သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တုိက္ပဲြေတြေၾကာင့္ ပလက္၀ၿမိဳ႕နယ္မွာ ဒီႏွစ္ထဲ ေသဆုံးသူ အရပ္သား ၄၀ ခန္႔ရွိ


ပလက္၀ၿမိဳ႕(ဓာတ္ပံု - khonumthung.news )

[Zawgyi/Unicode]

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕အၾကား စစ္ေရးတင္းမာမႈအတြင္း အခုႏွစ္ ၆ လအတြင္း ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ တိုက္ပြဲနဲ႔ ဆက္စပ္လို႔ အရပ္သား ၄၀ ေသဆုံးခဲ့တယ္လို႔ ခ်င္းစစ္ေရွာင္ကူညီေရးေကာ္မီတီကေန ထုတ္ျပန္ခဲ့တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးမွာပါ။

ပလက္၀ၿမိဳ႕နယ္မွာ ၂၀၂၀ ႏွစ္ဆန္းပိုင္းကေနဇြန္လအထိ စစ္ေရးပဋိပကၡျဖစ္စဥ္အတြင္း အရပ္သား ၄၀ ခန္႔ ေသဆုံးခဲ့တယ္လို႔ ခ်င္းစစ္ေရွာင္ကူညီေရးေကာ္မီတီအတြင္းေရးမွဴး ဦးေက်ာ္ေအာင္က ေျပာပါတယ္။

“အခုဒီ ဇန္န၀ါရီလကေန ဇြန္လအထိဆိုရင္ လက္ရွိ ပလက္၀ၿမိဳ႕နယ္ေသဆုံးမႈကေတာ့ ၄၉ ေလာက္ရွိပါျပီး။ အဲဒီ ၄၀ ထဲ မွာ ဗုံးၾကဲျပီးေတာ့ေသတဲ့ လူပုဂၢိဳလ္ေတြေတာ့ အမ်ားဆုံးရွိတယ္။ တခ်ိဳ႕ကေတာ့ ဘယ္အဖြဲ႕အစည္းမွ မသိဘူး။ အဲဒီလိုမ်ိဳး အသတ္ခံရတယ္။ သတ္ျပီးမွပဲ အေလာင္းေတြျပန္ေတြ႕ရတယ္။ တခ်ိဳ႕က က်ည္ထိမွန္ျပီးေတာ့ ေသဆုံးရတယ္။ အဲဒီလိုမ်ိဳးေတြ။”

ဒီေသဆုံးမႈမွာ ၿပီးခဲ့တဲ့ မတ္လကစျပီး ျမန္မာ့တပ္မေတာ္က ေလေၾကာင္းကေန ပစ္ခတ္ခဲ့လို႔ မိတ္စာ၀၊ ၀က္မ၊ နန္းေခ်ာင္း၊ ၀ ေက်းရြာက ရြာသား ၂၉ ဦး၊ ပလက္၀ၿမိဳ႕ေပၚနဲ႔ ပီၤြ၀ုန္းရြာက ၈ ဦး လက္နက္ၾကီး ထိမွန္ေသဆုံးခဲ့ျပီး အမည္မသိ အဖြဲ႕က ပစ္ခတ္လို႔ ၃ ဦး ေသဆုံးခဲ့ေၾကာင္း စာရင္းထုတ္ျပန္ထားပါတယ္။

ပလက္၀ၿမိဳ႕နယ္မွာ ႏွစ္ဘက္ပဋိပကၡအတြင္း အရပ္သားေတြအေပၚ ပစ္မွတ္ထား တိုက္ခိုက္မႈေတြ ရိွေနတာေၾကာင့္ ေဒသခံေတြ စိုးရိမ္မႈေတြ ရွိေနတယ္လို႔ ပလက္၀ၿမိဳ႕နယ္မဲဆႏၵနယ္က အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္က ေျပာပါတယ္။

“အခုလက္ရွိ အေျခအေနအထိေတာ့ ေသဆုံးသူ ဒဏ္ရာရတဲ့သူက က်ေနာ္တို႔ေတြက အတိက်ေျပာဖို႔ေတာ့ အရမ္းခက္တယ္။ ေျပာမယ္ဆိုရင္ေတာ့ ေလယာဥ္ပ်ံသံေတြ ၾကားတယ္ဆိုရင္ေတာ့ သက္ၾကီးရြယ္အိုေတြ ကေလးသူငယ္ေတြကေတာ့ ဘယ္နားမွာ ပုန္းၾကမလဲေပါ့။ ေသနတ္သံၾကားရင္ ဘယ္နားမွာ က်ည္ဆံ မိမလဲေပါ့။ ဒါေတြက စိုးရိမ္စရာ အေန အထားရွိတာေပါ့ေနာ္။”

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ဘက္က တိုက္ပြဲျဖစ္စဥ္ေတြမွာ လက္နက္က်ည္ထိမွန္မႈေၾကာင့္ အရပ္သားေတြေသဆုံးမႈ၊ ဒဏ္ရာရမႈ၊ ေနအိမ္မီေလာင္မႈေတြရွိခဲ့ေပမဲ့ ျမန္မာစစ္တပ္ဘက္ကေရာ AA ဘက္ကပါ သူတို႔အဖြဲ႔လက္ခ်က္ မဟုတ္ေၾကာင္း ျငင္းဆိုေနၾကပါတယ္။

ဒီလိုစစ္ေရးျဖစ္စဥ္အတြင္း ဒဏ္ရာရရွိသူအမ်ားအျပားရွိခဲ့သလို လူဦးေရ ၇,၀၀၀ ေက်ာ္ဟာလည္း စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

လက္ရွိ ပလက္၀ၿမိဳ႕အတြင္း စစ္ေရွာင္ေတြနဲ႔ ၿမိဳ႕ခံေတြဟာ စားနပ္ရ္ိကၡာအခက္ခဲ ရွိေနတယ္လို႔ ဦးေက်ာ္ေအာင္က ဆက္ေျပာပါတယ္။

“မီးစာမွာေရာ၊ ပလက္၀ၿမိဳ႕ေပၚမွာေရာ ျပီးေတာ့ဆမီးမွာလည္း လူဦးေရေပါင္းကေတာ့ ၇,၁၅၄ က်ေနာ္တို႔ ၅ လပိုင္းက ရခဲ့တဲ့အခ်က္အလက္ေပါ့။ ဆမီးမွာ ခိုလံႈတဲ့ IDP ေတြက်ေတာ့ မတူပီကေန ဆမီးကိုသြားလို႕ရတယ္။ ကူညီလို႔ ရတယ္။ အခုပိုျပီးမွ အခက္ခဲရတာက ပလက္၀မွာရွိတဲ့ IDP ေတြေပါ့။ သူတို႔ကေတာ့ အင္မတန္မွ အခက္ခဲရွိတယ္။ ဆမီးနဲ႔ ပလက္၀က လုံး၀ကိုသြားလို႔ မရဘူး။ ဆမီးမွာ အခုဆန္ေတြ အမ်ားၾကီးရွိတယ္။ ဒါေပမဲ့ ဒီပလက္၀ကို ပို႔လို႔ မရဘူး။ လမ္းေၾကာင္းက လုံး၀ အေျခအေနမေကာင္းဘူး။ ပလက္၀ၿမိဳ႕ေပၚမွာရွိတဲ့ IDP ေတြသာမက လူထုေတြေတာ္ေတာ္မ်ားမ်ားကေတာ့ စား၀တ္ေနေရးေတြေတာ္ေတာ္လည္း အခက္ခဲရွိတယ္။”

ပလက္၀ၿမိဳ႕နယ္ရဲ႕ အဓိကအားထားရာ ရခိုင္ျပည္နယ္နဲ႔ ဆက္စပ္ရာ ကုလားတန္ျမစ္ေၾကာင္းလမ္းဟာလည္း စစ္ေရးတင္းမာဆဲ အေျခအေနေၾကာင့္ ပိတ္ပင္ထားရပါတယ္။

လက္ရွိရခုိင္နဲ႔ ခ်င္းျပည္နယ္ထဲမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ အၾကား တိုက္ပြဲေတြအတြင္း အရပ္သားေတြအေပၚ ပစ္မွတ္ထားတိုက္ခိုက္မႈေတြ ပိုမ်ားလာတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ရခိုင္ျပည္နယ္ထဲမွာလဲ ၂၀၁၈ႏွစ္ကုန္ပိုင္းကေန ၂၀၂၀ ဇြန္လအထိ တိုက္ပြဲျဖစ္စဥ္အတြင္း လူေသဆုံးမႈ ၂၅၀ ေက်ာ္ ဒဏ္ရာရရွိသူ ၅၅၀ ေက်ာ္နဲ႔ အဖမ္းဆီးခံရသူ ၅၀၀ ေက်ာ္ရွိေနျပီးစစ္ေရွာင္ဦးေရ ၂၀၀,၀၀၀ သိန္းခန္႔ ရွိေနတယ္လို႔ ရခိုင္လူမႈအဖြဲ႕အစည္းေတြက စာရင္းျပဳစုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်မှာ ဒီနှစ်ထဲ သေဆုံးသူ အရပ်သား ၄၀ ခန့်ရှိ

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးတင်းမာမှုအတွင်း အခုနှစ် ၆ လအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲနဲ့ ဆက်စပ်လို့ အရပ်သား ၄၀ သေဆုံးခဲ့တယ်လို့ ချင်းစစ်ရှောင်ကူညီရေးကော်မီတီကနေ ထုတ်ပြန်ခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးမှာပါ။

ပလက်ဝမြို့နယ်မှာ ၂၀၂၀ နှစ်ဆန်းပိုင်းကနေဇွန်လအထိ စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း အရပ်သား ၄၀ ခန့် သေဆုံးခဲ့တယ်လို့ ချင်းစစ်ရှောင်ကူညီရေးကော်မီတီအတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

“အခုဒီ ဇန်နဝါရီလကနေ ဇွန်လအထိဆိုရင် လက်ရှိ ပလက်ဝမြို့နယ်သေဆုံးမှုကတော့ ၄၉ လောက်ရှိပါပြီး။ အဲဒီ ၄၀ ထဲ မှာ ဗုံးကြဲပြီးတော့သေတဲ့ လူပုဂ္ဂိုလ်တွေတော့ အများဆုံးရှိတယ်။ တချို့ကတော့ ဘယ်အဖွဲ့အစည်းမှ မသိဘူး။ အဲဒီလိုမျိုး အသတ်ခံရတယ်။ သတ်ပြီးမှပဲ အလောင်းတွေပြန်တွေ့ရတယ်။ တချို့က ကျည်ထိမှန်ပြီးတော့ သေဆုံးရတယ်။ အဲဒီလိုမျိုးတွေ။”

ဒီသေဆုံးမှုမှာ ပြီးခဲ့တဲ့ မတ်လကစပြီး မြန်မာ့တပ်မတော်က လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ မိတ်စာဝ၊ ဝက်မ၊ နန်းချောင်း၊ ၀ ကျေးရွာက ရွာသား ၂၉ ဦး၊ ပလက်ဝမြို့ပေါ်နဲ့ ပီၤွဝုန်းရွာက ၈ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး အမည်မသိ အဖွဲ့က ပစ်ခတ်လို့ ၃ ဦး သေဆုံးခဲ့ကြောင်း စာရင်းထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ်မှာ နှစ်ဘက်ပဋိပက္ခအတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပလက်ဝမြို့နယ်မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောပါတယ်။

“အခုလက်ရှိ အခြေအနေအထိတော့ သေဆုံးသူ ဒဏ်ရာရတဲ့သူက ကျနော်တို့တွေက အတိကျပြောဖို့တော့ အရမ်းခက်တယ်။ ပြောမယ်ဆိုရင်တော့ လေယာဉ်ပျံသံတွေ ကြားတယ်ဆိုရင်တော့ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေကတော့ ဘယ်နားမှာ ပုန်းကြမလဲပေါ့။ သေနတ်သံကြားရင် ဘယ်နားမှာ ကျည်ဆံ မိမလဲပေါ့။ ဒါတွေက စိုးရိမ်စရာ အနေ အထားရှိတာပေါ့နော်။”

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်က တိုက်ပွဲဖြစ်စဉ်တွေမှာ လက်နက်ကျည်ထိမှန်မှုကြောင့် အရပ်သားတွေသေဆုံးမှု၊ ဒဏ်ရာရမှု၊ နေအိမ်မီလောင်မှုတွေရှိခဲ့ပေမဲ့ မြန်မာစစ်တပ်ဘက်ကရော AA ဘက်ကပါ သူတို့အဖွဲ့လက်ချက် မဟုတ်ကြောင်း ငြင်းဆိုနေကြပါတယ်။

ဒီလိုစစ်ရေးဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူအများအပြားရှိခဲ့သလို လူဦးရေ ၇,၀၀၀ ကျော်ဟာလည်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။

လက်ရှိ ပလက်ဝမြို့အတွင်း စစ်ရှောင်တွေနဲ့ မြို့ခံတွေဟာ စားနပ်ရိက္ခာအခက်ခဲ ရှိနေတယ်လို့ ဦးကျော်အောင်က ဆက်ပြောပါတယ်။

“မီးစာမှာရော၊ ပလက်ဝမြို့ပေါ်မှာရော ပြီးတော့ဆမီးမှာလည်း လူဦးရေပေါင်းကတော့ ၇,၁၅၄ ကျနော်တို့ ၅ လပိုင်းက ရခဲ့တဲ့အချက်အလက်ပေါ့။ ဆမီးမှာ ခိုလှုံတဲ့ IDP တွေကျတော့ မတူပီကနေ ဆမီးကိုသွားလို့ရတယ်။ ကူညီလို့ ရတယ်။ အခုပိုပြီးမှ အခက်ခဲရတာက ပလက်ဝမှာရှိတဲ့ IDP တွေပေါ့။ သူတို့ကတော့ အင်မတန်မှ အခက်ခဲရှိတယ်။ ဆမီးနဲ့ ပလက်ဝက လုံးဝကိုသွားလို့ မရဘူး။ ဆမီးမှာ အခုဆန်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဒီပလက်ဝကို ပို့လို့ မရဘူး။ လမ်းကြောင်းက လုံး၀ အခြေအနေမကောင်းဘူး။ ပလက်ဝမြို့ပေါ်မှာရှိတဲ့ IDP တွေသာမက လူထုတွေတော်တော်များများကတော့ စားဝတ်နေရေးတွေတော်တော်လည်း အခက်ခဲရှိတယ်။”

ပလက်ဝမြို့နယ်ရဲ့ အဓိကအားထားရာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်ရာ ကုလားတန်မြစ်ကြောင်းလမ်းဟာလည်း စစ်ရေးတင်းမာဆဲ အခြေအနေကြောင့် ပိတ်ပင်ထားရပါတယ်။

လက်ရှိရခိုင်နဲ့ ချင်းပြည်နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အကြား တိုက်ပွဲတွေအတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲမှာလဲ ၂၀၁၈နှစ်ကုန်ပိုင်းကနေ ၂၀၂၀ ဇွန်လအထိ တိုက်ပွဲဖြစ်စဉ်အတွင်း လူသေဆုံးမှု ၂၅၀ ကျော် ဒဏ်ရာရရှိသူ ၅၅၀ ကျော်နဲ့ အဖမ်းဆီးခံရသူ ၅၀၀ ကျော်ရှိနေပြီးစစ်ရှောင်ဦးရေ ၂၀၀,၀၀၀ သိန်းခန့် ရှိနေတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG