သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NLD အစိုးရလက္ထက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဘာအေျဖထြက္ခဲ့လဲ


Myanmar peace summit
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

အခုဆိုရင္ အင္န္အယ္လ္ဒီ အစိုးရလက္ထက္မွာ ေနာက္ဆံုး ျဖစ္ဖြယ္ရွိတဲ့ ၄ ၾကိမ္ေျမာက္ ၂၁ ရာစု ပင္လံုညီလာခံ က်င္းပဖုိ႔ ၾကိဳးစားေနၾကပါျပီ။ အခု ၂၀၂၀ ဟာ အေထြေထြ ေရြးေကာက္ပြဲ ႏွစ္ ျဖစ္တယ္၊ အၾကမ္းဖ်ဥ္းအားျဖင့္ဆို ေရြးေကာက္ပြဲကို ႏို၀င္ဘာမွာ က်င္းပဖို႔ ျဖစ္လိမ့္မယ္၊ အဲဒီအခ်ိန္ မတိုင္ခင္ ၃-၄ လဟာ ႏိုင္ငံေရးပါတီေတြ အေနနဲ႔ မဲဆြယ္စည္းရံုးေရးနဲ႔ ေရြးေကာက္ပြဲ ကိစၥကိုပဲ အာရံုစိုက္ၾကမွာမို႔ ၂၀၂၀ ႏွစ္ဆန္း မတ္၊ဧျပီ လေလာက္အတြင္း အင္န္အယ္လ္ဒီ အစိုးရလက္ထက္ ေနာက္ဆံုးတစ္ၾကိမ္ အျဖစ္ ျငိမ္းခ်မ္းေရး ညီလာခံ တစ္ခု က်င္းပဖို႔ သင့္တယ္ ဆုိျပီး အစိုးရ ျငိမ္းခ်မ္းေရး လုပ္ငန္း အေကာင္အထည္ ေဖာ္ေနသူေတြဘက္က ေျပာဆုိ၊ ကမ္းလွမ္း ထားခဲ့ၾကျပီးသားပါ။ ဒါေပမယ့္လည္း မထင္မွတ္ပဲ တကမၻာလံုး အတုိင္းအတာနဲ႔ COVID-19 ဗိုင္းရပ္စ္ ကပ္ေရာဂါၾကီး ျမန္မာႏိုင္ငံကိုလည္း ဆုိက္ေရာက္ခဲ့တာမို႔ ျငိမ္းခ်မ္းေရး ဆုိင္ရာ လုပ္ငန္းစဥ္ေတြလည္း ရပ္တန္႔သလို ျဖစ္သြားခဲ့ရပါတယ္။ အခုေတာ့ COVID-19 နဲ႔ ပတ္သက္ျပီး အရင္ တင္းၾကပ္ထားခဲ့သမွ် ေျဖေလ်ာ့မွဳ တစ္ခ်ိဳ႕လည္း လုပ္ခဲ့ျပီမို႔ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္လည္း ျပန္စေနျပီလို႔ ေျပာႏုိင္ပါတယ္။

ျပီးခဲ့တဲ့ ေမလ ၃၀ ရက္ေန႔က လုပ္တဲ့ ပံုမွန္ သတင္းစာရွင္းလင္းပြဲမွာေတာ့ ႏိုင္ငံေတာ္ဇ။္ အတုိင္ပင္ခံရံုး ၀န္ၾကီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ၂၁ ရာစု ပင္လံုညီလာခံ ကို လာမယ့္ ဇူလိုင္လ အတြင္း က်င္းပလိုတယ္ဆုိျပီး NCA လက္မွတ္ထိုးထားတဲ့ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြဘက္ကို ကမ္းလွမ္းထားတယ္လို႔ ထုတ္ေဖာ္ေျပာဆုိပါတယ္။ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြ ဘက္ကေတာ့ လာမယ့္ ၾသဂုတ္လ အတြင္း က်င္းပဖို႔ ျပန္ျပီး အဆုိျပဳသြားမယ္လို႔ NCA လက္မွတ္ထိုးထားတဲ့ အဖြဲ႕ေတြ ကိုယ္စား၊ ညွိႏွိဳင္းေရးမွဴးလည္းျဖစ္၊ ABSDF ျမန္မာႏုိင္ငံလံုးဆုိင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္ တပ္ဦး ေခါင္းေဆာင္ လည္းျဖစ္တဲ့ ဦးမ်ိဳး၀င္းက ဇြန္လ ၁၀ ရက္ေန႔မွာ သတင္းမီဒီယာေတြကို ေျပာထားပါတယ္။ လာမယ့္ ၂၁ရာစု ပင္လံုညီလာခံဟာ အင္န္အယ္လ္ဒီ အစိုးရက ဦးေဆာင္ အေကာင္အထည္ေဖာ္ေနတဲ့ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ရဲ႕ ေနာက္ဆံုး လုပ္ေဆာင္ခ်က္ ျဖစ္မွာမို႔ အစိုးရသက္တမ္း တစ္ခုစာ အတြင္း ေဆာင္ရြက္ခဲ့တဲ့ အေျခအေန အားလံုးကို အကဲျဖတ္မယ္ဆို အကဲျဖတ္လို႔ရတဲ့ အေျခအေန ေရာက္လာပါျပီ။ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အင္န္အယ္လ္ဒီ အစိုးရလက္ထက္ ျငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ျပီး ဘယ္လို အေျဖထြက္ခဲ့သလဲ ဆိုတာ ေလ့လာ ၾကည့္ၾကရေအာင္ပါ။

အင္န္အယ္လ္ဒီ အစိုးရလက္ထက္ ေနာက္ဆံုးျဖစ္မယ့္ လာမယ့္ ၂၁ ရာစု ပင္လံုညီလာခံမွာ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အပိုင္း-၃ ကို ခ်ဳပ္ဆုိသြားမယ္လို႔ ဦးေဇာ္ေဌးေရာ၊ ဦးမ်ိဳး၀င္းကပါ ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။ အဲဒီ စာခ်ဳပ္မွာ အပိုင္း ၃ ပိုင္း ပါမယ္လို႔လည္း ဆုိၾကပါတယ္။ အပိုင္း(၁) မွာ NCA အေကာင္အထည္ ေဖာ္မွဳဆုိင္ရာ သေဘာတူညီခ်က္ေတြ ပါ၀င္မွာ ျဖစ္ပါတယ္။ ဒါဟာ အရင္ ညီလာခံ ၂ ၾကိမ္မွာ သေဘာတူ ခ်ဳပ္ဆုိျပီး ရရွိခဲ့တဲ့ အခ်က္(၅၀) ေက်ာ္ရဲ႕ အဆက္လို႔ ဆုိရင္လည္း မမွားပါဘူး။ အပိုင္း(၂) မွာေတာ့ ၂၀၂၀ အလြန္မွာ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဆက္လက္ အေကာင္အထည္ ေဖာ္ႏိုင္ဖို႔ အတြက္ အဆင့္လိုက္ လုပ္ငန္းစဥ္ေတြကို အဆင့္လိုက္ အေကာင္အထည္ ေဖာ္ၾကဖုိ႔ ျဖစ္ပါတယ္။ ဒီအပိုင္းကို ထည့္သြင္းရျခင္း အေၾကာင္းရင္းကေတာ့ ေရြးေကာက္ပြဲလြန္ကာလမွာ ဘယ္ပါတီ အႏုိင္ရရ၊ အစိုးရ အဖြဲ႕သစ္ တက္လာလိမ့္မယ္၊ တပ္မေတာ္ဘက္က ဆုိရင္လည္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ အပါအ၀င္ ေခါင္းေဆာင္ပိုင္း အေျပာင္းအလဲ ျဖစ္ေပၚလာႏုိင္တာမို႔ ေနာင္ တာ၀န္ယူရမယ့္ သူေတြ အေနနဲ႔ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကို တဆက္တစပ္တည္း ဆက္ျပီး အေကာင္အထည္ ေဖာ္ႏိုင္ေအာင္ ျဖစ္ေၾကာင္း ဦးေဇာ္ေဌးက ေျပာဆုိထားပါတယ္။ အပိုင္း(၃) ကေတာ့ ႏုိင္ငံေတာ္ဇ။္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အဆုိျပဳထားတဲ့ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး ဆုိင္ရာ အေျခခံမူေတြကို ညွိႏွိဳင္း ထည့္သြင္းခ်ဳပ္ဆုိဖို႔ ျဖစ္တယ္လို႔ ဆုိပါတယ္။

အင္န္အယ္လ္ဒီ အစိုးရလက္ထက္ ေနာက္ဆံုး က်င္းပမယ္ ဆိုတဲ့ ျငိမ္းခ်မ္းေရး ညီလာခံကိုၾကည့္ရင္ အေရးအၾကီးဆံုးကေတာ့ ၂၀၂၀ အလြန္မွာ အစိုးရနဲ႔ တုိင္းရင္းသား လက္နက္ကိုင္ EAO ေတြ ဘာေတြ ဆက္ျပီး လုပ္ၾကမလဲ၊ ဘယ္လို အေကာင္အထည္ ေဖာ္ၾကမလဲ ဆိုတာက အဓိက ျဖစ္ေနတာ ေတြ႕ႏုိင္ပါတယ္။ က်န္တဲ့ အေရးလည္းၾကီး တစ္ဆုိ႔မွဳလည္း ျဖစ္ေနတဲ့ “ ျပည္ေထာင္စုက ခြဲမထြက္ရ” ကိစၥ၊ “ တစ္ခုတည္းေသာ တပ္မေတာ္” “ လံုျခံဳေရးဆုိင္ရာ ျပန္လည္ ေပါင္းစည္းျခင္း” စတဲ့ ျပသနာေတြနဲ႔ ပတ္သက္ရင္ ညွိႏွိဳင္းျပီး သေဘာတူညီခ်က္ ရခ်င္လည္းရ၊ မရရင္လည္း ၂၀၂၀ အလြန္ကို သယ္ေဆာင္သြားမယ္ဆိုတဲ့ သေဘာမ်ိဳး ေတြ႕ျမင္ၾကရပါတယ္။

တကယ္ေတာ့ ၂၀၁၅ ေရြးေကာက္ပြဲ အႏိုင္ရ၊ အစိုးရ ဖြဲ႕ႏုိင္ျပီး ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ဦးေဆာင္ခြင့္ရတဲ့ ႏုိင္ငံေတာ္ဇ။္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ေတြ႕ဆံု ေဆြးေႏြးမွဳ ပံုစံအမ်ိဳးမ်ိဳးကေန တဆင့္ ျငိမ္းခ်မ္းေရး ညီလာခံေတြ က်င္းပမယ္၊ အဲဒီ ညီလာခံေတြမွာ ရလာတဲ့ သေဘာတူညီခ်က္ေတြကို ျပည္ေထာင္စု လႊတ္ေတာ္မွာ အတည္ျပဳျပီး ၂၀၀၈ ဖြဲ႕စည္းပံုကို ျပင္ၾကမယ္၊ အဲဒီ ျပင္ဆင္ခ်က္ေတြနဲ႔ အတူ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္မယ္ ဆိုတဲ့ လုပ္ငန္းစဥ္ ခ်မွတ္ခဲ့တာပါ။

နဂိုက ၂၁ ရာစု ပင္လံု ျငိမ္းခ်မ္းေရး ညီလာခံေတြ တစ္ႏွစ္ကို ၃ ၾကိမ္ေလာက္ က်င္းပမယ္၊ ၂၀၂၀ ေရာက္ရင္ေတာ့ ျငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ျပီး အေျခခံ သေဘာတူညီခ်က္ေတြ ရျပီးျဖစ္လိမ့္မယ္ ဆိုသည္အထိ ေမွ်ာ္မွန္းခဲ့တာပါ။ အဲဒီလို ေမွ်ာ္မွန္းထားေၾကာင္းလည္း အတိအလင္း ထုတ္ေဖာ္ေျပာဆုိခဲ့ပါတယ္။

ဒါေပမယ့္ အစိုးရသက္တမ္း ေနာက္ဆံုးႏွစ္ထဲ ေရာက္လာခ်ိန္အထိ ၂၁ ရာစု ပင္လံုညီလာခံ ၃ ၾကိမ္ပဲ လုပ္ႏုိင္ေသးသလို၊ ညီလာခံက ရခဲ့တဲ့ သေဘာတူညီခ်က္ အခ်က္ ၅၀ ေက်ာ္ကလည္း သိပ္ျပီး အေရးၾကီးတာေတြ မဟုတ္ဘူးလို႔ ေ၀ဖန္တာ ခံရပါတယ္။ တကယ္ေတာ့ အင္န္အယ္လ္ဒီက အေကာင္အထည္ ေဖာ္ခဲ့တဲ့ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ဟာ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလမွာ က်င္းပခဲ့တဲ့ အစိုးရ၊ တပ္မေတာ္၊ တိုင္းရင္းသား လက္နက္ကိုင္ ထိပ္သီး ေဆြးေႏြးပြဲအတြင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ ေျပာခဲ့တဲ့ “ ျပည္ေထာင္စုမွ ခြဲမထြက္ရ” ဆိုတာနဲ႔ “ တစ္ခုတည္းေသာ တပ္မေတာ္” ဆိုင္ရာ မိန္႔ခြန္းေၾကာင့္ ေနာက္ပိုင္း အက်ိဳးဆက္ေတြ အမ်ားၾကီး ျဖစ္ေပၚျပီး ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ တိုးတက္မွဳ မရေတာ့တာ ဒီကေန႔ အခ်ိန္ထိပါပဲ။ ဒါေၾကာင့္ အင္န္အယ္လ္ဒီ အစိုးရလက္ထက္ ျငိမ္းခ်မ္းေရး ေဖာ္ေဆာင္မွဳမွာ NCA လက္မွတ္ထိုးထားတဲ့ တုိင္းရင္းသား လက္နက္ကိုင္ EAO ေတြနဲ႔ ေတြ႕ဆံုညွိႏွိဳင္းမွဳ အပိုင္းမွာ ေမွ်ာ္မွန္းထားသလို ေအာင္ျမင္မွဳ မရဘူးလို႔ ေကာက္ခ်က္ ခ်ႏုိင္ပါတယ္။

အင္န္အယ္လ္ဒီ ရဲ႕ ၿငိမ္းခ်မ္းေရး အေကာင္အထည္ ေဖာ္မႈမွာ ပါတဲ့ ေနာက္ထပ္ အပိုင္းတစ္ပိုင္းျဖစ္တဲ့၊ လက္ရွိ ပစ္ခတ္တိုက္ခိုက္မႈေတြ ျဖစ္ပြားေနတဲ့ ရခိုင္ AA, တအဲန္းပေလာင္၊ ကိုးကန႔္၊ KIA ကခ်င္လက္နက္ကိုင္ေတြနဲ႔ အပစ္အခတ္ ရပ္စဲေရး ေဆြးေႏြးညႇိႏႈိင္းတဲ့ဆီမွာလည္း ေအာင္ျမင္မႈ မရပါဘူး။ ရခိုင္ျပည္နယ္မွာ ဆိုရင္ AA နဲ႔ တိုက္ပြဲေတြ အႀကီးအက်ယ္ ျဖစ္ပြားေနဆဲပါ။ KIA နဲ႔လည္း အပစ္ရပ္စာခ်ဳပ္ မခ်ဳပ္ႏိုင္ေသးလို႔ ေသာင္းနဲ႔ခ်ီရွိတဲ့ ေနရပ္ျပန္လိုတဲ့ ကခ်င္ဒုကၡသည္ အေရးကိုလည္း မေျဖရွင္းႏိုင္ ျဖစ္ေနရပါတယ္။

အင္န္အယ္လ္ဒီ ရဲ႕ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ ေနာက္တစ္ပိုင္းကေတာ့ အပစ္ရပ္ထားတဲ့ ဝ၊ ကိုးကန႔္၊ SSPP/SSA ရွမ္းလက္နက္ကိုင္ အဖြဲ႕နဲ႔ ကရင္နီ လက္နက္ကိုင္ အဖြဲ႕ေတြ NCA စာခ်ဳပ္ လက္မွတ္ထိုးလာေအာင္၊ တရားဝင္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ျဖစ္စဥ္ႀကီးထဲ ပါဝင္လာေအာင္ ဆြဲေဆာင္ စည္း႐ုံးႏိုင္ေရးပါ။ အဲဒီကိစၥမွာလည္း တိုးတက္မႈ တစ္စုံတရာ ရတာ မေတြ႕ၾကရပါဘူး။ ဒါေၾကာင့္ အင္န္အယ္လ္ဒီ အစိုးရလက္ထက္ ၿငိမ္းခ်မ္းေရး အေကာင္အထည္ ေဖာ္မႈ ျဖစ္စဥ္ႀကီး တစ္ခုလုံးကို ၿခဳံငုံ သုံးသပ္ၾကည့္လိုက္ရင္ အရင္ သမၼတ ဦးသိန္းစိန္ အစိုးရ လက္ထက္ ခ်ဳပ္ဆိုခဲ့တဲ့ NCA စာခ်ဳပ္ အေကာင္အထည္ ေဖာ္ေရး၊ လက္နက္ကိုင္ ပဋိပကၡ ျဖစ္ပြားေနဆဲ အဖြဲ႕ေတြနဲ႔ အပစ္အခတ္ ရပ္စဲႏိုင္ေရး၊ အပစ္ရပ္ၿပီးသား အဖြဲ႕တစ္ခ်ိဳ႕ NCA စာခ်ဳပ္နဲ႔ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ႀကီးထဲ ပါဝင္လာေစေရး ႀကိဳးပမ္းမႈ အားလုံး ဘယ္အပိုင္းမွာမွ ေအာင္ျမင္မႈ မယ္မယ္ရရ ရတာ မေတြ႕ရပါေၾကာင္း သုံးသပ္ တင္ျပလိုက္ရပါတယ္။

---------------------

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘာအဖြေထွက်ခဲ့လဲ

အခုဆိုရင် အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ နောက်ဆုံး ဖြစ်ဖွယ်ရှိတဲ့ ၄ ကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့ ကြိုးစားနေကြပါပြီ။ အခု ၂၀၂၀ ဟာ အထွေထွေ ရွေးကောက်ပွဲ နှစ် ဖြစ်တယ်၊ အကြမ်းဖျဉ်းအားဖြင့်ဆို ရွေးကောက်ပွဲကို နိုဝင်ဘာမှာ ကျင်းပဖို့ ဖြစ်လိမ့်မယ်၊ အဲဒီအချိန် မတိုင်ခင် ၃-၄ လဟာ နိုင်ငံရေးပါတီတွေ အနေနဲ့ မဲဆွယ်စည်းရုံးရေးနဲ့ ရွေးကောက်ပွဲ ကိစ္စကိုပဲ အာရုံစိုက်ကြမှာမို့ ၂၀၂၀ နှစ်ဆန်း မတ်၊ဧပြီ လလောက်အတွင်း အင်န်အယ်လ်ဒီ အစိုးရလက်ထက် နောက်ဆုံးတစ်ကြိမ် အဖြစ် ငြိမ်းချမ်းရေး ညီလာခံ တစ်ခု ကျင်းပဖို့ သင့်တယ် ဆိုပြီး အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း အကောင်အထည် ဖော်နေသူတွေဘက်က ပြောဆို၊ ကမ်းလှမ်း ထားခဲ့ကြပြီးသားပါ။ ဒါပေမယ့်လည်း မထင်မှတ်ပဲ တကမ္ဘာလုံး အတိုင်းအတာနဲ့ COVID-19 ဗိုင်းရပ်စ် ကပ်ရောဂါကြီး မြန်မာနိုင်ငံကိုလည်း ဆိုက်ရောက်ခဲ့တာမို့ ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းစဉ်တွေလည်း ရပ်တန့်သလို ဖြစ်သွားခဲ့ရပါတယ်။ အခုတော့ COVID-19 နဲ့ ပတ်သက်ပြီး အရင် တင်းကြပ်ထားခဲ့သမျှ ဖြေလျော့မှု တစ်ချို့လည်း လုပ်ခဲ့ပြီမို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လည်း ပြန်စနေပြီလို့ ပြောနိုင်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က လုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာတော့ နိုင်ငံတော်ဇ။် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၂၁ ရာစု ပင်လုံညီလာခံ ကို လာမယ့် ဇူလိုင်လ အတွင်း ကျင်းပလိုတယ်ဆိုပြီး NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကို ကမ်းလှမ်းထားတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်ကတော့ လာမယ့် သြဂုတ်လ အတွင်း ကျင်းပဖို့ ပြန်ပြီး အဆိုပြုသွားမယ်လို့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ ကိုယ်စား၊ ညှိနှိုင်းရေးမှူးလည်းဖြစ်၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ခေါင်းဆောင် လည်းဖြစ်တဲ့ ဦးမျိုးဝင်းက ဇွန်လ ၁၀ ရက်နေ့မှာ သတင်းမီဒီယာတွေကို ပြောထားပါတယ်။ လာမယ့် ၂၁ရာစု ပင်လုံညီလာခံဟာ အင်န်အယ်လ်ဒီ အစိုးရက ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ နောက်ဆုံး လုပ်ဆောင်ချက် ဖြစ်မှာမို့ အစိုးရသက်တမ်း တစ်ခုစာ အတွင်း ဆောင်ရွက်ခဲ့တဲ့ အခြေအနေ အားလုံးကို အကဲဖြတ်မယ်ဆို အကဲဖြတ်လို့ရတဲ့ အခြေအနေ ရောက်လာပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရလက်ထက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လို အဖြေထွက်ခဲ့သလဲ ဆိုတာ လေ့လာ ကြည့်ကြရအောင်ပါ။

အင်န်အယ်လ်ဒီ အစိုးရလက်ထက် နောက်ဆုံးဖြစ်မယ့် လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း-၃ ကို ချုပ်ဆိုသွားမယ်လို့ ဦးဇော်ဌေးရော၊ ဦးမျိုးဝင်းကပါ ထုတ်ဖော် ပြောဆိုထားပါတယ်။ အဲဒီ စာချုပ်မှာ အပိုင်း ၃ ပိုင်း ပါမယ်လို့လည်း ဆိုကြပါတယ်။ အပိုင်း(၁) မှာ NCA အကောင်အထည် ဖော်မှုဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါဟာ အရင် ညီလာခံ ၂ ကြိမ်မှာ သဘောတူ ချုပ်ဆိုပြီး ရရှိခဲ့တဲ့ အချက်(၅၀) ကျော်ရဲ့ အဆက်လို့ ဆိုရင်လည်း မမှားပါဘူး။ အပိုင်း(၂) မှာတော့ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လက် အကောင်အထည် ဖော်နိုင်ဖို့ အတွက် အဆင့်လိုက် လုပ်ငန်းစဉ်တွေကို အဆင့်လိုက် အကောင်အထည် ဖော်ကြဖို့ ဖြစ်ပါတယ်။ ဒီအပိုင်းကို ထည့်သွင်းရခြင်း အကြောင်းရင်းကတော့ ရွေးကောက်ပွဲလွန်ကာလမှာ ဘယ်ပါတီ အနိုင်ရရ၊ အစိုးရ အဖွဲ့သစ် တက်လာလိမ့်မယ်၊ တပ်မတော်ဘက်က ဆိုရင်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်တာမို့ နောင် တာဝန်ယူရမယ့် သူတွေ အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တဆက်တစပ်တည်း ဆက်ပြီး အကောင်အထည် ဖော်နိုင်အောင် ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုထားပါတယ်။ အပိုင်း(၃) ကတော့ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ အခြေခံမူတွေကို ညှိနှိုင်း ထည့်သွင်းချုပ်ဆိုဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်န်အယ်လ်ဒီ အစိုးရလက်ထက် နောက်ဆုံး ကျင်းပမယ် ဆိုတဲ့ ငြိမ်းချမ်းရေး ညီလာခံကိုကြည့်ရင် အရေးအကြီးဆုံးကတော့ ၂၀၂၀ အလွန်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေ ဘာတွေ ဆက်ပြီး လုပ်ကြမလဲ၊ ဘယ်လို အကောင်အထည် ဖော်ကြမလဲ ဆိုတာက အဓိက ဖြစ်နေတာ တွေ့နိုင်ပါတယ်။ ကျန်တဲ့ အရေးလည်းကြီး တစ်ဆို့မှုလည်း ဖြစ်နေတဲ့ “ ပြည်ထောင်စုက ခွဲမထွက်ရ” ကိစ္စ၊ “ တစ်ခုတည်းသော တပ်မတော်” “ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း” စတဲ့ ပြသနာတွေနဲ့ ပတ်သက်ရင် ညှိနှိုင်းပြီး သဘောတူညီချက် ရချင်လည်းရ၊ မရရင်လည်း ၂၀၂၀ အလွန်ကို သယ်ဆောင်သွားမယ်ဆိုတဲ့ သဘောမျိုး တွေ့မြင်ကြရပါတယ်။

တကယ်တော့ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ၊ အစိုးရ ဖွဲ့နိုင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်ခွင့်ရတဲ့ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တွေ့ဆုံ ဆွေးနွေးမှု ပုံစံအမျိုးမျိုးကနေ တဆင့် ငြိမ်းချမ်းရေး ညီလာခံတွေ ကျင်းပမယ်၊ အဲဒီ ညီလာခံတွေမှာ ရလာတဲ့ သဘောတူညီချက်တွေကို ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ကြမယ်၊ အဲဒီ ပြင်ဆင်ချက်တွေနဲ့ အတူ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ် ဆိုတဲ့ လုပ်ငန်းစဉ် ချမှတ်ခဲ့တာပါ။

နဂိုက ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံတွေ တစ်နှစ်ကို ၃ ကြိမ်လောက် ကျင်းပမယ်၊ ၂၀၂၀ ရောက်ရင်တော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အခြေခံ သဘောတူညီချက်တွေ ရပြီးဖြစ်လိမ့်မယ် ဆိုသည်အထိ မျှော်မှန်းခဲ့တာပါ။ အဲဒီလို မျှော်မှန်းထားကြောင်းလည်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အစိုးရသက်တမ်း နောက်ဆုံးနှစ်ထဲ ရောက်လာချိန်အထိ ၂၁ ရာစု ပင်လုံညီလာခံ ၃ ကြိမ်ပဲ လုပ်နိုင်သေးသလို၊ ညီလာခံက ရခဲ့တဲ့ သဘောတူညီချက် အချက်၅၀ ကျော်ကလည်း သိပ်ပြီး အရေးကြီးတာတွေ မဟုတ်ဘူးလို့ ဝေဖန်တာ ခံရပါတယ်။ တကယ်တော့ အင်န်အယ်လ်ဒီက အကောင်အထည် ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ဆွေးနွေးပွဲအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့တဲ့ “ ပြည်ထောင်စုမှ ခွဲမထွက်ရ” ဆိုတာနဲ့ “ တစ်ခုတည်းသော တပ်မတော်” ဆိုင်ရာ မိန့်ခွန်းကြောင့် နောက်ပိုင်း အကျိုးဆက်တွေ အများကြီး ဖြစ်ပေါ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်မှု မရတော့တာ ဒီကနေ့ အချိန်ထိပါပဲ။ ဒါကြောင့် အင်န်အယ်လ်ဒီ အစိုးရလက်ထက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေနဲ့ တွေ့ဆုံညှိနှိုင်းမှု အပိုင်းမှာ မျှော်မှန်းထားသလို အောင်မြင်မှု မရဘူးလို့ ကောက်ချက် ချနိုင်ပါတယ်။

အင်န်အယ်လ်ဒီ ရဲ့ ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှုမှာ ပါတဲ့ နောက်ထပ် အပိုင်းတစ်ပိုင်းဖြစ်တဲ့၊ လက်ရှိ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင် AA, တအဲန်းပလောင်၊ ကိုးကန့်၊ KIA ကချင်လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းတဲ့ဆီမှာလည်း အောင်မြင်မှု မရပါဘူး။ ရခိုင်ပြည်နယ်မှာ ဆိုရင် AA နဲ့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားနေဆဲပါ။ KIA နဲ့လည်း အပစ်ရပ်စာချုပ် မချုပ်နိုင်သေးလို့ သောင်းနဲ့ချီရှိတဲ့ နေရပ်ပြန်လိုတဲ့ ကချင်ဒုက္ခသည် အရေးကိုလည်း မဖြေရှင်းနိုင် ဖြစ်နေရပါတယ်။

အင်န်အယ်လ်ဒီ ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု နောက်တစ်ပိုင်းကတော့ အပစ်ရပ်ထားတဲ့ ဝ၊ ကိုးကန့်၊ SSPP/SSA ရှမ်းလက်နက်ကိုင် အဖွဲ့နဲ့ ကရင်နီ လက်နက်ကိုင် အဖွဲ့တွေ NCA စာချုပ် လက်မှတ်ထိုးလာအောင်၊ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်ကြီးထဲ ပါဝင်လာအောင် ဆွဲဆောင် စည်းရုံးနိုင်ရေးပါ။ အဲဒီကိစ္စမှာလည်း တိုးတက်မှု တစ်စုံတရာ ရတာ မတွေ့ကြရပါဘူး။ ဒါကြောင့် အင်န်အယ်လ်ဒီ အစိုးရလက်ထက် ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှု ဖြစ်စဉ်ကြီး တစ်ခုလုံးကို ခြုံငုံ သုံးသပ်ကြည့်လိုက်ရင် အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ချုပ်ဆိုခဲ့တဲ့ NCA စာချုပ် အကောင်အထည် ဖော်ရေး၊ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေဆဲ အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲနိုင်ရေး၊ အပစ်ရပ်ပြီးသား အဖွဲ့တစ်ချို့ NCA စာချုပ်နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးထဲ ပါဝင်လာစေရေး ကြိုးပမ်းမှု အားလုံး ဘယ်အပိုင်းမှာမှ အောင်မြင်မှု မယ်မယ်ရရ ရတာ မတွေ့ရပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

XS
SM
MD
LG