သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန္႔ေက်ာက္စိမ္းေျမ ထိန္းကြပ္ႏုိင္ေျခ ရွိပါေသးရဲ႕လား …


ဖားကန္႔ ေက်ာက္စိမ္းေစ်းတြင္ ေရာင္းခ်ရန္ျပထားသည့္ ေက်ာက္စိမ္းတံုးတတံုး။ (ဇူလုိင္ ၆၊ ၂၀၂၀)

(Zawgyi/Unicode)

ဖားကန္႔ ေက်ာက္စိမ္းတူးေဖာ္ထုတ္လုပ္ေရးလုပ္ငန္းမွာ အခုေနာက္ဆံုး ေတာင္ၿပိဳက်တာ ကေန ေသဆံုးသူအေရအတြက္ အမ်ားဆံုးရွိခဲ့တဲ့ျဖစ္ရပ္ေၾကာင့္ ဒီ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းရဲ႕ဆိုးရြားလွတဲ့အေျခအေနအေပၚ ထပ္ၿပီး အာ႐ံုစိုက္ေျပာဆိုစရာျဖစ္လာပါတယ္။

ဒီလုပ္ငန္းကို စည္းကမ္းတက် ထိန္းသိမ္းကိုင္တြယ္ႏုိင္မယ့္ အလားအလာရွိပါေသးရဲ႕လား၊ ဒီလိုထိန္းသိမ္းကိုင္တြယ္ဖို႔ အဓိကအားျဖင့္ ဘယ္အခ်က္က အတားအဆီးျဖစ္ေနတာပါလဲ၊ အဲဒီေဒသကိုသြားၿပီး စံုစမ္းစစ္ေဆးခဲ့တဲ့ သယံဇာတဝန္ႀကီး ဦးေဆာင္တဲ့အဖြဲအေနနဲ႔ေရာ လက္ေတြ႔အေျခအေနမွန္ကို သိသြားႏုိင္ပါရဲ႕လား စတာေတြကို အခုေဆြးေႏြးခန္းမွာ နားဆင္ရပါမယ္။

ဖားကန္႔ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္စိုး၊ ကခ်င္ဖြံ႔ၿဖိဳးတိုးတက္ေရး ကြန္ယက္ KDNG ရဲ႕ အေထြေထြအတြင္းေရးမွဴး ကိုဆားဂ်ီးတို႔ ပါဝင္ေဆြးေႏြးထားၾကပါ တယ္။

----------------------------

(Unicode)
ဖားကန့်ကျောက်စိမ်းမြေ ထိန်းကွပ်နိုင်ခြေ ရှိပါသေးရဲ့လား …

ဖားကန့် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းမှာ အခုနောက်ဆုံး တောင်ပြိုကျတာကနေ သေဆုံးသူအရေအတွက် အများဆုံးရှိခဲ့တဲ့ဖြစ်ရပ်ကြောင့် ဒီ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းရဲ့ဆိုးရွားလှတဲ့အခြေအနေအပေါ် ထပ်ပြီး အာရုံစိုက်ပြောဆိုစရာဖြစ်လာပါတယ်။

ဒီလုပ်ငန်းကို စည်းကမ်းတကျ ထိန်းသိမ်းကိုင်တွယ်နိုင်မယ့် အလားအလာရှိပါသေးရဲ့လား၊ ဒီလိုထိန်းသိမ်းကိုင်တွယ်ဖို့ အဓိကအားဖြင့် ဘယ်အချက်က အတားအဆီးဖြစ်နေတာပါလဲ၊ အဲဒီဒေသကိုသွားပြီး စုံစမ်းစစ်ဆေးခဲ့တဲ့
သယံဇာတဝန်ကြီး ဦးဆောင်တဲ့အဖွဲအနေနဲ့ရော လက်တွေ့အခြေအနေမှန်ကို သိသွားနိုင်ပါရဲ့လား စတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ရပါမယ်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး၊ ကချင်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် KDNG ရဲ့ အထွေထွေအတွင်းရေးမှူး ကိုဆားဂျီးတို့ ပါဝင်ဆွေးနွေးထားကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG