သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေပြိုမှု ကယ်ဆယ်ရှာဖွေရေးဆက်လုပ်နေ


ကချင်ပြည်နယ် ဖားကန့်မြို့က မြေစာပုံပြိုကျမှုမှာ သေဆုံးပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းများ။ (ဇူလိုင် ၀၄၊ ၂၀၂၀)
ကချင်ပြည်နယ် ဖားကန့်မြို့က မြေစာပုံပြိုကျမှုမှာ သေဆုံးပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းများ။ (ဇူလိုင် ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းတွင်းမှာ မြေစာပုံပြိုကျမှုကြောင့် သေဆုံးပျောက်ဆုံးသူတွေကို ဒီကနေ့ထိ ဆက်လက် ရှာဖွေနေဆဲဖြစ်ပြီး ထိခိုက်သေဆုံးသူတွေနဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ အလှူငွေထည့်ဝင်နေတာ အခုဆိုရင် ကျပ် သိန်း ၆,၀၀၀ လောက် ရရှိထားတဲ့ သတင်းကို တင်ပြမှာ ဖြစ်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဒီလ ၂ ရက်နေ့က မြေပြိုမှုကြောင့် ဖားကန့်မြို့နယ် ဝှေခါရွာက ကျောက်လုပ်ကွက်ဟောင်းနေရာ မြေပြိုကျတာကြောင့် လူ ၁၇၀ ကျော် သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တာပါ။

ကချင်ပြည်နယ် ဖားကန့်မြို့က မြေစာပုံပြိုကျမှုမှာ သေဆုံးပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းများ။ (ဇူလိုင် ၀၄၊ ၂၀၂၀)
ကချင်ပြည်နယ် ဖားကန့်မြို့က မြေစာပုံပြိုကျမှုမှာ သေဆုံးပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းများ။ (ဇူလိုင် ၀၄၊ ၂၀၂၀)

မြေပြိုပြီး ၄ ရက်မြောက်နေ့မှာ သေဆုံးသူ ရုပ်အလောင်း ထပ်မံတွေ့ရှိတာ မရှိခဲ့ပေမဲ့ ဒီကနေ့ ၅ ရက်မြောက်နေ့အထိမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က VOA ကို ပြောပါတယ်။

“ရှာဖွေရေးလုပ်ငန်းတွေက အခု ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို မေးမြန်းတဲ့အခါမှာတော့ သူတို့ စောင့်ကြည့်နေတယ်ပေါ့။ စောင့်ကြည့်ပြီးတော့ အခြေအနေပေါ်မှာ မူတည်ပြီး ဆက်လက် ဆောင်ရွက်မယ်လို့ ကြားသိရပါတယ်။”

အခြေအနေ စောင့်ကြည့်နေပြီး ပေါ်လာတာရှိရင် ဆက်လက်ဆောင်ရွက်ဖို့ ရှိသလို ဒေသတွင်းမှာလည်း မိုးအဆက်မပြတ်ရွာနေတာကြောင့် ရှာဖွေသူတွေအတွက်ပါ အန္တရာယ်ရှိနေတာဖြစ်ပါတယ်။

မြေပြိုကျတာကြောင့် လူရာနဲ့ချီ သေဆုံးခဲ့တဲ့နောက် အစိုးရ၊ တပ်မတော်နဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေအပါအဝင် ကချင်ပြည်နယ်လွတ်လပ်ရေးအဖွဲ့ KIO ကလည်း သေဆုံးသူတွေရဲ့ မိသားစုနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် အလှုငွေတွေ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။

လောလောဆယ် အလှုငွေ စုစုပေါင်း သိန်း ၆,၀၀၀ လောက် ရရှိထားကြောင်းလည်း ဦးဉာဏ်လင်းအောင်က ဆက်ပြောပါတယ်။

“လှူဒါန်းတဲ့ငွေက အခုဒီမှာ စာရင်း ရရှိတာက ဒီနေ့ မနက်လှူတဲ့ဟာတွေရောပေါ့နော်။ အားလုံးပေါင်း ကျနော်တို့ သိန်း ၆,၀၀၀ ပါးလောက် ရပါပြီခင်ဗျ။ ကျနော်ပြောနိုင်တာက အလှုငွေ ၆,၀၀၀ နီးပါးခန့်ရနေပြီဆိုတဲ့ဟာ။ ဒါက စာရင်းရှိ။ တချို့တွေကလည်း ငွေသား ကျနော်တို့ လက်ထဲ မရောက်သေးတာတွေလည်းရှိတယ်။”

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဒဏ်ရာရသူ ၅၄ ဦးအတွက် တစ်ဦးကို ကျပ်ငွေ ၂၀၀,၀၀၀၊ သေဆုံးသူ ၁၇၂ ဦးအတွက် တစ်ဦးအတွက် ၅၀၀,၀၀၀ စီ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉၆၈ သိန်းနဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ ဒဏ်ရာရသူ ၃၄ ဦး၊ သေဆုံးသူများရဲ့ ကျန်ရစ်သူမိသားစု ၁၆ စုကို အားပေးထောက်ပံ့ပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်တဲ့စာရင်းအရ သေဆုံးသူ ၁၇၄ ဦး၊ ဒဏ်ရာရသူ ၅၄ ဦး နေပြီး ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးစာရင်းမှာတော့ သေဆုံးသူ ၁၇၂ ဦး၊ ဒဏ်ရာရသူ ၄၇ ဦးနဲ့ ပျောက်ဆုံး သူ ၁၉ ဦးရှိနေပါတယ်။

သေဆုံး၊ ထိခိုက်နဲ့ ပျောက်ဆုံးစာရင်းတွေကို စိစစ်နေကြောင်းလည်း လူစာရင်းစိစစ်ရေးအတွက် တာဝန်ယူဆောင်ရွက်နေတဲ့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က ပြောပါတယ်။

“ကျနော်တို့ လူနာမည် စာရင်းတွေကို စိစစ်နေပါတယ်။ အခုလည်း အဲဒီကိစ္စနဲ့ ရွာကို သွားမှာပါ။”

ဒီလိုစိစစ်ပြီး ထောက်ပံံ့ငွေ ပေးအပ်တဲ့စာရင်းတွေကိုလည်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။

ဖားကန့်မြို့နယ် ဝှေခါမှော်မှာ မြေပြိုတာကြောင့် လူရာချီသေဆုံးခဲ့ပေမဲ့ ဒီကနေ့အထိလည်း တခြားကျောက်စိမ်းမှော်တွေမှာ ရေမဆေးကျောက်ရှာတာတွေ ရှိနေသေးပါတယ်။

လက်ရှိအခြေအနေကိုဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က အခုလို ပြောပါတယ်။

“အခုလည်း လူတွေကတော့ နတ်မှော်တို့ ဘယ်တို့မှာ ဒီလိုပဲ သူတို့ စားဝတ်နေရေးအတွက် ရလိုရငြားလုပ်နေကြတာ။ အသက်အန္တရာယ်ကတော့ စိုးရိမ်ရတာပေါ့။ ဒီဟာကိုလည်း ထိန်းသိမ်းဖို့တော့ ကျနော်တို့လည်း ပြောထားတာပဲ။ ကျနော်တို့လည်း ပြောနိုင်တာပဲ ရှိတာကိုး။ သူတို့ သက်ဆိုင်ရာကတော့ လုံခြုံရေးဘာညာ သူတို့ တာဝန်ယူရမှာပေါ့။ တရားဥပဒေ စိုးမိုးရေးကတော့ ဟုတ်တယ်မဟုတ်လား။”

ဖားကန့်ဒေသ မြေပြိုကျတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီး ၃ဦးနဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် အဖွဲ့ဝင် ၆ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီလ ၃ ရက်နေ့ကဖွဲ့စည်းခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဒီလ ၅ ရက်နေ့မှာ ဖားကန့်ဒေသကို လာရောက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ကျောက်မျက်လုပ်ငန်းရှင်တွေနဲ့ မြေပြိုစဉ် ထိခိုက်သူတွေနဲ့ တွေ့ဆုံခဲ့သလို မြေပြိုရာ နေရာကိုလည်း သွားရောက်စစ်ဆေးလေ့လာခဲ့ပါတယ်။

ဒီကနေ့ မနက် ၉ နာရီမှာတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဖားကန့်မြို့ကနေ ပြန်လည် ထွက်ခွာသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ဖားကန့ျမွပွေိုမှု ကယျဆယျရှာဖှရေေးဆကျလုပျနေ









ကချင်ပြည်နယ် ဖားကန့်မြို့က မြေစာပုံပြိုကျမှုမှာ သေဆုံးပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်ပေးနေတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၄၊ ၂၀၂၀)
ကချင်ပြည်နယ် ဖားကန့်မြို့က မြေစာပုံပြိုကျမှုမှာ သေဆုံးပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်ပေးနေတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၄၊ ၂၀၂၀)












XS
SM
MD
LG