သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အရပ္သား ၅၀ ေက်ာ္အသတ္ခံရတဲ့ေန႔ ရွမ္းလူ႔အခြင့္အေရးေန႔အျဖစ္သတ္မွတ္


CSSU ရွမ္းျပည္ညီညႊတ္ေရးေကာ္မီတီကေန ဒီကေန႔ ဇြန္လ ၁၆ ရက္ေန႔ကို ရွမ္းအမ်ဳိးသား လူ႔အခြင့္အေရးေန႔အျဖစ္ သတ္မွတ္ေၾကာင္းေၾကညာခ်က္။

[Zawgyi/Unicode]

(ဓာတ္ပံု - Shan News (Burmese Version)၊ သွ်မ္းသံေတာ္ဆင့္)
(ဓာတ္ပံု - Shan News (Burmese Version)၊ သွ်မ္းသံေတာ္ဆင့္)

၁၉၉၇ ခုႏွစ္တုန္းက ရွမ္းျပည္အေရွ႕ပိုင္း ကြန္ဟိန္းၿမိဳ႕နယ္ထဲ ေဒသခံေက်းရြာသား ၅၀ ေက်ာ္ အစုလုိက္အသတ္ခံရတဲ့ေန႔ကို အစဲြျပဳၿပီး အခု ဇြန္လ ၁၆ ရက္ေန႔ကို ရွမ္းအမ်ိဳးသားလူ႔အခြင့္အေရးေန႔အျဖစ္ ရွမ္းျပည္နယ္တြင္းက အဖဲြ႔အစည္းေတြက သတ္မွတ္ေၾကညာတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပပါမယ္။

ရွမ္းႏိုင္ငံေရးပါတီေတြနဲ႔ ရွမ္းလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ပူးေပါင္းဖြဲ႕စည္းထားတဲ့ CSSU ရွမ္းျပည္ညီညႊတ္ေရးေကာ္မီတီကေန ဒီကေန႔ ဇြန္လ ၁၆ ရက္ေန႔ကို ရွမ္းအမ်ဳိးသား လူ႔အခြင့္အေရးေန႔အျဖစ္ သတ္မွတ္ေၾကာင္းေၾကညာခ်က္ ထုတ္ျပန္ခဲ့သလို ရွမ္းစစ္ေျပးဒုကၡသည္ေတြရဲ႕ ကေန႔ႀကံဳေနရတဲ့ အခက္အခဲေတြကိုလည္း ေထာက္ျပေျပာခဲ့ပါတယ္။

လူ႔အခြင့္အေရး ခ်ိဳးေဖါက္ခံရတဲ့ ရွမ္းျပည္နယ္က ရွမ္းအမ်ိဳးသားေတြအတြက္ ရည္စူးျပီး ရွမ္းအမ်ဳိးသား လူ႔အခြင့္အေရးေန႔အျဖစ္ သတ္မွတ္တာျဖစ္တယ္လို႔ ရွမ္းျပည္ညီညႊတ္ေရးေကာ္မီတီေျပာခြင့္ရ စိုင္းလက ေျပာပါတယ္။

“လူ႔အခြင့္အေရး ဆုံးရွံႈးခဲ့ရတဲ့ က်ေနာ္တို႔ ရွမ္းအမ်ိဳးသားေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ သတ္မွတ္ရျခင္းျဖစ္တယ္။ တကယ္တန္း ရည္ရြယ္ရင္းကေတာ့ သမိုင္းျဖစ္ရပ္ဆိုးေတြ ဆက္ျပီးမေပၚေပါက္ဖို႕ရယ္။ တရားမွ်တမႈ ေပၚေပါက္ေရးနဲ႔ ျပည္တြင္းျငိမ္းခ်မ္းေရး တည္ေဆာက္နိုင္ေရး ဒါေတြအတြက္ကို ရည္ရြယ္ျပီးေတာ့မွ က်ေနာ္တို႔ ဒီလိုေန႔မ်ိဳးရွိတယ္ဆိုရင္ေတာ့ က်ဴးလြန္ထားတဲ့သူေတြ ဆက္ျပီး က်ဴးလြန္မထားရေအာင္ က်ဴးလြန္ခဲ့တဲ့ ပုဂၢိဳလ္ေတြကိုလည္းပဲ အပစ္ရွိရင္ ရွိသလို ၀န္ခ်ေတာင္းပန္တာမ်ိဳး ျပန္လည္ညႊန္ၾကားေပးတာမ်ိဳး လုပ္နိုင္ေအာင္ရည္ရြယ္ျပီးေတာ့မွ လူ႔အခြင့္အေရးေန႔ဆိုတာကို က်ေနာ္တို႔ သတ္မွတ္ရျခင္းျဖစ္ပါတယ္။”

လက္ရွိ ရွမ္းျပည္နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ ရွမ္းလက္နက္ကိုင္အဖြဲ႔တို႔အၾကား စစ္ေရးပဋိပကၡ မျငိမ္းေသးသလို ေဒသခံရြာသားေတြ လူ႔အခြင့္အေရး ခ်ိဳးေဖါက္ခံေနရဆဲလို႔ စိုင္းလက ဆိုပါတယ္။

“လူ႕အခြင့္အေရး ခ်ိဳးေဖါက္ခံရမႈကေတာ့ ရွမ္းျပည္နယ္အႏွံ႕မွာ လက္ရွိကေတာ့ ျဖစ္ေနဆဲေပါ့ေနာ္။ အဓိကျဖစ္ေတာ့ လက္နက္ကိုင္ပဋိပကၡျဖစ္တာ ေပါမ်ားတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းေပါ့ေနာ္ အဲဒီမွာျဖစ္ေနတယ္။ ေနာက္ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္အစပ္မွာလည္းပဲ ဒီကိစၥေတြက ဒီေန႔အထိ မျငိမ္းေအးေသးဘူး။”

ရွမ္းအမ်ဳိးသား လူ႔အခြင့္အေရးေန႔အျဖစ္ သတ္မွတ္တဲ့ ဇြန္လ ၁၆ ရက္ေန႔ဟာ ၁၉၉၇ ခုႏွစ္က ကြန္ဟိန္းၿမိဳ႕နယ္မွာ ရြာသား ၅၇ ဦးသတ္ျဖတ္ခံရတဲ့ေန႔ကို အစြဲျပဳျပီး သတ္မွတ္ခဲ့ပါတယ္။ ကြန္ဟိန္းၿမိဳ႕နယ္အတြင္း အမ်ိဴးသားေရာ၊ အမ်ိဳးသမီး အမ်ားအျပား အသတ္ခံရတဲ့ျဖစ္စဥ္ကို ထိုင္းျမန္မာနယ္စပ္ ကုန္းေက်ာ္ ရွမ္းဒုကၡသည္စခန္းတာ၀န္ခံ စိုင္းလင္းကအခုလိုေျပာျပပါတယ္။

“လြန္ခဲ့တဲ့ ၂၃ ႏွစ္တုန္းက 97 အဲတာ ကြန္ဟိန္းၿမိဳ႕နယ္ထဲက ဆိုင္းေခါင္ဆိုတဲ့ ရြာမွာေပါ့ေနာ္။ အဲဒီရြာကလူေတြကို။ အရင္တုန္းကျဖတ္ ၄ ျဖတ္ဆိုတာရွိတာေပါ့ေနာ္။ ျဖတ္ ၄ ျဖတ္ကာလမွာ အဲဒီရြာထဲမွာ သူတို႔ကို ေမာင္းထုတ္တာေပါ့။

ေမာင္းထုတ္ေတာ့သူတို႔က အားလုံးေပါင္း ၅၇ ေယာက္ေလ။ သူတို႔ရဲ႕ ရိကၡာေပါ့ ျပန္သြားယူတာေပါ့ဗ်ာ။ သူတို႔နဲ႔ တပ္နဲ႔ သြားတိုးတာေပါ့ဗ်ာ။ တိုးေတာ့ သူတို႕အဲဒီမွာအကုန္လုံး သတ္ပလိုက္တာေပါ့။ ပစ္သတ္လိုက္တယ္ေပါ့။”

ျမန္မာစစ္တပ္နဲ႔ ရွမ္းလက္နက္ကိုင္အဖြဲ႔တို႔အၾကား ျဖစ္ပြါးခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ရွမ္းရြာသားအမ်ားအျပားဟာ ထိုင္းျမန္မာနယ္စပ္တေလွ်ာက္မွာ ရွိတဲ့ဒုကၡသည္စခန္း ၆ ခုမွာ စစ္ေဘး တိမ္းေရွာင္ေနရဆဲရိွပါတယ္။

လြယ္ေကာ္၀မ္း၊ လြယ္ဆမ္ဆစ္၊ လြယ္လန္၊ လြယ္တိုင္းလ်န္း၊ ေကာင္းမုမိန္း၊ ကုန္းေက်ာ္စတဲ့ ဒုကၡသည္စခန္းမွာ ခိုလံႈေနတဲ့ ဒုကၡသည္ ၆,၀၀၀ ခန္႔ဟာ နိုင္ငံတကာ အကူညီေပးအဖြဲ႕ကေန ရိကၡာျဖတ္လု္ိက္တာေၾကာင့္ အခက္ၾကံဳေနရတယ္လို႔ ကုန္းေက်ာ္ ရွမ္းဒုကၡသည္စခန္းတာ၀န္ခံ စိုင္းလင္းကဆက္ေျပာပါတယ္။

“TBBC ကေတာ့ ျဖတ္ထားတာ ေတာ္ေတာ္ေလးၾကာသြားျပီး။ ကုန္းေက်ာ္ကေတာ့ ထိုင္းထဲမွာ တခုတည္းေသာရွိတဲ့ ရွမ္း Camp။ တျခားနယ္စပ္တေလွ်ာက္မွာ ရွမ္း Camp ၅ ခုရွိေသးတယ္။ အဲဒါေတြ အားလုံးကိုေတာ့ TBBC ကျဖတ္ ထားတာၾကာျပီး။ လူဦးေရအေျခအားျဖင့္ဆိုရင္ေတာ့ ၆,၀၀၀ နီးပါးရွိတာေပါ့။ ကုန္းေက်ာ္ camp နဲ႔စာရင္ တျခားရွမ္း Camp ေတြက ပိုျပီးေတာ့ အထိနာတယ္ေပါ့။ ဒီဘက္ရွိတဲ့ ပတ္၀န္းက်င္က လယ္သမားေတြက ၾကက္သြန္နဲ႔ ငရုတ္သီး စိုက္တာေပါ့။ သူတို႔ အဲဒီမွာေန႔ စားလုပ္ၾကတာပါ။ ဒါေပမဲ့အခု COVID ကာလက်ေတာ့လဲ အလုပ္က ပိုျပီးအကန္႔ သတ္ျဖစ္သြားတာေပါ့ေနာ္။ တခ်ိဳ႕ရြာေတြဆို ရြာထဲေတာင္မွ လူေပး မ၀င္ဘူး။ အဲဒီလိုမ်ိဳးတင္းၾကပ္တာေတြနဲ႔ အလုပ္ကိုင္ေတြေတာ့ပိုျပီးေတာ့ ခက္ခဲသြားတာေပါ့ေနာ္။”

ကုန္းေက်ာ္စစ္ေျပး ဒုကၡစခန္းေနထိုင္သူေတြဟာ ထိုင္းဘက္မွာ အလုပ္ကိုင္ေနရျပီး က်န္ဒုကၡသည္စခန္းေနသူေတြကေတာ့ လယ္ယာနဲ႔ ျခံအငွါးလုပ္ကိုင္ေနရျပီး COVID-19 ေရာဂါကာလအတြင္း အလုပ္လုပ္ဖို႔ အခက္ေတြ႔ေနတယ္လို႔ စိုင္းလင္းကေျပာပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္၊ ေက်ာက္မဲ၊ သီေပါ၊ နမ့္ဆန္၊ မိုင္းဆတ္၊ မူစယ္ေဒသဘက္မွာလည္း ျမန္မာ့တပ္မေတာ္နဲ႕ တအာင္းပေလာင္တပ္ဖြဲ႕TNLA နဲ႔ တိုက္ပြဲျဖစ္ပြါးေနဆဲျဖစ္ျပီး တိုက္ပြဲစဥ္ေၾကာင့္ ေထာင္ခ်ီတဲ့ေဒသခံေတြ စစ္ေဘး တိမ္းေရွာင္ေနရပါတယ္။

ဒီစစ္ေရွာင္ေတြဟာ တိုက္ပြဲ အေျခအေနတည္ျငိမ္လာရင္ ေနရပ္ရင္းကို ျပန္လိုက္၊ တိုက္ပြဲျဖစ္ရင္ျပန္ေျပးလာလိုက္နဲ႔ နယ္ေျမေအးခ်မ္းမႈ မရွိေသးပါဘူး။

ျမန္မာစစ္တပ္အေနနဲ႔ ရွမ္းျပည္နယ္မွာ အပစ္ခတ္ရပ္စဲထားတယ္ဆိုေပမဲ့ တအာင္းပေလာင္တပ္ဖြဲ႔ TNLA နဲ႔ တိုက္ပြဲျပင္းထန္ေနဆဲျဖစ္ျပီး RCSS ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP ေျမာက္ပိုင္း ရွမ္းျပည္တပ္မေတာ္ KIO ကခ်င္လြတ္လပ္ေရးအဖြဲ႕ေတြနဲ႕ ရံဖန္ရံခါ တိုက္ပြဲျဖစ္ပြါးေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အရပ်သား ၅၀ ကျော်အသတ်ခံရတဲ့နေ့ ရှမ်းလူ့အခွင့်အရေးနေ့အဖြစ်သတ်မှတ်

၁၉၉၇ ခုနှစ်တုန်းက ရှမ်းပြည်အရှေ့ပိုင်း ကွန်ဟိန်းမြို့နယ်ထဲ ဒေသခံကျေးရွာသား ၅၀ ကျော် အစုလိုက်အသတ်ခံရတဲ့နေ့ကို အစွဲပြုပြီး အခု ဇွန်လ ၁၆ ရက်နေ့ကို ရှမ်းအမျိုးသားလူ့အခွင့်အရေးနေ့အဖြစ် ရှမ်းပြည်နယ်တွင်းက အဖွဲ့အစည်းတွေက သတ်မှတ်ကြေညာတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။

ရှမ်းနိုင်ငံရေးပါတီတွေနဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ CSSU ရှမ်းပြည်ညီညွှတ်ရေးကော်မီတီကနေ ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့ကို ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကြောင်းကြေညာချက် ထုတ်ပြန်ခဲ့သလို ရှမ်းစစ်ပြေးဒုက္ခသည်တွေရဲ့ ကနေ့ကြုံနေရတဲ့ အခက်အခဲတွေကိုလည်း ထောက်ပြပြောခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖေါက်ခံရတဲ့ ရှမ်းပြည်နယ်က ရှမ်းအမျိုးသားတွေအတွက် ရည်စူးပြီး ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်တာဖြစ်တယ်လို့ ရှမ်းပြည်ညီညွှတ်ရေးကော်မီတီပြောခွင့်ရ စိုင်းလက ပြောပါတယ်။

“လူ့အခွင့်အရေး ဆုံးရှှုံးခဲ့ရတဲ့ ကျနော်တို့ ရှမ်းအမျိုးသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်ရခြင်းဖြစ်တယ်။ တကယ်တန်း ရည်ရွယ်ရင်းကတော့ သမိုင်းဖြစ်ရပ်ဆိုးတွေ ဆက်ပြီးမပေါ်ပေါက်ဖို့ရယ်။ တရားမျှတမှု ပေါ်ပေါက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ဒါတွေအတွက်ကို ရည်ရွယ်ပြီးတော့မှ ကျနော်တို့ ဒီလိုနေ့မျိုးရှိတယ်ဆိုရင်တော့ ကျူးလွန်ထားတဲ့သူတွေ ဆက်ပြီး ကျူးလွန်မထားရအောင် ကျူးလွန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုလည်းပဲ အပစ်ရှိရင် ရှိသလို ဝန်ချတောင်းပန်တာမျိုး ပြန်လည်ညွှန်ကြားပေးတာမျိုး လုပ်နိုင်အောင်ရည်ရွယ်ပြီးတော့မှ လူ့အခွင့်အရေးနေ့ဆိုတာကို ကျနော်တို့ သတ်မှတ်ရခြင်းဖြစ်ပါတယ်။”

လက်ရှိ ရှမ်းပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တို့အကြား စစ်ရေးပဋိပက္ခ မငြိမ်းသေးသလို ဒေသခံရွာသားတွေ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရဆဲလို့ စိုင်းလက ဆိုပါတယ်။

“လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုကတော့ ရှမ်းပြည်နယ်အနှံ့မှာ လက်ရှိကတော့ ဖြစ်နေဆဲပေါ့နော်။ အဓိကဖြစ်တော့ လက်နက်ကိုင်ပဋိပက္ခဖြစ်တာ ပေါများတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းပေါ့နော် အဲဒီမှာဖြစ်နေတယ်။ နောက်ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်မှာလည်းပဲ ဒီကိစ္စတွေက ဒီနေ့အထိ မငြိမ်းအေးသေးဘူး။”

ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်တဲ့ ဇွန်လ ၁၆ ရက်နေ့ဟာ ၁၉၉၇ ခုနှစ်က ကွန်ဟိန်းမြို့နယ်မှာ ရွာသား ၅၇ ဦးသတ်ဖြတ်ခံရတဲ့နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့ပါတယ်။ ကွန်ဟိန်းမြို့နယ်အတွင်း အမျိူးသားရော၊ အမျိုးသမီး အများအပြား အသတ်ခံရတဲ့ဖြစ်စဉ်ကို ထိုင်းမြန်မာနယ်စပ် ကုန်းကျော် ရှမ်းဒုက္ခသည်စခန်းတာဝန်ခံ စိုင်းလင်းကအခုလိုပြောပြပါတယ်။

“လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းက 97 အဲတာ ကွန်ဟိန်းမြို့နယ်ထဲက ဆိုင်းခေါင်ဆိုတဲ့ ရွာမှာပေါ့နော်။ အဲဒီရွာကလူတွေကို။ အရင်တုန်းကဖြတ် ၄ ဖြတ်ဆိုတာရှိတာပေါ့နော်။ ဖြတ် ၄ ဖြတ်ကာလမှာ အဲဒီရွာထဲမှာ သူတို့ကို မောင်းထုတ်တာပေါ့။

မောင်းထုတ်တော့သူတို့က အားလုံးပေါင်း ၅၇ ယောက်လေ။ သူတို့ရဲ့ ရိက္ခာပေါ့ ပြန်သွားယူတာပေါ့ဗျာ။ သူတို့နဲ့ တပ်နဲ့ သွားတိုးတာပေါ့ဗျာ။ တိုးတော့ သူတို့အဲဒီမှာအကုန်လုံး သတ်ပလိုက်တာပေါ့။ ပစ်သတ်လိုက်တယ်ပေါ့။”

မြန်မာစစ်တပ်နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရှမ်းရွာသားအများအပြားဟာ ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ ရှိတဲ့ဒုက္ခသည်စခန်း ၆ ခုမှာ စစ်ဘေး တိမ်းရှောင်နေရဆဲရှိပါတယ်။

လွယ်ကော်ဝမ်း၊ လွယ်ဆမ်ဆစ်၊ လွယ်လန်၊ လွယ်တိုင်းလျန်း၊ ကောင်းမုမိန်း၊ ကုန်းကျော်စတဲ့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၆,၀၀၀ ခန့်ဟာ နိုင်ငံတကာ အကူညီပေးအဖွဲ့ကနေ ရိက္ခာဖြတ်လိုက်တာကြောင့် အခက်ကြုံ နေရတယ်လို့ ကုန်းကျော် ရှမ်းဒုက္ခသည်စခန်းတာဝန်ခံ စိုင်းလင်းကဆက်ပြောပါတယ်။

“TBBC ကတော့ ဖြတ်ထားတာ တော်တော်လေးကြာသွားပြီး။ ကုန်းကျော်ကတော့ ထိုင်းထဲမှာ တခုတည်းသောရှိတဲ့ ရှမ်း Camp။ တခြားနယ်စပ်တလျှောက်မှာ ရှမ်း Camp ၅ ခုရှိသေးတယ်။ အဲဒါတွေ အားလုံးကိုတော့ TBBC ကဖြတ် ထားတာကြာပြီး။ လူဦးရေအခြေအားဖြင့်ဆိုရင်တော့ ၆,၀၀၀ နီးပါးရှိတာပေါ့။ ကုန်းကျော် camp နဲ့စာရင် တခြားရှမ်း Camp တွေက ပိုပြီးတော့ အထိနာတယ်ပေါ့။ ဒီဘက်ရှိတဲ့ ပတ်ဝန်းကျင်က လယ်သမားတွေက ကြက်သွန်နဲ့ ငရုတ်သီး စိုက်တာပေါ့။ သူတို့ အဲဒီမှာနေ့ စားလုပ်ကြတာပါ။ ဒါပေမဲ့အခု COVID ကာလကျတော့လဲ အလုပ်က ပိုပြီးအကန့် သတ်ဖြစ်သွားတာပေါ့နော်။ တချို့ရွာတွေဆို ရွာထဲတောင်မှ လူပေး မဝင်ဘူး။ အဲဒီလိုမျိုးတင်းကြပ်တာတွေနဲ့ အလုပ်ကိုင်တွေတော့ပိုပြီးတော့ ခက်ခဲသွားတာပေါ့နော်။”

ကုန်းကျော်စစ်ပြေး ဒုက္ခစခန်းနေထိုင်သူတွေဟာ ထိုင်းဘက်မှာ အလုပ်ကိုင်နေရပြီး ကျန်ဒုက္ခသည်စခန်းနေသူတွေကတော့ လယ်ယာနဲ့ ခြံအငှါးလုပ်ကိုင်နေရပြီး COVID-19 ရောဂါကာလအတွင်း အလုပ်လုပ်ဖို့ အခက်တွေ့နေတယ်လို့ စိုင်းလင်းကပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မိုင်းဆတ်၊ မူစယ်ဒေသဘက်မှာလည်း မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့TNLA နဲ့ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပြီး တိုက်ပွဲစဉ်ကြောင့် ထောင်ချီတဲ့ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပါတယ်။

ဒီစစ်ရှောင်တွေဟာ တိုက်ပွဲ အခြေအနေတည်ငြိမ်လာရင် နေရပ်ရင်းကို ပြန်လိုက်၊ တိုက်ပွဲဖြစ်ရင်ပြန်ပြေးလာလိုက်နဲ့ နယ်မြေအေးချမ်းမှု မရှိသေးပါဘူး။

မြန်မာစစ်တပ်အနေနဲ့ ရှမ်းပြည်နယ်မှာ အပစ်ခတ်ရပ်စဲထားတယ်ဆိုပေမဲ့ တအာင်းပလောင်တပ်ဖွဲ့ TNLA နဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး RCSS တောင်ပိုင်းရှမ်းပြည်တပ်မတော် SSPP မြောက်ပိုင်း ရှမ်းပြည်တပ်မတော် KIO ကချင်လွတ်လပ်ရေးအဖွဲ့တွေနဲ့ ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG