သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ေတြကုိ ျမန္မာအစုိးရ က်န္းမာေရးပစၥည္းေထာက္ပံ့


COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ အေထာက္အကူပစၥည္းမ်ား ေပးအပ္လႉဒါန္းပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ NRPC ရံုးတြင္ က်င္းပ (ဓာတ္ပုံ - NCA-S EAO - ေမ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 တိုက္ဖ်က္ေရးဆိုင္ရာ အစိုးရရဲ႕ ညွိႏိႈင္းပူးေပါင္းေရးေကာ္မတီက တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ EAO ၁၂ ဖဲြ႕ကို ေရာဂါ ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ က်န္းမာေရးေထာက္အကူျပဳပစၥည္းေတြနဲ႔ Quarantine Center ေတြမွာ အသံုးျပဳရမယ့္ ပစၥည္းေတြကို ေပးအပ္ခဲ့တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ အေထာက္အကူပစၥည္းမ်ား ေပးအပ္လႉဒါန္းပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ NRPC ရံုးတြင္ က်င္းပ (ဓာတ္ပုံ - NCA-S EAO - ေမ ၂၅၊ ၂၀၂၀)
COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ အေထာက္အကူပစၥည္းမ်ား ေပးအပ္လႉဒါန္းပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ NRPC ရံုးတြင္ က်င္းပ (ဓာတ္ပုံ - NCA-S EAO - ေမ ၂၅၊ ၂၀၂၀)

COVID-19 ေရာဂါတိုက္ဖ်က္ေရးအတြက္ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ EAO ေတြနဲ႔ ပူးေပါင္းညွိႏိႈင္းေဆာင္ရြက္ဖို႔ အစိုးရက ဖဲြ႕စည္းထားတဲ့ ေကာ္မတီဟာ EAO အဖဲြ႕ေတြနဲ႔ အစုအဖဲြ႕လိုက္ေရာ တစ္ဖဲြ႕ခ်င္းအလိုက္ပါ Online ကေန ေဆြးေႏြးညွိႏိႈင္းပဲြရလဒ္အရ လိုအပ္တဲ့ က်န္းမာေရးအေထာက္အကူျပဳ ပစၥည္းေတြကို ရန္ကုန္ၿမိဳ႕မွာ လဲႊေျပာင္းေပးအပ္ခဲ့ပါတယ္။

က်န္းမာေရးေထာက္ကူျပဳပစၥည္းေတြကို NCA ေခၚ တစ္ႏိုင္ငံလံုးဆိုင္ရာအပစ္အခတ္ ရပ္စဲေရးသေဘာတူစာခ်ဳပ္ လက္မွတ္ ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ ၁၀ဖဲြ႕အျပင္ လက္မွတ္ မထိုးေသးတဲ့ ၂ ဖဲြ႕ကိုပါ လဲႊအပ္ေပးခဲ့တာျဖစ္ေၾကာင္း အခမ္းအနားကို တက္ေရာက္ခဲ့တဲ့ ဦးလွေမာင္ေရႊက ေျပာပါတယ္။

“ဒီေန႔ အခမ္းအနားကို EAO ၁၂ ဖဲြ႕က တက္ေရာက္တယ္။ လက္မွတ္ေရးထိုးထားတ့ဲ ၁၀ဖဲြ႕ကေန ၁၀ ဖဲြ႕လံုးရဲ႕ ကိုယ္စားလွယ္ေတြ တက္ေရာက္တယ္။ လက္မွတ္မေရးထိုးေသးတဲ့အဖဲြ႕ကေတာ့ ဒီရွမ္းဘက္မွာ ရွိတဲ့ SSPP နဲ႔ ဒီကယားျပည္နယ္မွာရွိတဲ့ KNPP ေပါ့။ ဒီႏွစ္ဖဲြ႕က ကိုယ္စားလွယ္ေတြ တက္ပါတယ္။ SSPP ဘက္က ဒုဥကၠ႒ စပ္ခြန္ဆိုင္းကိုယ္တိုင္လာေရာက္တက္ပါတယ္။ တက္ၿပီး ေက်းဇူးတင္စကားလည္း ေျပာသြားပါတယ္။”

ေပးအပ္တဲ့ပစၥည္းေတြမွာ ၿငိမ္းခ်မ္းေရးေကာ္မရွင္ရန္ပံုေငြကေနေပးတဲ့ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးေထာက္ကူျပဳ ပစၥည္း ၉ မ်ိဳးနဲ႔ ရန္ကုန္တိုင္းေဒသႀကီး က်န္းမာေရးဦးစီးဌာနေထာက္ပံ့တဲ့ Quarantine Center ေတြမွာ အသံုးျပဳဖို႔ ပစၥည္း ၁၃ မ်ိဳး ပါ၀င္ပါတယ္။

အစိုးရဘက္က ေရာဂါ တိုက္ဖ်က္ေရးအတြက္ ကူညီေထာက္ပံ့လာတဲ့အေပၚ EAO ေတြရဲ႕ ကိုယ္စားလွယ္ ျမန္မာႏိုင္ငံလံုးဆိုင္ရာေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦးရဲ႕ ဒုဥကၠ႒ ဦးမ်ိဳး၀င္းက အခုလို ေျပာပါတယ္။

“EAO ေတြ ေဆြးေႏြးခဲ့တာကေတာ့ နည္းပညာ အကူအညီေတြ လိုအပ္တယ္။ ႐ုပ္၀တၱဳ ပစၥည္းေတြ လိုအပ္တယ္။ ဒီေရာဂါေတြ ကာကြယ္ထိန္းခ်ဳပ္ဖို႔အတြက္။ အဲဒီေပၚမွာ မူတည္ၿပီးမွ အစိုးရကလည္း တတ္ႏိုင္သေလာက္ ပံ့ပိုးႏိုင္သေလာက္ ပ့ံပိုးေပးတဲ့ သေဘာပါပဲ။ ဒီေရာဂါကို ပူးေပါင္းေဆာင္ရြက္ဖို႔အတြက္ ႏွစ္ဘက္စလံုး အျမင္တူပါတယ္။ ဒီေရာဂါကေတာ့ တစ္ဦးေကာင္း တစ္ေယာက္ေကာင္းနဲ႔ ေျဖရွင္းလို႔မွ မရတာကိုး။ အားလံုးပူးေပါင္းေဆာင္ရြက္မယ္ဆိုတဲ့အေျခခံေပၚမွာပဲ ပူးေပါင္းေဆာင္ရြက္ဖို႔ တိုက္တြန္းတယ္။ တဘက္မွာ ဒီလိုမ်ိဳးပူးေပါင္းေဆာင္ရြက္တယ္ဆိုတဲ့ အေျခခံကေနၿပီးေတာ့ ယံုၾကည္မႈ တည္ေဆာက္ၿပီးေတာ့ ဒီတိုင္းျပည္ရဲ႕ ႏိုင္ငံေရးျပႆနာ ျပည္တြင္းၿငိမ္းခ်မ္းေရးကိုလည္းပဲ ဒီထက္ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ဖို႔အတြက္ ႏွစ္ဘက္လံုးက တိုက္တြန္းပါတယ္။ က်ေနာ္တို႔လည္း ဒီလိုပဲ အဆိုျပဳပါတယ္။”

COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ အေထာက္အကူပစၥည္းမ်ား ေပးအပ္လႉဒါန္းပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ NRPC ရံုးတြင္ က်င္းပ (ဓာတ္ပုံ - NCA-S EAO - ေမ ၂၅၊ ၂၀၂၀)
COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ အေထာက္အကူပစၥည္းမ်ား ေပးအပ္လႉဒါန္းပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ NRPC ရံုးတြင္ က်င္းပ (ဓာတ္ပုံ - NCA-S EAO - ေမ ၂၅၊ ၂၀၂၀)

ေလာေလာဆယ္မွာေတာ့ အစိုးရဲ႕ COVID-19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရးႏွင့္ စပ္လ်ဥ္းတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ညႇိႏႈိင္းပူးေပါင္းေရးေကာ္မတီဟာ NCA လက္မွတ္ ေရးထိုးထားတဲ့အဖဲြ႕ ၇ ဖဲြ႕နဲ႔ ေဆြးေႏြးထားသလို လက္မွတ္ မေရးထိုးေသးတဲ့ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ KNPP နဲ႔လည္း ေဆြးေႏြးထားပါတယ္။

ဒီလ အေစာပိုင္းမွာ COVID ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ေဆာင္ရြက္ေနတဲ့ ကရင္အမ်ိဳးသား အစည္းအရံုး KNU ဂိတ္တခ်ိဳ႕ကို အစိုးရတပ္မေတာ္က ဖယ္ရွားခဲ့ၿပီးတဲ့ေနာက္ ႏွစ္ဘက္တပ္ေတြအၾကားမွာ ပစ္ခတ္တိုက္ခိုက္တာေတြ ရွိခဲ့ပါတယ္။

ဒီကေန႔မွာပဲ ညွိႏိႈင္းပူးေပါင္းေရးေကာ္မတီနဲ႔ KNU တို႔အၾကား Online ကေန တဆင့္ ဒုတိယအႀကိမ္ ထပ္မံေဆြးေႏြးခဲ့ေၾကာင္း ဦးလွေမာင္ေရႊက ေျပာပါတယ္။

“အဓိက ေဆြးေႏြးတာ ႏွစ္ခ်က္ေပါ့။ ဒီေန႔ ရွင္းျပတာကေတာ့ KNU ဘက္ Scanning Point ေတြမွာ က်န္းမာေရး စစ္ေဆးတာ ခရီးသြားရာဇ၀င္ေတြ ယူတဲ့ေနရာေတြမွာ KNU တပ္ဖဲြ႕ KNLA တပ္သားေတြအေနနဲ႔ မပါ၀င္ဘူးေပါ့။ စစ္ယူနီေဖာင္းေတြလည္း မ၀တ္ဘူးေပါ့။ KNU ရဲ႕ က်န္းမာေရး၀န္ထမ္းေတြရယ္ ေနာက္ၿပီးေတာ့ ရဲ၀န္ထမ္းေတြပဲ ပါတယ္လို႔ သူတို႔ ရွင္းျပတယ္။ သူတို႔အေနနဲ႔ေတာ့ COVID-19 ဆိုတဲ့ Waistcoat ေတြနဲ႔ပဲ ေဆာင္ရြက္ေနတယ္လို႔ ေျပာတယ္ေပါ့။ ေနာက္တစ္ခုကေတာ့ ႏိုင္ငံတကာ အကူအညီကိစၥေတြကိုလည္း ဒီေန႔ ေဆြးေႏြးတဲ့အထဲမွာ ပါတယ္။”

KNU ဘက္က ေဆြးေႏြးတဲ့အခ်က္ဟာ ႏွစ္ဘက္အၾကား ျဖစ္ပြားတဲ့ ပဋိပကၡေတြကို ေလ်ာ့ခ်ဖို႔နဲ႔ ထပ္မံမျဖစ္ပြားေစဖို႔ အတြက္ ပူးေပါင္းေဆာင္ရြက္မႈ အျဖစ္ အစိုးရေကာ္မတီဘက္က ရႈ႕ျမင္ေၾကာင္းနဲ႔ ႏိုင္ငံတကာအကူအညီကိစၥေတြကိုေတာ့ ထပ္မံေဆြးေႏြးဖို႔ ရွိေနေၾကာင္း ဦးလွေမာင္ေရႊက ဆက္ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေတြကေတာ့ တပ္မေတာ္ကလည္း NCA လက္မွတ္ ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြကို COVID-19 ေရာဂါ တိုက္ဖ်က္ေရးအတြက္ လိုအပ္တဲ့ က်န္းမာေရးဆိုင္ရာအေထာက္အပံ့ေတြကို ေပးအပ္ခဲ့သလို NCA လက္မွတ္မေရးထိုးေသးတဲ့ အဖဲြ႕အစည္းေတြကိုလည္း ေပးအပ္တာေတြ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို မြန်မာအစိုးရ ကျန်းမာရေးပစ္စည်းထောက်ပံ့

COVID-19 တိုက်ဖျက်ရေးဆိုင်ရာ အစိုးရရဲ့ ညှိနှိုင်းပူးပေါင်းရေးကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO ၁၂ ဖွဲ့ကို ရောဂါ ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးထောက်အကူပြုပစ္စည်းတွေနဲ့ Quarantine Center တွေမှာ အသုံးပြုရမယ့် ပစ္စည်းတွေကို ပေးအပ်ခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ အေထာက္အကူပစၥည္းမ်ား ေပးအပ္လႉဒါန္းပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ NRPC ရံုးတြင္ က်င္းပ (ဓာတ္ပုံ - NCA-S EAO - ေမ ၂၅၊ ၂၀၂၀)
COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ အေထာက္အကူပစၥည္းမ်ား ေပးအပ္လႉဒါန္းပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ NRPC ရံုးတြင္ က်င္းပ (ဓာတ္ပုံ - NCA-S EAO - ေမ ၂၅၊ ၂၀၂၀)

COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ အစိုးရက ဖွဲ့စည်းထားတဲ့ ကော်မတီဟာ EAO အဖွဲ့တွေနဲ့ အစုအဖွဲ့လိုက်ရော တစ်ဖွဲ့ချင်းအလိုက်ပါ Online ကနေ ဆွေးနွေးညှိနှိုင်းပွဲရလဒ်အရ လိုအပ်တဲ့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေကို ရန်ကုန်မြို့မှာ လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။

ကျန်းမာရေးထောက်ကူပြုပစ္စည်းတွေကို NCA ခေါ် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့အပြင် လက်မှတ် မထိုးသေးတဲ့ ၂ ဖွဲ့ကိုပါ လွဲှအပ်ပေးခဲ့တာဖြစ်ကြောင်း အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။

“ဒီနေ့ အခမ်းအနားကို EAO ၁၂ ဖွဲ့က တက်ရောက်တယ်။ လက်မှတ်ရေးထိုးထားတဲ့ ၁၀ဖွဲ့ကနေ ၁၀ ဖွဲ့လုံးရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်တယ်။ လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့ကတော့ ဒီရှမ်းဘက်မှာ ရှိတဲ့ SSPP နဲ့ ဒီကယားပြည်နယ်မှာရှိတဲ့ KNPP ပေါ့။ ဒီနှစ်ဖွဲ့က ကိုယ်စားလှယ်တွေ တက်ပါတယ်။ SSPP ဘက်က ဒုဥက္ကဋ္ဌ စပ်ခွန်ဆိုင်းကိုယ်တိုင်လာရောက်တက်ပါတယ်။ တက်ပြီး ကျေးဇူးတင်စကားလည်း ပြောသွားပါတယ်။”

ပေးအပ်တဲ့ပစ္စည်းတွေမှာ ငြိမ်းချမ်းရေးကော်မရှင်ရန်ပုံငွေကနေပေးတဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးထောက်ကူပြု ပစ္စည်း ၉ မျိုးနဲ့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနထောက်ပံ့တဲ့ Quarantine Center တွေမှာ အသုံးပြုဖို့ ပစ္စည်း ၁၃ မျိုး ပါဝင်ပါတယ်။

အစိုးရဘက်က ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီထောက်ပံ့လာတဲ့အပေါ် EAO တွေရဲ့ ကိုယ်စားလှယ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက အခုလို ပြောပါတယ်။

“EAO တွေ ဆွေးနွေးခဲ့တာကတော့ နည်းပညာ အကူအညီတွေ လိုအပ်တယ်။ ရုပ်ဝတ္တု ပစ္စည်းတွေ လိုအပ်တယ်။ ဒီရောဂါတွေ ကာကွယ်ထိန်းချုပ်ဖို့အတွက်။ အဲဒီပေါ်မှာ မူတည်ပြီးမှ အစိုးရကလည်း တတ်နိုင်သလောက် ပံ့ပိုးနိုင်သလောက် ပံ့ပိုးပေးတဲ့ သဘောပါပဲ။ ဒီရောဂါကို ပူးပေါင်းဆောင်ရွက်ဖို့အတွက် နှစ်ဘက်စလုံး အမြင်တူပါတယ်။ ဒီရောဂါကတော့ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ ဖြေရှင်းလို့မှ မရတာကိုး။ အားလုံးပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အခြေခံပေါ်မှာပဲ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတယ်။ တဘက်မှာ ဒီလိုမျိုးပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ အခြေခံကနေပြီးတော့ ယုံကြည်မှု တည်ဆောက်ပြီးတော့ ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်းပဲ ဒီထက် အောင်မြင်အောင် ဆောင်ရွက်ဖို့အတွက် နှစ်ဘက်လုံးက တိုက်တွန်းပါတယ်။ ကျနော်တို့လည်း ဒီလိုပဲ အဆိုပြုပါတယ်။”

လောလောဆယ်မှာတော့ အစိုးရဲ့ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းရေးကော်မတီဟာ NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့ ၇ ဖွဲ့နဲ့ ဆွေးနွေးထားသလို လက်မှတ် မရေးထိုးသေးတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့လည်း ဆွေးနွေးထားပါတယ်။

ဒီလ အစောပိုင်းမှာ COVID ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဂိတ်တချို့ကို အစိုးရတပ်မတော်က ဖယ်ရှားခဲ့ပြီးတဲ့နောက် နှစ်ဘက်တပ်တွေအကြားမှာ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ဒီကနေ့မှာပဲ ညှိနှိုင်းပူးပေါင်းရေးကော်မတီနဲ့ KNU တို့အကြား Online ကနေ တဆင့် ဒုတိယအကြိမ် ထပ်မံဆွေးနွေးခဲ့ကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

“အဓိက ဆွေးနွေးတာ နှစ်ချက်ပေါ့။ ဒီနေ့ ရှင်းပြတာကတော့ KNU ဘက် Scanning Point တွေမှာ ကျန်းမာရေး စစ်ဆေးတာ ခရီးသွားရာဇဝင်တွေ ယူတဲ့နေရာတွေမှာ KNU တပ်ဖွဲ့ KNLA တပ်သားတွေအနေနဲ့ မပါဝင်ဘူးပေါ့။ စစ်ယူနီဖောင်းတွေလည်း မဝတ်ဘူးပေါ့။ KNU ရဲ့ ကျန်းမာရေးဝန်ထမ်းတွေရယ် နောက်ပြီးတော့ ရဲဝန်ထမ်းတွေပဲ ပါတယ်လို့ သူတို့ ရှင်းပြတယ်။ သူတို့အနေနဲ့တော့ COVID-19 ဆိုတဲ့ Waistcoat တွေနဲ့ပဲ ဆောင်ရွက်နေတယ်လို့ ပြောတယ်ပေါ့။ နောက်တစ်ခုကတော့ နိုင်ငံတကာ အကူအညီကိစ္စတွေကိုလည်း ဒီနေ့ ဆွေးနွေးတဲ့အထဲမှာ ပါတယ်။”

KNU ဘက်က ဆွေးနွေးတဲ့အချက်ဟာ နှစ်ဘက်အကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကို လျော့ချဖို့နဲ့ ထပ်မံမဖြစ်ပွားစေဖို့ အတွက် ပူးပေါင်းဆောင်ရွက်မှု အဖြစ် အစိုးရကော်မတီဘက်က ရှု့မြင်ကြောင်းနဲ့ နိုင်ငံတကာအကူအညီကိစ္စတွေကိုတော့ ထပ်မံဆွေးနွေးဖို့ ရှိနေကြောင်း ဦးလှမောင်ရွှေက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ တပ်မတော်ကလည်း NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာအထောက်အပံ့တွေကို ပေးအပ်ခဲ့သလို NCA လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့အစည်းတွေကိုလည်း ပေးအပ်တာတွေ ရှိပါတယ်။

XS
SM
MD
LG