သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖားကန္႔စံုစမ္းေရးအဖဲြ႔ ကြင္းဆင္းစစ္ေဆးေန


ဖားကန္႔ စြန္႔ပစ္ေျမစာပုံ ၿပိဳက်မႈအတြင္း ထိခုိက္ဒဏ္ရာရသူကုိ သယ္ေဆာင္လာသည့္ ကယ္ဆယ္ေရးဝန္ထမ္းမ်ား။ (ဇူလုိင္ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကခ်င္ျပည္နယ္ ဖားကန္႔ေဒသ ေျမၿပိဳက်မႈကို သြားေရာက္စစ္ေဆးေနတဲ့ စံုစမ္းေရးအဖြဲ႔ရဲ႕ ခရီးစဥ္အေၾကာင္း ေနာက္ဆံုးရအေျခအေနနဲ႔ ဒီအေပၚ သံုးသပ္ခ်က္ အျမင္ေတြကို မဆုမြန္က စုစည္းတင္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၂ ရက္ေန႔က ကခ်င္ျပည္နယ္ ဖားကန္႔ေဒသ ေဝွခါေက်းရြာ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းခြင္ စြန္႔ပစ္ေျမစာပံု ေျမၿပိဳက်မႈေၾကာင့္ ေရမေဆးေက်ာက္ ရွာေဖြသူေပါင္း အနည္းဆံုး လူ ၁၇၂ ဦးအထိ အသက္ဆံုးခဲ့ရတဲ့အတြက္ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာကပါ စိုးရိမ္တႀကီး ျဖစ္လာၾကရတဲ့ ဒီ ေက်ာက္စိမ္းတြင္း ေျမၿပိဳက်မႈျဖစ္စဥ္ကို စံုစမ္းစစ္ေဆးဖို႔ သမၼတ ဦးဝင္းျမင့္ကိုယ္တုိင္ လက္မွတ္ထိုးၿပီး ဖြဲ႔စည္းေပးလုိက္တဲ့ စံုစမ္းေရးအဖြဲ႔ အခုဆိုရင္ ဖားကန္႔ေဒသကို ေရာက္ရွိေနၾကၿပီ ျဖစ္ပါတယ္။

စေနေန႔ညက ေရာက္လာတဲ့ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးအုန္းဝင္း ဥကၠ႒အျဖစ္ ဦးေဆာင္ၿပီး ျပည္ထဲေရးဝန္ႀကီး၊ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးေတြ ပါဝင္တဲ့ စံံုစမ္းေရးအဖြဲ႔ဝင္ ဝန္ႀကီးေတြနဲ႔ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔တို႔ ဒီကေန႔ ဖားကန္႔ေဒသ ေဝွခါေမွာ္အထိ သြားေရာက္ေလ့လာခဲ့တဲ့ အေျခအေနကို ကိုယ္တိုင္ ခရီးစဥ္မွာ လုိက္ပါေနတဲ့ ဖားကန္႔ေဒသ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးတင့္စိုးက ဗီြအိုေအကို ေျပာျပပါတယ္။

“ဟုတ္ကဲ့ က်ေနာ္ အခု အဲဒီခရီးစဥ္မွာ ပါပါတယ္။ ဝန္ႀကီး ၃ ပါး ပါပါတယ္။ ျပည္ထဲေရးဝန္ႀကီးေရာ လူကယ္ျပန္ ေဒါက္တာဝင္းျမတ္ေအး၊ သယံဇာတဝန္ႀကီး ဦးအုန္းဝင္း၊ ကခ်င္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္၊ ကခ်င္ျပည္နယ္ လံုနယ္ဝန္ႀကီး၊ ကခ်င္ျပည္နယ္ သယံဇာတဝန္ႀကီး၊ ကခ်င္ျပည္နယ္ လူမႈေရးဝန္ႀကီးနဲ႔ ရဲမွဴးခ်ဳပ္ ဦးေအာင္ႏုိင္သူ စသျဖင့္ေပါ့၊ ျဖစ္တဲ့ေနရာေပါ့ဗ်ာ ျဖစ္တဲ့ေနရာဘက္ကမ္းမွာ သြားၿပီး ေမးပါတယ္ဗ်။ ေနာက္ အဲ့ကေန ဆိပ္မူေက်းရြာအုပ္စုက အႏၱရာယ္ရွိႏုိင္တဲ့ ကန္ေဟာင္းေတြေပါ့ဗ်ာ၊ လုပ္ကြက္ေဟာင္းေတြကို သြားၿပီးၾကည့္တယ္။ အဲ့ကေန ဖားကန္႔ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္း ႐ံုးကိုသြားတယ္။ အဲ့မွာ ေဒသခံ ေက်ာက္မ်က္လုပ္ငန္းရွင္ေတြ ေတြ႔တယ္၊ ေဆြးေႏြးတယ္။ အခု အဲ့ကေနၿပီးေတာ့ ေနာက္ထပ္ လုပ္ကြက္ေတြဆီကို သြားေနတယ္ဗ်။”

ဖားကန္႔ စြန္႔ပစ္ေျမစာပုံ ၿပိဳက်မႈအတြင္း ေသဆုံးသြားသူအတြက္ ငုိေႂကြးေနသည့္ အမ်ဳိးသမီးတဦး။ (ဇူလုိင္ ၃၊ ၂၀၂၀)
ဖားကန္႔ စြန္႔ပစ္ေျမစာပုံ ၿပိဳက်မႈအတြင္း ေသဆုံးသြားသူအတြက္ ငုိေႂကြးေနသည့္ အမ်ဳိးသမီးတဦး။ (ဇူလုိင္ ၃၊ ၂၀၂၀)


ျပည္ေထာင္စုဝန္ႀကီးေတြနဲ႔ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔ဝင္ေတြပါ ပါဝင္တဲ့ စံုစမ္းေရးအဖြဲ႔ဟာ ဖားကန္႔ေဒသခံေတြနဲ႔ ဒီကေန႔ ေတြ႔ဆံုခ်ိန္မွာ ေက်ာက္စိမ္းတူးေဖာ္ေနတဲ့ အေျခအေနနဲ႔ ေရမေဆးေက်ာက္တူးသမားေတြ တရားမဝင္ တူးေဖာ္လုပ္ကိုင္ေနတဲ့အေပၚ ဝန္ႀကီးရဲ႕ ေျပာဆိုခ်က္ေတြအေပၚ ဖားကန္႔ေဒသခံေတြဘက္က အေတာ္ေလး စိတ္ပ်က္ခဲ့ၾကတယ္လို႔ ခရီးစဥ္မွာ ကို္ယ္တိုင္သြားေလ့လာခဲ့တဲ့ ေဒသခံ သတင္းသမား ကိုေဇာ္မိုးထက္က ေျပာျပပါတယ္။

“ဒီ ေရမေဆးေက်ာက္ေပါ့ေနာ္ တႏိုင္တပိုင္ စားဝတ္ေနေရးအတြက္ တူးေနတဲ့သူေတြကို ဝန္ႀကီးက ဘာေျပာလဲဆိုေတာ့ ဇြန္လ ၂၀ ရက္ကတည္းက အႏၱရာယ္ရွိလို႔ လုပ္ငန္းခြင္ကို ရပ္နားထားဖို႔ ညႊန္ၾကားထားတယ္ ေျပာတယ္။ ဒါကိုလည္း အႏၱရာယ္ရွိႏုိင္တယ္ဆိုၿပီး သတိေပးဆုိင္းဘုတ္ေတြ ကပ္ထားတယ္ေပါ့။ ဒါကို ေရမေဆးေတြက ေလာဘနဲ႔ လာတူးလို႔ ေသဆံုးရတယ္ဆိုတဲ့ပံုစံနဲ႔ ဦးအုန္းဝင္းက ေျပာတယ္။ ဒါက ေရမေဆးေတြကိုခ်ည္း ေျပာလို႔မရဘူးေလ။ ဒီေလာက္အက်ယ္အဝန္းႀကီး အႏၱရာယ္ရွိေနတဲ့ဟာႀကီး ျဖစ္သြားတဲ့အထိ တူးတာကေရာ ဘယ္ကုမၸဏီေတြက တူးတာလဲ။ NLD အစိုးရလက္ထက္ လုပ္ကြက္အသစ္ မေပးတာေတာင္ ဘာျဖစ္လို႔ ဒီေတာင္ႀကီးက ကုန္သြားတာလဲ။ က်ေနာ္တို႔ဘက္ကလည္း ေမးစရာရွိတာေပါ့။ အဲ့ဒီ့ဟာေတြကေရာ တရားမဝင္ တူးေဖာ္ေနတာ မဟုတ္ဘူးလားေပါ့။ စက္ယႏၱရားေတြနဲ႔ ပုရြတ္ဆိတ္ေတြလို မြစိထေအာင္ တူးေနတဲ့ဟာေတြ။ ကဲ ဟုတ္ၿပီ တရားမဝင္တူးတယ္ဆိုပါစို႔၊ တရားမဝင္တူးေနတာက ေရမေဆးေတြခ်ည္း ရွိေနတာလား။ တရားမဝင္တူးေနတဲ့ ကုမၸဏီကိုက်ေတာ့ အျပစ္မဖို႔ဘဲနဲ႔ စားဝတ္ေနေရးအတြက္ တူးေနတဲ့သူေတြကို လက္ညိႇဳးလာထိုးၿပီး မင္းတို႔ ေလာဘေဇာတုိက္ၿပီး ေသတယ္ဆိုတာက အရမ္းကို စာနာမႈကင္းမဲ့သြားၿပီလို႔ပဲ က်ေနာ္ေျပာခ်င္တယ္။ အဲဒီေမးခြန္းေတြကိုေရာ ဘာျဖစ္လို႔ သယံဇာတဝန္ႀကီး ဦးအုန္းဝင္းက ေမးခြန္းမထုတ္တာလဲ က်ေနာ္ အဲ့လိုပဲ ျပန္ေမးခ်င္တယ္။”

ဝန္ႀကီးေတြဦးေဆာင္တဲ့ စံုစမ္းေရးအဖြဲ႔ဟာ ဖားကန္႔ေဒသကို ေရာက္မဆိုက္မွာပဲ ဖားကန္႔ေဆး႐ုံကို သြားၾကည့္သလို ကူညီကယ္ဆယ္ေပးသူေတြအျပင္ ေျမၿပိဳမႈမွာ အသက္မေသ လြတ္ေျမာက္ခဲ့တဲ့ ေက်ာက္တူးသမားေတြနဲ႔ ေဒသခံေတြကိုလည္း ေတြ႔ဆံုေမးျမန္းခဲ့တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္စုိးက ေျပာျပပါတယ္။

“အဲဒီေန႔ျဖစ္စဥ္မွာ အသက္မေသဘဲ လြတ္ေျမာက္ခဲ့တဲ့ အလုပ္သမား ငါးေယာက္ကို ဝန္ႀကီးေတြက သူတို႔ကိုယ္တုိင္ ေတြ႔ဆံုၿပီး ေမးျမန္းပါတယ္။ အဓိကကေတာ့ အခုလိုျဖစ္စဥ္မွာ ေနာက္မျဖစ္ရေအာင္ ဘယ္လိုေတြ ေရွာင္ရွားၾကမလဲ၊ ဘယ္လိုေတြလုပ္ရင္ အေကာင္းဆံုးျဖစ္မလဲ ဆိုတဲ့အေျဖကို ရေအာင္ ေမးျမန္းၾကျခင္း ျဖစ္ပါတယ္။ အဲ့လိုေမးတဲ့အခ်ိန္ က်ေနာ္နဲ႔အတူ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္လည္း ပါပါတယ္။ က်ေနာ္တို႔လည္း လိုအပ္ခ်က္ေတြအားလံုးကို ေပါင္းစပ္ၿပီး ေဆြးေႏြးညႇိႏိႈင္းခဲ့ၾကပါတယ္။”

ဖားကန္႔ စြန္႔ပစ္ေျမစာပုံ ၿပိဳက်မႈေၾကာင့္ ထိခုိက္ဒဏ္ရာရသူေတြအတြက္ ေထာက္ပံ့ေၾကးေပးေနတဲ့ ေဒါက္တာဝင္းျမတ္ေအးနဲ႔အဖြဲ႔။ (ဇူလုိင္ ၅၊ ၂၀၂၀။ ဓာတ္ပုံ - ေဒါက္တာဝင္းျမတ္ေအး ေဖ့စ္ဘြတ္ခ္)
ဖားကန္႔ စြန္႔ပစ္ေျမစာပုံ ၿပိဳက်မႈေၾကာင့္ ထိခုိက္ဒဏ္ရာရသူေတြအတြက္ ေထာက္ပံ့ေၾကးေပးေနတဲ့ ေဒါက္တာဝင္းျမတ္ေအးနဲ႔အဖြဲ႔။ (ဇူလုိင္ ၅၊ ၂၀၂၀။ ဓာတ္ပုံ - ေဒါက္တာဝင္းျမတ္ေအး ေဖ့စ္ဘြတ္ခ္)


ဒီကေန႔မွာလည္း ဖားကန္႔ ေက်ာက္စိမ္းတြင္းက ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းရွင္ေတြနဲ႔ ကုမၸဏီ တာဝန္ရွိသူေတြကို စံုစမ္းေရးအဖြဲ႔က ကြင္းဆင္းၿပီး ေမးျမန္းစစ္ေဆးမႈေတြ စတင္ေနေပမယ့္ ထိေရာက္တဲ့ စံုစမ္းစစ္ေဆးမႈ ျဖစ္လာမွာ မဟုတ္ဘူးလို႔လည္း ကိုယ္တုိင္ နားေထာင္ခဲ့ရတဲ့ ဖားကန္႔ေဒသခံ တဦးလည္းျဖစ္တဲ့ ကိုေဇာ္မိုးထက္က သံုးသပ္ပါတယ္။

“မင္းက ဘယ္လိုတူးလဲ၊ ေက်ာက္စိမ္းတာဝန္ရွိသူေတြကိုလည္း မင္း ဘယ္လိုညႊန္ၾကားထားလဲ၊ က်ေနာ္က ဒီလိုညႊန္ၾကားထားပါတယ္၊ ဒီလိုေၾကာင့္ ဒီလိုျဖစ္ပါတယ္ဆိုတာကို က်ေနာ္တို႔ေရွ႕တင္ ရွင္းျပတာေလ။ က်ေနာ္တို႔က သိေနတဲ့သူေတြဆိုေတာ့ တကယ့္လိမ္ဆင္ႀကီးဗ်ာ။ က်ေနာ္ေျပာမယ္ေနာ္ ဒီမ်က္ႏွာျပင္ကို ၾကည့္လိုက္တာနဲ႔ မင္းတို႔ လုပ္ကြက္ဘယ္ႏွစ္ကြက္တူးလဲ ေမးလို႔ရတယ္ေလ။ ဒီေနရာက အဲ့ေလာက္လုပ္ကြက္ႀကီးမွ မရွိတာ။ ဒီေလာက္ ေျမျပင္အက်ယ္ႀကီးကို ဒီေလာက္ႀကီး တူးထားၿပီးေတာ့မွ ဧကက ရာခ်ီ ေထာင္ခ်ီ ရွိေနတာ။

“ကဲ မင္းတို႔ ဒီ ဧက ရာခ်ီ ေထာင္ခ်ီ ဘာျဖစ္လို႔ရွိေနလဲ ေမးလိုက္ရင္ ျပတ္ၿပီ တခါတည္း။ ဘာမွ ထူးထူးေထြေထြ စံုစမ္းစစ္ေဆးစရာကို မလိုေတာ့တာ။ ဒီေနရာမွာ အသစ္လည္း ထပ္ခ်ေပးထားတာ မရွိဘဲနဲ႔ ဘာျဖစ္လို႔ ေတာင္ႀကီးအထိ သြားကုတ္တာလဲ။ ေတာင္ႀကီးအထိ သြားကုတ္ၾကလို႔ ဒီေတာင္ႀကီးက ၿပိဳက်လာတာေလ။ အိမ္ေတြပါ ၿပိဳက်ကုန္တာ။ သူတို႔ အခု လူႀကီးေတြ သြားၾကည့္တဲ့ မ်က္ႏွာျခင္းဆိုင္က ေတာင္မွာ။ ဒါေတြကို ရွင္းရွင္းေလး ေမးလုိက္လို႔ရတဲ့ကိစၥ စံုစမ္းေရးေကာ္မရွင္က ဘာေတြကိုစစ္မွာလဲ၊ က်ေနာ္တို႔က နားကိုမလည္ဘူး။ ဒီေလာက္ေနရာမွာ ေသခ်ာတယ္ ဘယ္သူ႔ကိုေမးေမး ဒီေလာက္ဧကႀကီး လုပ္ကြက္ႀကီး ရွိစရာအေၾကာင္းကို မရွိဘူး။ အဲဒီ ေဝွခါမွာ မင္းတို႔ အခုလက္ရွိ လုပ္ေနတဲ့ လုပ္ကြက္ ဘယ္ႏွစ္ကြက္လဲလို႔ တခြန္းတည္းေမးလိုက္၊ လုပ္ကြက္ရွိတဲ့ ဧရိယာနဲ႔ အခုတူးထားတဲ့ ဧရိယာနဲ႔ ယွဥ္လိုက္လို႔ရွိရင္ စံုစမ္းစစ္ေဆးစရာကို မလိုဘူး အေျဖတန္းေပၚၿပီ။”

ဖားကန္႔ စြန္႔ပစ္ေျမစာပုံ ၿပိဳက်မႈအတြင္း ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနသူမ်ား။
ဖားကန္႔ စြန္႔ပစ္ေျမစာပုံ ၿပိဳက်မႈအတြင္း ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနသူမ်ား။


အခု ဖားကန္႔ ေဝွခါေမွာ္ ေျမၿပိဳက်မႈအတြင္း ေနာက္ဆံုး အေလာင္းဆယ္ယူရရွိမႈအရ ေသဆံုးသူေပါင္း ၁၇၂ ဦးအထိရွိခဲ့ၿပီး ေသဆံုးသူေတြကို မိမိတို႔ ကိုးကြယ္ယံုၾကည္ရာ ဘာသာတရား ထံုးတမ္းစဥ္အလာအရ ေျမျမႇဳပ္သၿဂႋဳဟ္တာ မီးသၿဂႋဳဟ္တာေတြ လုပ္ေဆာင္ခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းေတြကေတာ့ ဒီညေနမွာ ရပ္နားလုိက္ၿပီလို႔ ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။

ဒီ ဖားကန္႔ေဒသတြင္း ႏွစ္စဥ္လို မိုးတြင္းကာလေတြမွာ ေျမၿပိဳက်မႈေတြေၾကာင့္ အသက္ဆံုးပါးခဲ့ရသူေပါင္းက လြန္ခဲ့တဲ့ ေျခာက္ႏွစ္အတြင္းမွာကို အနည္းဆံုး လူ ၅၀၀ ေက်ာ္ေလာက္ ေသဆံုးခဲ့ၾကရၿပီး ႏွစ္စဥ္လိုျဖစ္ေနတဲ့ ဒီ လူအစုလိုက္အၿပံဳလုိက္ ေသဆံုးမႈေတြအေပၚ အစိုးရအဆက္ဆက္ တာဝန္ယူမႈ တာဝန္ခံမႈ ပ်က္ကြက္ခဲ့တယ္ဆိုၿပီး ကုလသမဂၢ အပါအဝင္ ႏုိင္ငံတကာက စိုးရိမ္မကင္းေၾကာင္း ေၾကညာခ်က္ေတြ အသီးသီး ထုတ္ျပန္ခဲ့ပါတယ္။

ဖားကန္႔စံုစမ္းေရးအဖဲြ႔ ကြင္းဆင္းစစ္ေဆးေန
please wait

No media source currently available

0:00 0:05:37 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

ဖားကန့်စုံစမ်းရေးအဖွဲ့ ကွင်းဆင်းစစ်ဆေးနေ

ကချင်ပြည်နယ် ဖားကန့်ဒေသ မြေပြိုကျမှုကို သွားရောက်စစ်ဆေးနေတဲ့ စုံစမ်းရေးအဖွဲ့ရဲ့ ခရီးစဉ်အကြောင်း နောက်ဆုံးရအခြေအနေနဲ့ ဒီအပေါ် သုံးသပ်ချက် အမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်ဒေသ ဝှေခါကျေးရွာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် စွန့်ပစ်မြေစာပုံ မြေပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူပေါင်း အနည်းဆုံး လူ ၁၇၂ ဦးအထိ အသက်ဆုံးခဲ့ရတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကပါ စိုးရိမ်တကြီး ဖြစ်လာကြရတဲ့ ဒီ ကျောက်စိမ်းတွင်း မြေပြိုကျမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် လက်မှတ်ထိုးပြီး ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်းရေးအဖွဲ့ အခုဆိုရင် ဖားကန့်ဒေသကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

စနေနေ့ညက ရောက်လာတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတွေ ပါဝင်တဲ့ စံုံစမ်းရေးအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ ဒီကနေ့ ဖားကန့်ဒေသ ဝှေခါမှော်အထိ သွားရောက်လေ့လာခဲ့တဲ့ အခြေအနေကို ကိုယ်တိုင် ခရီးစဉ်မှာ လိုက်ပါနေတဲ့ ဖားကန့်ဒေသ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဗွီအိုအေကို ပြောပြပါတယ်။

“ဟုတ်ကဲ့ ကျနော် အခု အဲဒီခရီးစဉ်မှာ ပါပါတယ်။ ဝန်ကြီး ၃ ပါး ပါပါတယ်။ ပြည်ထဲရေးဝန်ကြီးရော လူကယ်ပြန် ဒေါက်တာဝင်းမြတ်အေး၊ သယံဇာတဝန်ကြီး ဦးအုန်းဝင်း၊ ကချင်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကချင်ပြည်နယ် လုံနယ်ဝန်ကြီး၊ ကချင်ပြည်နယ် သယံဇာတဝန်ကြီး၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီးနဲ့ ရဲမှူးချုပ် ဦးအောင်နိုင်သူ စသဖြင့်ပေါ့၊ ဖြစ်တဲ့နေရာပေါ့ဗျာ ဖြစ်တဲ့နေရာဘက်ကမ်းမှာ သွားပြီး မေးပါတယ်ဗျ။ နောက် အဲ့ကနေ ဆိပ်မူကျေးရွာအုပ်စုက အန္တရာယ်ရှိနိုင်တဲ့ ကန်ဟောင်းတွေပေါ့ဗျာ၊ လုပ်ကွက်ဟောင်းတွေကို သွားပြီးကြည့်တယ်။ အဲ့ကနေ ဖားကန့် ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရုံးကိုသွားတယ်။ အဲ့မှာ ဒေသခံ ကျောက်မျက်လုပ်ငန်းရှင်တွေ တွေ့တယ်၊ ဆွေးနွေးတယ်။ အခု အဲ့ကနေပြီးတော့ နောက်ထပ် လုပ်ကွက်တွေဆီကို သွားနေတယ်ဗျ။”

ပြည်ထောင်စုဝန်ကြီးတွေနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေပါ ပါဝင်တဲ့ စုံစမ်းရေးအဖွဲ့ဟာ ဖားကန့်ဒေသခံတွေနဲ့ ဒီကနေ့ တွေ့ဆုံချိန်မှာကျောက်စိမ်းတူးဖော်နေတဲ့ အခြေအနေနဲ့ ရေမဆေးကျောက်တူးသမားတွေ တရားမဝင် တူးဖော်လုပ်ကိုင်နေတဲ့အပေါ် ဝန်ကြီးရဲ့ ပြောဆိုချက်တွေအပေါ် ဖားကန့်ဒေသခံတွေဘက်က အတော်လေး စိတ်ပျက်ခဲ့ကြတယ်လို့ ခရီးစဉ်မှာ ကိုယ်တိုင်သွားလေ့လာခဲ့တဲ့ ဒေသခံ သတင်းသမား ကိုဇော်မိုးထက်က ပြောပြပါတယ်။

“ဒီ ရေမဆေးကျောက်ပေါ့နော် တနိုင်တပိုင် စားဝတ်နေရေးအတွက် တူးနေတဲ့သူတွေကို ဝန်ကြီးက ဘာပြောလဲဆိုတော့ ဇွန်လ ၂၀ ရက်ကတည်းက အန္တရာယ်ရှိလို့ လုပ်ငန်းခွင်ကို ရပ်နားထားဖို့ ညွှန်ကြားထားတယ် ပြောတယ်။ ဒါကိုလည်း အန္တရာယ်ရှိနိုင်တယ်ဆိုပြီး သတိပေးဆိုင်းဘုတ်တွေ ကပ်ထားတယ်ပေါ့။ ဒါကို ရေမဆေးတွေက လောဘနဲ့ လာတူးလို့ သေဆုံးရတယ်ဆိုတဲ့ပုံစံနဲ့ ဦးအုန်းဝင်းက ပြောတယ်။ ဒါက ရေမဆေးတွေကိုချည်း ပြောလို့မရဘူးလေ။ ဒီလောက်အကျယ်အဝန်းကြီး အန္တရာယ်ရှိနေတဲ့ဟာကြီး ဖြစ်သွားတဲ့အထိ တူးတာကရော ဘယ်ကုမ္ပဏီတွေက တူးတာလဲ။ NLD အစိုးရလက်ထက် လုပ်ကွက်အသစ် မပေးတာတောင် ဘာဖြစ်လို့ ဒီတောင်ကြီးက ကုန်သွားတာလဲ။ ကျနော်တို့ဘက်ကလည်း မေးစရာရှိတာပေါ့။ အဲ့ဒီ့ဟာတွေကရော တရားမဝင် တူးဖော်နေတာ မဟုတ်ဘူးလားပေါ့။ စက်ယန္တရားတွေနဲ့ ပုရွတ်ဆိတ်တွေလို မွစိထအောင် တူးနေတဲ့ဟာတွေ။ ကဲ ဟုတ်ပြီ တရားမဝင်တူးတယ်ဆိုပါစို့၊ တရားမဝင်တူးနေတာက ရေမဆေးတွေချည်း ရှိနေတာလား။ တရားမဝင်တူးနေတဲ့ ကုမ္ပဏီကိုကျတော့ အပြစ်မဖို့ဘဲနဲ့ စားဝတ်နေရေးအတွက် တူးနေတဲ့သူတွေကို လက်ညှိုးလာထိုးပြီး မင်းတို့ လောဘဇောတိုက်ပြီး သေတယ်ဆိုတာက အရမ်းကို စာနာမှုကင်းမဲ့သွားပြီလို့ပဲ ကျနော်ပြောချင်တယ်။ အဲဒီမေးခွန်းတွေကိုရော ဘာဖြစ်လို့ သယံဇာတဝန်ကြီး ဦးအုန်းဝင်းက မေးခွန်းမထုတ်တာလဲ ကျနော် အဲ့လိုပဲ ပြန်မေးချင်တယ်။”

ဝန်ကြီးတွေဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ဟာ ဖားကန့်ဒေသကို ရောက်မဆိုက်မှာပဲ ဖားကန့်ဆေးရုံကို သွားကြည့်သလို ကူညီကယ်ဆယ်ပေးသူတွေအပြင် မြေပြိုမှုမှာ အသက်မသေ လွတ်မြောက်ခဲ့တဲ့ ကျောက်တူးသမားတွေနဲ့ ဒေသခံတွေကိုလည်း တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပြပါတယ်။

“အဲဒီနေ့ဖြစ်စဉ်မှာ အသက်မသေဘဲ လွတ်မြောက်ခဲ့တဲ့ အလုပ်သမား ငါးယောက်ကို ဝန်ကြီးတွေက သူတို့ကိုယ်တိုင် တွေ့ဆုံပြီး မေးမြန်းပါတယ်။အဓိကကတော့ အခုလိုဖြစ်စဉ်မှာ နောက်မဖြစ်ရအောင် ဘယ်လိုတွေ ရှောင်ရှားကြမလဲ၊ ဘယ်လိုတွေလုပ်ရင် အကောင်းဆုံးဖြစ်မလဲ ဆိုတဲ့အဖြေကို ရအောင် မေးမြန်းကြခြင်း ဖြစ်ပါတယ်။ အဲ့လိုမေးတဲ့အချိန် ကျနော်နဲ့အတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်လည်း ပါပါတယ်။ ကျနော်တို့လည်း လိုအပ်ချက်တွေအားလုံးကို ပေါင်းစပ်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။”

ဖားကန္႔ စြန္႔ပစ္ေျမစာပုံ ၿပိဳက်မႈေၾကာင့္ ထိခုိက္ဒဏ္ရာရသူေတြအတြက္ ေထာက္ပံ့ေၾကးေပးေနတဲ့ ေဒါက္တာဝင္းျမတ္ေအးနဲ႔အဖြဲ႔။ (ဇူလုိင္ ၅၊ ၂၀၂၀။ ဓာတ္ပုံ - ေဒါက္တာဝင္းျမတ္ေအးေဖ့စ္ဘြတ္ခ္)
ဖားကန္႔ စြန္႔ပစ္ေျမစာပုံ ၿပိဳက်မႈေၾကာင့္ ထိခုိက္ဒဏ္ရာရသူေတြအတြက္ ေထာက္ပံ့ေၾကးေပးေနတဲ့ ေဒါက္တာဝင္းျမတ္ေအးနဲ႔အဖြဲ႔။ (ဇူလုိင္ ၅၊ ၂၀၂၀။ ဓာတ္ပုံ - ေဒါက္တာဝင္းျမတ္ေအးေဖ့စ္ဘြတ္ခ္)


ဒီကနေ့မှာလည်း ဖားကန့် ကျောက်စိမ်းတွင်းက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေကို စုံစမ်းရေးအဖွဲ့က ကွင်းဆင်းပြီး မေးမြန်းစစ်ဆေးမှုတွေ စတင်နေပေမယ့် ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှု ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ကိုယ်တိုင် နားထောင်ခဲ့ရတဲ့ ဖားကန့်ဒေသခံ တဦးလည်းဖြစ်တဲ့ ကိုဇော်မိုးထက်က သုံးသပ်ပါတယ်။

“မင်းက ဘယ်လိုတူးလဲ၊ ကျောက်စိမ်းတာဝန်ရှိသူတွေကိုလည်း မင်း ဘယ်လိုညွှန်ကြားထားလဲ၊ ကျနော်က ဒီလိုညွှန်ကြားထားပါတယ်၊ ဒီလိုကြောင့် ဒီလိုဖြစ်ပါတယ်ဆိုတာကို ကျနော်တို့ရှေ့တင် ရှင်းပြတာလေ။ ကျနော်တို့က သိနေတဲ့သူတွေဆိုတော့ တကယ့်လိမ်ဆင်ကြီးဗျာ။ ကျနော်ပြောမယ်နော် ဒီမျက်နှာပြင်ကို ကြည့်လိုက်တာနဲ့ မင်းတို့ လုပ်ကွက်ဘယ်နှစ်ကွက်တူးလဲ မေးလို့ရတယ်လေ။ ဒီနေရာက အဲ့လောက်လုပ်ကွက်ကြီးမှ မရှိတာ။ ဒီလောက် မြေပြင်အကျယ်ကြီးကို ဒီလောက်ကြီး တူးထားပြီးတော့မှ ဧကက ရာချီ ထောင်ချီ ရှိနေတာ။

"ကဲ မင်းတို့ ဒီ ဧက ရာချီ ထောင်ချီ ဘာဖြစ်လို့ရှိနေလဲ မေးလိုက်ရင် ပြတ်ပြီ တခါတည်း။ ဘာမှ ထူးထူးထွေထွေ စုံစမ်းစစ်ဆေးစရာကို မလိုတော့တာ။ ဒီနေရာမှာ အသစ်လည်း ထပ်ချပေးထားတာ မရှိဘဲနဲ့ ဘာဖြစ်လို့ တောင်ကြီးအထိ သွားကုတ်တာလဲ။ တောင်ကြီးအထိ သွားကုတ်ကြလို့ ဒီတောင်ကြီးက ပြိုကျလာတာလေ။ အိမ်တွေပါ ပြိုကျကုန်တာ။ သူတို့ အခု လူကြီးတွေ သွားကြည့်တဲ့ မျက်နှာခြင်းဆိုင်က တောင်မှာ။ ဒါတွေကို ရှင်းရှင်းလေး မေးလိုက်လို့ရတဲ့ကိစ္စ စုံစမ်းရေးကော်မရှင်က ဘာတွေကိုစစ်မှာလဲ၊ ကျနော်တို့က နားကိုမလည်ဘူး။ဒီလောက်နေရာမှာ သေချာတယ် ဘယ်သူ့ကိုမေးမေး ဒီလောက်ဧကကြီး လုပ်ကွက်ကြီး ရှိစရာအကြောင်းကို မရှိဘူး။ အဲဒီ ဝှေခါမှာ မင်းတို့ အခုလက်ရှိ လုပ်နေတဲ့ လုပ်ကွက် ဘယ်နှစ်ကွက်လဲလို့ တခွန်းတည်းမေးလိုက်၊ လုပ်ကွက်ရှိတဲ့ ဧရိယာနဲ့ အခုတူးထားတဲ့ ဧရိယာနဲ့ ယှဉ်လိုက်လို့ရှိရင်စုံစမ်းစစ်ဆေးစရာကို မလိုဘူး အဖြေတန်းပေါ်ပြီ။”

အခု ဖားကန့် ဝှေခါမှော် မြေပြိုကျမှုအတွင်း နောက်ဆုံး အလောင်းဆယ်ယူရရှိမှုအရ သေဆုံးသူပေါင်း ၁၇၂ ဦးအထိရှိခဲ့ပြီး သေဆုံးသူတွေကို မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရား ထုံးတမ်းစဉ်အလာအရ မြေမြှုပ်သင်္ဂြိုဟ်တာ မီးသင်္ဂြိုဟ်တာတွေ လုပ်ဆောင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကတော့ ဒီညနေမှာ ရပ်နားလိုက်ပြီလို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

ဒီ ဖားကန့်ဒေသတွင်း နှစ်စဉ်လို မိုးတွင်းကာလတွေမှာ မြေပြိုကျမှုတွေကြောင့် အသက်ဆုံးပါးခဲ့ရသူပေါင်းက လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်းမှာကို အနည်းဆုံး လူ ၅၀၀ ကျော်လောက် သေဆုံးခဲ့ကြရပြီး နှစ်စဉ်လိုဖြစ်နေတဲ့ ဒီ လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေအပေါ် အစိုးရအဆက်ဆက် တာဝန်ယူမှု တာဝန်ခံမှု ပျက်ကွက်ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စိုးရိမ်မကင်းကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG