(Zawgyi / Unicode)
ျပည္ေထာင္စုအစုိးရ၊ တပ္မေတာ္နဲ႔ လက္နက္ကုိင္အဖြဲ႔ေတြအၾကား ခြဲမထြက္ေရးနဲ႔ တပ္ေတြ ေပါင္းစည္းေရးကိစၥေတြ ညွိႏုိင္းမရတာေၾကာင့္ တႏွစ္ေက်ာ္ၾကာ ေရွ႕မဆက္ႏုိင္ျဖစ္ေနတဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ ေအာင္ျမင္လာေရးအတြက္ အဓိကအခ်က္ကဟာ ယုံၾကည္မႈ တည္ေဆာက္ေရးျဖစ္တယ္လုိ႔ တုိင္းရင္းသားေတြဘက္က ေျပာပါတယ္။ အပစ္ရပ္သေဘာတူညီခ်က္ကုိ အားလုံး ပါ၀င္ လက္မွတ္ ေရးထုိးႏုိင္ေရး ႀကိဳးပမ္းေနၾကတဲ့တခ်ိန္ထဲမွာဘဲ ၄ ႀကိမ္ေျမာက္ ၂၁ ရာစု ပင္လုံညီလာခံကုိ အခုႏွစ္လယ္ပုိင္းမွာ က်င္းပႏုိင္ဖုိ႔အတြက္လည္း အစုိးရနဲ႔ အပစ္ရပ္ လက္နက္ကုိင္အဖြဲ႔ေတြ ႀကိဳးပမ္းေနၾကပါတယ္။ အျပည့္အစုံကုိေတာ့ မသိဂႌထုိက္က တင္ျပေပးပါမယ္။
အပစ္ရပ္ထားတဲ႔ လက္နက္ကိုင္ ၁၀ ဖြဲ႔နဲ႔ အစိုးရတို႔ ဒီကေန႔ ဗုဒၶဟူးေန႔မွာ တႏုိင္ငံလံုး အပစ္ရပ္ သေဘာတူညီခ်က္ ပူးတြဲ အေကာင္အထည္ ေဖာ္ေရးကို ေဆြးေႏြးၾကပါမယ္။ JICM လို႔ ေခၚတဲ႔ ဒီ ေဆြးေႏြးပြဲမွာေတာ့ ၂၁ ရာစု ပင္လံု ညီလာခံ က်င္းပဖို႔၊ ဒီညီလာခံမွာ ေဆြးေႏြးမယ့္ အေၾကာင္းအရာေတြကို ညွိၾကမွာပါ။ အပစ္ရပ္ တိုင္းရင္းသား လက္နက္ကိုင္ ၁၀ ဖြဲ႔ရဲ႕ ဦးေဆာင္ အဖြဲ႔ ယာယီ ဥကၠဌ၊ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ (RCSS) ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ကေတာ့ ဒီႏွစ္ထဲ က်င္းပဖို႔ ရည္မွန္းထားေၾကာင္း ေျပာပါတယ္။
“ ၂၀၂၀ ႏွစ္လယ္ေလာက္မွာ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစု ပင္လံု အစည္းအေ၀းကို က်င္းပသြားႏိုင္ဖို႔ ႀကိဳးပမ္းေဆာင္ရြက္ ဖို႔ရွိပါတယ္။”
တႏွစ္ေက်ာ္ၾကာ ေရွ႕မဆက္ႏုိင္ ျဖစ္ေနတဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာ တိုးတက္ ျဖစ္ထြန္းမႈ ရဖို႔က ႏွစ္ဘက္ၾကား ယံုၾကည္မႈ တည္ေဆာက္ေရး ျဖစ္တယ္လို႔ ေထာက္ျပသူကေတာ့ ရွမ္းျပည္နယ္ မိုင္းရႈးၿမိဳ႕နယ္ ကိုယ္စားျပဳ ၁၉၉၀ ေရြးေကာက္ပြဲက လႊတ္ေတာ္အမတ္ အျဖစ္ ေရြးခ်ယ္ခံရသူ စိုင္း၀င္းေဖ ျဖစ္ပါတယ္။
“ဒီနယ္စပ္မွာေရာက္ေနတဲ့ ဒုကၡသည္ေတြ ျပန္ႏိုင္ေရး ေနာက္ၿပီးေတာ့ သူတို႔ရပ္၊ သူတို႔ရြာျပန္ႏိုင္ေရး ၊ ေနာက္ၿပီးေတာ့ သူတို႔ရပ္၊ သူတို႔ရြာမွာရွိေနတဲ့ မိႈင္းေတြ ရွင္းထုတ္ေရး စသျဖင့္ေပါ့ေနာ္ အေသးစိတ္ေတြ အမ်ားႀကီးလုပ္စရာရွိပါတယ္။ အဲဒါမ်ိဳးေတြလုပ္ႏိုင္မယ္ဆိုရင္ တိုင္းျပည္အတြက္လည္း အမ်ားႀကီး အက်ိဳးရွိမယ္။ က်ေနာ္တို႔ လူမ်ိဳးစုေတြ ၾကားထဲမွာလည္း ဗဟိုအစိုးရနဲ႔ အမ်ားႀကီးေျပလည္မႈ ရလာမယ္လို႔ က်ေနာ္တို႔ ထင္ပါတယ္။”
တႏုိင္ငံလံုး ၿငိမ္းခ်မ္းေရး စတင္ ညွိႏိႈင္းမႈေတြ အတြင္း တပ္မေတာ္ဘက္က လိုက္ေလ်ာေပးခဲ႔ေပမယ့္လည္း ေနာက္ပိုင္းမွာ လက္နက္ကိုင္ အဖြဲ႔ေတြ ပိုၿပီး နယ္ေျမခ်ဲ႕လာတာမ်ိဳး၊ လက္နက္ကိုင္ အဖြဲ႔သစ္ေတြ ေပၚလာတာမ်ိဳးေတြကိုလည္း စစ္တပ္ဘက္က မၾကာခဏ ဆိုသလို ေထာက္ျပေနတာပါ။ ဒီအေျခအေနမွာ တပ္မေတာ္ဘက္က တိုင္းရင္းသား လက္္နက္ကိုင္ေတြ အေပၚ စိတ္ခ် ယံုၾကည္မႈ ပိုခုိင္မာလာေစဖို႔ အေျခအေနေရာ ရွိပါသလား။
“လက္နက္ကိုင္မွပဲ လူလိုသူလို စကားေျပာျခင္းခံရတယ္ဆိုတဲ့ အေတြးအေခၚက ၀င္သြားၾကၿပီေလဗ်ာ အဲဒီအခါက်ေတာ့ လက္နက္ကိုင္က တမ်ိဳးၿပီးတမ်ိဳးေပၚလာေတာ့တာေပါ့။ ဒီမိုကေရစီအခြင့္အေရး၊ လူမ်ိဳးစုအခြင့္အေရး၊ ၿပီးရင္ collective rights ေတြရဖို႔အတြက္ ႀကိဳးစားတဲ့ေနရာမွာ ၿငိမ္းခ်မ္းတဲ့လမ္းေပါက္ေတြ ဖြင့္ထားသင့္တယ္လို႔ က်ေနာ္ျမင္ပါတယ္။”
တႏုိင္ငံလံုး အပစ္အခတ္ ရပ္စဲေရး NCA စာခ်ဳပ္ လက္မွတ္ထိုးထားတဲ႔ ကရင္လက္နက္ကိုင္ အဖြဲ႔ KNU၊ ေနာက္ မြန္ျပည္သစ္ ပါတီ MNSP တို႔နဲ႔ တပ္မေတာ္ၾကာ လတ္တေလာ စစ္ေရး ပဋိပကၡ ရွိေနပါတယ္။ RCSS ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ကေတာ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အတြက္ အခု လက္ရွိ အပစ္ရပ္ထားတဲ႔ အဖြဲ႔ ၁၀ ဖြဲ႔နဲ႔ေတာ့ မလံုေလာက္ဘူးလို႔ ေျပာဆိုထားတာပါ။ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ေတြ အျဖစ္နဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ မတက္ႏုိင္ေသးတဲ႔ လက္ရွိ စစ္ေရး တင္းမာေနတဲ႔ ရခုိင္လက္နက္ကိုင္တပ္ AA ၊ တအာင္းပေလာင္ လက္နက္ကိုင္တပ္ TNLA ၊ ကိုးကန္႔ လက္နက္ကိုင္တပ္ MNDAA တို႔ရဲ႕ အလားအလာကလည္း ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။
..................
ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ရေး ယုံကြည်မှုတည်ဆောက်ဖို့လို
( Unicode)
ပြည်ထောင်စုအစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ခွဲမထွက်ရေးနဲ့ တပ်တွေ ပေါင်းစည်းရေးကိစ္စတွေ ညှိနိုင်းမရတာကြောင့် တနှစ်ကျော်ကြာ ရှေ့မဆက်နိုင်ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အောင်မြင်လာရေးအတွက် အဓိကအချက်ကဟာ ယုံကြည်မှု တည်ဆောက်ရေးဖြစ်တယ်လို့ တိုင်းရင်းသားတွေဘက်က ပြောပါတယ်။ အပစ်ရပ်သဘောတူညီချက်ကို အားလုံး ပါဝင် လက်မှတ် ရေးထိုးနိုင်ရေး ကြိုးပမ်းနေကြတဲ့တချိန်ထဲမှာဘဲ ၄ ကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို အခုနှစ်လယ်ပိုင်းမှာ ကျင်းပနိုင်ဖို့အတွက်လည်း အစိုးရနဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေ ကြိုးပမ်းနေကြပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးပါမယ်။
အပစ်ရပ်ထားတဲ့ လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ အစိုးရတို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တနိုင်ငံလုံး အပစ်ရပ် သဘောတူညီချက် ပူးတွဲ အကောင်အထည် ဖော်ရေးကို ဆွေးနွေးကြပါမယ်။ JICM လို့ ခေါ်တဲ့ ဒီ ဆွေးနွေးပွဲမှာတော့ ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပဖို့၊ ဒီညီလာခံမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို ညှိကြမှာပါ။ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ဦးဆောင် အဖွဲ့ ယာယီ ဥက္ကဌ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကတော့ ဒီနှစ်ထဲ ကျင်းပဖို့ ရည်မှန်းထားကြောင်း ပြောပါတယ်။
“ ၂၀၂၀ နှစ်လယ်လောက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ကျင်းပသွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် ဖို့ရှိပါတယ်။”
တနှစ်ကျော်ကြာ ရှေ့မဆက်နိုင် ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တိုးတက် ဖြစ်ထွန်းမှု ရဖို့က နှစ်ဘက်ကြား ယုံကြည်မှု တည်ဆောက်ရေး ဖြစ်တယ်လို့ ထောက်ပြသူကတော့ ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ် ကိုယ်စားပြု ၁၉၉၀ ရွေးကောက်ပွဲက လွှတ်တော်အမတ် အဖြစ် ရွေးချယ်ခံရသူ စိုင်းဝင်းဖေ ဖြစ်ပါတယ်။
“ဒီနယ်စပ်မှာရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်နိုင်ရေး နောက်ပြီးတော့ သူတို့ရပ်၊ သူတို့ရွာပြန်နိုင်ရေး ၊ နောက်ပြီးတော့ သူတို့ရပ်၊ သူတို့ရွာမှာရှိနေတဲ့ မှိုင်းတွေ ရှင်းထုတ်ရေး စသဖြင့်ပေါ့နော် အသေးစိတ်တွေ အများကြီးလုပ်စရာရှိပါတယ်။ အဲဒါမျိုးတွေလုပ်နိုင်မယ်ဆိုရင် တိုင်းပြည်အတွက်လည်း အများကြီး အကျိုးရှိမယ်။ ကျနော်တို့ လူမျိုးစုတွေ ကြားထဲမှာလည်း ဗဟိုအစိုးရနဲ့ အများကြီးပြေလည်မှု ရလာမယ်လို့ ကျနော်တို့ ထင်ပါတယ်။”
တနိုင်ငံလုံး ငြိမ်းချမ်းရေး စတင် ညှိနှိုင်းမှုတွေ အတွင်း တပ်မတော်ဘက်က လိုက်လျောပေးခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ လက်နက်ကိုင် အဖွဲ့တွေ ပိုပြီး နယ်မြေချဲ့လာတာမျိုး၊ လက်နက်ကိုင် အဖွဲ့သစ်တွေ ပေါ်လာတာမျိုးတွေကိုလည်း စစ်တပ်ဘက်က မကြာခဏ ဆိုသလို ထောက်ပြနေတာပါ။ ဒီအခြေအနေမှာ တပ်မတော်ဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် စိတ်ချ ယုံကြည်မှု ပိုခိုင်မာလာစေဖို့ အခြေအနေရော ရှိပါသလား။
“လက်နက်ကိုင်မှပဲ လူလိုသူလို စကားပြောခြင်းခံရတယ်ဆိုတဲ့ အတွေးအခေါ်က ဝင်သွားကြပြီလေဗျာ အဲဒီအခါကျတော့ လက်နက်ကိုင်က တမျိုးပြီးတမျိုးပေါ်လာတော့တာပေါ့။ ဒီမိုကရေစီအခွင့်အရေး၊ လူမျိုးစုအခွင့်အရေး၊ ပြီးရင် collective rights တွေရဖို့အတွက် ကြိုးစားတဲ့နေရာမှာ ငြိမ်းချမ်းတဲ့လမ်းပေါက်တွေ ဖွင့်ထားသင့်တယ်လို့ ကျနော်မြင်ပါတယ်။”
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့ KNU၊ နောက် မွန်ပြည်သစ် ပါတီ MNSP တို့နဲ့ တပ်မတော်ကြာ လတ်တလော စစ်ရေး ပဋိပက္ခ ရှိနေပါတယ်။ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အခု လက်ရှိ အပစ်ရပ်ထားတဲ့ အဖွဲ့ ၁၀ ဖွဲ့နဲ့တော့ မလုံလောက်ဘူးလို့ ပြောဆိုထားတာပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အဖြစ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက်နိုင်သေးတဲ့ လက်ရှိ စစ်ရေး တင်းမာနေတဲ့ ရခိုင်လက်နက်ကိုင်တပ် AA ၊ တအာင်းပလောင် လက်နက်ကိုင်တပ် TNLA ၊ ကိုးကန့် လက်နက်ကိုင်တပ် MNDAA တို့ရဲ့ အလားအလာကလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။