[Zawgyi/Unicode]
ႏွစ္ ႏွစ္နီးပါးၾကား ရပ္ဆိုင္းေနခဲ့တဲ့ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတဲြေစာင့္ၾကည့္ေရး ေကာ္မတီအစည္းအေ၀း JMC ကို လာမယ့္ ဇူလိုင္လ ဒုတိယပတ္မွာ စတင္ဖို႔အတြက္ ဒီေန႔ အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြအၾကား သေဘာတူညီခ်က္ ရရွိတဲ့ သတင္းကို တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။
ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတဲြေစာင့္ၾကည့္ေရး ေကာ္မတီအစည္းအေ၀း JMC အစည္းအေ၀းကို ၂၀၁၈ ခုႏွစ္ စက္တင္လမွာ ေနာက္ဆံုးက်င္းပခဲ့တာျဖစ္ၿပီး ဒီအစည္းအေ၀းေတြ မက်င္းပႏိုင္ခဲ့တဲ့ေနာက္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာ ရပ္တန္႔ခဲ့ရတာပါ။
ဒီကေန႔မွာေတာ့ အစိုးရရဲ႕ ကိုယ္စားလွယ္အဖဲြ႕နဲ႔ NCA အပစ္ရပ္စာခ်ဳပ္လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႕ေတြရဲ႕ အပစ္အခတ္ရပ္စဲမႈ ခိုင္မာေရးဆိုင္ရာ အလုပ္အဖဲြ႕တို႔ ရန္ကုန္ၿမိဳ႕မွာ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကၿပီး ရရွိတဲ့ သေဘာတူညီခ်က္ေတြကို ၿငိမ္းခ်မ္းေရးေကာ္မရွင္ရဲ႕ အႀကံေပးအဖဲြ႕၀င္ ဦးလွေမာင္ေရႊက ေျပာပါတယ္။
“အဓိကကေတာ့ NCA ရဲ႕ အခန္း ၃ နဲ႔ ၄မွာ ပါတဲ့ အခ်က္ေတြကို ဘယ္လိုေဆြးေႏြးၾကမလဲ၊ ဘယ္လိုမ်ိဳး အေကာင္အထည္ေဖာ္ၾကမလဲဆိုတာကို အဓိက ေဆြးေႏြးတယ္။ အဓိက ေဆြးေႏြးတဲ့အတြက္ေၾကာင့္ ဒီေန႔က အစည္းအေ၀း ဆံုးျဖတ္ခ်က္ ၄ ခုရတယ္။ ဒီထဲမွာ အေရးႀကီးတဲ့ အစည္းအေ၀းဆံုးျဖတ္ခ်က္ကေတာ့ JMC_ U ၂၀၂၀ ဇူလိုင္လ ၇ ရက္နဲ႔ ၈ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ေပၚမွာ ေခၚမယ္ဆိုတဲ့ဟာ အဓိက အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္ပဲ။”
NCA အပစ္ရပ္စာခ်ဳပ္ အခန္း ၃ ဟာ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ကိစၥရပ္ေတြ ပါ၀င္ၿပီး အခန္း ၄ ကေတာ့ ပစ္ခတ္တိုက္ခိုက္မႈ ခိုင္မာေအာင္လုပ္ေဆာင္ျခင္းဆိုတဲ့အခ်က္ေတြ ပါ၀င္တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဇန္နဝါရီလက က်င္းပခဲ့တဲ့ JICM ေခၚ တစ္ႏိုင္ငံလံုး ပစ္ခိုက္တိုက္ခိုက္မႈရပ္စဲေရး အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညွိႏိႈင္းအစည္းအေ၀းက လာမယ့္ ၂ လအတြင္းမွာ UPDJC ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတဲြေကာ္မတီနဲ႔ JMC ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတဲြေစာင့္ၾကည့္ေရးေကာ္မတီ အစည္းအေ၀းေတြ က်င္းပဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။
UPDJC အစည္းအေ၀းကိုေတာ့ ၿပီးခဲ့တဲ့ မတ္အတြင္းက က်င္းပႏိုင္ခဲ့ၿပီး JMC အစည္းအေ၀းက်င္းပေရးကိုေတာ့ ဒီကေန႔မွာ သေဘာတူညီခ်က္ ရခဲ့တာျဖစ္ပါတယ္။
ျပည္ေထာင္စုအဆင့္ အပစ္ရပ္ပူးတဲြေစာင့္ၾကည့္ေရးေကာ္မတီ JMC- U ရဲ႕ အတြင္းေရးမွဴး ၁ ေဒါက္တာ ေရႊခါးကဒီလိုသေဘာတူညီႏိုင္ခဲ့တာေၾကာင့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ UPC - ၂၁ရာစု ပင္လံုအစည္းအေ၀း က်င္းပႏိုင္ေရးအတြက္ ပိုမို ခိုင္မာလာၿပီျဖစ္ေၾကာင္း ေျပာပါတယ္။
“တကယ္လို႔ UPDJC တစ္ခုပဲ အဆင္ေျပၿပီးေတာ့ JMC ဘက္မွာ တစ္ဆို႔မႈေတြ ရွိေနမယ္ဆိုရင္ေတာ့ UPC သြားဖို႔က ခိုးလိုးခုလု ျဖစ္ေနတာကိုး။ ဆိုေတာ့ အဲဒါေၾကာင့္ JMC ျပန္လည္စတင္ဖို႔ လုပ္ႏိုင္တဲ့ဟာက ေတာ္ေတာ္ေလးကို UPC အတြက္က အေျခအေန ေကာင္းသြားတာေပါ့ေနာ္။”
၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလမွာ က်င္းပတဲ့ NCA စာခ်ဳပ္ ၃ နွစ္ျပည့္အခမ္းအနား အၿပီးမွာ ကရင္အမ်ိဳးသားအစည္းအရံုး KNU က တရား၀င္ႏိုင္ငံေရးေဆြးေႏြးပဲြေတြကို ရပ္ဆိုင္းခဲ့သလို ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS က JMC အစည္းအေ၀းေတြ ပါ၀င္တက္ေရာက္ဖို႔ ရပ္ဆိုင္းခဲ့ပါတယ္။
ဒီလို ရပ္ဆိုင္းခဲ့တာဟာ တပ္မေတာ္တစ္ခုတည္း ျဖစ္ေရးနဲ႔ ျပည္ေထာင္စုက ခဲြမထြက္ေရးဆိုတဲ့ အခ်က္ေတြအေပၚမွာေျပလည္မႈ မရတာေၾကာင့္လို႔ သံုးသပ္တာေတြ ရွိခဲ့ၿပီး ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ ရာစု ပင္လံုအစည္းအေ၀းေတြလည္း ရပ္ဆိုင္းခဲ့ရတာျဖစ္ပါတယ္။
ေလာေလာဆယ္မွာေတာ့ UPC ေခၚ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ ရာစု ပင္လံု စတုတၱအစည္းအေ၀းကို လာမယ့္လေတြအတြင္း က်င္းပဖို႔ ရွိေနၿပီး ဒီလို က်င္းပႏိုင္ဖို႔အတြက္ အစိုးရကိ္ုယ္စားလွယ္အဖဲြ႕နဲ႔ NCA လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္ ကိုယ္စားလွယ္အဖဲြ႕ေတြ အဂၤါေန႔မွာ ရန္ကုန္မွာ ေဆြးေႏြးၾကမွာျဖစ္ပါတယ္။
[Unicode Version]
အပစ်ရပ်စောင့်ကြည့်ရေး ကော်မတီအစည်းအဝေး ရှေ့လပြန်စမည်
နှစ် နှစ်နီးပါးကြား ရပ်ဆိုင်းနေခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအစည်းအဝေး JMC ကိုလာမယ့် ဇူလိုင်လ ဒုတိယပတ်မှာ စတင်ဖို့အတွက် ဒီနေ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား သဘောတူညီချက် ရရှိတဲ့ သတင်းကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအစည်းအဝေး JMC အစည်းအဝေးကို ၂၀၁၈ ခုနှစ် စက်တင်လမှာ နောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး ဒီအစည်းအဝေးတွေ မကျင်းပနိုင်ခဲ့တဲ့နောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်တန့်ခဲ့ရတာပါ။
ဒီကနေ့မှာတော့ အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ အလုပ်အဖွဲ့တို့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရရှိတဲ့ သဘောတူညီချက်တွေကို ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။
“အဓိကကတော့ NCA ရဲ့ အခန်း ၃ နဲ့ ၄မှာ ပါတဲ့ အချက်တွေကို ဘယ်လိုဆွေးနွေးကြမလဲ၊ ဘယ်လိုမျိုး အကောင်အထည်ဖော်ကြမလဲဆိုတာကို အဓိက ဆွေးနွေးတယ်။ အဓိက ဆွေးနွေးတဲ့အတွက်ကြောင့် ဒီနေ့က အစည်းအဝေး ဆုံးဖြတ်ချက် ၄ ခုရတယ်။ ဒီထဲမှာ အရေးကြီးတဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကတော့ JMC_ U ၂၀၂၀ ဇူလိုင်လ ၇ ရက်နဲ့ ၈ရက်နေ့မှာ ရန်ကုန်မြို့ပေါ်မှာ ခေါ်မယ်ဆိုတဲ့ဟာ အဓိက အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပဲ။”
NCA အပစ်ရပ်စာချုပ် အခန်း ၃ ဟာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေ ပါဝင်ပြီး အခန်း ၄ ကတော့ ပစ်ခတ်တိုက်ခိုက်မှု ခိုင်မာအောင်လုပ်ဆောင်ခြင်းဆိုတဲ့အချက်တွေ ပါဝင်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ JICM ခေါ် တစ်နိုင်ငံလုံး ပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေး အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးက လာမယ့် ၂ လအတွင်းမှာ UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီနဲ့ JMC ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးတွေ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
UPDJC အစည်းအဝေးကိုတော့ ပြီးခဲ့တဲ့ မတ်အတွင်းကကျင်းပနိုင်ခဲ့ပြီး JMC အစည်းအဝေးကျင်းပရေးကိုတော့ ဒီကနေ့မှာ သဘောတူညီချက် ရခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC- U ရဲ့ အတွင်းရေးမှူး ၁ ဒေါက်တာ ရွှေခါးကဒီလိုသဘောတူညီနိုင်ခဲ့တာကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ UPC - ၂၁ရာစု ပင်လုံအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ပိုမို ခိုင်မာလာပြီဖြစ်ကြောင်း ပြောပါတယ်။
“တကယ်လို့ UPDJC တစ်ခုပဲ အဆင်ပြေပြီးတော့ JMC ဘက်မှာ တစ်ဆို့မှုတွေ ရှိနေမယ်ဆိုရင်တော့ UPC သွားဖို့က ခိုးလိုးခုလု ဖြစ်နေတာကိုး။ ဆိုတော့ အဲဒါကြောင့် JMC ပြန်လည်စတင်ဖို့ လုပ်နိုင်တဲ့ဟာက တော်တော်လေးကို UPC အတွက်က အခြေအနေ ကောင်းသွားတာပေါ့နော်။”
၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ကျင်းပတဲ့ NCA စာချုပ် ၃ နှစ်ပြည့်အခမ်းအနား အပြီးမှာ ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင်နိုင်ငံရေးဆွေးနွေးပွဲတွေကို ရပ်ဆိုင်းခဲ့သလို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က JMC အစည်းအဝေးတွေ ပါဝင်တက်ရောက်ဖို့ ရပ်ဆိုင်းခဲ့ပါတယ်။
ဒီလို ရပ်ဆိုင်းခဲ့တာဟာ တပ်မတော်တစ်ခုတည်း ဖြစ်ရေးနဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးဆိုတဲ့ အချက်တွေအပေါ်မှာပြေလည်မှု မရတာကြောင့်လို့ သုံးသပ်တာတွေ ရှိခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးတွေလည်း ရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ UPC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္တအစည်းအဝေးကို လာမယ့်လတွေအတွင်း ကျင်းပဖို့ ရှိနေပြီး ဒီလို ကျင်းပနိုင်ဖို့အတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့တွေ အင်္ဂါနေ့မှာ ရန်ကုန်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။