သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရပ္ဆိုင္းထားရတဲ့ ျပည္ေထာင္စုအဆင့္အပစ္ရပ္ေစာင္ၾကည့္ေရးအဖဲြ႕စည္းေ၀း


၁၉ ႀကိမ္ေျမာက္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတဲြေစာင့္ၾကည့္ေရး ေကာ္မတီ JMC-U အစည္းအေ၀း (ဓာတ္ပံု - MOI - ဇူလိုင္ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

၂ ႏွစ္နီးပါးၾကာ ရပ္ဆိုင္းေနခဲ့တဲ့ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတဲြေစာင့္ၾကည့္ေရး ေကာ္မတီ JMC-U ရဲ႕ ၂ ရက္ၾကာ အစည္းအေ၀းမွာ ေဆြးေႏြးညွိႏႈိင္း သေဘာတူညီခ်က္ရခဲ့တဲ့ အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ဆက္ေပးပါမယ္။

ေနျပည္ေတာ္မွာ ၂ ရက္ၾကာ က်င္းပခဲ့တဲ့ ၁၉ ႀကိမ္ေျမာက္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတဲြေစာင့္ၾကည့္ေရး ေကာ္မတီ JMC-U အစည္းအေ၀းဟာ ဗုဒၶဟူးေန႔ ညေနပိုင္းမွာ ၿပီးဆံုးခဲ့ၿပီး သေဘာတူဆံုးျဖတ္ခ်က္ အခ်က္ ၂၀ ရရွိခဲ့တယ္လုိ႔ ေဆြးေႏြးပဲြမွာ ပါ၀င္သူေတြက ေျပာပါတယ္။ ဒီအစည္းအေ၀းအၿပီးက်င္းပတဲ့ သတင္းစာရွင္းလင္းပဲြမွာ အစည္းအေ၀းမွာ ရရွိခဲ့တဲ့ သေဘာတူ ဆံုးျဖတ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး JMC-U ရဲ႕ အတြင္းေရးမႈး ၂ ဗိုလ္မွဴးႀကီး ၀ဏၰေအာင္က အခုလို ေျပာဆိုပါတယ္။

“သေဘာတူညီခ်က္ေပါ့ေနာ္။ အစည္းအေ၀းဆံုးျဖတ္ခ်က္ကေတာ့ အခ်က္ ၂၀ က်ေနာ္တို႔ ရရွိခဲ့ပါတယ္။ ဒီအခ်က္၂၀ မွာလည္း JMC-U အစည္းအေ၀းကို ၂၀ ႀကိမ္ေျမာက္ အစည္းအေ၀းကိုလည္း စက္တင္ဘာလ ဒုတိယပတ္ထဲမွာ ထပ္မံက်င္းပသြားဖို႔ သေဘာတူခ်က္ေတြ ရရွိပါတယ္။ ဒါျပင္က်ေနာ္တို႔ အစည္းအေ၀းေတြ မက်င္းပႏိုင္မီကာလအတြင္းမွာ အရပ္သား ကိုယ္စားလွယ္ေတြေပါ့။ JMC အဆင့္ဆင့္ရဲ႕ အရပ္သားကိုယ္စားလွယ္ေတြ ရဲ႕ မ်က္ႏွာစံုညီ အစည္းအေ၀းကေနၿပီးေတာ့ တင္ျပတဲ့ ဆံုးျဖတ္ခ်က္ က်ေနာ္တို႔ JMC ကေနၿပီးေတာ့ မူဝါဒ ခ်မွတ္ေပးတာေတြ ေဆာင္ရြက္ႏိုင္ခဲ့ပါတယ္။”

ဒီဆံုးျဖတ္ခ်က္ေတြမွာ ရံုးလုပ္ထံုးလုပ္နည္းဆိုင္ရာ ကိစၥရပ္ေတြလည္းပါ၀င္ၿပီး ရန္ပံုေငြသံုးစဲြေရးဆိုင္ရာ စည္းမ်ဥ္းေရးဆဲြဖို႔၊ JMC-S ေခၚ ျပည္နယ္အဆင့္အစည္းအေ၀းေတြ ဆက္လက္ က်င္းပဖို႔လည္း ပါ၀င္ေၾကာင္း ေျပာပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြရဲ႕ ကိုယ္စားလွယ္ JMC-U ရဲ႕ အတြင္းေရးမွဴး ၁ ေဒါက္တာေရႊခါးက တပ္ေနရာခ်ထားေရး ကိစၥကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း ထည့္သြင္း ေျပာၾကားပါတယ္။

“အဓိကအားျဖင့္ က်ေနာ္တို႔ ပိုၿပီးေတာ့ JMC ထိထိေရာက္ေရာက္လုပ္ႏိုင္ဖို႔ အရင္တည္းကေန စဥ္းစားတာ Issue ၃ခု ရွိတာေပါ့။ ပထမကေတာ့ တပ္ေနရာခ်ထားေရးပဲေခၚေခၚ ထိေတြ႕မႈေရွာင္ရွားႏိုင္ဖို႔အတြက္ ႏွစ္ဘက္ ညွိႏိႈင္းရမယ့္ ကိစၥေတြ သတ္မွတ္ရမယ့္ ကိစၥေတြ ရွိတယ္။ အဲဒါကိုအရင္တုန္းက မလုပ္ႏိုင္ခဲ့ဘူး။ အဲဒါက Bilateral နဲ႔ လုပ္ရမယ့္ ကိစၥေတြ အေတာ္မ်ားမ်ား ျဖစ္တယ္။ အဲဒါကို ညွိႏိႈင္းေဆြးေႏြးဖို႔ သေဘာတူၾကၿပီ။ အစီအစဥ္ပံုစံေတြ ခ်ၿပီ။”

၁၉ ႀကိမ္ေျမာက္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတဲြေစာင့္ၾကည့္ေရး ေကာ္မတီ JMC-U အစည္းအေ၀း (ဓာတ္ပံု - MOI - ဇူလိုင္ ၀၈၊ ၂၀၂၀)
၁၉ ႀကိမ္ေျမာက္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတဲြေစာင့္ၾကည့္ေရး ေကာ္မတီ JMC-U အစည္းအေ၀း (ဓာတ္ပံု - MOI - ဇူလိုင္ ၀၈၊ ၂၀၂၀)

က်န္အခ်က္ ၂ ခ်က္ကေတာ့ NCA စာခ်ဳပ္ အခန္း ၃ ပါ ႏွစ္ဘက္နားလည္မႈမတူညီတဲ့ ေဝါဟာရေတြကို ျပန္လည္ညွိႏိႈင္းဖို႔နဲ႔ JMC ဖဲြ႕စည္းမႈေတြကို ျပင္ဆင္ဖို႔ျဖစ္ပါတယ္။ ဒီခ်က္ေတြကို ေအာက္ေျခအဆင့္မွာ ေဆြးေႏြးၿပီး ထြက္ေပၚလာတဲ့ ရလဒ္ေတြကို အထက္ အဆင့္က အတည္ျပဳ ဆံုးျဖတ္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

NCA ေခၚ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးတဲ့ေနာက္ တိုက္ပဲြေတြ ျပန္လည္ျဖစ္ပြားေနတာဟာ နယ္ေျမပိုင္းျခားမႈကို ရွင္းရွင္းလင္းလင္း မေဆာင္ရြက္ႏိုင္တာေၾကာင့္လို႔လည္း သံုးသပ္ပါတယ္။

လက္ရွိ ၿပီးဆံုးသြားတဲ့ JMC အစည္းအေ၀းအေပၚမွာေတာ့ ေဒါက္တာေရႊခါးက အခုလို ေျပာဆိုပါတယ္။

“ဒီေန႔ကေတာ့ ၁၉ ႀကိမ္ေျမာက္ေပါ့။ ေနာက္ အႀကိမ္ ၂၀ လုပ္ဖို႔လည္း က်ေနာ္တို႔ သေဘာတူလိုက္တယ္။ ဒီလိုမ်ိဳး Process ကေတာ့ ဆက္သြားဖို႔အတြက္ ႏွစ္ဘက္လံုးက Commitment လုပ္ထားတဲ့ကိစၥက တကယ့္ Achievement ႀကီးလို႔ သူက ေျပာထားတယ္ေပါ့။ က်ေနာ္လည္း အဲဒါ Absolutely I agree ေပါ့။ က်ေနာ္လည္း သေဘာတူတယ္။ အဲဒီလိုမ်ိဳး က်ေနာ္တို႔ သေဘာတူညီခ်က္သည္ပင္လွ်င္ ၿငိမ္းခ်မ္းေရး Process မွာေတာ့ အေရးႀကီး တကယ့္အေရးႀကီးတဲ့ Point တစ္ခုျဖစ္တယ္လို႔ က်ေနာ္ယူဆရတာေပါ့ေနာ္။”

JMC-M ေနာက္ဆံုးအစည္းအေ၀းကို ၂၀၁၈ စက္တင္ဘာလမွာ က်င္းပခဲ့တာပါ။

ကရင္အမ်ိဳးသားအစည္းအရံုး KNU နဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS က တရား၀င္ေဆြးေႏြးပဲြနဲ႔ JMC အစည္းအေ၀းေတြကို တက္ေရာက္မွာ မဟုတ္ေၾကာင္း ထုတ္ျပန္ၿပီးေနာက္မွာ JMC အစည္းအေ၀းေတြ ရပ္တန႔္ခဲ့သလို ၂၁ရာစုပင္လံုအစည္းအေ၀းလည္း ရပ္ဆိုင္းခဲ့တာျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ အစိုးရ၊ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြဟာ လာမယ္ ၾသဂုတ္လမွာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀း က်င္းပဖို႔ သေဘာတူထားၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရပ်ဆိုင်းထားရတဲ့ ပြည်ထောင်စုအဆင့် အပစ်ရပ်စောင်ကြည့်ရေးအဖွဲ့စည်းဝေး

၂ နှစ်နီးပါးကြာ ရပ်ဆိုင်းနေခဲ့တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U ရဲ့ ၂ ရက်ကြာ အစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်ရခဲ့တဲ့ အကြောင်း ပြောပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ဆက်ပေးပါမယ်။

နေပြည်တော်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ၁၉ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U အစည်းအဝေးဟာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ပြီးဆုံးခဲ့ပြီး သဘောတူဆုံးဖြတ်ချက် အချက် ၂၀ ရရှိခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။ ဒီအစည်းအဝေးအပြီးကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောတူ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး JMC-U ရဲ့ အတွင်းရေးမှုး ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က အခုလို ပြောဆိုပါတယ်။

၁၉ ႀကိမ္ေျမာက္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတဲြေစာင့္ၾကည့္ေရး ေကာ္မတီ JMC-U အစည္းအေ၀း (ဓာတ္ပံု - MOI - ဇူလိုင္ ၀၈၊ ၂၀၂၀)
၁၉ ႀကိမ္ေျမာက္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတဲြေစာင့္ၾကည့္ေရး ေကာ္မတီ JMC-U အစည္းအေ၀း (ဓာတ္ပံု - MOI - ဇူလိုင္ ၀၈၊ ၂၀၂၀)

“သဘောတူညီချက်ပေါ့နော်။ အစည်းအဝေးဆုံးဖြတ်ချက်ကတော့ အချက် ၂၀ ကျနော်တို့ ရရှိခဲ့ပါတယ်။ ဒီအချက်၂၀ မှာလည်း JMC-U အစည်းအဝေးကို ၂၀ ကြိမ်မြောက် အစည်းအဝေးကိုလည်း စက်တင်ဘာလ ဒုတိယပတ်ထဲမှာ ထပ်မံကျင်းပသွားဖို့ သဘောတူချက်တွေ ရရှိပါတယ်။ ဒါပြင်ကျနော်တို့ အစည်းအဝေးတွေ မကျင်းပနိုင်မီကာလအတွင်းမှာ အရပ်သား ကိုယ်စားလှယ်တွေပေါ့။ JMC အဆင့်ဆင့်ရဲ့ အရပ်သားကိုယ်စားလှယ်တွေ ရဲ့ မျက်နှာစုံညီ အစည်းအဝေးကနေပြီးတော့ တင်ပြတဲ့ ဆုံးဖြတ်ချက် ကျနော်တို့ JMC ကနေပြီးတော့ မူဝါဒ ချမှတ်ပေးတာတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။”

ဒီဆုံးဖြတ်ချက်တွေမှာ ရုံးလုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်တွေလည်းပါဝင်ပြီး ရန်ပုံငွေသုံးစွဲရေးဆိုင်ရာ စည်းမျဉ်းရေးဆွဲဖို့၊ JMC-S ခေါ် ပြည်နယ်အဆင့်အစည်းအဝေးတွေ ဆက်လက် ကျင်းပဖို့လည်း ပါဝင်ကြောင်း ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ် JMC-U ရဲ့ အတွင်းရေးမှူး ၁ ဒေါက်တာရွှေခါးက တပ်နေရာချထားရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်း ထည့်သွင်း ပြောကြားပါတယ်။

“အဓိကအားဖြင့် ကျနော်တို့ ပိုပြီးတော့ JMC ထိထိရောက်ရောက်လုပ်နိုင်ဖို့ အရင်တည်းကနေ စဉ်းစားတာ Issue ၃ခု ရှိတာပေါ့။ ပထမကတော့ တပ်နေရာချထားရေးပဲခေါ်ခေါ် ထိတွေ့မှုရှောင်ရှားနိုင်ဖို့အတွက် နှစ်ဘက် ညှိနှိုင်းရမယ့် ကိစ္စတွေ သတ်မှတ်ရမယ့် ကိစ္စတွေ ရှိတယ်။ အဲဒါကိုအရင်တုန်းက မလုပ်နိုင်ခဲ့ဘူး။ အဲဒါက Bilateral နဲ့ လုပ်ရမယ့် ကိစ္စတွေ အတော်များများ ဖြစ်တယ်။ အဲဒါကို ညှိနှိုင်းဆွေးနွေးဖို့ သဘောတူကြပြီ။ အစီအစဉ်ပုံစံတွေ ချပြီ။”

ကျန်အချက် ၂ ချက်ကတော့ NCA စာချုပ် အခန်း ၃ ပါ နှစ်ဘက်နားလည်မှုမတူညီတဲ့ ဝေါဟာရတွေကို ပြန်လည်ညှိနှိုင်းဖို့နဲ့ JMC ဖွဲ့စည်းမှုတွေကို ပြင်ဆင်ဖို့ဖြစ်ပါတယ်။ ဒီချက်တွေကို အောက်ခြေအဆင့်မှာ ဆွေးနွေးပြီး ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အထက် အဆင့်က အတည်ပြု ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောပါတယ်။

NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ချုပ်ဆိုပြီးတဲ့နောက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာဟာ နယ်မြေပိုင်းခြားမှုကို ရှင်းရှင်းလင်းလင်း မဆောင်ရွက်နိုင်တာကြောင့်လို့လည်း သုံးသပ်ပါတယ်။

လက်ရှိ ပြီးဆုံးသွားတဲ့ JMC အစည်းအဝေးအပေါ်မှာတော့ ဒေါက်တာရွှေခါးက အခုလို ပြောဆိုပါတယ်။

“ဒီနေ့ကတော့ ၁၉ ကြိမ်မြောက်ပေါ့။ နောက် အကြိမ် ၂၀ လုပ်ဖို့လည်း ကျနော်တို့ သဘောတူလိုက်တယ်။ ဒီလိုမျိုး Process ကတော့ ဆက်သွားဖို့အတွက် နှစ်ဘက်လုံးက Commitment လုပ်ထားတဲ့ကိစ္စက တကယ့် Achievement ကြီးလို့ သူက ပြောထားတယ်ပေါ့။ ကျနော်လည်း အဲဒါ Absolutely I agree ပေါ့။ ကျနော်လည်း သဘောတူတယ်။ အဲဒီလိုမျိုး ကျနော်တို့ သဘောတူညီချက်သည်ပင်လျှင် ငြိမ်းချမ်းရေး Process မှာတော့ အရေးကြီး တကယ့်အရေးကြီးတဲ့ Point တစ်ခုဖြစ်တယ်လို့ ကျနော်ယူဆရတာပေါ့နော်။”

JMC-M နောက်ဆုံးအစည်းအဝေးကို ၂၀၁၈ စက်တင်ဘာလမှာ ကျင်းပခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က တရားဝင်ဆွေးနွေးပွဲနဲ့ JMC အစည်းအဝေးတွေကို တက်ရောက်မှာ မဟုတ်ကြောင်း ထုတ်ပြန်ပြီးနောက်မှာ JMC အစည်းအဝေးတွေ ရပ်တန့်ခဲ့သလို ၂၁ရာစုပင်လုံအစည်းအဝေးလည်း ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ လာမယ် သြဂုတ်လမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG