(Zawgyi/Unicode)
လာမယ့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစုပင္လံု စတုတၱအႀကိမ္ အစည္းအေ၀းကို ၾသဂုတ္လအတြင္းမွာ က်င္းပဖို႔ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြက ျပင္ဆင္ေနၿပီး COVID- 19 ကပ္ေရာဂါေၾကာင့္ ညီလာခံကို အက်ဥ္းခ်ံဳးက်င္းပသြားမယ့္အေျခအေနကို ကိုမိုးေဇာ္ တင္ျပပါမယ္။
လာမယ့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစုပင္လံု စတုတၱအႀကိမ္ အစည္းအေ၀းက်င္းပမယ့္ အခ်ိန္နဲ႔ ပတ္သက္ၿပီး ဒီလ ၁၁ရက္ေန႔ ရန္ကုန္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပဲြမွာ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႕ EAO ေတြရဲ႕ကိုယ္စား NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ညွိႏိႈင္းေရးအဖဲြ႕ ညွိႏိႈင္းေရးမႈး ရဲေဘာ္မ်ိဳး၀င္းက အခုလို ေျပာဆိုခဲ့တာပါ။
“ အစိုးရဘက္က အဆိုျပဳထားတာကေတာ့ ဇူလိုင္လအတြင္းမွာ က်င္းပခ်င္တယ္ဆိုၿပီး အစိုးရဘက္က အဆိုျပဳထားတယ္။ အစိုးရဘက္က အဆိုျပဳခ်က္ေပၚမွာ အေျခခံၿပီးမွ EAO ျပန္လည္အဆိုျပဳဖို႔အတြက္ကို က်ေနာ္တို႔ ျပင္ဆင္ထားတာကေတာ့ ဒီ ၾသဂုတ္လအတြင္းေပါ့။”
ၾသဂုတ္လအတြင္းက်င္းပဖို႔ကို EAOအဖဲြ႔ ကိုယ္စားလွယ္ေတြဟာ ဒီလ ၁၀ရက္ေန႔က က်င္းပတဲ့ online အစည္းအေ၀းကေန ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။
စတုတၱအႀကိမ္ ၂၁ရာစုပင္လံုအစည္းအေ၀းမွာ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အပိုင္း ၃ကို ခ်ဳပ္ဆိုသြားဖို႔အတြက္ ညွိႏိႈင္ေနေၾကာင္း ရဲေဘာ္မ်ိဳး၀င္းက ဆက္ေျပာပါတယ္။
“ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ဖို႔အတြက္ကို အပိုင္း ၃ပိုင္းနဲ႔ ခ်ဳပ္ဆိုသြားဖို႔အတြက္ကို က်ေနာ္တို႔ JICM မွာ သေဘာတူထားတယ္။ အပိုင္း၁ကေတာ့ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္သေဘာတူညီခ်က္။ အပိုင္း ၂က ေတာ့ ၂၀၂၀ အလြန္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဆက္လက္ အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ အဆင့္လိုက္လုပ္ငန္းစဥ္နဲ႔ အဆင့္လိုက္အေကာင္အထည္ေဖာ္မႈဆိုတဲ့ အပိုင္း ၂ကို ခ်ဳပ္ဆိုႏိုင္ဖို႔ ေဆြးေႏြးေနတယ္။ အပိုင္း ၃က်ေတာ့ အေျခခံမူ သေဘာတူညီခ်က္ေပါ့။ အနာဂတ္ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုကို ဘယ္လို အေျခခံမူနဲ႔ ပံုေဖာ္သြားမလဲဆိုတဲ့ လမ္းၫႊန္မႈမ်ားကို ခ်မွတ္ႏိုင္ဖို႔အတြက္ ဒီအပိုင္း၃ပိုင္းနဲ႔ ခ်ဳပ္ဆိုသြားႏိုင္ဖို႔ကို အလုပ္အဖဲြ႕ေတြ ညွိႏိႈင္းေနတာျဖစ္ပါတယ္။”
ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အပိုင္း ၃မွာ ပါ၀င္မယ့္ အခ်က္ ၃ခ်က္ကိုေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီလက က်င္းပတဲ့ JICM ေခၚ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညွိႏိႈင္းအစည္းအေ၀းက ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။
ေလာေလာဆည္မွာေတာ့ COVID- 19 ကပ္ေရာဂါ ျဖစ္ပြားေနခ်ိန္ျဖစ္တာေၾကာင့္ ၂၁ရာစုပင္လံုအစည္းအေ၀း မတိုင္ခင္က်င္းပတဲ့ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပဲြေတြ က်င္းပႏိုင္မွာ မဟုတ္သလို ကိုယ္စားလွယ္ ဦးေရကိုလည္း ေလ်ာ့ခ်သြားဖို႔ အစိုးရနဲ႔ EAO အဖဲြ႕ေတြ ညွိႏိႈင္းေနေၾကာင္းလည္း ေျပာဆိုပါတယ္။
“အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပဲြေတြ၊ Public Consultation ေဆြးေႏြးပဲြေတြ၊ UPDJC သတ္မွတ္တဲ့ Issue အလိုုက္ေဆြးေႏြးပဲြေတြ က်ေနာ္တို႔ က်င္းပႏိုင္မွာ မဟုတ္ေတာ့ဘူး။ အဲဒါေတြကို ပံုသ႑ာန္ေျပာင္း က်င္းပဖို႔အတြက္ ႏွစ္ဘက္ညွိႏိႈင္းထားတာရွိတယ္။ တၿပိဳင္နက္တည္းမွာပဲ အလြတ္သေဘာ ႏွစ္ဘက္ ညွိႏိႈင္း ထားတာကေတာ့ ညီလာခံရဲ႕ ကိုယ္စားလွယ္အခ်ိဳးအစား၊ ညီလာခံ ကိုယ္စားလွယ္အခ်ိဳးအစားကိုလည္း က်ေနာ္တို႔ ေလ်ာ့ခ်ဖို႔ ျပန္ညွိႏိႈင္းထားတာ။ ဆိုလိုတာကေတာ့ က်ေနာ္တို႔က်င္းပမယ့္ ညီလာခံကာလ ဇူလိုင္၊ ၾသဂုတ္လမွာ ဒီေရာဂါအေျခအေနက ဘယ္ေလာက္ အတိုင္းအတာထိ ရွိမယ္ဆိုတာ မသိဘူး။ ေရာဂါအေျခအေနေၾကာင့္ ညီလာခံ မက်င္းပဘူးဆိုတာလည္း မျဖစ္ရဘူး။ ညီလာခံလည္း က်င္းပႏိုင္ရမယ္။ ေရာဂါလည္း ထိန္းသိမ္းႏိုင္ရမယ္။ ဆိုလိုတာကေတာ့ လႊတ္ေတာ္အစည္းအေ ၀းက်င္းပသလိုေပါ့။”
အရင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံမွာ အစိုးရ၊လႊတ္ေတာ္က ကိုယ္စားလွယ္၊တပ္မေတာ္ ကိုယ္စားလွယ္၊ EAO ကိုယ္စားလွယ္၊ ႏိုင္ငံေရးပါတီကိုယ္စားလွယ္ ၁၅၀ စီ၊ ပါ၀င္သင့္ပါ၀င္ထိုက္သူနဲ႔ တိုင္းရင္းသားကိုယ္စားလွယ္ ၅၀စီပါ၀င္ရာက လာမယ့္ ညီလာခံမွာေတာ့ ၃ပံု ၁ပံုအထိ ေလ်ာ့ခ်သြားဖို႔ ျပင္ဆင္ထားတာျဖစ္ပါတယ္။
လက္ရွိ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြရဲ႕ ျပင္ဆင္ထားတဲ့အခ်က္ေတြကိုေတာ့ ဇြန္လ ၂၃ရက္ေန႔ကေန ၂၅ရက္ေန႔အထိ အစိုးရကိုယ္စားလွယ္အဖဲြ႕နဲ႔ ညွိႏိႈင္းသြားဖို႔ ရွိေနပါတယ္။
.................
ကိုဗစ်ကြောင့် ၂၁ ရာစုပင်လုံ ညီလာခံကို အကျဉ်းချုံးကျင်းပမည်
(Unicode)
လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ စတုတ္တအကြိမ် အစည်းအဝေးကို သြဂုတ်လအတွင်းမှာ ကျင်းပဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြင်ဆင်နေပြီး COVID- 19 ကပ်ရောဂါကြောင့် ညီလာခံကို အကျဉ်းချုံးကျင်းပသွားမယ့်အခြေအနေကို ကိုမိုးဇော် တင်ပြပါမယ်။
လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ စတုတ္တအကြိမ် အစည်းအဝေးကျင်းပမယ့် အချိန်နဲ့ ပတ်သက်ပြီး ဒီလ ၁၁ရက်နေ့ ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO တွေရဲ့ကိုယ်စား NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ညှိနှိုင်းရေးမှုး ရဲဘော်မျိုးဝင်းက အခုလို ပြောဆိုခဲ့တာပါ။
“ အစိုးရဘက်က အဆိုပြုထားတာကတော့ ဇူလိုင်လအတွင်းမှာ ကျင်းပချင်တယ်ဆိုပြီး အစိုးရဘက်က အဆိုပြုထားတယ်။ အစိုးရဘက်က အဆိုပြုချက်ပေါ်မှာ အခြေခံပြီးမှ EAO ပြန်လည်အဆိုပြုဖို့အတွက်ကို ကျနော်တို့ ပြင်ဆင်ထားတာကတော့ ဒီ သြဂုတ်လအတွင်းပေါ့။”
သြဂုတ်လအတွင်းကျင်းပဖို့ကို EAOအဖွဲ့ ကိုယ်စားလှယ်တွေဟာ ဒီလ ၁၀ရက်နေ့က ကျင်းပတဲ့ online အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
စတုတ္တအကြိမ် ၂၁ရာစုပင်လုံအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃ကို ချုပ်ဆိုသွားဖို့အတွက် ညှိနှိုင်နေကြောင်း ရဲဘော်မျိုးဝင်းက ဆက်ပြောပါတယ်။
“ ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက်ကို အပိုင်း ၃ပိုင်းနဲ့ ချုပ်ဆိုသွားဖို့အတွက်ကို ကျနော်တို့ JICM မှာ သဘောတူထားတယ်။ အပိုင်း၁ကတော့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်။ အပိုင်း ၂က တော့ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့အတွက် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုဆိုတဲ့ အပိုင်း ၂ကို ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေတယ်။ အပိုင်း ၃ကျတော့ အခြေခံမူ သဘောတူညီချက်ပေါ့။ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လို အခြေခံမူနဲ့ ပုံဖော်သွားမလဲဆိုတဲ့ လမ်းညွှန်မှုများကို ချမှတ်နိုင်ဖို့အတွက် ဒီအပိုင်း၃ပိုင်းနဲ့ ချုပ်ဆိုသွားနိုင်ဖို့ကို အလုပ်အဖွဲ့တွေ ညှိနှိုင်းနေတာဖြစ်ပါတယ်။”
ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃မှာ ပါဝင်မယ့် အချက် ၃ချက်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပတဲ့ JICM ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
လောလောဆည်မှာတော့ COVID- 19 ကပ်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်တာကြောင့် ၂၁ရာစုပင်လုံအစည်းအဝေး မတိုင်ခင်ကျင်းပတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်မှာ မဟုတ်သလို ကိုယ်စားလှယ် ဦးရေကိုလည်း လျော့ချသွားဖို့ အစိုးရနဲ့ EAO အဖွဲ့တွေ ညှိနှိုင်းနေကြောင်းလည်း ပြောဆိုပါတယ်။
“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ Public Consultation ဆွေးနွေးပွဲတွေ၊ UPDJC သတ်မှတ်တဲ့ Issue အလိုက်ဆွေးနွေးပွဲတွေ ကျနော်တို့ ကျင်းပနိုင်မှာ မဟုတ်တော့ဘူး။ အဲဒါတွေကို ပုံသဏ္ဍာန်ပြောင်း ကျင်းပဖို့အတွက် နှစ်ဘက်ညှိနှိုင်းထားတာရှိတယ်။ တပြိုင်နက်တည်းမှာပဲ အလွတ်သဘော နှစ်ဘက် ညှိနှိုင်း ထားတာကတော့ ညီလာခံရဲ့ ကိုယ်စားလှယ်အချိုးအစား၊ ညီလာခံ ကိုယ်စားလှယ်အချိုးအစားကိုလည်း ကျနော်တို့ လျော့ချဖို့ ပြန်ညှိနှိုင်းထားတာ။ ဆိုလိုတာကတော့ ကျနော်တို့ကျင်းပမယ့် ညီလာခံကာလ ဇူလိုင်၊ သြဂုတ်လမှာ ဒီရောဂါအခြေအနေက ဘယ်လောက် အတိုင်းအတာထိ ရှိမယ်ဆိုတာ မသိဘူး။ ရောဂါအခြေအနေကြောင့် ညီလာခံ မကျင်းပဘူးဆိုတာလည်း မဖြစ်ရဘူး။ ညီလာခံလည်း ကျင်းပနိုင်ရမယ်။ ရောဂါလည်း ထိန်းသိမ်းနိုင်ရမယ်။ ဆိုလိုတာကတော့ လွှတ်တော်အစည်းအေ ဝးကျင်းပသလိုပေါ့။”
အရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အစိုးရ၊လွှတ်တော်က ကိုယ်စားလှယ်၊တပ်မတော် ကိုယ်စားလှယ်၊ EAO ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီကိုယ်စားလှယ် ၁၅၀ စီ၊ ပါဝင်သင့်ပါဝင်ထိုက်သူနဲ့ တိုင်းရင်းသားကိုယ်စားလှယ် ၅၀စီပါဝင်ရာက လာမယ့် ညီလာခံမှာတော့ ၃ပုံ ၁ပုံအထိ လျော့ချသွားဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြင်ဆင်ထားတဲ့အချက်တွေကိုတော့ ဇွန်လ ၂၃ရက်နေ့ကနေ ၂၅ရက်နေ့အထိ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ညှိနှိုင်းသွားဖို့ ရှိနေပါတယ်။