သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ ၂၀၁၉ ခုႏွစ္အတြင္း တုိက္ပြဲေပါင္း ၁,၁၀၀ နီးပါး ျဖစ္ပြားခဲ့


MIPS ေခၚ ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးဆိုင္ရာ ျမန္မာအင္စတီက်ဴအဖဲြ႕က အစီရင္ခံစာ ထုတ္ျပန္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံတ၀န္း ၿပီးခဲ့တဲ့ႏွစ္ထဲ တိုက္ပဲြေပါင္း ၁၀၈၀ ေက်ာ္ ျဖစ္ပြားခဲ့သလို အရပ္သား ၁၅၀ေက်ာ္ေသဆံုးၿပီး ၃၈၀ ေက်ာ္ ထိခုိက္ဒဏ္ရာ ရခဲ့တဲ့အေၾကာင္းကို ကိုမိုးေဇာ္ တင္ျပေပးမွာပါ။

ျမန္မာႏုိင္ငံမွာ ၂၀၁၉ ခုႏွစ္အတြင္း တုိက္ပဲြေပါင္း ၁ ေထာင္ေက်ာ္ ျဖစ္ပြားခဲ့ေၾကာင္း MIPS ေခၚ ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးဆိုင္ရာ ျမန္မာအင္စတီက်ဴအဖဲြ႕က အစီရင္ခံစာ ထုတ္ျပန္ရာမွာ ေျပာဆုိလုိက္တာ ျဖစ္ပါတယ္။ တုိက္ပဲြအမ်ားစုကေတာ့ အစုိးရနဲ႔ အပစ္ရပ္စာခ်ဳပ္ကုိ လက္မွတ္ထုိးမထားတဲ့ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ ၂ ဖဲြ႔နဲ႔ တပ္မေတာ္ၾကား ျဖစ္ပြားခဲ့တာလုိ႔လည္း “ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးဆိုင္ရာ သံုးသပ္ခ်က္ - ၂၀၂၀ အစီရင္ခံစာ” မိတ္ဆက္သတင္းစာရွင္းလင္းပဲြမွာ MIPS အလုပ္အမႈေဆာင္ ၫႊန္ၾကားေရးမွဴး ေဒါက္တာမင္းေဇာ္ဦးက ေျပာဆိုခဲ့တာပါ။

“အဲေတာ့ ၂၀၁၉မွာ လက္နက္ကိုင္ထိေတြ႕မႈေပါ့။ လက္နက္ကိုင္တိုက္ပဲြ အားလံုးေပါင္း ၁၀၈၃ခု ျဖစ္ခဲ့ပါတယ္။ တစ္ႏိုင္ငံလံုးမွာေပါ့ေနာ္။ AA နဲ႔ တပ္မေတာ္နဲ႔ ျဖစ္တဲ့ တိုက္ပဲြက အားလံုးေပါင္း ၅၃ရာခိုင္ႏႈန္းရွိတယ္။ ဒီတိုက္ပဲြေတြရဲ႕။ TNLA နဲ႔ တပ္မေတာ္နဲ႔ ျဖစ္တဲ့ တိုက္ပဲြက ၂၈ရာခိုင္ႏႈန္းရွိတယ္။ အဲေတာ့ AAနဲ႔ TNLA ႏွစ္ခုေပါင္းတာပဲ အားလံုးေပါင္းက ၈၁ရာခိုင္ႏႈန္းရွိတယ္ဆိုတာ သြားေတြ႕ရတယ္။”

ဒီတိုက္ပဲြအမ်ားစုဟာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ အမ်ားဆံုးျဖစ္ပြားခဲ့တာပါ။

ဒီလက္နက္ကိုင္ပဋိပကၡျဖစ္စဥ္အတြင္း အရပ္သားေသဆံုးမႈနဲ႔ ပတ္သက္ၿပီး MIPS ရဲ႕ အႀကီးတန္း သုေတသန တာ၀န္ခံ ဦးေနလင္းေအာင္က အခုလို ရွင္းလင္းတင္ျပထားပါတယ္။

“ ၂၀၁၉ခုႏွစ္မွာ ျမန္မာႏိုင္ငံက အရပ္သား ၁၅၁ဦး၊ အနည္းဆံုး အရပ္သား ၁၅၁ဦး ေသဆံုးတယ္ဆိုတဲ့ အခ်က္ကို ျပေနတယ္။ တစ္ဘက္မွာလည္း က်ေနာ္တို႔ မွတ္တမ္းေတြအရဆိုရင္ အနည္းဆံုး အရပ္သား ၃၈၄ေယာက္ေလာက္ ထိခိုက္ဒဏ္ရာရမႈေတြ ျဖစ္တယ္ဆိုတာကို က်ေနာ္တို႔ ေတြ႕ရတယ္။ ဒါေတြအကုန္လံုးက ပဋိပကၡနဲ႔ သက္ဆိုင္လို႔ အကုန္ေသဆံုး သြားၾကတာခ်ည္းပဲ။”

အစီရင္ခံစာထုတ္ျပန္ခ်က္မွာ လက္နက္ကိုင္တိုက္ပဲြအတြင္အရပ္သား ေသဆံုးသူ ၅၁ဦး၊ ပစ္မွတ္ထား လုပ္ၾကံခံရသူ ၅၂ဦး၊ မိုင္းေပါက္ကဲြမႈေၾကာင့္ ေသဆံုးသူ ၄၀ဦး ရွိေၾကာင္းေဖာ္ျပပါတယ္။

လက္နက္ကိုင္ ပဋိပကၡေၾကာင့္ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြရဲ႕ ေသဆံုးမႈကေတာ့ ၉၀၀ေက်ာ္ကေန ၁၇၀၀ ေက်ာ္အထိ ရွိႏိုင္ေၾကာင္း ေဖာ္ျပပါတယ္။

လက္နက္ကိုင္ပဋိပကၡအမ်ားဆံုး ျဖစ္ပြားခဲ့တဲ့ AA ရခိုင္နဲ႔ TNLA ေခၚ တအန္း(ပေလာင္) တပ္ဖဲြ႕ေတြဟာ MNDAA ကိုးကန္႔တပ္ဖဲြ႕ပါ၀င္ၿပီး ညီေနာင္မဟာမိတ္အဖဲြ႕ကို ဖဲြ႕စည္းထားသလို ဒီသံုးဖဲြ႕နဲ႔ KIA ေခၚ ကခ်င္တပ္ဖဲြ႕ ပါ၀င္ၿပီး ေျမာက္ပိုင္းမဟာမိတ္ေခၚတဲ့ တပ္ေပါင္းစုအဖဲြ႕ကိုလည္း ဖဲြ႕စည္းထားတာ ျဖစ္ပါတယ္။

ေျမာက္ပိုင္းမဟာမိတ္အဖဲြ႕ ၄ဖဲြ႕ဟာ NCA ေခၚ တစ္ႏိုင္ငံလံုး အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္မေရးထိုးေသးတဲ့ အဖဲြ႕ေတြျဖစ္သလို Bilateral ေခၚ ႏွစ္ဘက္ အပစ္ရပ္စာခ်ဳပ္ခ်ဳပ္ဆိုမယ္ဆိုရင္လည္း အားလံုး အတူတကြ ေဆြးေႏြးၿပီး လက္မွတ္ထိုးမယ္လို႔ ထုတ္ျပန္ထားတာလည္း ျဖစ္ပါတယ္။

ေလာေလာဆည္ COVID 19 ျဖစ္ပြားေနခ်ိန္မွာ အစိုးရနဲ႔ ေဆြးေႏြးေနတာေတြ ရပ္ဆိုင္းေနပါတယ္။

ေျမာက္ပိုင္းမဟာမိတ္အဖဲြ႕ေတြနဲ႔ အစိုးရအၾကား ေဆြးေႏြးပဲြနဲ႔ပတ္သက္လို႔ သူ႔ရဲ႕ အျမင္ကို ေဒါက္တာမင္းေဇာ္ဦးက အခုလို ေျပာဆိုပါတယ္။

“ ၂၀၁၉မွာ တိုးတက္မႈတခ်ိဳ႔ေတာ့ ရွိခဲ့တာရွိတယ္။ အဲဒါက ဘာလဲဆိုေတာ့ အဖဲြ႕ ၄ဖဲြ႕လံုးေပါင္းၿပီးေတာ့ Ceasefire ကို လုပ္ပါမယ္ဆိုတဲ့ Statement တစ္ခုေပါ့။ သေဘာတူညီခ်က္တစ္ခု အစိုးရနဲ႔ ယူလိုက္တာ ရွိတယ္။ ၿပီးေတာ့မွ အစိုးရနဲ႔ တစ္ဖဲြ႕ခ်င္း Bilateral ေဆြးေႏြးမယ္ဆိုတဲ့ သေဘာထား ခ်ဥ္းကပ္မႈ လုပ္ခဲ့တာရွိတယ္။ အဲဒီခ်ဥ္းကပ္မႈနဲ႔ ၃ပါတီ Statement လုပ္တဲ့ အဆင့္မွာတင္ ေရွ႕ကို မတိုးႏိုင္ဘူးျဖစ္သြားတယ္။ ဒါေပမဲ့ သေဘာကေတာ့ တကယ္ အပစ္အခတ္ရပ္စဲေရးလုပ္မယ္ဆိုရင္ ၃ဖဲြ႕ ညွိလို႔လည္း မရဘူး။ ၄ဖဲြ႕နဲ႔ ညွိလို႔လည္း မရဘူး။ တစ္ဖဲြ႕ခ်င္းညွိမွပဲ ရမယ္။ အဖဲြ႕ေတြက တစ္ဖဲြ႕နဲ႔ တစ္ဖဲြ႕နဲ႔ ရွိတဲ့ သူ႔ရဲ႕ သေဘာသဘာ၀ခ်င္းက မတူၾကတဲ့အတြက္ေၾကာင့္မို႔ တကယ္ Ceasefire နင္လား၊ ငါလား ေျပာၿပီဆိုရင္ေတာ့ Bilateral ေဆြးေႏြးပဲြက လုပ္ကို လုပ္မွ ရမယ္။”

၂၀၁၉ခုႏွစ္ အတြင္းမွာ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႕ေတြထဲက AA၊ TNLA တို႔နဲ႔ လက္နက္ကိုင္ပဋိပကၡေတြ အမ်ားဆံုးျဖစ္ခဲ့ေပမဲ့ ၂၀၂၀မွာေတာ့ NCA လက္မွတ္ေရးထိုးထားတဲ့ KNU ကရင္တပ္ဖဲြ႕ေတြနဲ႔ ဖာပြန္ၿမိဳ႔နယ္ဘက္မွာ တိုက္ပဲြေတြ ပိုမိုျဖစ္လာႏိုင္ေၾကာင္းလည္း ေထာက္ျပထားပါတယ္။

“ ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးဆိုင္ရာ သံုးသပ္ခ်က္ - ၂၀၂၀ အစီရင္ခံစာ” ကို MIPS က ၿမိဳ႔နယ္အဆင့္ ပဋိပကၡေစာင့္ၾကည့္ေလ့လာေရးစနစ္အေပၚအေျခခံၿပီး မွတ္တမ္းတင္ထားတဲ့အခ်က္အလက္ေတြနဲ႔ ျပဳစုထားတာျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၁,၁၀၀ နီးပါး ဖြစ်ပွားခဲ့

(Unicode)

မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့နှစ်ထဲ တိုက်ပွဲပေါင်း ၁၀၈၀ ကျော် ဖြစ်ပွားခဲ့သလို အရပ်သား ၁၅၀ကျော်သေဆုံးပြီး ၃၈၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အကြောင်းကို ကိုမိုးဇော် တင်ပြပေးမှာပါ။

မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၁ ထောင်ကျော် ဖြစ်ပွားခဲ့ကြောင်း MIPS ခေါ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ တိုက်ပွဲအများစုကတော့ အစိုးရနဲ့ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့နဲ့ တပ်မတော်ကြား ဖြစ်ပွားခဲ့တာလို့လည်း “ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ သုံးသပ်ချက် - ၂၀၂၀ အစီရင်ခံစာ” မိတ်ဆက်သတင်းစာရှင်းလင်းပွဲမှာ MIPS အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောဆိုခဲ့တာပါ။

“အဲတော့ ၂၀၁၉မှာ လက်နက်ကိုင်ထိတွေ့မှုပေါ့။ လက်နက်ကိုင်တိုက်ပွဲ အားလုံးပေါင်း ၁၀၈၃ခု ဖြစ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာပေါ့နော်။ AA နဲ့ တပ်မတော်နဲ့ ဖြစ်တဲ့ တိုက်ပွဲက အားလုံးပေါင်း ၅၃ရာခိုင်နှုန်းရှိတယ်။ ဒီတိုက်ပွဲတွေရဲ့။ TNLA နဲ့ တပ်မတော်နဲ့ ဖြစ်တဲ့ တိုက်ပွဲက ၂၈ရာခိုင်နှုန်းရှိတယ်။ အဲတော့ AAနဲ့ TNLA နှစ်ခုပေါင်းတာပဲ အားလုံးပေါင်းက ၈၁ရာခိုင်နှုန်းရှိတယ်ဆိုတာ သွားတွေ့ရတယ်။”

ဒီတိုက်ပွဲအများစုဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အများဆုံးဖြစ်ပွားခဲ့တာပါ။

ဒီလက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်အတွင်း အရပ်သားသေဆုံးမှုနဲ့ ပတ်သက်ပြီး MIPS ရဲ့ အကြီးတန်း သုတေသန တာဝန်ခံ ဦးနေလင်းအောင်က အခုလို ရှင်းလင်းတင်ပြထားပါတယ်။

“ ၂၀၁၉ခုနှစ်မှာ မြန်မာနိုင်ငံက အရပ်သား ၁၅၁ဦး၊ အနည်းဆုံး အရပ်သား ၁၅၁ဦး သေဆုံးတယ်ဆိုတဲ့ အချက်ကို ပြနေတယ်။ တစ်ဘက်မှာလည်း ကျနော်တို့ မှတ်တမ်းတွေအရဆိုရင် အနည်းဆုံး အရပ်သား ၃၈၄ယောက်လောက် ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေအကုန်လုံးက ပဋိပက္ခနဲ့ သက်ဆိုင်လို့ အကုန်သေဆုံး သွားကြတာချည်းပဲ။”

အစီရင်ခံစာထုတ်ပြန်ချက်မှာ လက်နက်ကိုင်တိုက်ပွဲအတွင်အရပ်သား သေဆုံးသူ ၅၁ဦး၊ ပစ်မှတ်ထား လုပ်ကြံခံရသူ ၅၂ဦး၊ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၀ဦး ရှိကြောင်းဖော်ပြပါတယ်။

လက်နက်ကိုင် ပဋိပက္ခကြောင့် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သေဆုံးမှုကတော့ ၉၀၀ကျော်ကနေ ၁၇၀၀ ကျော်အထိ ရှိနိုင်ကြောင်း ဖော်ပြပါတယ်။

လက်နက်ကိုင်ပဋိပက္ခအများဆုံး ဖြစ်ပွားခဲ့တဲ့ AA ရခိုင်နဲ့ TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့တွေဟာ MNDAA ကိုးကန့်တပ်ဖွဲ့ပါဝင်ပြီး ညီနောင်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းထားသလို ဒီသုံးဖွဲ့နဲ့ KIA ခေါ် ကချင်တပ်ဖွဲ့ ပါဝင်ပြီး မြောက်ပိုင်းမဟာမိတ်ခေါ်တဲ့ တပ်ပေါင်းစုအဖွဲ့ကိုလည်း ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ဖွဲ့ဟာ NCA ခေါ် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေဖြစ်သလို Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ်ချုပ်ဆိုမယ်ဆိုရင်လည်း အားလုံး အတူတကွ ဆွေးနွေးပြီး လက်မှတ်ထိုးမယ်လို့ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

လောလောဆည် COVID 19 ဖြစ်ပွားနေချိန်မှာ အစိုးရနဲ့ ဆွေးနွေးနေတာတွေ ရပ်ဆိုင်းနေပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အစိုးရအကြား ဆွေးနွေးပွဲနဲ့ပတ်သက်လို့ သူ့ရဲ့ အမြင်ကို ဒေါက်တာမင်းဇော်ဦးက အခုလို ပြောဆိုပါတယ်။

“ ၂၀၁၉မှာ တိုးတက်မှုတချို့တော့ ရှိခဲ့တာရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အဖွဲ့ ၄ဖွဲ့လုံးပေါင်းပြီးတော့ Ceasefire ကို လုပ်ပါမယ်ဆိုတဲ့ Statement တစ်ခုပေါ့။ သဘောတူညီချက်တစ်ခု အစိုးရနဲ့ ယူလိုက်တာ ရှိတယ်။ ပြီးတော့မှ အစိုးရနဲ့ တစ်ဖွဲ့ချင်း Bilateral ဆွေးနွေးမယ်ဆိုတဲ့ သဘောထား ချဉ်းကပ်မှု လုပ်ခဲ့တာရှိတယ်။ အဲဒီချဉ်းကပ်မှုနဲ့ ၃ပါတီ Statement လုပ်တဲ့ အဆင့်မှာတင် ရှေ့ကို မတိုးနိုင်ဘူးဖြစ်သွားတယ်။ ဒါပေမဲ့ သဘောကတော့ တကယ် အပစ်အခတ်ရပ်စဲရေးလုပ်မယ်ဆိုရင် ၃ဖွဲ့ ညှိလို့လည်း မရဘူး။ ၄ဖွဲ့နဲ့ ညှိလို့လည်း မရဘူး။ တစ်ဖွဲ့ချင်းညှိမှပဲ ရမယ်။ အဖွဲ့တွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့နဲ့ ရှိတဲ့ သူ့ရဲ့ သဘောသဘာဝချင်းက မတူကြတဲ့အတွက်ကြောင့်မို့ တကယ် Ceasefire နင်လား၊ ငါလား ပြောပြီဆိုရင်တော့ Bilateral ဆွေးနွေးပွဲက လုပ်ကို လုပ်မှ ရမယ်။”

၂၀၁၉ခုနှစ် အတွင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက AA၊ TNLA တို့နဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အများဆုံးဖြစ်ခဲ့ပေမဲ့ ၂၀၂၀မှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်တပ်ဖွဲ့တွေနဲ့ ဖာပွန်မြို့နယ်ဘက်မှာ တိုက်ပွဲတွေ ပိုမိုဖြစ်လာနိုင်ကြောင်းလည်း ထောက်ပြထားပါတယ်။

“ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ သုံးသပ်ချက် - ၂၀၂၀ အစီရင်ခံစာ” ကို MIPS က မြို့နယ်အဆင့် ပဋိပက္ခစောင့်ကြည့်လေ့လာရေးစနစ်အပေါ်အခြေခံပြီး မှတ်တမ်းတင်ထားတဲ့အချက်အလက်တွေနဲ့ ပြုစုထားတာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG