သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္တုိက္ပြဲေတြေၾကာင့္ ေဒသခံေတြ ရာနဲ႔ခ်ီ တိမ္းေရွာင္ေနရ


ရွမ္းျပည္တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးေနရတဲ့ ေဒသခံမ်ား

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႔နယ္အတြင္းမွာ အစိုးရတပ္မေတာ္နဲ႔ RCSS ရွမ္းျပည္တပ္မေတာ္ ေတာင္ပိုင္းအၾကား တိုက္ပဲြေတြ ရက္ဆက္ဆိုသလိုျဖစ္ပြားေနတာေၾကာင့္ ေဒသခံ ၅၀၀ေလာက္ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနရသလို ဒီမနက္ျဖစ္တဲ့ ပစ္ခတ္မႈမွာေတာ့ ရြာသားတစ္ဦးေသဆံုးၿပီး တစ္ဦး ထိခိုက္တဲ့အေၾကာင္းကို ကိုမိုးေဇာ္တင္ျပထားပါတယ္။

ေက်ာက္မဲၿမိဳ႔နယ္အတြင္းမွာ အစိုးရတပ္မေတာ္နဲ႔ RCSS ရွမ္းျပည္တပ္မေတာ္ ေတာင္ပိုင္းအၾကား ဒီလ ၂၅ရက္ေန႔ေလာက္က စတင္ၿပီး တိုက္ပဲြေတြ ႀကိဳးၾကားဆိုသလို ျဖစ္ပြားခဲ့တာပါ။

ဒီတိုက္ပဲြေတြေၾကာင့္ ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ေနတဲ့အေၾကာင္း ေက်ာက္မဲၿမိဳ႔နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္း၀င္းက အခုလို ေျပာပါတယ္။

“၂၇ရက္ေန႔ကေနစၿပီး ၂၇၊ ၂၈ ႏွစ္ရက္ဆက္တိုက္ ျဖစ္ၿပီးေတာ့ အခုလို စစ္ေဘးေရွာင္ေတြ ထြက္ေပၚလာရတဲ့အေနအထားအထိကို ေရာက္လာတာ။ အခုက စစ္ေဘးေရွာင္ Camp က ႏွစ္ေနရာရွိေနတယ္။ တစ္ခုကေတာ့ ပန္ေလာ့ေက်းရြာေပါ့၊ ပန္ေလာ့ေက်းရြာမွာ လူအင္အား ၂၀၀ေလာက္ ေရာက္ရွိေနတယ္။ ေနာင္ပိန္စစ္ေဘးေရွာင္မွာ ေအာင္မဂၤလာဓမၼာရံုေပါ့။ ေအာင္ဓမၼာရံုမွာ ခုခ်ိန္ထိက update စာရင္းက ၃၃၀ ရွိတယ္ဗ်။ က်ေနာ္ေတာင္ အခုလာၾကည့္ေနတာဗ်။ ”

ဒီကေန႔မနက္ကေတာ့ ေက်းရြာအတြင္း ပစ္ခတ္မႈေၾကာင့္ ရြာသားတစ္ဦးေသဆံုးၿပီး တစ္ဦး ထိခိုက္ ခဲ့ေၾကာင္းလည္း အခုလို ဆက္ေျပာပါတယ္။

“ သူက လက္နက္ႀကီးက်ည္မဟုတ္ဘူးဗ်။ ေသခ်ာစစ္ေဆးၾကည့္တဲ့အခ်ိန္မွာ သူက လက္နက္ ထိတာဗ်။ ေသနတ္နဲ႔ ပစ္ခံရတာဗ် အဲဒီပံုစံ။ တစ္ေယာက္က ပစ္ခံရၿပီး ေသဆံုးသြားတယ္။ တစ္ေယာက္က တင္ပါးမွာ ထိတာဗ်။ ေသဆံုးသြားတာက အမ်ိဳးသား၊ အခု ဒဏ္ရာရေနတာက အမ်ိဳးသမီးေပါ့ေနာ္။ ပန္က်င္ရြာေပါ့။ ပန္က်င္ရြာ ဒီမနက္ပိုင္းမွာ ျဖစ္သြားတာဗ်။ အဲဒါက တပ္မေတာ္စစ္ေၾကာင္းက ရြာထဲေရာက္လာတယ္။ ရြာထဲေရာက္ၿပီး ပစ္ခတ္သြားတယ္လို႔ သိရတယ္ဗ်။”

ပန္က်င္ရြာ ပစ္ခတ္မႈမွာေသဆံုးသြားသူက လံုးစု အသက္၅၆ႏွစ္အရြယ္ အမ်ိဳးသားျဖစ္ၿပီး ဒဏ္ရာရရွိသူဟာ နန္းစံ အသက္ ၅၅ႏွစ္အရြယ္ အမ်ိဳးသမီးျဖစ္ေၾကာင္းနဲ႔သူ႔ကို ေက်ာက္မဲေဆးရံုကို ပို႔ေဆာင္ထားပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႕ အတြင္းေရးမွဴး ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဒီရက္ပိုင္းအတြင္း ေက်ာက္မဲၿမိဳ႔နယ္အတြင္း RCSS တပ္ဖဲြ႕နဲ႔ ထိေတြ႕တိုက္ပဲြျဖစ္ပြားတာရွိေၾကာင္း VOA ကိုေျပာဆိုေပမဲ့ ဒီမနက္ ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး သီးျခား ေျပာဆိုထားတာ မရွိပါဘူး။

“ အဲဒီဘက္မွာေတာ့ ဒီ RCSS/ SSA နဲ႔ ၂၆ရက္တုန္းက ထိေတြ႕မႈျဖစ္ပြားခဲ့တာရွိတယ္။ ပုံဝိုးဘက္ေပါ့။ အဲဒီမွာ ထိေတြ႕မႈျဖစ္ပြားခဲ့တာရွိတယ္။ အဲဒီေနရာေလးမွာပဲ ၂၆ရက္ေန႔က တစ္ႀကိမ္၊ ၂၅ရက္ေန႔က တစ္ႀကိမ္ ျဖစ္ပြားခဲ့တာရွိပါတယ္ဗ်။ ေက်ာက္မဲၿမိဳ႔နယ္ အတြင္းမွာ ျဖစ္ပါတယ္။”

RCSS ကေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မႈးႀကီး စိုင္းအုမ္ေခးကေတာ့ ၂၆ရက္ေန႔မွာ က်ေရာက္တဲ့ ႏိုင္ငံတကာ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေန႔မွာ သူတို႔လႈပ္ရွားနယ္ေျမေတြမွာ သိမ္းဆည္းရမိတဲ့ မူးယစ္ေဆးဝါးမီးရိႈ႕ပဲြအခမ္းအနားမွာ လံုျခံဳေရးေပးဖို႔အတြက္ သူတို႔တပ္ေတြကို ေက်ာက္မဲမွာ စုရံုးတာရွိခဲ့ေၾကာင္း၊ ဒီအတြက္ တပ္မေတာ္ကိုလည္း အေၾကာင္းၾကားခဲ့ေၾကာင္း၊ ဒီလို စုရံုးလာတဲ့ တပ္ဖဲြ႕ေတြနဲ႔ တပ္မေတာ္အၾကားမွာ ၂၅ရက္ေန႔နဲ႔ ၂၇ရက္ေန႔မွာ တိုက္ပဲြျဖစ္ခဲ့ေၾကာင္းေျပာပါတယ္။

၂၈ရက္ေန႔မွာေတာ့ တိုက္ပဲြ ၃ႀကိမ္ျဖစ္ခဲ့တယ္လို႔လည္း အခုလို ဆက္ေျပာပါတယ္။

“ ၂၈ရက္ေန႔ ေရာက္လာခါက်ေတာ့ RCSS တပ္ဖဲြ႕ေတြက မူးယစ္ေဆးဝါး ဖ်က္ဆီးမီးရိႈ႔အခမ္းအနားက အျပန္ သူ႔ေနရာနဲ႔ သူ ျပန္ၾကတဲ့အခါမွာ တပ္မေတာ္က လႈပ္ရွားရင္းနဲ႔ ေနာက္ထပ္ ထိပ္တိုက္ ပစ္ခတ္မႈနည္းနည္းပါးပါး ျဖစ္ခဲ့ျပန္တာေပါ့ေနာ္။ ၂၈ရက္ေန႔ မေန႔က ၃ခါ ျဖစ္ခဲ့တာေပါ့။ ဒါေပမယ့္ အႀကီးအက်ယ္ တိုက္ပဲြရယ္လည္း မဟုတ္ဘူး။ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ပစ္ခတ္တဲ့သေဘာနဲ႔ အဲလိုပဲ ျဖစ္သြားတာေပါ့။”

ဒီထိေတြ႕တိုက္ပဲြျဖစ္ပြားတာေတြကို ဆက္ဆံေရးရံုးက တစ္ဆင့္ ေျဖရွင္းေဆာင္ရြက္ေနေၾကာင္းလည္း ထည့္သြင္းေျပာၾကားပါတယ္။

အစိုးရတပ္မေတာ္နဲ႔ RCSS ၾကားမွာ ဇြန္လဆန္းပိုင္းကလည္း ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ခ႐ိုင္အတြင္းမွာ ထိေတြ႕တိုက္ပဲြျဖစ္ပြားခဲ့ပါတယ္။ ဒီလို တိ္ုက္ပဲြျဖစ္ပြားတာဟာ RCSS တပ္ဖဲြ႕၀င္ေတြ နယ္ေျမေက်ာ္လြန္လႈပ္ရွားတာေၾကာင့္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ဒီရက္ပိုင္းအတြင္းမွာ ရွမ္းျပည္နယ္ ေက်ာက္မဲၿမိဳ႔နယ္အတြင္း တိုက္ပဲြေတြျဖစ္ပြားခဲ့သလို ရခိုင္ျပည္နယ္ဘက္မွာလည္း တိုက္ပဲြေတြ ျပင္းထန္ေနပါတယ္။ ဒီတိုက္ပဲြေတြကေတာ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံု စတုတၱအစည္းအေ၀းအတြက္ ျပင္ဆင္ခ်ိန္မွာ ျဖစ္ပြားေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ရာနဲ့ချီတိမ်းရှောင်နေရ

(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ RCSS ရှမ်းပြည်တပ်မတော် တောင်ပိုင်းအကြား တိုက်ပွဲတွေ ရက်ဆက်ဆိုသလိုဖြစ်ပွားနေတာကြောင့် ဒေသခံ ၅၀၀လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသလို ဒီမနက်ဖြစ်တဲ့ ပစ်ခတ်မှုမှာတော့ ရွာသားတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်တဲ့အကြောင်းကို ကိုမိုးဇော်တင်ပြထားပါတယ်။

ကျောက်မဲမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ RCSS ရှမ်းပြည်တပ်မတော် တောင်ပိုင်းအကြား ဒီလ ၂၅ရက်နေ့လောက်က စတင်ပြီး တိုက်ပွဲတွေ ကြိုးကြားဆိုသလို ဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့အကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက အခုလို ပြောပါတယ်။

“၂၇ရက်နေ့ကနေစပြီး ၂၇၊ ၂၈ နှစ်ရက်ဆက်တိုက် ဖြစ်ပြီးတော့ အခုလို စစ်ဘေးရှောင်တွေ ထွက်ပေါ်လာရတဲ့အနေအထားအထိကို ရောက်လာတာ။ အခုက စစ်ဘေးရှောင် Camp က နှစ်နေရာရှိနေတယ်။ တစ်ခုကတော့ ပန်လော့ကျေးရွာပေါ့၊ ပန်လော့ကျေးရွာမှာ လူအင်အား ၂၀၀လောက် ရောက်ရှိနေတယ်။ နောင်ပိန်စစ်ဘေးရှောင်မှာ အောင်မင်္ဂလာဓမ္မာရုံပေါ့။ အောင်ဓမ္မာရုံမှာ ခုချိန်ထိက update စာရင်းက ၃၃၀ ရှိတယ်ဗျ။ ကျနော်တောင် အခုလာကြည့်နေတာဗျ။ ”

ဒီကနေ့မနက်ကတော့ ကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက် ခဲ့ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ သူက လက်နက်ကြီးကျည်မဟုတ်ဘူးဗျ။ သေချာစစ်ဆေးကြည့်တဲ့အချိန်မှာ သူက လက်နက် ထိတာဗျ။ သေနတ်နဲ့ ပစ်ခံရတာဗျ အဲဒီပုံစံ။ တစ်ယောက်က ပစ်ခံရပြီး သေဆုံးသွားတယ်။ တစ်ယောက်က တင်ပါးမှာ ထိတာဗျ။ သေဆုံးသွားတာက အမျိုးသား၊ အခု ဒဏ်ရာရနေတာက အမျိုးသမီးပေါ့နော်။ ပန်ကျင်ရွာပေါ့။ ပန်ကျင်ရွာ ဒီမနက်ပိုင်းမှာ ဖြစ်သွားတာဗျ။ အဲဒါက တပ်မတော်စစ်ကြောင်းက ရွာထဲရောက်လာတယ်။ ရွာထဲရောက်ပြီး ပစ်ခတ်သွားတယ်လို့ သိရတယ်ဗျ။”

ပန်ကျင်ရွာ ပစ်ခတ်မှုမှာသေဆုံးသွားသူက လုံးစု အသက်၅၆နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဒဏ်ရာရရှိသူဟာ နန်းစံ အသက် ၅၅နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်းနဲ့သူ့ကို ကျောက်မဲဆေးရုံကို ပို့ဆောင်ထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကတော့ ဒီရက်ပိုင်းအတွင်း ကျောက်မဲမြို့နယ်အတွင်း RCSS တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာရှိကြောင်း VOA ကိုပြောဆိုပေမဲ့ ဒီမနက် ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သီးခြား ပြောဆိုထားတာ မရှိပါဘူး။

“ အဲဒီဘက်မှာတော့ ဒီ RCSS/ SSA နဲ့ ၂၆ရက်တုန်းက ထိတွေ့မှုဖြစ်ပွားခဲ့တာရှိတယ်။ ပုံဝိုးဘက်ပေါ့။ အဲဒီမှာ ထိတွေ့မှုဖြစ်ပွားခဲ့တာရှိတယ်။ အဲဒီနေရာလေးမှာပဲ ၂၆ရက်နေ့က တစ်ကြိမ်၊ ၂၅ရက်နေ့က တစ်ကြိမ် ဖြစ်ပွားခဲ့တာရှိပါတယ်ဗျ။ ကျောက်မဲမြို့နယ် အတွင်းမှာ ဖြစ်ပါတယ်။”

RCSS ကပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး စိုင်းအုမ်ခေးကတော့ ၂၆ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ သူတို့လှုပ်ရှားနယ်မြေတွေမှာ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးမီးရှို့ပွဲအခမ်းအနားမှာ လုံခြုံရေးပေးဖို့အတွက် သူတို့တပ်တွေကို ကျောက်မဲမှာ စုရုံးတာရှိခဲ့ကြောင်း၊ ဒီအတွက် တပ်မတော်ကိုလည်း အကြောင်းကြားခဲ့ကြောင်း၊ ဒီလို စုရုံးလာတဲ့ တပ်ဖွဲ့တွေနဲ့ တပ်မတော်အကြားမှာ ၂၅ရက်နေ့နဲ့ ၂၇ရက်နေ့မှာ တိုက်ပွဲဖြစ်ခဲ့ကြောင်းပြောပါတယ်။

၂၈ရက်နေ့မှာတော့ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့တယ်လို့လည်း အခုလို ဆက်ပြောပါတယ်။

“ ၂၈ရက်နေ့ ရောက်လာခါကျတော့ RCSS တပ်ဖွဲ့တွေက မူးယစ်ဆေးဝါး ဖျက်ဆီးမီးရှို့အခမ်းအနားက အပြန် သူ့နေရာနဲ့ သူ ပြန်ကြတဲ့အခါမှာ တပ်မတော်က လှုပ်ရှားရင်းနဲ့ နောက်ထပ် ထိပ်တိုက် ပစ်ခတ်မှုနည်းနည်းပါးပါး ဖြစ်ခဲ့ပြန်တာပေါ့နော်။ ၂၈ရက်နေ့ မနေ့က ၃ခါ ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အကြီးအကျယ် တိုက်ပွဲရယ်လည်း မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပစ်ခတ်တဲ့သဘောနဲ့ အဲလိုပဲ ဖြစ်သွားတာပေါ့။”

ဒီထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေကို ဆက်ဆံရေးရုံးက တစ်ဆင့် ဖြေရှင်းဆောင်ရွက်နေကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။

အစိုးရတပ်မတော်နဲ့ RCSS ကြားမှာ ဇွန်လဆန်းပိုင်းကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီလို တိုက်ပွဲဖြစ်ပွားတာဟာ RCSS တပ်ဖွဲ့ဝင်တွေ နယ်မြေကျော်လွန်လှုပ်ရှားတာကြောင့်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့သလို ရခိုင်ပြည်နယ်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီတိုက်ပွဲတွေကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္တအစည်းအဝေးအတွက် ပြင်ဆင်ချိန်မှာ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG