သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RCSS ဥက္ကဋ္ဌ နေပြည်တော်မှာ နိုင်ငံတော်အကြီးအကဲတွေနဲ့ တွေ့ဆုံဖွယ်ရှိ


၂၀၁၇ ခုနှစ်အတွင်းက RCSS ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည့်မြင်ကွင်း။ (ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး။ စက်တင်ဘာ ၁၂၊ ၂၀၁၇)
၂၀၁၇ ခုနှစ်အတွင်းက RCSS ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည့်မြင်ကွင်း။ (ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး။ စက်တင်ဘာ ၁၂၊ ၂၀၁၇)

(Zawgyi / Unicode)

တနိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကို တက်ရောက်ဖို့အတွက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဗိုလ်ချုပ်ကြီးယွက်စစ် ဒီကနေ့ ဇန်နဝါရီလ ၆ ရက်နေ့မှာ တာချီလိတ်ကနေ နေပြည်တော်ကို သွားရောက်မယ့် အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

နေပြည်တော်မှာ ရှိနေစဉ်အတွင်း နိုင်ငံတော်အကြီးအကဲတွေနဲ့လည်း တွေ့ဆုံမယ်လို့ RCSS ရဲ့ ကြေညာချက်မှာ ဖော်ပြထားတာကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့လည်း တွေ့ဆုံဆွေးနွေးဖွယ် ရှိနေပါတယ်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ယာယီ အဖွဲ့ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အပစ်ရပ်စာချုပ် NCA ၄ နှစ်ပြည့် အခမ်းအနားကို ဟိုမိန်း - လင်းခေး - မိုးနဲ - နမ့်စမ် - တောင်ကြီးကတဆင့် နေပြည်တော်ကို လာရောက်ဖို့ စီစဉ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ ခရီးစဉ်ကို တပ်မတော်က ခွင့်မပြုခဲ့ပါဘူး။

ဒီလို ခွင့်မပြုတာကြောင့် RCSS အဖွဲ့ဟာ NCA ၄ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခြင်း မရှိသလို တခြား အရေးကြီး အစည်းအဝေးဖြစ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူညီချက် ပူးတွဲ အကောင်အထည်ဖော်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကိုလည်း ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။

----------------------------------

(Unicode)

RCSS ဥက်ကဋ်ဌ နပွေညျတောျမှာ နိုငျငံတောျအကွီးအကဲတှနေဲ့ တှေ့ဆုံဖှယျရှိ






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG