သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၁ ရာစု ပင္လံု စကားလံုး သံုးစြဲမႈေပၚဝေဖန္


ျပည္ေထာင္စုအင္စတီက်ဴရဲ႕ စာအုပ္မိတ္ဆက္ပဲြ အခမ္းအနားမွာ အၿငိမ္းစား ျပည္ေထာင္စု၀န္ၾကီး ဦးေအာင္မင္း အဖြင့္အမွာစကားေျပာ

(zawgyi/Unicode)

လက္ရွိ ျမန္မာျပည္ရဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ ရပ္တန္႔ ေနရတာဟာ ဒုတိယပင္လံုဆိုတဲ့ စကားလံုးေၾကာင့္ျဖစ္ေၾကာင္း အၿငိမ္းစား ျပည္ေထာင္စု၀န္ၾကီး ဦးေအာင္မင္းက ေဝဖန္လိုက္ ပါတယ္။

ဒါ့အျပင္ အရင္အစိုးရ လက္ထက္က ပင္လံုမူ၊ ပင္လံုကတိက၀တ္ကို မကိုင္တြယ္ခဲ့ဘဲ ပင္လံုစိတ္ဓါတ္ကိုသာ ကိုင္စဲြခဲ့တာ ျဖစ္ၿပီး လက္ရွိ တစ္ဆို႔မႈ ေတြကို ေျဖရွင္းဖို႔ဆိုရင္ ႏွစ္ဘက္အၾကား အေပးအယူမွ်တဖို႔နဲ႔ မၾကာခန ေတြ႔ဆံုေဆြးေႏြးဖို႔ လုိတယ္လို႔ လည္း ေထာက္ျပ လိုက္ပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအိုေအျမန္မာပုိင္းရဲ႕ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထား ပါတယ္။

သမၼတဦးသိန္းစိန္အစိုးရ လက္ထက္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ဦးေဆာင္ အေကာင္အထည္ ေဖာ္ခဲ့တဲ့ ႏိုင္ငံေတာ္သမၼတရံုး၀န္ၾကီးဌာနရဲ့ အၿငိမ္းစား ျပည္ေထာင္စု၀န္ၾကီး ဦးေအာင္မင္းက ဒီကေန႔ ရန္ကုန္ၿမိဳ႔မွာ က်င္းပတဲ့ ျပည္ေထာင္စုအင္စတီက်ဴရဲ႕ စာအုပ္မိတ္ဆက္ပဲြ အခမ္းအနား အဖြင့္အမွာစကားမွာ ထည့္သြင္း ေျပာဆုိတာ ျဖစ္ပါတယ္။

“ ပင္လံုမွာ ပင္လံုမူ၊ ပင္လံုစိတ္ဓါတ္၊ ပင္လံုကတိက၀တ္ဆိုၿပီး ၃ခုရိွတာေပါ့။ ပင္လံုနဲ႔ပတ္သက္ၿပီးေတာ့၊ သူတို႔ ပင္လံုမူကို မကိုင္ဘူးဗ်။ ပင္လံုကတိက၀တ္ကို က်ေနာ္တုိ႔ မကိုင္ဘူးဗ်။ ပင္လံုစိတ္ဓါတ္တစ္ခုပဲ ကိုင္တယ္။ ပင္လံုစိတ္ဓါတ္ဆိုတာ အားလံုးေပါင္းၿပီးေတာ့မွ Reconciliation သြားတဲ့ဥစၥာေလ။ ဒါေၾကာင့္ က်ေနာ္တုိ႔က ပင္လံုနဲ႔ပတ္သက္ၿပီး ပင္လံုမူ၊ ပင္လံုကတိက၀တ္ကို မကိုင္ခဲ့ဘူး။ အဲေတာ့ အခုဘာျဖစ္လဲ ဒုတိယပင္လံုဆုိၿပီး သြားကိုင္တဲ့အခါက် ခဲြထြက္ခြင့္ေတြက တစ္ခါတည္း ေတာင္းဆုိလာတယ္။ အဲေတာ့ ခဲြထြက္ခြင့္ကို တပ္မေတာ္ကေန ခဲြထြက္ခြင့္မျပဳရဆုိတဲ့ စာခ်ဳပ္ကို တစ္ခ်က္ထည့္မယ္ဆုိေတာ့ စာခ်ဳပ္ေတြက အကုန္လံုး Block ျဖစ္ကုန္ေရာ။ ဒါေၾကာင့္မုိ႔ စကားတစ္လံုးသံုးတဲ့အခါမွာ သိပ္သတိထားဖို႔ လိုအပ္တယ္ ဆုိတာကို က်ေနာ္ ဒီမွာ ေျပာခ်င္တယ္။ ”

ဦးေအာင္မင္းက အခုလို ေျပာဆုိလုိက္တဲ့အခ်ိန္ဟာ တစ္ႏွစ္ေက်ာ္ၾကာရပ္တန္႔ေနခဲ့တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ- ၂၁ရာစုပင္လံုအစည္းအေ၀းကို ျပန္လည္စတင္ဖုိ႔ ျပင္ဆင္ေနခ်ိန္လည္း ျဖစ္ပါတယ္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ေအာင္ျမင္ေစဖုိ႔အတြက္လည္း ဦးေအာင္မင္းက သူ႔အျမင္ကို အခုလို ေျပာပါတယ္။

“ ေဆြးေႏြးပဲြမွာ ႏွစ္ဘက္က ကိုယ္လိုခ်င္တာခ်ည္းပဲ အတင္းေတာင္းေနလို႔ေတာ့ မရဘူး။ က်ေနာ္အလုပ္တစ္ခုလုပ္တဲ့အခါ ကိုယ္က ရေကာင္းေစဆိုတဲ့စိတ္ ဘယ္ေတာ့မွ မထားဘူး။ အဲလုိ မွ်မွ်တတစဥ္းစားၿပီးေတာ့ အေပးအယူနဲ႔လုပ္ခဲ့တဲ့အတြက္ ဒီေလာက္ထိ ေရွ႔ေရာက္လာတာပဲ။ အခုလည္း ဒီပံုစံအတိုင္းပဲ လုပ္ရမွာ။ တစ္ခုတည္းကို ဆုပ္ကိုင္ၿပီးလုပ္လုိ႔ကေတာ့ တစ္သက္လံုးမၿပီးဘူး။ အဲေတာ့ တစ္ခုတည္းေသာတပ္မေတာ္၊ ဒီကိစၥ အခုျဖစ္ေနတာက။ အဲေတာ့ ခဲြထြက္ေရးဆုိတဲ့ကိစၥ၊ ဒါေတြကိုလည္း အတတ္ႏိုင္ဆံုးေတာ့ ေလွ်ာ့ခ်ႏိုင္ေအာင္ေတာ့ က်ေနာ္တုိ႔လည္း ၀ိုင္း၀န္းတိုက္တြန္းတာပဲ။ ေက်ာ္ျဖတ္တာေတာ့ အၿမဲတမ္းေတြ႔ဆံုေဆြးေႏြးရမွာပဲ။ ကိုယ္လုိခ်င္တာတစ္ခုတည္းေတာ့ ရေအာင္ယူလုိ႔ မရဘူး။ ႏွစ္ဘက္မွ်ယူရမွာပဲ။”

ျပည္ေထာင္စုအင္စတိက်ဴအဖဲြ႔ရဲ႔ သုေတသန ဒါရိုက္တာ ေဒါက္တာစိုင္းဦးကေတာ့ ပင္လံုစာခ်ဳပ္၊ ပင္လံုစိတ္ဓါတ္၊ ပင္လံုကတိက၀တ္ ဆိုတဲ့ စကားလံုးအေပၚမွာ အဓိပၸါယ္ဖြင့္ရင္းနဲ႔ လုိရင္းမေရာက္ဘဲျဖစ္ေနေၾကာင္းနဲ႔တကယ္တမ္း ပင္လံုရဲ့ ပင္လံုရဲ့ အဓိက ရည္ရြယ္ခ်က္ဟာ တန္းတူညီမွ်မႈျဖစ္ေၾကာင္း ေျပာပါတယ္။

အခမ္းအနားအဖြင့္အမွာစကားကုိ ရွမ္းတိုင္းရင္းသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ ဒုဥကၠဌ ဦးစိုင္းညႊန္လြင္က ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြေတြမွာ ႏိုင္ငံေရးပါတီေတြရဲ့ အခန္းက႑ဟာ ေမွးမွိန္ေနေၾကာင္း ေထာက္ျပပါတယ္။

“ က်ေနာ္တုိ႔ ၿငိမ္းခ်မ္းေရးလုပ္တဲ့အခါမွာ အခုေလာေလာဆည္မွာေတာ့ ၿငိမ္းခ်မ္းေရးမ႑ိဳင္ကဒီ လက္နက္ကိုင္ေတာ္လွန္ေရးအဖဲြ႔အစညး္ေတြနဲ႔ တပ္မေတာ္လုပ္တဲ့ ၿငိမ္းခ်မ္းေရးက ေရွ႔တန္းေရာက္ေနတယ္။ ခုနက ေျပာသလုိေပါ့။ နယ္ေျမေတြ မၿငိမ္းခ်မ္းေသးဘူး။ နယ္ေျမေတြ ၿငိမ္းခ်မ္းေအာင္ စသည္ျဖင့္ ေျပာပါတယ္။ တကယ့္ တကယ္ေတာ့ ဒီေန႔မွာ ႏိုင္ငံေရးပါတီေတြရဲ့ အခန္းက႑ဟာ ေရွ႔မွာ မရိွပါဘူး။ ေဘးမွာပဲ ရိွေနတံုးပါပဲ။”

ဆက္လက္ၿပီး ဦးစိုင္းညႊန္လြင္ ဒီကေန႔ ထုတ္ေ၀တဲ့ “ အမ်ိဳးသားလႊတ္ေတာ္အခန္းက႑နဲ႔ ဖက္ဒရယ္အိမ္မက္” နဲ႔ “တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔မ်ားႏွင့္ သူတုိ႔၏ ေလာကအျမင္” ဆိုတဲ့ စာအုပ္ေတြအေပၚမွာ အေလးထားသံုးသပ္တင္ျပခဲ့ပါတယ္။

ဒီေန႔ အခမ္းအနားမွာ ျပည္ေထာင္စုအင္စတိက်ဴက ထုတ္ေ၀လိုက္တဲ့ စာအုပ္ ၂အုပ္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးတာ၊ ေမးျမန္းတာနဲ႔ အၾကံျပဳတာေတြကိုလည္း ေဆာင္ရြက္ခဲ့ပါတယ္။

..........................

၂၁ ရာစု ပင္လံု စကားလံုး သံုးစြဲမႈေပၚဝေဖန္
please wait

No media source currently available

0:00 0:03:36 0:00
တိုက္႐ိုက္ လင့္ခ္

၂၁ ရာစု ပင်လုံ စကားလုံး သုံးစွဲမှုပေါ် ဝေဖန်

(Unicode)

လက်ရှိ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရပ်တန့် နေရတာဟာ ဒုတိယပင်လုံဆိုတဲ့ စကားလုံးကြောင့်ဖြစ်ကြောင်း အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဝေဖန်လိုက် ပါတယ်။

ဒါ့အပြင် အရင်အစိုးရ လက်ထက်က ပင်လုံမူ၊ ပင်လုံကတိကဝတ်ကို မကိုင်တွယ်ခဲ့ဘဲ ပင်လုံစိတ်ဓါတ်ကိုသာ ကိုင်စွဲခဲ့တာ ဖြစ်ပြီး လက်ရှိ တစ်ဆို့မှု တွေကို ဖြေရှင်းဖို့ဆိုရင် နှစ်ဘက်အကြား အပေးအယူမျှတဖို့နဲ့ မကြာခန တွေ့ဆုံဆွေးနွေးဖို့ လိုတယ်လို့ လည်း ထောက်ပြ လိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဦးဆောင် အကောင်အထည် ဖော်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနရဲ့ အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ပြည်ထောင်စုအင်စတီကျူရဲ့ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား အဖွင့်အမှာစကားမှာ ထည့်သွင်း ပြောဆိုတာ ဖြစ်ပါတယ်။

“ ပင်လုံမှာ ပင်လုံမူ၊ ပင်လုံစိတ်ဓါတ်၊ ပင်လုံကတိကဝတ်ဆိုပြီး ၃ခုရှိတာပေါ့။ ပင်လုံနဲ့ပတ်သက်ပြီးတော့၊ သူတို့ ပင်လုံမူကို မကိုင်ဘူးဗျ။ ပင်လုံကတိကဝတ်ကို ကျနော်တို့ မကိုင်ဘူးဗျ။ ပင်လုံစိတ်ဓါတ်တစ်ခုပဲ ကိုင်တယ်။ ပင်လုံစိတ်ဓါတ်ဆိုတာ အားလုံးပေါင်းပြီးတော့မှ Reconciliation သွားတဲ့ဥစ္စာလေ။ ဒါကြောင့် ကျနော်တို့က ပင်လုံနဲ့ပတ်သက်ပြီး ပင်လုံမူ၊ ပင်လုံကတိကဝတ်ကို မကိုင်ခဲ့ဘူး။ အဲတော့ အခုဘာဖြစ်လဲ ဒုတိယပင်လုံဆိုပြီး သွားကိုင်တဲ့အခါကျ ခွဲထွက်ခွင့်တွေက တစ်ခါတည်း တောင်းဆိုလာတယ်။ အဲတော့ ခွဲထွက်ခွင့်ကို တပ်မတော်ကနေ ခွဲထွက်ခွင့်မပြုရဆိုတဲ့ စာချုပ်ကို တစ်ချက်ထည့်မယ်ဆိုတော့ စာချုပ်တွေက အကုန်လုံး Block ဖြစ်ကုန်ရော။ ဒါကြောင့်မို့ စကားတစ်လုံးသုံးတဲ့အခါမှာ သိပ်သတိထားဖို့ လိုအပ်တယ် ဆိုတာကို ကျနော် ဒီမှာ ပြောချင်တယ်။ ”

ဦးအောင်မင်းက အခုလို ပြောဆိုလိုက်တဲ့အချိန်ဟာ တစ်နှစ်ကျော်ကြာရပ်တန့်နေခဲ့တဲ့ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံအစည်းအဝေးကို ပြန်လည်စတင်ဖို့ ပြင်ဆင်နေချိန်လည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့အတွက်လည်း ဦးအောင်မင်းက သူ့အမြင်ကို အခုလို ပြောပါတယ်။

“ ဆွေးနွေးပွဲမှာ နှစ်ဘက်က ကိုယ်လိုချင်တာချည်းပဲ အတင်းတောင်းနေလို့တော့ မရဘူး။ ကျနော်အလုပ်တစ်ခုလုပ်တဲ့အခါ ကိုယ်က ရကောင်းစေဆိုတဲ့စိတ် ဘယ်တော့မှ မထားဘူး။ အဲလို မျှမျှတတစဉ်းစားပြီးတော့ အပေးအယူနဲ့လုပ်ခဲ့တဲ့အတွက် ဒီလောက်ထိ ရှေ့ရောက်လာတာပဲ။ အခုလည်း ဒီပုံစံအတိုင်းပဲ လုပ်ရမှာ။ တစ်ခုတည်းကို ဆုပ်ကိုင်ပြီးလုပ်လို့ကတော့ တစ်သက်လုံးမပြီးဘူး။ အဲတော့ တစ်ခုတည်းသောတပ်မတော်၊ ဒီကိစ္စ အခုဖြစ်နေတာက။ အဲတော့ ခွဲထွက်ရေးဆိုတဲ့ကိစ္စ၊ ဒါတွေကိုလည်း အတတ်နိုင်ဆုံးတော့ လျှော့ချနိုင်အောင်တော့ ကျနော်တို့လည်း ဝိုင်းဝန်းတိုက်တွန်းတာပဲ။ ကျော်ဖြတ်တာတော့ အမြဲတမ်းတွေ့ဆုံဆွေးနွေးရမှာပဲ။ ကိုယ်လိုချင်တာတစ်ခုတည်းတော့ ရအောင်ယူလို့ မရဘူး။ နှစ်ဘက်မျှယူရမှာပဲ။”

ပြည်ထောင်စုအင်စတိကျူအဖွဲ့ရဲ့ သုတေသန ဒါရိုက်တာ ဒေါက်တာစိုင်းဦးကတော့ ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓါတ်၊ ပင်လုံကတိကဝတ် ဆိုတဲ့ စကားလုံးအပေါ်မှာ အဓိပ္ပါယ်ဖွင့်ရင်းနဲ့ လိုရင်းမရောက်ဘဲဖြစ်နေကြောင်းနဲ့တကယ်တမ်း ပင်လုံရဲ့ ပင်လုံရဲ့ အဓိက ရည်ရွယ်ချက်ဟာ တန်းတူညီမျှမှုဖြစ်ကြောင်း ပြောပါတယ်။

အခမ်းအနားအဖွင့်အမှာစကားကို ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးစိုင်းညွှန်လွင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်နေကြောင်း ထောက်ပြပါတယ်။

“ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ အခုလောလောဆည်မှာတော့ ငြိမ်းချမ်းရေးမဏ္ဍိုင်ကဒီ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တပ်မတော်လုပ်တဲ့ ငြိမ်းချမ်းရေးက ရှေ့တန်းရောက်နေတယ်။ ခုနက ပြောသလိုပေါ့။ နယ်မြေတွေ မငြိမ်းချမ်းသေးဘူး။ နယ်မြေတွေ ငြိမ်းချမ်းအောင် စသည်ဖြင့် ပြောပါတယ်။ တကယ့် တကယ်တော့ ဒီနေ့မှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာ ရှေ့မှာ မရှိပါဘူး။ ဘေးမှာပဲ ရှိနေတုံးပါပဲ။”

ဆက်လက်ပြီး ဦးစိုင်းညွှန်လွင် ဒီကနေ့ ထုတ်ဝေတဲ့ “ အမျိုးသားလွှတ်တော်အခန်းကဏ္ဍနဲ့ ဖက်ဒရယ်အိမ်မက်” နဲ့ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သူတို့၏ လောကအမြင်” ဆိုတဲ့ စာအုပ်တွေအပေါ်မှာ အလေးထားသုံးသပ်တင်ပြခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားမှာ ပြည်ထောင်စုအင်စတိကျူက ထုတ်ဝေလိုက်တဲ့ စာအုပ် ၂အုပ်နဲ့ပတ်သက်ပြီး ဆွေးနွေးတာ၊ မေးမြန်းတာနဲ့ အကြံပြုတာတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG