သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံ သြဂုတ်လကျင်းပဖို့ အလားအလာရှိ


အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NCA-S EAO ကိုယ်စားလှယ်အဖွဲ့ တို့ရဲ့ ညှိနှိုင်းအစည်းအဝေးပွဲကို ရန်ကုန်မြို့ရှိ NRPC ရုံးမှာ ကျင်းပတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဇွန် ၂၅၊ ၂၀၂၀ - Hla Maung Shwe's Facebook)
အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NCA-S EAO ကိုယ်စားလှယ်အဖွဲ့ တို့ရဲ့ ညှိနှိုင်းအစည်းအဝေးပွဲကို ရန်ကုန်မြို့ရှိ NRPC ရုံးမှာ ကျင်းပတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဇွန် ၂၅၊ ၂၀၂၀ - Hla Maung Shwe's Facebook)

[Zawgyi/Unicode]

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးနဲ့ ပတ်သက်ပြီး ၃ရက်ကြာ ကျင်းပခဲ့တဲ့ အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲ နောက်ဆုံးအခြေအနေတွေကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဒီလ ၂၃ ရက်နေ့က စတင်ပြီး ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြရာမှာ ဒီနေ့ အစည်းအဝေးပြီးဆုံးချိန်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေးကို လာမယ့် သြဂုတ်လမှာ ကျင်းပဖို့ အကြမ်းဖျဉ်း သဘောတူညီချက်ရှိခဲ့ကြပါတယ်။

ဒါပေမဲ့ ညီလာခံမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ ပါဝင်မယ့် အချက် တချို့ကိုတော့ နှစ်ဘက် ညှိနှိုင်းဖို့ ကျန်ရှိနေတဲ့အတွက် ဆက်လက်ဆွေးနွေးဖို့ ရှိနေကြောင်း ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။

“ဒီနေ့ ဆွေးနွေးပွဲမှာတော့ သြဂုတ်လ ဒုတိယပတ်လောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ လုပ်နိုင်ဖို့ကို ဦးတည်ဆွေးနွေးတယ်။ ဆွေးနွေးချက်ထဲမှာတော့ စာချုပ်မှာပါတဲ့ အစိတ်အပိုင်း ၃ ခုလုံးကိုလည်း ကျေကျေလည်လည် ဆွေးနွေးတယ်။ ဒါပေမဲ့ ဒီထဲမှာ သဘောတူညီတဲ့အချက်တွေ ရှိသလို ဆက်ပြီးဆွေးနွေးရမယ့် အချက်တွေလည်း ရှိတယ်။ ဒါကြောင့်မို့လို့ ဇူလိုင်လ ၂ ရက်၊ ၃ ရက်၊ ၄ ရက်မှာ ဒီရန်ကုန်မှာ NCPC ရုံးမှာပဲ ကျနော်တို့ နောက်တစ်ကြိမ် ဆက်ပြီးတော့ ဆွေးနွေးဖို့ ၂ ဘက်ညှိနှိုင်းခဲ့တာ ရှိတယ်။”

ဒီနေ့ ဆွေးနွေးပွဲအပြီးမှာ လာမယ့် သြဂုတ်လမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္တအစည်းအဝေး ကျင်းပရေးအတွက် အရှိန်ပိုရလာကြောင်း ထည့်သွင်း ပြောကြားပါတယ်။

နိုင်ငံရေးပါတီ UPDJC ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ NRPC ရုံးမှာ ကျင်းပတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဇွန် ၂၅၊ ၂၀၂၀ - Hla Maung Shwe's Facebook)
နိုင်ငံရေးပါတီ UPDJC ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ NRPC ရုံးမှာ ကျင်းပတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဇွန် ၂၅၊ ၂၀၂၀ - Hla Maung Shwe's Facebook)

လာမယ့် ညီလာခံမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုနဲ့ အခြေခံမူ သဘောတူညီချက်စတဲ့အချက်တွေ ပါဝင်တာပါ။

ဒီအချက်တွေထဲက အဓိက ဆက်လက် ဆွေးနွေးဖို့ ကျန်တဲ့အချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ ဆက်ပြီးဆွေးနွေးရမယ့် အချက်တွေထဲမှာတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ ကိစ္စရပ်များပေါ့နော်။ ကျနော်တို့ အခြေခံ Concept အရတော့ နိုင်ငံရေးဆွေးနွေးပွဲက ရလာတဲ့ ရလဒ်တွေနဲ့ အညီ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးကိစ္စတွေကိုလည်း နှစ်ဘက်ညှိနှိုင်းပြီးဆောင်ရွက်ရမယ်ပေါ့။ အဲဒီအခြေခံမျိုးတွေတော့ ပြန်ပြီးတော့ ဆွေးနွေးရမယ်။ အဲတော့ ကျနော်တို့ နောက်ထပ် ကိစ္စရပ်တွေကတော့ မူဘောင်ထဲမှာ ထည့်သွင်းချုပ်ဆိုရမယ့် အချက်အလက်တွေပေါ့။ အဲဒီအချက်တွေမှာတော့ ကျနော်တို့ ပြန်ပြီးဆွေးနွေးကြရမယ်။”

အစိုးရနဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးပြီး နောက်ဆုံးရရှိလာတဲ့ အချက်တွေကိုတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မစတင်မီ ကျင်းပမယ့် JICM ခေါ် တစ်နိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေး အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနဲ့ UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ တို့ကို တင်ပြပြီး အတည်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။

ဒီကနေ့ နှစ်ဘက်ဆွေးနွေးခဲ့တဲ့အချက်တွေကို ဆွေးနွေးပွဲအပြီးမှာ UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ နိုင်ငံရေးပါတီအစုအဖွဲ့က ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး ပြန်လည်တင်ပြရှင်းလင်းခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



နိုင်ငံရေးပါတီ UPDJC ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ NRPC ရုံးမှာ ကျင်းပတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဇွန် ၂၅၊ ၂၀၂၀ - Hla Maung Shwe's Facebook)
နိုင်ငံရေးပါတီ UPDJC ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ NRPC ရုံးမှာ ကျင်းပတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ဇွန် ၂၅၊ ၂၀၂၀ - Hla Maung Shwe's Facebook)










XS
SM
MD
LG