သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၁ ပင္လံုညီလာခံ စတုတၳအေက်ာ့က်င္းပဖို႔ သေဘာတူညီ


JICM အစည္းအေ၀း (Myanmar State Counsellor Office)

(Zawgyi / Unicode)

ဒီကေန႔ ေနျပည္ေတာ္မွာက်င္းပတဲ့ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA အေကာင္အထည္ေဖာ္မႈဆုိင္ရာ ညိွႏိႈင္းအစည္းအေ၀းမွာ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ- ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းကို ၂၀၂၀ခုႏွစ္ ပထမ ၄လပတ္အတြင္းမွာ က်င္းပဖို႔ သေဘာတူညီခဲ့ ၾကပါတယ္။

အစည္းအေ၀းကို တက္ေရာက္လာတဲ့ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုက လက္ရိွက်င္းပတဲ့ JICM အစည္းအေ၀းဟာ အေရးပါတဲ့ မွတ္တိုင္ျဖစ္ေၾကာင္း နဲ႔ အခ်င္းခ်င္းၾကား အေရးပါတဲ့ ယံုၾကည္မႈ တည္ေဆာက္ၾကဖို႔ပါ တိုက္တြန္းခဲ့ပါတယ္။

ဒီသတင္းအျပည့္အစံုကို ဗီြအုိေအျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA အေကာင္အထည္ေဖာ္မႈဆုိင္ရာ ညိွႏိႈင္းအစည္းအေ၀း JICM မွာ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုက အစည္းအေ၀းရဲ႕အေရးပါမႈကို အစည္းအေ၀းအဖြင့္ မိန္႔ခြန္းမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

“ ဒီေန႔ အစည္းအေ၀းဟာ က်မတို႔အားလံုး လက္တဲြၾကိဳးပမ္းေဆာင္ရြက္ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ အေရးပါတဲ့ မွတ္တိုင္တစ္ခုလုိ႔လည္း ဆုိႏိုင္ပါတယ္။ တႏွစ္ေက်ာ္ ကာလအတြင္းမွာ တရား၀င္ေဆြးေႏြးပြဲေတြ ပထမဦးဆံုးအႀကိ္မ္ ျပန္လည္စတင္ႏိုင္တဲ့ ဆံုမွတ္ ျဖစ္သလို ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လံုေအာင္ျမင္ေအာင္ ႏိုင္ငံေရးအႏွစ္သာရရွိရွိ က်င္းပႏိုင္ဖို႔အတြက္ အေရးႀကီးတဲ့ ေဆြးေႏြးပြဲတခုျဖစ္ပါတယ္။”

JICM အစည္းအေဝးကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အတူ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႈးၾကီးစိုး၀င္း၊ NCA လက္မွတ္ေရးထိုးထားတဲ့ လက္နက္ကိုင္အဖဲြ႔၁၀ဖဲြ႔က ေခါင္းေဆာင္ေတြ ပါ၀င္တက္ေရာက္ေဆြးေႏြးခဲ့တာ ျဖစ္ၿပီး အခ်င္းခ်င္းၾကား အေရးပါတဲ့ ယံုၾကည္မႈ တည္ေဆာက္ဖုိ႔ပါ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းခဲ့ပါတယ္။

“မတူညီတာေတြကို တူညီလာေအာင္ က်မတို႔ အားလံုးညိွညိွႏိႈင္းႏိႈင္း တိုင္တိုင္ပင္ပင္နဲ႔ အေျဖရွာရမွာျဖစ္ပါတယ္။ နည္းနာပိုင္းဆိုင္ရာ ကြဲလြဲမႈေတြကို အျပန္အလွန္ယံုၾကည္မႈ အေျခအေနနဲ႔ ညိွႏိႈႈင္းတိုင္ပင္မယ္ဆိုရင္ ပိုၿပီးအဆင္ေျပေခ်ာေမြ႔ပါလိမ့္မယ္။ ဒါေၾကာင့္ က်မတို႔ အခ်င္းခ်င္းၾကားမွာ အေရးပါတဲ့ ယံုၾကည္မႈ တည္ေဆာက္ေရးကို မ်က္ေျခမပ်က္ဖို႔ တိုက္တြန္းေျပာၾကားလိုပါတယ္။”

ဒီကေန႔ က်င္းပတဲ့ အစည္းအေဝးမွာ သေဘာတူညီခ်က္ ၈ခ်က္ ရရိွခဲ့တာပါ။ ဒီသေဘာတူညီခ်က္အရ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းကို လာမယ့္ ၄လအတြင္းျပန္လည္က်င္းပမွာျဖစ္ေၾကာင္းႏိုင္ငံေတာ္အတုိင္ပင္ခံရံုး၀န္ၾကီးဌာန ညႊန္ၾကားေရးမႈးခ်ဳပ္ ဦးေဇာ္ေဌးက အစည္းအေ၀းအၿပီး သတင္းစာရွင္းလင္းပဲြမွာ အခုလို ေျပာပါတယ္။

“ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းကို ဒီ ၂၀၂၀ျပည့္ႏွစ္ ဒီႏွစ္ဆန္းပိုင္းရဲ႕ ပထမ ၄လအတြင္းမွာ က်င္းပဖုိ႔ ဆိုၿပီး ေခါင္းေဆာင္ေတြ ဆံုးျဖတ္ခဲ့ပါတယ္။ ”

ဒီလို သေဘာတူညီအတြက္ရခဲ့တာေၾကာင့္ တႏွစ္ေက်ာ္ၾကာရပ္ဆိုင္းခဲ့တဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို တရား၀င္ စတင္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၂၀ ေရြးေကာက္ပဲြအလြန္ နဲ႔ NCA လက္မွတ္မထိုးေသးတဲ့အဖဲြ႔ေတြ နဲ႔ ပတ္သက္ၿပီး ရခဲ့တဲ့သေဘာတူခ်က္ေတြ ကိုလည္း အခုလုိ ဆက္ေျပာပါတယ္။

“ေနာက္တစ္ခုကေတာ့ ၂၀၂၀အလြန္မွာ ဆက္ေဆာင္ရြက္မယ့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အဆင့္ေတြ၊ အဆင့္လုိက္အေကာင္အထည္ေဖာ္မႈေတြ ဒီဟာေတြကိုလည္း ေဆာင္ရြက္ပါဆိုၿပီး JICM က သေဘာတူလိုက္ပါတယ္။ ေနာက္တစ္ခ်က္က က်ေနာ္တို႔ NCA Peace Process မွာ NCA မထိုးေသးတဲ့အဖဲြ႔ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြ ပါ၀င္ဖို႔ က်ေနာ္တို႔ NCA အေျခခံနဲ႔ ဆက္လက္ေဆာင္ရြက္သြားဖုိ႔ ဆိုတဲ့ အခ်က္အေပၚမွာလည္း က်ေနာ္တုိ႔ သေဘာတူညီမႈရခဲ့ပါတယ္။”

ရရွိခဲ့တဲ့ က်န္သေဘာတူညီခ်က္ေတြထဲမွာNCA အခန္း ၃၊ ၄၊ ၆ နဲ႔ပတ္သက္ၿပီး ဆက္လက္ေဆာင္ရြက္မယ့္ အခ်က္၊ NCA အေကာင္အထည္ေဖာ္တာနဲ႔ပတ္သက္ၿပီး ႏွစ္ဦးႏွစ္ဘက္ၾကား မူေဘာင္သေဘာတူညီခ်က္ေတြ ရယူဖို႔၊ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃ခ်ဳပ္ဆုိဖို႔၊NCA စာခ်ဳပ္ပါ ေ၀ါဟာရ အဓိပၸါယ္ဖြင့္ဆုိခ်က္ေတြ ကို အလုပ္အဖဲြ႔ဖဲြ႔ ေဆာင္ရြက္ဖို႔ စတာေတြ ပါ၀င္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္မွာ က်င္းပတဲ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံု တတိယ အစည္းအေ၀းၿပီးတဲ့ေနာက္ ၿငိမ္းခ်မ္းေရးညီလာခံဟာ တစ္ႏွစ္ေက်ာ္ၾကာရပ္နားခဲ့ပါတယ္။ ဒီလို ရပ္နားခဲ့တာကေတာ့ ျပည္ေထာင္စုက ခဲြမထြက္ေရးဆိုတာနဲ႔ တပ္မေတာ္တစ္ခုတည္းျဖစ္ေရးမူအေပၚမွာ အေက်အလည္ မေဆြးေႏြးႏိုင္ခဲ့တာေၾကာင့္လည္း ျဖစ္ပါတယ္။

လာမယ့္ ညီလာခံမွာ ဒီအခ်က္ေတြ ထည့္သြင္းေဆြးေႏြးႏိုင္မလားဆိုတာကိုေတာ့ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြရဲ႕ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မႈးၾကီး စိုင္းငင္းက အခုလို ေျဖဆိုပါတယ္။

“ ဒီကိစၥကေတာ့ တစ္ခ်ိန္ခ်ိန္မွာေတာ့ ပါႏိုင္တဲ့အေနအထားရိွတယ္။ ဒါေပမဲ့ ဒီတစ္ေခါက္ျဖစ္မလား။ ဒါမွမဟုတ္ ေနာက္လာမယ့္ ညီလာခံျဖစ္မလားဆိုတာမေရရာေသးဘူး။ ခုနကေျပာသလို က်ေနာ္တုိ႔ရဲ႕ ညိွႏိႈင္းေရးအလုပ္အဖဲြ႔ေတြရဲ့ ညိွႏိႈင္းတဲ့အေပၚမွာ မူတည္တယ္။ ေနာက္တစ္ခ်က္က ယံုၾကည္မႈအေပၚမွာလည္း မူတည္တယ္။”

NCA လက္မွတ္မထိုးေသးတဲ့အဖဲြ႔ေတြ ပါ၀င္လက္မွတ္ေရးထိုးေရးကို အစိုးရေရာ၊ လက္နက္ကိုင္အဖဲြ႔ေတြကပါ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့ၾကပါတယ္။

NCA သေဘာတူညီခ်က္အရ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရ ညီလာခံကို ၂ ႏွစ္တ ႀကိမ္ က်ငး္းပဖို႔ သေဘာတူထားတာ ျဖစ္ေပမယ့္ သေဘာထား ကြဲလြဲမႈေတြ ရွိေနတာေၾကာင့္ ၂၀၁၈ ဇူလိုင္လမွာ တတိယ အႀကိမ္ အစည္းေဝးကို ေနာက္ဆံုးက်င္းပႏိုင္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

၂၁ ပင်လုံညီလာခံ စတုတ္တအကျော့ကျင်းပဖို့ သဘောတူညီ

( Unicode)

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ခုနှစ် ပထမ ၄လပတ်အတွင်းမှာ ကျင်းပဖို့ သဘောတူညီခဲ့ ကြပါတယ်။ အစည်းအဝေးကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုက လက်ရှိကျင်းပတဲ့ JICM အစည်းအဝေးဟာ အရေးပါတဲ့ မှတ်တိုင်ဖြစ်ကြောင်း နဲ့ အချင်းချင်းကြား အရေးပါတဲ့ ယုံကြည်မှု တည်ဆောက်ကြဖို့ပါ တိုက်တွန်းခဲ့ပါတယ်။

ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုက အစည်းအဝေးရဲ့အရေးပါမှုကို အစည်းအဝေးအဖွင့် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ ဒီနေ့ အစည်းအဝေးဟာ ကျမတို့အားလုံး လက်တွဲကြိုးပမ်းဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ တနှစ်ကျော် ကာလအတွင်းမှာ တရားဝင်ဆွေးနွေးပွဲတွေ ပထမဦးဆုံးအကြိမ် ပြန်လည်စတင်နိုင်တဲ့ ဆုံမှတ် ဖြစ်သလို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအောင်မြင်အောင် နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပနိုင်ဖို့အတွက် အရေးကြီးတဲ့ ဆွေးနွေးပွဲတခုဖြစ်ပါတယ်။”

JICM အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း၊ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့၁၀ဖွဲ့က ခေါင်းဆောင်တွေ ပါဝင်တက်ရောက်ဆွေးနွေးခဲ့တာ ဖြစ်ပြီး အချင်းချင်းကြား အရေးပါတဲ့ ယုံကြည်မှု တည်ဆောက်ဖို့ပါ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

“မတူညီတာတွေကို တူညီလာအောင် ကျမတို့ အားလုံးညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ အဖြေရှာရမှာဖြစ်ပါတယ်။ နည်းနာပိုင်းဆိုင်ရာ ကွဲလွဲမှုတွေကို အပြန်အလှန်ယုံကြည်မှု အခြေအနေနဲ့ ညှိနှိုှုင်းတိုင်ပင်မယ်ဆိုရင် ပိုပြီးအဆင်ပြေချောမွေ့ပါလိမ့်မယ်။ ဒါကြောင့် ကျမတို့ အချင်းချင်းကြားမှာ အရေးပါတဲ့ ယုံကြည်မှု တည်ဆောက်ရေးကို မျက်ခြေမပျက်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။”

ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ သဘောတူညီချက် ၈ချက် ရရှိခဲ့တာပါ။ ဒီသဘောတူညီချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမယ့် ၄လအတွင်းပြန်လည်ကျင်းပမှာဖြစ်ကြောင်းနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဒီ ၂၀၂၀ပြည့်နှစ် ဒီနှစ်ဆန်းပိုင်းရဲ့ ပထမ ၄လအတွင်းမှာ ကျင်းပဖို့ ဆိုပြီး ခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့ပါတယ်။ ”

ဒီလို သဘောတူညီအတွက်ရခဲ့တာကြောင့် တနှစ်ကျော်ကြာရပ်ဆိုင်းခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တရားဝင် စတင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲအလွန် နဲ့ NCA လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ နဲ့ ပတ်သက်ပြီး ရခဲ့တဲ့သဘောတူချက်တွေ ကိုလည်း အခုလို ဆက်ပြောပါတယ်။

“နောက်တစ်ခုကတော့ ၂၀၂၀အလွန်မှာ ဆက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်တွေ၊ အဆင့်လိုက်အကောင်အထည်ဖော်မှုတွေ ဒီဟာတွေကိုလည်း ဆောင်ရွက်ပါဆိုပြီး JICM က သဘောတူလိုက်ပါတယ်။ နောက်တစ်ချက်က ကျနော်တို့ NCA Peace Process မှာ NCA မထိုးသေးတဲ့အဖွဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ဖို့ ကျနော်တို့ NCA အခြေခံနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ ဆိုတဲ့ အချက်အပေါ်မှာလည်း ကျနော်တို့ သဘောတူညီမှုရခဲ့ပါတယ်။”

ရရှိခဲ့တဲ့ ကျန်သဘောတူညီချက်တွေထဲမှာNCA အခန်း ၃၊ ၄၊ ၆ နဲ့ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မယ့် အချက်၊ NCA အကောင်အထည်ဖော်တာနဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဘက်ကြား မူဘောင်သဘောတူညီချက်တွေ ရယူဖို့၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ချုပ်ဆိုဖို့၊NCA စာချုပ်ပါ ဝေါဟာရ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ကို အလုပ်အဖွဲ့ဖွဲ့ ဆောင်ရွက်ဖို့ စတာတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယ အစည်းအဝေးပြီးတဲ့နောက် ငြိမ်းချမ်းရေးညီလာခံဟာ တစ်နှစ်ကျော်ကြာရပ်နားခဲ့ပါတယ်။ ဒီလို ရပ်နားခဲ့တာကတော့ ပြည်ထောင်စုက ခွဲမထွက်ရေးဆိုတာနဲ့ တပ်မတော်တစ်ခုတည်းဖြစ်ရေးမူအပေါ်မှာ အကျေအလည် မဆွေးနွေးနိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

လာမယ့် ညီလာခံမှာ ဒီအချက်တွေ ထည့်သွင်းဆွေးနွေးနိုင်မလားဆိုတာကိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းငင်းက အခုလို ဖြေဆိုပါတယ်။

“ ဒီကိစ္စကတော့ တစ်ချိန်ချိန်မှာတော့ ပါနိုင်တဲ့အနေအထားရှိတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ဖြစ်မလား။ ဒါမှမဟုတ် နောက်လာမယ့် ညီလာခံဖြစ်မလားဆိုတာမရေရာသေးဘူး။ ခုနကပြောသလို ကျနော်တို့ရဲ့ ညှိနှိုင်းရေးအလုပ်အဖွဲ့တွေရဲ့ ညှိနှိုင်းတဲ့အပေါ်မှာ မူတည်တယ်။ နောက်တစ်ချက်က ယုံကြည်မှုအပေါ်မှာလည်း မူတည်တယ်။”

NCA လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုးရေးကို အစိုးရရော၊ လက်နက်ကိုင်အဖွဲ့တွေကပါ ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ကြပါတယ်။

NCA သဘောတူညီချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေ ညီလာခံကို ၂ နှစ်တ ကြိမ် ကျင်းးပဖို့ သဘောတူထားတာ ဖြစ်ပေမယ့် သဘောထား ကွဲလွဲမှုတွေ ရှိနေတာကြောင့် ၂၀၁၈ ဇူလိုင်လမှာ တတိယ အကြိမ် အစည်းဝေးကို နောက်ဆုံးကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG