သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

RCSS ေခါင္းေဆာင္ခရီးစဥ္ လုံၿခဳံေရးအရ တားဆီးခဲ့ဟု ျမန္မာ စစ္တပ္တုံ႔ျပန္


၂၀၁၉ ေဖေဖာ္၀ါရီ တုန္းက တပ္မေတာ္ သတင္းစာရွင္းလင္းပြဲလုပ္စဥ္

(Zawgyi/Unicode)

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ဥကၠဌ ခရီးစဥ္ အဆင္မေျပျဖစ္ခဲ့ တာနဲ႔ပတ္သက္ၿပီး ၂၁ရာစုပင္လံုျဖစ္ေျမာက္ေရးကို လိုလားတာေၾကာင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ဆက္လက္ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းတပ္မေတာ္ဘက္က ဒီေန႔ ေျပာဆုိလုိက္ပါတယ္။

RCSS ဘက္ကေတာ့ သူတုိ႔အခ်င္းခ်င္း ျပန္လည္ေဆြးေႏြးၿပီးမွ တံု႔ျပန္သြားဖုိ႔ ရွိေနပါတယ္။ ဒီသတင္းကို ဗီြအုိေအ ျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS ဥကၠဌ ဗိုလ္ခ်ဳပ္ၾကီး ယြတ္စစ္ဟာ အပစ္ရပ္စာခ်ဳပ္ NCA ၄ႏွစ္ျပည့္အခမ္းအနားကို ဟိုမိန္း-လင္းေခး- မိုးနဲ- နမ့္စန္- ေတာင္ၾကီး ကတဆင့္ ေနျပည္ေတာ္ကို လာေရာက္ဖို႔ စီစဥ္ခဲ့တဲ့ ခရီးကို တပ္မေတာ္က ခြင့္မျပဳခဲ့တာျဖစ္ပါတယ္။

ဒီလုိခြင့္မျပဳတာေၾကာင့္ RCSS အဖဲြ႔ဟာ NCA ၄ႏွစ္ျပည့္အခမ္းအနားကို တက္ေရာက္ျခင္းမရိွသလို အျခားအေရးၾကီး အစည္းအေ၀းျဖစ္တဲ့ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူညီခ်က္ ပူးတဲြအေကာင္အထည္ေဖာ္ေရးဆုိင္ရာ ညိွႏိႈင္းအစည္းအေ၀း JICM ကိုလည္း က်င္းပႏိုင္ျခင္း မရိွခဲ့ပါဘူး။

ခရီးစဥ္ဖ်က္သိမ္းၿပီးတဲ့ေနာက္မွာေတာ့ RCSS ဥကၠဌက ထိုင္းျမန္မာနယ္စပ္မွာ က်င္းပတဲ့သတင္းစာရွင္းလင္းပဲြမွာတပ္မေတာ္က တားဆီးတာဟာ JICM အစည္းအေ၀းနဲ႔ NCA စာခ်ဳပ္ကို ဖ်က္သိမ္းလိုတာေၾကာင့္ ျဖစ္ေၾကာင္း ေ၀ဖန္ခဲ့ပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ အတြင္းေရးမွဴး ဗိုလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္းက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ျဖစ္ေျမာက္ေရးအတြက္ ဆက္လက္ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း VOA ကို အခုလို ေျပာပါတယ္။

“ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး က်ေနာ္တုိ႔က တားဆီးခ်င္လုိ႔ မဟုတ္ဘူး။ အဲဒီလံုၿခံဳေရးအရ တားဆီးခဲ့တာ ျဖစ္တဲ့အတြက္ေၾကာင့္ အဲဒီၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး ေရွ႕ဆက္ သြားရမယ့္ လုပ္ငန္းစဥ္ေတြကို က်ေနာ္တုိ႔ ဆက္လက္ ေဆာင္ရြက္သြားပါလိမ့္မယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္တုိင္လည္း က်ေနာ္တုိ႔ ဒီ KNU အဖဲြ႔နဲ႔ ေတြ႔ဆံုတဲ့အခါမွာေရာ၊ ဒီဘက္ ၈ဖဲြ႔နဲ႔ ေတြ႔ဆံုတဲ့အခါမွာေရာ ေျပာၿပီးသားျဖစ္တယ္။ အဓိက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ေျပာသြားတာက ဒီ ၂၁ရာစုပင္လံု စတုတၳအၾကိမ္ ညီလာခံကို တပ္မေတာ္ဘက္ ကေနၿပီးေတာ့ လိုလားတယ္၊ ၾကိဳဆိုတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ဆက္လက္ ေဆာင္ရြက္သြားမယ္ဆုိၿပီးေတာ့ ေျပာၾကားခဲ့ၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တုိ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တုိ႔ ဆက္လက္ ေဆာင္ရြက္သြားပါမယ္။”

၂၉ရက္ေန႔ ေန႔စဲြနဲ႔ထုတ္ျပန္တဲ့ တပ္မေတာ္ရဲ့ ေၾကညာခ်က္မွာေတာ့ ဟိုမိန္း-လင္းေခးလမ္းေၾကာင္း တစ္ေလွ်ာက္မွာ RCSS နဲ႔ ပဋိပကၡျဖစ္ဖူးတဲ႔ အဖဲြ႔ေတြ ရိွေနၿပီး ဒီခရီးစဥ္ကို အခ်ိန္နီးကပ္မွ သိရလုိ႔ လံုၿခံဳေရးစီစဥ္ဖုိ႔ အခ်ိန္မရတဲ့အတြက္ အရင္တံုးက ခရီးစဥ္ေတြလို တာခ်ီလိတ္ကတစ္ဆင့္ ေလယာဥ္နဲ႔ လာဖို႔အေၾကာင္း ျပန္ၾကားခဲ့ရတာျဖစ္ေၾကာင္း ေဖာ္ျပပါတယ္။

တပ္မေတာ္ဘက္က ထုတ္ျပန္တဲ့အေပၚမွာေတာ့ ဒါဟာအေၾကာင္း ျပခ်က္တစ္ခုသာျဖစ္တယ္လို႔ ယူဆေၾကာင္း RCSS ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဒုဗိုလ္မွဴးၾကီးစိုင္းဦးက ေျပာပါတယ္။ တဆက္တည္းမွာပဲ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဆက္လက္ေဆာင္ရြက္ေရးနဲ႔ပတ္သက္ၿပီး RCSS ရဲ႕ သေဘာထားကို အခုလုိ ေျပာပါတယ္။

“ ဆက္ေဆာင္ရြက္မယ္ဆုိတာက အေျပာနဲ႔ မဟုတ္ဘဲ လက္ေတြ႔ေဆာင္ရြက္ဖုိ႔လည္း လုိတာေပါ့ေလ။ တစ္ဘက္နဲ႔ တစ္ဘက္က နားလည္မႈေတြ ယံုၾကည္မႈေတြ လိုအပ္တယ္ေလ။ က်ေနာ္တုိ႔ လာတာလည္း က်ေနာ္တုိ႔ ၾကိဳတင္စီစဥ္ထားၿပီးသားပါ။ လာဖုိ႔ရာ။က်ေနာ္တုိ႔ လမ္းမွာေရာက္မွ၊ ေရာက္ေတာင္ေရာက္ေနၿပီ လမ္းတစ္၀က္မွာေရာက္မွ က်ေနာ္တုိ႔ကို ပိတ္ပင္တယ္ဆုိေတာ့လည္း ေရွ႔ဆက္သြားဖို႔က နည္းနည္းေတာ့ ခက္သြားတာေပါ့ေနာ္။ ဒီၿငိမ္းခ်မ္းေရးျဖစ္စဥ္ကိုလည္း က်ေနာ္တုိ႔ ေရွ႔ဆက္၊ မဆက္ဆုိတာ က်ေနာ္တုိ႔ထဲမွာ ျပန္ၿပီးေတာ့ ေရွ႔ဆက္ႏိုင္ ၊ မဆက္ႏိုင္ဆုိတာလည္း က်ေနာ္တို႔ အခ်င္းခ်င္း ျပန္ၿပီးေတာ့ ေဆြးေႏြးၾကရမွာ ျဖစ္ပါတယ္။”

NCA ကို လက္မွတ္ေရးထုိးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဆက္လက္ အေကာင္အထည္ေဖာ္ႏိုင္ဖုိ႔ အစိုးရ၊ တပ္မေတာ္နဲ႔ ေဆြးေႏြးခဲ့သလို အစိုးရနဲ႔ တပ္မေတာ္ကလည္း ကိုယ္စားလွယ္အဖဲြ႔ေစလႊတ္ၿပီး RCSS နဲ႔ ညိွႏိႈင္းဖုိ႔ စီစဥ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြကေတာ့ ရွမ္းျပည္နယ္အတြင္း အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပဲြေတြကို တပ္မေတာ္က ပိတ္ပင္ခဲ့တာနဲ႔ပတ္သက္ၿပီး RCSS နဲ႔ တပ္မေတာ္အၾကား မေျပမလည္ျဖစ္ခဲ့ဖူးသလို NCA ၃ႏွစ္ျပည့္ အခမ္းအနားၿပီးေနာက္မွာ RCSS က တရား၀င္ေဆြးေႏြးပဲြအခ်ိဳ႔ကို ယာယီရပ္ဆုိင္းခဲ့တာေတြ ရိွခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

RCSS ခေါင်းဆောင်ခရီးစဉ် လုံခြုံရေးအရတားဆီးခဲ့ဟု မြန်မာစစ်တပ်တုံ့ပြန်

(Unicode)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ခရီးစဉ် အဆင်မပြေဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ၂၁ရာစုပင်လုံဖြစ်မြောက်ရေးကို လိုလားတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းတပ်မတော်ဘက်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။ RCSS ဘက်ကတော့ သူတို့အချင်းချင်း ပြန်လည်ဆွေးနွေးပြီးမှ တုံ့ပြန်သွားဖို့ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွတ်စစ်ဟာ အပစ်ရပ်စာချုပ် NCA ၄နှစ်ပြည့်အခမ်းအနားကို ဟိုမိန်း-လင်းခေး- မိုးနဲ- နမ့်စန်- တောင်ကြီး ကတဆင့် နေပြည်တော်ကို လာရောက်ဖို့ စီစဉ်ခဲ့တဲ့ ခရီးကို တပ်မတော်က ခွင့်မပြုခဲ့တာဖြစ်ပါတယ်။

ဒီလိုခွင့်မပြုတာကြောင့် RCSS အဖွဲ့ဟာ NCA ၄နှစ်ပြည့်အခမ်းအနားကို တက်ရောက်ခြင်းမရှိသလို အခြားအရေးကြီး အစည်းအဝေးဖြစ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကိုလည်း ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

ခရီးစဉ်ဖျက်သိမ်းပြီးတဲ့နောက်မှာတော့ RCSS ဥက္ကဌက ထိုင်းမြန်မာနယ်စပ်မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာတပ်မတော်က တားဆီးတာဟာ JICM အစည်းအဝေးနဲ့ NCA စာချုပ်ကို ဖျက်သိမ်းလိုတာကြောင့် ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်မြောက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း VOA ကို အခုလို ပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျနော်တို့က တားဆီးချင်လို့ မဟုတ်ဘူး။ အဲဒီလုံခြုံရေးအရ တားဆီးခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဉ်တွေကို ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားပါလိမ့်မယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်လည်း ကျနော်တို့ ဒီ KNU အဖွဲ့နဲ့ တွေ့ဆုံတဲ့အခါမှာရော၊ ဒီဘက် ၈ဖွဲ့နဲ့ တွေ့ဆုံတဲ့အခါမှာရော ပြောပြီးသားဖြစ်တယ်။ အဓိက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောသွားတာက ဒီ ၂၁ရာစုပင်လုံ စတုတ္ထအကြိမ် ညီလာခံကို တပ်မတော်ဘက် ကနေပြီးတော့ လိုလားတယ်၊ ကြိုဆိုတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားပါမယ်။”

၂၉ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်တဲ့ တပ်မတော်ရဲ့ ကြေညာချက်မှာတော့ ဟိုမိန်း-လင်းခေးလမ်းကြောင်း တစ်လျှောက်မှာ RCSS နဲ့ ပဋိပက္ခဖြစ်ဖူးတဲ့ အဖွဲ့တွေ ရှိနေပြီး ဒီခရီးစဉ်ကို အချိန်နီးကပ်မှ သိရလို့ လုံခြုံရေးစီစဉ်ဖို့ အချိန်မရတဲ့အတွက် အရင်တုံးက ခရီးစဉ်တွေလို တာချီလိတ်ကတစ်ဆင့် လေယာဉ်နဲ့ လာဖို့အကြောင်း ပြန်ကြားခဲ့ရတာဖြစ်ကြောင်း ဖော်ပြပါတယ်။

တပ်မတော်ဘက်က ထုတ်ပြန်တဲ့အပေါ်မှာတော့ ဒါဟာအကြောင်း ပြချက်တစ်ခုသာဖြစ်တယ်လို့ ယူဆကြောင်း RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းဦးက ပြောပါတယ်။ တဆက်တည်းမှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆက်လက်ဆောင်ရွက်ရေးနဲ့ပတ်သက်ပြီး RCSS ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ ဆက်ဆောင်ရွက်မယ်ဆိုတာက အပြောနဲ့ မဟုတ်ဘဲ လက်တွေ့ဆောင်ရွက်ဖို့လည်း လိုတာပေါ့လေ။ တစ်ဘက်နဲ့ တစ်ဘက်က နားလည်မှုတွေ ယုံကြည်မှုတွေ လိုအပ်တယ်လေ။ ကျနော်တို့ လာတာလည်း ကျနော်တို့ ကြိုတင်စီစဉ်ထားပြီးသားပါ။ လာဖို့ရာ။ကျနော်တို့ လမ်းမှာရောက်မှ၊ ရောက်တောင်ရောက်နေပြီ လမ်းတစ်ဝက်မှာရောက်မှ ကျနော်တို့ကို ပိတ်ပင်တယ်ဆိုတော့လည်း ရှေ့ဆက်သွားဖို့က နည်းနည်းတော့ ခက်သွားတာပေါ့နော်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ကျနော်တို့ ရှေ့ဆက်၊ မဆက်ဆိုတာ ကျနော်တို့ထဲမှာ ပြန်ပြီးတော့ ရှေ့ဆက်နိုင် ၊ မဆက်နိုင်ဆိုတာလည်း ကျနော်တို့ အချင်းချင်း ပြန်ပြီးတော့ ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။”

NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ အစိုးရ၊ တပ်မတော်နဲ့ ဆွေးနွေးခဲ့သလို အစိုးရနဲ့ တပ်မတော်ကလည်း ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး RCSS နဲ့ ညှိနှိုင်းဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတော့ ရှမ်းပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တပ်မတော်က ပိတ်ပင်ခဲ့တာနဲ့ပတ်သက်ပြီး RCSS နဲ့ တပ်မတော်အကြား မပြေမလည်ဖြစ်ခဲ့ဖူးသလို NCA ၃နှစ်ပြည့် အခမ်းအနားပြီးနောက်မှာ RCSS က တရားဝင်ဆွေးနွေးပွဲအချို့ကို ယာယီရပ်ဆိုင်းခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG