သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္ပုိင္းမွာ တပ္မေတာ္နဲ႔ TNLA တုိက္ပြဲျဖစ္ပြား


TNLA ေခၚ တအာင္း(ပေလာင္) တပ္ဖဲြ႕

(Zawgyi/Unicode)

အစိုးရတပ္မေတာ္နဲ႔ TNLA ေခၚ တအာင္း(ပေလာင္) တပ္ဖဲြ႕အၾကား ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ပြားတဲ့ တိုက္ပဲြအေျခအေနနဲ႔ေနာက္ဆံုးရရွိတဲ့ သတင္းကို ကိုမိုးေဇာ္တင္ျပပါမယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္နဲ႔ နမ့္ဖတ္ကာအၾကားက နမ့္ကြတ္ရြာမွာ ေသာၾကာေန႔က TNLA က တပ္မေတာ္ ယာဥ္တန္းကို တိုက္ခိုက္ခဲ့တဲ့ေနာက္ တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္ေရးလမ္းဟာ ယာယီ ျပတ္ေတာက္ခဲ့ပါတယ္။

ႏွစ္ဘက္အၾကားတိုက္ပဲြေတြဟာ တနဂၤေႏြေန႔မွာ ဆက္လက္ျဖစ္ပြားခဲ့ေပမယ့္ ဒီကေန႔မွာေတာ့ ၿငိမ္သက္ေနေၾကာင္း TNLA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးတာ့အိုက္ေက်ာ္က ေျပာပါတယ္။

“ ဒီေန႔ေတာ့ ဘာမွ ေထြေထြထူးထူးတက္လာတာေတာ့ မရွိေသးဘူး။ မေန႔ကေတာ့ တိုက္ပဲြ ၂ေနရာ ျဖစ္တယ္။ ၂ေနရာစလံုးလည္း နမ့္အြန္နားမွာပဲ ျဖစ္တယ္။ မူဆယ္ၿမိဳ႔နယ္ နမ့္အြန္ေက်းရြာ အထက္နားမွာ တစ္ေနရာျဖစ္တယ္။ အဲဒီမွာကေတာ့ မနက္ ၆နာရီခဲြေက်ာ္ေက်ာ္ေလာက္ ကေန ၁၀နာရီခဲြ ၁၁နာရီ နီးပါးအထိ ျဖစ္တယ္။ ေက်းရြာအထက္ဆိုေတာ့ ဒီေတာထဲမွာေပါ့။ က်ေနာ္တို႔အဖဲြ႕က အဲဒီမွာ ရွိတဲ့ဟာကို စစ္တပ္ဘက္က ထိုးစစ္ဆင္တက္လာေတာ့ တိုက္ပဲြစ ျဖစ္သြားတာ ျဖစ္တယ္။”

ေနာက္တစ္ေနရာကေတာ့ နမ့္အြန္ရြာအနီးက ျဖတ္သြားတဲ့ TNLA အဖဲြ႕နဲ႔ အစိုးရတပ္မေတာ္အၾကား ျဖစ္ပြားတာလို႔ ေျပာပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႕ အတြင္းေရးမွဴး ဗိုလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္းကလည္း တနဂၤေႏြေန႔က တိုက္ပဲြ ၂ႀကိမ္ျဖစ္ပြားခဲ့ၿပီး TNLA တပ္စဲြထားတဲ့ ေနရာ သိမ္းပိုက္ခဲ့ေၾကာင္း VOA ကို ေျပာပါတယ္။

“ TNLA အဖဲြ႕နဲ႔ကေတာ့ က်ေနာ္တို႔ မေန႔က အထိကေတာ့ နမ့္ဖတ္ကာဘက္မွာ ျဖစ္ပြားခဲ့တာရွိတယ္။ နမ့္ဖတ္ကာမွာရွိတဲ့ နမ့္အြန္ရြာရဲ႕ အေနာက္ေျမာက္ဘက္ ၂ေနရာေလာက္မွာ တိုက္ပဲြျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ က်ေနာ္တို႔ဘက္ကေတာ့ ထိခိုက္ဒဏ္ရာ ရရွိျခင္း မရွိဘူး။ သူတို႔ တပ္စဲြထားတဲ့ေနရာ တစ္ခုကိုေတာ့၊ ေခတၱ တပ္စဲြထားတဲ့ ေနရာတစ္ခုကိုေတာ့ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။”

တနဂၤေႏြေန႔က ျဖစ္ပြားတဲ့တိုက္ပဲြဟာ အဓိက နယ္စပ္ကုန္သြယ္ေရးလမ္းျဖစ္တဲ့ ျပည္ေထာင္စုလမ္းမႀကီးရဲ႕ အတြင္းပိုင္းမွာျဖစ္ပြားတာေၾကာင့္ လားရိႈးနဲ႔ မူဆယ္အၾကားမွာ ကားအသြား၊ အလာေတြ ရပ္ဆိုင္းခဲ့တာမရွိခဲ့ ေၾကာင္းနဲ႔ ဒီေန႔လည္း ပံုမွန္သြားလာေနေၾကာင္း နမ့္ဖတ္ကာက ေဒသခံတစ္ဦးက ေျပာပါတယ္။

“ ပံုမွန္ပါပဲခင္ဗ်။ မေန႔ကလည္း ပံုမွန္ပါပဲခင္ဗ်။ သူတို႔က လမ္းရဲ႕ဟို ခပ္ေ၀းေ၀းမွာျဖစ္တာဆိုေတာ့ လမ္းကိုေတာ့ လာမထိပါဘူးဗ်။ ”

လက္ရွိ ျဖစ္ပြားခဲ့တဲ့ တိုက္ပဲြေတြဟာ အစိုးရတပ္မေတာ္ကေရာ၊ TNLA အပါအ၀င္ျဖစ္တဲ့ ညီေနာင္ မဟာမိတ္အဖဲြ႕ေတြကပါ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာထားခ်ိန္မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ေမလ ၃၁ရက္ေန႔မွာေတာ့ ညီေနာင္မဟာမိတ္အဖဲြ႕ေတြဘက္က ေၾကညာထားတဲ့ အပစ္ရပ္ သက္တမ္းကုန္ဆံုးသြားခဲ့ၿပီး တပ္မေတာ္ရဲ႕ အပစ္ရပ္ေၾကညာခ်က္ကေတာ့ ၾသဂုတ္လကုန္မွာ ကုန္ဆံုး မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ရှမ်းမြောက်ပိုင်းမှာ တပ်မတော်နဲ့ TNLA တိုက်ပွဲဖြစ်ပွား

(Unicode)

အစိုးရတပ်မတော်နဲ့ TNLA ခေါ် တအာင်း(ပလောင်) တပ်ဖွဲ့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေနဲ့နောက်ဆုံးရရှိတဲ့ သတင်းကို ကိုမိုးဇော်တင်ပြပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြားက နမ့်ကွတ်ရွာမှာ သောကြာနေ့က TNLA က တပ်မတော် ယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့နောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဟာ ယာယီ ပြတ်တောက်ခဲ့ပါတယ်။

နှစ်ဘက်အကြားတိုက်ပွဲတွေဟာ တနင်္ဂနွေနေ့မှာ ဆက်လက်ဖြစ်ပွားခဲ့ပေမယ့် ဒီကနေ့မှာတော့ ငြိမ်သက်နေကြောင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါတယ်။

“ ဒီနေ့တော့ ဘာမှ ထွေထွေထူးထူးတက်လာတာတော့ မရှိသေးဘူး။ မနေ့ကတော့ တိုက်ပွဲ ၂နေရာ ဖြစ်တယ်။ ၂နေရာစလုံးလည်း နမ့်အွန်နားမှာပဲ ဖြစ်တယ်။ မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာ အထက်နားမှာ တစ်နေရာဖြစ်တယ်။ အဲဒီမှာကတော့ မနက် ၆နာရီခွဲကျော်ကျော်လောက် ကနေ ၁၀နာရီခွဲ ၁၁နာရီ နီးပါးအထိ ဖြစ်တယ်။ ကျေးရွာအထက်ဆိုတော့ ဒီတောထဲမှာပေါ့။ ကျနော်တို့အဖွဲ့က အဲဒီမှာ ရှိတဲ့ဟာကို စစ်တပ်ဘက်က ထိုးစစ်ဆင်တက်လာတော့ တိုက်ပွဲစ ဖြစ်သွားတာ ဖြစ်တယ်။”

နောက်တစ်နေရာကတော့ နမ့်အွန်ရွာအနီးက ဖြတ်သွားတဲ့ TNLA အဖွဲ့နဲ့ အစိုးရတပ်မတော်အကြား ဖြစ်ပွားတာလို့ ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကလည်း တနင်္ဂနွေနေ့က တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး TNLA တပ်စွဲထားတဲ့ နေရာ သိမ်းပိုက်ခဲ့ကြောင်း VOA ကို ပြောပါတယ်။

“ TNLA အဖွဲ့နဲ့ကတော့ ကျနော်တို့ မနေ့က အထိကတော့ နမ့်ဖတ်ကာဘက်မှာ ဖြစ်ပွားခဲ့တာရှိတယ်။ နမ့်ဖတ်ကာမှာရှိတဲ့ နမ့်အွန်ရွာရဲ့ အနောက်မြောက်ဘက် ၂နေရာလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိဘူး။ သူတို့ တပ်စွဲထားတဲ့နေရာ တစ်ခုကိုတော့၊ ခေတ္တ တပ်စွဲထားတဲ့ နေရာတစ်ခုကိုတော့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။”

တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့တိုက်ပွဲဟာ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးရဲ့ အတွင်းပိုင်းမှာဖြစ်ပွားတာကြောင့် လားရှိုးနဲ့ မူဆယ်အကြားမှာ ကားအသွား၊ အလာတွေ ရပ်ဆိုင်းခဲ့တာမရှိခဲ့ ကြောင်းနဲ့ ဒီနေ့လည်း ပုံမှန်သွားလာနေကြောင်း နမ့်ဖတ်ကာက ဒေသခံတစ်ဦးက ပြောပါတယ်။

“ ပုံမှန်ပါပဲခင်ဗျ။ မနေ့ကလည်း ပုံမှန်ပါပဲခင်ဗျ။ သူတို့က လမ်းရဲ့ဟို ခပ်ဝေးဝေးမှာဖြစ်တာဆိုတော့ လမ်းကိုတော့ လာမထိပါဘူးဗျ။ ”

လက်ရှိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ အစိုးရတပ်မတော်ကရော၊ TNLA အပါအဝင်ဖြစ်တဲ့ ညီနောင် မဟာမိတ်အဖွဲ့တွေကပါ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မေလ ၃၁ရက်နေ့မှာတော့ ညီနောင်မဟာမိတ်အဖွဲ့တွေဘက်က ကြေညာထားတဲ့ အပစ်ရပ် သက်တမ်းကုန်ဆုံးသွားခဲ့ပြီး တပ်မတော်ရဲ့ အပစ်ရပ်ကြေညာချက်ကတော့ သြဂုတ်လကုန်မှာ ကုန်ဆုံး မှာ ဖြစ်ပါတယ်။

XS
SM
MD
LG