သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NCA ၄ ႏွစ္ခရီး ျငိမ္းခ်မ္းေရးနဲ႔ ဘယ္ေလာက္ နီးျပီလဲ


ျမန္မာ့ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြ တက္ေရာက္လာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (၀ဲ)၊ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ (ယာ) ( ေအာက္တိုဘာ ၁၅၊ ၂၀၁၈)

လာမယ့္ ေအာက္တိုဘာ ၁၅ ရက္ေန႔ဆုိရင္ အစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္ တစ္ခ်ိဳ႕ တစ္တုိင္းျပည္လံုးဆုိင္ရာ အပစ္ရပ္စာခ်ဳပ္ NCA လက္မွတ္ထိုးထားတာ (၄) ႏွစ္ ျပည့္ပါျပီ။ လက္ရွိ အေျခအေနကိုၾကည့္ရင္ အစိုးရနဲ႔ NCA လက္မွတ္ထိုးထားတဲ့ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြၾကား တရား၀င္ ေဆြးေႏြးပြဲေတြ ရပ္ဆုိင္းေနသလို၊ ေျမာက္ပုိင္းမဟာမိတ္ လို႔ ေခၚၾကတဲ့ လက္နက္ကိုင္ (၃) ဖြဲ႕နဲ႔လည္း အပစ္အခတ္ ရပ္စဲတာ မလုပ္ႏိုင္ေသးပါဘူး။ ရခုိင္ျပည္နယ္မွာ ဆုိရင္ေတာ့ ေန႔စဥ္ရက္ဆက္ တုိက္ပြဲေတြ ျဖစ္ေနပါေသးတယ္။ တိုက္ပြဲလည္း မျဖစ္၊ NCA လက္မွတ္လည္း မထိုးပဲေနတဲ့ ၀ နဲ႔ မုိင္းလားလို အဖြဲ႕မ်ိဳးကလည္း NCA လမ္းေၾကာင္းေပၚ၊ ျငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ စားပြဲ၀ိုင္းဆီ ေရာက္မလာေသးပါဘူး။ ၄ ႏွစ္အတြင္း ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အေကာင္အထည္ ေဖာ္ရာမွာ ပင္လံုညီလာခံ ၃ၾကိမ္ က်င္းပႏိုင္တယ္၊ ျပည္ေထာင္စု စာခ်ဳပ္အတြက္ အခ်က္ ၅၀ ေက်ာ္ သေဘာတူညီခ်က္ ရခဲ့တယ္ ဆိုတာေလာက္ကလြဲျပီး အားမနာတမ္း ေျပာရရင္ တိုးတက္သင့္သေလာက္ တုိးတက္မွဳ မရွိခဲ့ဘူးလို႔ ဆုိႏုိင္ပါတယ္။ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ တုိးတက္ဖို႔ ဆုိရင္ အရင္ဦးဆံုး ျဖစ္ပ်က္ခဲ့တဲ့ အခက္အခဲ ျပသနာေတြကို နားလည္ေအာင္ အရင္ ၾကိဳးစားဖို႔ လိုပါတယ္။ ဒါမွသာ အေျဖရွာ၊ သင္ခန္းယူျပီး ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ တုိးတက္ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏုိင္မွာပါ။ ခုတစ္ပတ္ အဲဒီအေၾကာင္း ေဆြးေႏြး တင္ျပသြားပါ့မယ္။

သမၼတေဟာင္း ဦးသိန္းစိန္ အစိုးရလက္ထက္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေဆာင္ရြက္ရာမွာ တိုးတက္မွဳ အမ်ားၾကီး ရခဲ့တယ္လို႔ ဆုိႏုိင္ပါတယ္။ အေၾကာင္းကေတာ့ အပစ္အခတ္ ရပ္စဲေရး လုပ္ကို လုပ္ရမယ္၊ ျငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ လုပ္ကို လုပ္ရမယ္ ဆိုတဲ့ ခိုင္မာတဲ့ သႏၶိဌာန္ ရွိတာ၊ တိုင္းရင္းသား လက္နက္ကိုင္ေတြကို ဆက္ဆံရာမွာ အရင္ သမိုင္းတစ္ေလ်ာက္ မရွိခဲ့ဖူးတဲ့ တန္းတူရည္တူ သေဘာမ်ိဳးထားျပီး လိုက္ေလ်ာသင့္တာေတြ လုိက္ေလ်ာေပးတာ၊ MPC လိုမ်ိဳး ျငိမ္းခ်မ္းေရး ေဖာ္ေဆာင္တဲ့ ၾကားခံအဖြဲ႕ အားေကာင္းတာ၊ အစိုးရနဲ႔ တပ္မေတာ္ ညီညြတ္မွဳ ရွိေနတာ၊ အစိုးရနဲ႔ ျငိမ္းခ်မ္းေရးအဖြဲ႕ရဲ႕ ေဆာင္ရြက္မွဳေနာက္ တပ္မေတာ္က လိုက္ပါ ေဆာင္ရြက္တာ စတာေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီလို ေဆာင္ရြက္ခဲ့တာေတာင္ ၂၀၁၅ ခုႏွစ္ ႏွစ္ဆန္း၊ ကိုးကန္႔တပ္ဖြဲ႕ရဲ႕ တုိက္ခိုက္မွဳ ျဖစ္ေပၚခဲ့ျပီး ေနာင္ ႏွစ္ကုန္ပိုင္း NCA လက္မွတ္ထိုးတဲ့အခါ အဲဒီ ျပသနာ အေႏွာင့္အယွက္ ျဖစ္ေပၚေစခဲ့ပါတယ္။ အက်ိဳးဆက္ကေတာ့ တပ္မေတာ္ဘက္က ကိုးကန္႔၊ တအဲန္းနဲ႔ ရခုိင္AA တပ္ဖြဲ႕ေတြကို NCA စာခ်ဳပ္ လက္မွတ္ထိုးရာမွာ ပါ၀င္ခြင့္ မေပးေတာ့ျခင္းအားျဖင့္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို တစ္၀က္ တစ္ပ်က္ ေအာင္ျမင္မွဳအျဖစ္ က်ဆင္းသြားေစခဲ့ပါတယ္။

၂၀၁၆ ဧျပီ အင္န္အယ္လ္ဒီ အစိုးရ တက္လာတဲ့အခါ ႏုိင္ငံေတာ္ရဲ႕အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူ႔အစိုးရအဖြဲ႕အတြက္ ျငိမ္းခ်မ္းေရးသည္ ပထမ၊ ျငိမ္းခ်မ္းေရးသည္ ဒုတိယ၊ ျငိမ္းခ်မ္းေရးသည္ တတိယ ဆုိျပီး ေၾကြးေၾကာ္ခဲ့ပါတယ္။ ႏိုင္ငံ့စီးပြားေရး ေပၚလစီ ခ်မွတ္ရာမွာေတာင္ ျငိမ္းခ်မ္းေရးကို အေထာက္အကူျပဳေသာ စီးပြားေရး ဆုိျပီး ခ်မွတ္ခဲ့ပါတယ္။ ေျပာရရင္ အရင္ အစိုးရလိုပဲ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အတြက္ ခိုင္မာတဲ့ သႏၶိဌာန္ ခ်တာ ေတြ႕ၾကရပါတယ္။ ဒါေပမယ့္ အားလံုးသိၾကတဲ့အတုိင္း အင္န္အယ္လ္ဒီ အစိုးရလက္ထက္မွာ ျငိမ္းခ်မ္းေရးဟာ တိုးတက္သင့္သေလာက္ မတုိးတက္တဲ့အျပင္ ရပ္တန္႔ ပိတ္ဆို႔တဲ့ အေနအထားမ်ိဳးေတာင္ ေရာက္ခဲ့ရတာပါ။ ဘာေၾကာင့္ပါလဲ။

ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဆုိတာဟာ အဓိကအားျဖင့္ လက္နက္ကိုင္ ပဋိပကၡ ျဖစ္ေနတဲ့ ဘက္ႏွစ္ဖက္ ပဋိပကၡေတြ ေျပျငိမ္းေအာင္ လုပ္ရတာမ်ိဳးလို႔ အၾကမ္းဖ်ဥ္း ေျပာႏုိင္ပါတယ္။ ဒါေၾကာင့္ အဲဒီ လက္နက္ကိုင္ အစုအဖြဲ႕ေတြ၊ အထူးသျဖင့္ အင္အားၾကီးတဲ့ အဖြဲ႕ရဲ႕ ျငိမ္းခ်မ္းေရး ရယူမယ္ ဆုိတဲ့ ခိုင္မာတဲ့ သႏၶိဌာန္ ဆိုတာ အလြန္အေရးၾကီးပါတယ္။ ျမန္မာႏုိင္ငံမွာ အင္အားအၾကီးဆံုး လက္နက္ကိုင္ တပ္ဖြဲ႕ဟာ တပ္မေတာ္ပဲ ျဖစ္ပါတယ္။

အရင္ အစိုးရေဟာင္း လက္ထက္မွာတုန္းကေတာ့ တပ္မေတာ္ဟာ အပစ္ရပ္ေရး၊ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ ပါ၀င္ေရးအတြက္ အစိုးရနည္းတူ ဆႏၵျပင္းျပခဲ့ပံု ေပၚပါတယ္။ အင္န္အယ္လ္ဒီ လက္ထက္ မွာေတာ့ လက္နက္ကိုင္ အဖြဲ႕ေတြအေပၚ သေဘာထား တင္းမာလာသလို အဲဒီရဲ႕ မူလ အေၾကာင္းရင္းဟာ ျငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ျပီး ဆႏၵျပင္းျပမွဳ အားနည္းသြားတာေၾကာင့္လို႔ ေကာက္ခ်က္ခ်ႏုိင္ပါတယ္။

ဒီလို ေျပာင္းလဲသြားရတာဟာ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေဆာင္ရြက္ေနခ်ိန္ ကိုးကန္႔တုိက္ပြဲေတြ ေပၚေပါက္လာတာ၊ ရခုိင္ AA တပ္ဖြဲ႕ ၾကီးထြားလာျပီး အျဖဴေရာင္နယ္ေျမ ရခိုင္ျပည္နယ္မွာ တုိက္ပြဲေတြ ျဖစ္ပြားလာတာမ်ိဳးနဲ႔ ဆက္စပ္ေနႏုိင္သလို၊ အျခားေသာ ႏုိင္ငံေရးဆုိင္ရာ အက်ိဳးစီးပြား ခံယူခ်က္ေတြေၾကာင့္လည္း ျဖစ္ေကာင္း ျဖစ္ႏုိင္ပါတယ္။

အလားတူ တပ္မေတာ္ရဲ႕ တူတူတန္တန္ အသိအမွတ္ျပဳမွဳ မခံရတဲ့ ကိုးကန္႔၊ တအဲန္း နဲ႔ ရခုိင္AA တပ္ဖြဲ႕ေတြကလည္း စစ္ေရးနည္းလမ္းကို ပိုပိုယံုၾကည္လာျပီး ျငိမ္းခ်မ္းေရး ဆုိတာ ရလည္းျဖစ္၊ မရလည္းျဖစ္ ဆိုတဲ့ အေတြးအေခၚဘက္ တိမ္းညႊတ္လာတာ ေတြ႕ျမင္ၾကရပါတယ္။ ျငိမ္းခ်မ္းေရး နဲ႔ ပတ္သက္ျပီး ေနာက္ထပ္ က်ယ္က်ယ္ျပန္႔ျပန္႔ ေျပာဆုိေနၾကတဲ့ ေ၀ဖန္မွဳကေတာ့ အင္န္အယ္လ္ဒီ ရဲ႕ ဦးေဆာင္မွဳက႑ပါ။ အင္န္အယ္လ္ဒီ ဟာ ျပည္သူလူထုက ေရြးခ်ယ္တင္ေျမွာက္လိုက္တဲ့ အရပ္သား အစိုးရ ျဖစ္တာနဲ႔အညီ လက္နက္ကိုင္ တပ္ဖြဲ႕ေတြၾကား ျဖစ္ပြားေနတဲ့ ျပသနာမွာ ၾကားေနျပီး တက္တက္ၾကြၾကြ ေစ့စပ္ညွိႏွိဳင္းတဲ့ ေနရာက ဦးေဆာင္ပါ၀င္ရမွာပါ။ ဒါေပမယ့္လည္း ေဒၚေအာင္ဆန္းစုၾကည္ တာ၀န္ေပးထားတဲ့ NRPC နဲ႔ ေဒါက္တာတင္မ်ိဳး၀င္းရဲ႕ ဦးေဆာင္ႏိုင္စြမ္း အလြန္ အားနည္းသလို၊ ခုဆိုရင္ ျငိမ္းခ်မ္းေရးလို႔ ေျပာလိုက္တာနဲ႔ စစ္ဗိုလ္ခ်ဳပ္ေဟာင္း ဦးခင္ေဇာ္ဦး၊ ဗိုလ္မွဴးေဟာင္း ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌး တုိ႔ေလာက္ကိုပဲ ေျပးျမင္ရတဲ့အေျခအေနအထိ ေရာက္သြားေစပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ အင္န္အယ္လ္ဒီ ရဲ႕ အခန္းက႑ မရွိသေလာက္ ေမွးမွိန္ ေပ်ာက္ကြယ္ေနတာ ေတြ႕ျမင္ႏိုင္ပါတယ္။ ဒါတင္မက ျငိမ္းခ်မ္းေရး ေဖာ္ေဆာင္ရာမွာ အေရးၾကီး လိုအပ္ခ်က္ တစ္ခုျဖစ္တဲ့ အစိုးရနဲ႔ တပ္မေတာ္ ညီညြတ္မွဳကလည္း ေမးခြန္းထုတ္စရာ ေကာင္းေလာက္ေအာင္ အားနည္းေနတာကိုပါ တစ္ျပိဳင္နက္တည္း ျမင္ေတြ႕ႏိုင္ပါတယ္။ ဒီ အေျခအေနေတြ အားလံုးဟာ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဘာေၾကာင့္ တုိးတက္မွဳ မရသလဲ ဆိုတာရဲ႕ ထင္သာျမင္သာရွိတဲ့ အေၾကာင္းျခင္းရာေတြပဲ ျဖစ္ပါတယ္။

ဒီအတြက္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ တုိးတက္ ေအာင္ျမင္ဖို႔ ဆိုရင္ လက္နက္ကိုင္ အဖြဲ႕ေတြရဲ႕ သႏၶိဌာန္က အလြန္အေရးၾကီးပါတယ္။ ဒါေၾကာင့္ ျငိမ္းခ်မ္းေရး လုပ္ငန္း တုိးတက္ေအာင္ ေဆာင္ရြက္ျခင္းဟာ တပ္မေတာ္ရဲ႕ အက်ိဳးစီးပြားနဲ႔ တစ္ထပ္တည္း က်တယ္ ဆိုတာ တပ္မေတာ္ ေခါင္းေဆာင္ေတြ နားလည္လာေအာင္ စည္းရံုးဖို႔ လိုပါတယ္။ တိုင္းရင္းသားေတြ လိုလားတဲ့ တန္းတူေရး ဆုိတာဟာ စစ္ေရးနည္းနဲ႔ ေျဖရွင္းလို႔မရ၊ တကယ့္ ေဆြးေႏြးတဲ့နည္းနဲ႔ပဲ ေျဖရွင္းမွ ရမယ္ ဆိုတာ တပ္မေတာ္ဘက္က သက္ေသျပႏုိင္ပါတယ္။ NCA ထိုးထားတဲ့ အဖြဲ႕ေတြရဲ႕ နယ္ေျမ ေဒသ ဖြံ႕ျဖိဳးေရးနဲ႔ တုိင္းရင္းသားေတြရဲ႕ လိုအင္ဆႏၵျဖည့္ဆည္း ေပးျခင္းအားျဖင့္ အပစ္ရပ္ထားျပီး ျငိမ္းခ်မ္းေရး ေဆြးေႏြးတာဟာ လက္ေတြ႕အက်ိဳးျဖစ္ထြန္းတယ္ ဆိုတာမ်ိဳးကိုလည္း အစိုးရနဲ႔ တပ္မေတာ္ဘက္က လက္ေတြ႕က်က် လုပ္ကိုင္ေဆာင္ရြက္ေပးႏုိင္ပါတယ္။ အဲဒီလို ေဆာင္ရြက္ျခင္းက တစ္ဆင့္သာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ စစ္ေရးကိုသာ ယံုၾကည္တဲ့ အယူအဆ ကို ေျပာင္းလဲေစမွာ ျဖစ္ပါတယ္။ အလားတူ အင္န္အယ္လ္ဒီ အစိုးရဘက္က အဓိက လုပ္ရမယ့္ လုပ္ငန္းကေတာ့ ျငိမ္းခ်မ္းေရး ေဖာ္ေဆာင္တဲ့ NRPC လိုအဖြဲ႕ရဲ႕ စြမ္းေဆာင္ရည္ ထက္ျမက္လာေအာင္ ျပဳျပင္ေျပာင္းလဲမွဳေတြ လုပ္ဖို႔ ျဖစ္ပါတယ္။ လိုအပ္ရင္ NRPC ေခါင္းေဆာင္ပိုင္းကိုလည္း ရဲရဲ၀ံ့၀ံ့ အေျပာင္းအလဲ လုပ္သင့္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

(Unicode)

NCA ၄ နှစ်ခရီး ငြိမ်းချမ်းရေးနဲ့ ဘယ်လောက် နီးပြီလဲ

လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ဆိုရင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တစ်ချို့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတာ (၄) နှစ် ပြည့်ပါပြီ။ လက်ရှိ အခြေအနေကိုကြည့်ရင် အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တရားဝင် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေသလို၊ မြောက်ပိုင်းမဟာမိတ် လို့ ခေါ်ကြတဲ့ လက်နက်ကိုင် (၃) ဖွဲ့နဲ့လည်း အပစ်အခတ် ရပ်စဲတာ မလုပ်နိုင်သေးပါဘူး။ ရခိုင်ပြည်နယ်မှာ ဆိုရင်တော့ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်နေပါသေးတယ်။ တိုက်ပွဲလည်း မဖြစ်၊ NCA လက်မှတ်လည်း မထိုးပဲနေတဲ့ ၀ နဲ့ မိုင်းလားလို အဖွဲ့မျိုးကလည်း NCA လမ်းကြောင်းပေါ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ရောက်မလာသေးပါဘူး။ ၄ နှစ်အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်ရာမှာ ပင်လုံညီလာခံ ၃ကြိမ် ကျင်းပနိုင်တယ်၊ ပြည်ထောင်စု စာချုပ်အတွက် အချက် ၅၀ ကျော် သဘောတူညီချက် ရခဲ့တယ် ဆိုတာလောက်ကလွဲပြီး အားမနာတမ်း ပြောရရင် တိုးတက်သင့်သလောက် တိုးတက်မှု မရှိခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်ဖို့ ဆိုရင် အရင်ဦးဆုံး ဖြစ်ပျက်ခဲ့တဲ့ အခက်အခဲ ပြသနာတွေကို နားလည်အောင် အရင် ကြိုးစားဖို့ လိုပါတယ်။ ဒါမှသာ အဖြေရှာ၊ သင်ခန်းယူပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက် အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပါ။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ တိုးတက်မှု အများကြီး ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အကြောင်းကတော့ အပစ်အခတ် ရပ်စဲရေး လုပ်ကို လုပ်ရမယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ကို လုပ်ရမယ် ဆိုတဲ့ ခိုင်မာတဲ့ သန္ဓိဌာန် ရှိတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဆက်ဆံရာမှာ အရင် သမိုင်းတစ်လျောက် မရှိခဲ့ဖူးတဲ့ တန်းတူရည်တူ သဘောမျိုးထားပြီး လိုက်လျောသင့်တာတွေ လိုက်လျောပေးတာ၊ MPC လိုမျိုး ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ ကြားခံအဖွဲ့ အားကောင်းတာ၊ အစိုးရနဲ့ တပ်မတော် ညီညွတ်မှု ရှိနေတာ၊ အစိုးရနဲ့ ငြိမ်းချမ်းရေးအဖွဲ့ရဲ့ ဆောင်ရွက်မှုနောက် တပ်မတော်က လိုက်ပါ ဆောင်ရွက်တာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ခဲ့တာတောင် ၂၀၁၅ ခုနှစ် နှစ်ဆန်း၊ ကိုးကန့်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီး နောင် နှစ်ကုန်ပိုင်း NCA လက်မှတ်ထိုးတဲ့အခါ အဲဒီ ပြသနာ အနှောင့်အယှက် ဖြစ်ပေါ်စေခဲ့ပါတယ်။ အကျိုးဆက်ကတော့ တပ်မတော်ဘက်က ကိုးကန့်၊ တအဲန်းနဲ့ ရခိုင်AA တပ်ဖွဲ့တွေကို NCA စာချုပ် လက်မှတ်ထိုးရာမှာ ပါဝင်ခွင့် မပေးတော့ခြင်းအားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစ်ဝက် တစ်ပျက် အောင်မြင်မှုအဖြစ် ကျဆင်းသွားစေခဲ့ပါတယ်။
၂၀၁၆ ဧပြီ အင်န်အယ်လ်ဒီ အစိုးရ တက်လာတဲ့အခါ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့အစိုးရအဖွဲ့အတွက် ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယ ဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။ နိုင်ငံ့စီးပွားရေး ပေါ်လစီ ချမှတ်ရာမှာတောင် ငြိမ်းချမ်းရေးကို အထောက်အကူပြုသော စီးပွားရေး ဆိုပြီး ချမှတ်ခဲ့ပါတယ်။ ပြောရရင် အရင် အစိုးရလိုပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ခိုင်မာတဲ့ သန္ဓိဌာန် ချတာ တွေ့ကြရပါတယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဟာ တိုးတက်သင့်သလောက် မတိုးတက်တဲ့အပြင် ရပ်တန့် ပိတ်ဆို့တဲ့ အနေအထားမျိုးတောင် ရောက်ခဲ့ရတာပါ။ ဘာကြောင့်ပါလဲ။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုတာဟာ အဓိကအားဖြင့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ ဘက်နှစ်ဖက် ပဋိပက္ခတွေ ပြေငြိမ်းအောင် လုပ်ရတာမျိုးလို့ အကြမ်းဖျဉ်း ပြောနိုင်ပါတယ်။ ဒါကြောင့် အဲဒီ လက်နက်ကိုင် အစုအဖွဲ့တွေ၊ အထူးသဖြင့် အင်အားကြီးတဲ့ အဖွဲ့ရဲ့ ငြိမ်းချမ်းရေး ရယူမယ် ဆိုတဲ့ ခိုင်မာတဲ့ သန္ဓိဌာန် ဆိုတာ အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဟာ တပ်မတော်ပဲ ဖြစ်ပါတယ်။
အရင် အစိုးရဟောင်း လက်ထက်မှာတုန်းကတော့ တပ်မတော်ဟာ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ရေးအတွက် အစိုးရနည်းတူ ဆန္ဒပြင်းပြခဲ့ပုံ ပေါ်ပါတယ်။ အင်န်အယ်လ်ဒီ လက်ထက် မှာတော့ လက်နက်ကိုင် အဖွဲ့တွေအပေါ် သဘောထား တင်းမာလာသလို အဲဒီရဲ့ မူလ အကြောင်းရင်းဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြင်းပြမှု အားနည်းသွားတာကြောင့်လို့ ကောက်ချက်ချနိုင်ပါတယ်။
ဒီလို ပြောင်းလဲသွားရတာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေချိန် ကိုးကန့်တိုက်ပွဲတွေ ပေါ်ပေါက်လာတာ၊ ရခိုင် AA တပ်ဖွဲ့ ကြီးထွားလာပြီး အဖြူရောင်နယ်မြေ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာမျိုးနဲ့ ဆက်စပ်နေနိုင်သလို၊ အခြားသော နိုင်ငံရေးဆိုင်ရာ အကျိုးစီးပွား ခံယူချက်တွေကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အလားတူ တပ်မတော်ရဲ့ တူတူတန်တန် အသိအမှတ်ပြုမှု မခံရတဲ့ ကိုးကန့်၊ တအဲန်း နဲ့ ရခိုင်AA တပ်ဖွဲ့တွေကလည်း စစ်ရေးနည်းလမ်းကို ပိုပိုယုံကြည်လာပြီး ငြိမ်းချမ်းရေး ဆိုတာ ရလည်းဖြစ်၊ မရလည်းဖြစ် ဆိုတဲ့ အတွေးအခေါ်ဘက် တိမ်းညွှတ်လာတာ တွေ့မြင်ကြရပါတယ်။ ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး နောက်ထပ် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြတဲ့ ဝေဖန်မှုကတော့ အင်န်အယ်လ်ဒီ ရဲ့ ဦးဆောင်မှုကဏ္ဍပါ။ အင်န်အယ်လ်ဒီ ဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အရပ်သား အစိုးရ ဖြစ်တာနဲ့အညီ လက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ ပြသနာမှာ ကြားနေပြီး တက်တက်ကြွကြွ စေ့စပ်ညှိနှိုင်းတဲ့ နေရာက ဦးဆောင်ပါဝင်ရမှာပါ။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးထားတဲ့ NRPC နဲ့ ဒေါက်တာတင်မျိုးဝင်းရဲ့ ဦးဆောင်နိုင်စွမ်း အလွန် အားနည်းသလို၊ ခုဆိုရင် ငြိမ်းချမ်းရေးလို့ ပြောလိုက်တာနဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးခင်ဇော်ဦး၊ ဗိုလ်မှူးဟောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့လောက်ကိုပဲ ပြေးမြင်ရတဲ့အခြေအနေအထိ ရောက်သွားစေပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အင်န်အယ်လ်ဒီ ရဲ့ အခန်းကဏ္ဍ မရှိသလောက် မှေးမှိန် ပျောက်ကွယ်နေတာ တွေ့မြင်နိုင်ပါတယ်။ ဒါတင်မက ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အရေးကြီး လိုအပ်ချက် တစ်ခုဖြစ်တဲ့ အစိုးရနဲ့ တပ်မတော် ညီညွတ်မှုကလည်း မေးခွန်းထုတ်စရာ ကောင်းလောက်အောင် အားနည်းနေတာကိုပါ တစ်ပြိုင်နက်တည်း မြင်တွေ့နိုင်ပါတယ်။ ဒီ အခြေအနေတွေ အားလုံးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘာကြောင့် တိုးတက်မှု မရသလဲ ဆိုတာရဲ့ ထင်သာမြင်သာရှိတဲ့ အကြောင်းခြင်းရာတွေပဲ ဖြစ်ပါတယ်။
ဒီအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက် အောင်မြင်ဖို့ ဆိုရင် လက်နက်ကိုင် အဖွဲ့တွေရဲ့ သန္ဓိဌာန်က အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လုပ်ငန်း တိုးတက်အောင် ဆောင်ရွက်ခြင်းဟာ တပ်မတော်ရဲ့ အကျိုးစီးပွားနဲ့ တစ်ထပ်တည်း ကျတယ် ဆိုတာ တပ်မတော် ခေါင်းဆောင်တွေ နားလည်လာအောင် စည်းရုံးဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ လိုလားတဲ့ တန်းတူရေး ဆိုတာဟာ စစ်ရေးနည်းနဲ့ ဖြေရှင်းလို့မရ၊ တကယ့် ဆွေးနွေးတဲ့နည်းနဲ့ပဲ ဖြေရှင်းမှ ရမယ် ဆိုတာ တပ်မတော်ဘက်က သက်သေပြနိုင်ပါတယ်။ NCA ထိုးထားတဲ့ အဖွဲ့တွေရဲ့ နယ်မြေ ဒေသ ဖွံ့ဖြိုးရေးနဲ့ တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒဖြည့်ဆည်း ပေးခြင်းအားဖြင့် အပစ်ရပ်ထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးတာဟာ လက်တွေ့အကျိုးဖြစ်ထွန်းတယ် ဆိုတာမျိုးကိုလည်း အစိုးရနဲ့ တပ်မတော်ဘက်က လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်ပါတယ်။ အဲဒီလို ဆောင်ရွက်ခြင်းက တစ်ဆင့်သာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေးကိုသာ ယုံကြည်တဲ့ အယူအဆ ကို ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ အလားတူ အင်န်အယ်လ်ဒီ အစိုးရဘက်က အဓိက လုပ်ရမယ့် လုပ်ငန်းကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ NRPC လိုအဖွဲ့ရဲ့ စွမ်းဆောင်ရည် ထက်မြက်လာအောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဖြစ်ပါတယ်။ လိုအပ်ရင် NRPC ခေါင်းဆောင်ပိုင်းကိုလည်း ရဲရဲဝံ့ဝံ့ အပြောင်းအလဲ လုပ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG