူတို့နေရပ်ပြန်နိုင်ဖို့အတွက် အစိုးရအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကူညီရေးအဖွဲ့အစည်းတွေကို စစ်ရှောင်ကော်မတီတွေဘက်က တောင်းဆိုလိုက်တာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် မန်ဝိန်းကြီးဒေသတို့မှာ ရှိနေတဲ့ စစ်ရှောင်းစခန်း ၃၉ ခုကျော်က လူပေါင်း ၁၄,၀၀၀ ကျော် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ပါ။

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ဖြစ်ပွားနေတဲ့ ၉ နှစ်တာ တိုက်ပွဲအတွင်းမှာ စားသောက်နေထိုင်ရေးနဲ့ လုံခြုံရေးအခက်အခဲတွေ ရှိနေတဲ့ ဒီစစ်ရှောင်ပြည်သူတွေဟာ အခုဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကာလ အကြပ်အတည်းကိုလည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“COVID-19 နဲ့ ပတ်သက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို လက်လှမ်းမီနိုင်ဖို့အတွက် အရေးကြီးတာပေါ့။ ဥပမာ COVID-19 တယောက်ယောက်စီမှာ ကပ်ပြီဆိုရင် အကုန်လုံးကိုကပ်လာနိုင်တော့ သူတို့ကို COVID-19 ရန်ကနေ ကာကွယ်နိုင်အောင်လို့ သူတို့ကိုလုပ်ပေးရမယ့် အလားအလာ ရှိတာပေါ့နော်။ အဲလိုမျိုးလုပ်တဲ့အချိန်မှာ တချို့ကို ဒီကျန်းမာရေး စစ်ဆေးမှုတွေ အမြဲတမ်း နေ့တိုင်းလိုလို လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။”

ဒါကတော့ IDPs Committee အဖွဲ့ဝင် ဦးနောင်လတ်ပြောသွားတာပါ။ စစ်ရှောင်ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝလုံခြုံရေးတို့အတွက် ကာကွယ်စောင့်ရှောက်မှုတွေ ရရှိစေချင်တယ်လို့ သူကဆိုပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်ရှောင်စခန်း ၁၀၀ ကျော်ရှိနေပြီး ကာလရှည်ကြာ နေရပ်စွန့်ခွာသူတွေအတွက် ပြည်တွင်းစစ်ရပ်တန့်နိုင်ဖို့ကို အားလုံး ပါဝင်ဆောင်ရွက်ပေးဖို့ ကချင်လူငယ်များအဖွဲ့ကွန်ယက် အတွင်းရေးမှူး ဆွတ်ဆိုင်းထွယ်က ပြောပါတယ်။

“စစ်ရှောင်တာက ပြဿနာ မဟုတ်ဘူးပေါ့နော်။ ဒီရှောင်ခဲ့ရတာက နိုင်ငံရေးမှာ မမျှတမှုတွေရှိနေလို့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာတယ်ဆိုတော့ စစ်ရှောင်ပြည်သူတွေရဲ့ အရေးကိစ္စကို ကချင်ပြည်နယ်မှာရှိသူတွေပဲ ခံနေရတယ်ဆိုတဲ့ စိတ်ကို မသွင်းဘဲနဲ့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပြည်သားတွေအကုန်လုံးက နိုင်ငံတွင်း စစ်မီးမငြိမ်း ဖြစ်နေတဲ့အတွက်ကြောင့် ဆိုတာကိုစဉ်းစားပြီးတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်နေတဲ့ ဒီလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ပြည်သူတွေကနေ အစိုးရကို အသံပေးတာပဲဖြစ်ဖြစ် သက်ဆိုင်တဲ့အစုအဖွဲ့တွေကို အမြဲတမ်းတွန်းအားတွေ ပေးနေသင့်တယ်လို့ ကျမကတော့ ပြောချင်ပါတယ်။”

ကိုဗစ်ကာလမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ခြွင်းချက်မရှိ ရပ်တန့်ပေးဖို့၊ ဒီကပ်ရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် လူဦးရေ ထူထပ်တဲ့ စစ်ရှောင်စခန်းတွေမှာ ရောဂါစစ်ဆေးပေးဖို့ကို အရေးပေါ်တောင်းဆိုနေကြတာပါ။

အဲဒါအပြင် စစ်ရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ စစ်ဘေးရှောင်ကလေးတွေ အတွက်ကိုလည်း ကျန်းမာရေးဌာန လမ်းညွှန်ချက်နဲ့အညီ ပညာသင်ကြားနိုင်ဖို့အတွက် လိုအပ်တာတွေကို ပံ့ပို့ပေးဖို့ လိုလားနေကြပါတယ်။

XS
SM
MD
LG