သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ျငိမ္းခ်မ္းေရးအတြက္ တရုတ္ ဘာလုပ္ေပးသင့္သလဲ


ေနျပည္ေတာ္မွာ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကတဲ့ တရုတ္သမၼတ ရွီက်င္ဖ်င္ (၀ဲ)၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

၂၀၂၀ ျပည့္ႏွစ္ ႏွစ္ဆန္း ခရီးစဥ္အျဖစ္ တရုတ္ႏုိင္ငံ သမၼတ ရွီက်င့္ဖ်င္ ျမန္မာႏုိင္ငံကို တရား၀င္ ခ်စ္ၾကည္ေရးခရီး လာေရာက္ခဲ့ပါတယ္။ သမၼတ ရွီက်င့္ဖ်င္ရဲ႕ ပထမဦးဆံုးေသာ ျမန္မာႏုိင္ငံ ခရီးစဥ္ျဖစ္တာေၾကာင့္ ျမန္မာ- တရုတ္ ႏွစ္ႏုိင္ငံ ဆက္ဆံေရးနဲ႔ ပတ္သက္ျပီး အေရးပါတဲ့ ခရီးစဥ္ အျဖစ္ သတ္မွတ္ၾကပါတယ္။ ခရီးစဥ္အတြင္း တရုတ္သမၼတဟာ ျမန္မာႏိုင္ငံ သမၼတ၊ ႏုိင္ငံေတာ္ဇ။္ အတုိင္ပင္ခံ ပုဂၢိဳလ္ အပါအ၀င္ အစိုးရ ထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆံုခဲ့သလို တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္နဲ႔လည္း သီးျခား ေတြ႕ဆံုခဲ့ပါတယ္။ တပ္မေတာ္ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ တရုတ္သမၼတ နဲ႔ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္တို႔ရဲ႕ ေတြ႕ဆံုပြဲမွာ အထူး ေဆြးေႏြးခဲ့ၾကတာကေတာ့ ျမန္မာႏိုင္ငံ အေရွ႕ေျမာက္ပိုင္း တရုတ္နယ္စပ္မွာ အေျခစိုက္တဲ့ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြရဲ႕ အေရးကိစၥပါ။ တရုတ္ႏုိင္ငံဟာ အဲဒီ လက္နက္ကိုင္ အဖြဲ႕ေတြ အေပၚ ၾသဇာသက္ေရာက္မွဳ ၾကီးၾကီးမားမား ရွိေနတယ္ ဆုိျပီး တပ္မေတာ္ အပါအ၀င္ ျမန္မာႏုိင္ငံသားေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ယံုၾကည္ေနၾကပါတယ္။ ျမန္မာ့ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ တရုတ္ႏုိင္ငံရဲ႕ အခန္းက႑ ဘယ္လို ရွိေနသလဲ ဆိုတဲ့ ေမးခြန္းက စိတ္၀င္စားစရာပါ။ ခုတစ္ပတ္ အဲဒီအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

ျမန္မာႏုိင္ငံ ျငိမ္းခ်မ္းေရးအေၾကာင္း အၾကမ္းဖ်ဥ္း ေျပာရရင္ ေတာင္ပိုင္း ထိုင္းနယ္စပ္မွာ အေျခစိုက္တဲ့ တုိင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕ အားလံုးလိုလိုေလာက္ဟာ အစိုးရနဲ႔ အပစ္ရပ္ NCA စာခ်ဳပ္ လက္မွတ္ေရးထိုးထားသလို တုိက္ပြဲေတြလည္း မျဖစ္သေလာက္ ျငိမ္သက္ေနတာ ေတြ႕ရပါတယ္။ ေျမာက္ပိုင္း တရုတ္နယ္စပ္မွာ အေျခစိုက္တဲ့ လက္နက္ကိုင္ အဖြဲ႕ေတြထဲမွာ တစ္ခ်ိဳ႕ အဖြဲ႕ေတြနဲ႔ ပစ္ခတ္တုိက္ခိုက္မွဳေတြ ဆက္ျပီး ျဖစ္ပြားေနသလို၊ တစ္ခ်ိဳ႕အဖြဲ႕ေတြနဲ႔ကေတာ့ တိုက္ပြဲလည္း မျဖစ္၊ NCA စာခ်ဳပ္ထဲလည္း ပါ၀င္ျခင္း မရွိေသးတာ ေတြ႕ႏိုင္ပါတယ္။ တိုက္ပြဲ ျဖစ္ပြားမွဳ အမ်ားဆံုး ရခုိင္ျပည္နယ္က AA လက္နက္ကိုင္ တပ္ဖြဲ႕ဟာလည္း တရုတ္နယ္စပ္က KIA ကခ်င္လက္နက္ကိုင္အဖြဲ႕ ဌာနခ်ဳပ္မွာ အေျခစိုက္ထားတာပါ။ လက္ရွိ အစိုးရနဲ႔ တရုတ္နယ္စပ္က လက္နက္ကိုင္ေတြၾကား ေတြ႕ဆံု ေဆြးေႏြးမွဳေတြမွာ တရုတ္အစိုးရဟာ မစၥတာ ဆြန္းကိုရွန္းကို အထူးအရာရွိ ခန္႔အပ္တာ၀န္ေပးျပီး ကူညီေနရံုမက ျမန္မာ့ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ ေငြေၾကးေထာက္ပံ့တာမ်ိဳးလည္း လုပ္ေနတာ ေတြ႕ႏိုင္ပါတယ္။

ေျမာက္ပိုင္း လက္နက္ကိုင္ အဖြဲ႕ေတြအေပၚ တရုတ္အစိုးရ ၾသဇာေညာင္းရတာဟာ အဲဒီ လက္နက္ကိုင္ အဖြဲ႕ေတြ ေပၚေပါက္လာတဲ့ သမိုင္းနဲ႔ ဆက္စပ္ေနပါတယ္။ ၁၉၆၇ ျမန္မာႏုိင္ငံထဲမွာ တရုတ္လူမ်ိဳးေတြကို ပစ္မွတ္ထားတုိက္ခိုက္တဲ့ တရုတ္-ဗမာ အေရးအခင္း ေပၚေပါက္ျပီးေနာက္ ၁၉၆၈ ဇန္န၀ါရီ ၁ ရက္ေန႔မွာ ဗကပ ဗမာျပည္ကြန္ျမဴနစ္ပါတီ တပ္ဖြဲ႕ေတြက ရွမ္းျပည္နယ္မွာ တရုတ္ႏိုင္ငံဘက္ကေန အလံုးအရင္းနဲ႔ ၀င္ေရာက္တုိက္ခိုက္ပါတယ္။

ဗကပ တပ္ဖြဲ႕ေတြလို႔ ဆုိေပမယ့္လည္း တရုတ္ျပည္ေရာက္ ဗကပ အဖြဲ႕၀င္ တစ္ခ်ိဳ႕၊ တရုတ္ျပည္ဘက္ ခိုလွံဳသြားတဲ့ ကခ်င္စစ္ဗိုလ္ေနာ္ဆိုင္းရဲ႕ တပ္ဖြဲ႕၀င္ေဟာင္း တစ္ခ်ိဳ႕ေလာက္ပဲ ပါျပီး တကယ္ တိုက္ခိုက္တာက ေဗာ္လံတီယာေတြလို႔ နာမည္တပ္ထားတဲ့ တရုတ္တပ္ဖြဲ႕၀င္ေတြက ၀င္ေရာက္တုိက္ခိုက္ခဲ့တာပါ။ ဗကပ အလံေထာင္ျပီး တရုတ္ေတြက လူအင္အား၊ လက္နက္အင္အား အားလံုး အသံုးျပဳျပီး တရုတ္ႏုိင္ငံ ပိုင္နက္ နယ္ေျမထဲကေန ၀င္ေရာက္ က်ဴးေက်ာ္ တုိက္ခိုက္တာလို႔ ဆုိရင္လည္း မမွားပါဘူး။ အဲဒီနည္းနဲ႔ ျမန္မာႏုိင္ငံ အေရွ႕ေျမာက္ပိုင္းမွာ စစ္ပြဲေတြ ျဖစ္ပြားခဲ့ျပီး ၁၉၈၉ ခုႏွစ္ေရာက္မွ ဗကပ ေခါင္းေဆာင္မွဳ ျပဳိကြဲသြားတာ ျဖစ္ပါတယ္။

တဆက္တည္း ဗကပ လက္ေအာက္ခံ တပ္ေတြဟာ ၀၊ မုိင္းလား၊ ကိုးကန္႔ နဲ႔ ကခ်င္အထူးေဒသ(၁) တပ္ဖြဲ႕ေတြ အျဖစ္ ေပၚေပါက္လာသလို၊ တပ္မေတာ္ အစိုးရနဲ႔ အပစ္အခတ္ ရပ္စဲခဲ့ၾကပါတယ္။ ဗကပ ျပိဳကြဲျပီး ေနာက္ပိုင္းမွာလဲ အဲဒီ တပ္ဖြဲ႕ေတြဟာ သူတုိ႔ ထိန္းခ်ဳပ္ရာ ေဒသေေတြကေန သစ္၊ ဓာတ္သတၱဳနဲ႔ သယံဇာတေတြ ထုတ္လုပ္ျပီး တရုတ္ျပည္ဘက္ ပို႔၊ တရုတ္ဘက္ အျခမ္းက လက္နက္ေတြ ျပန္၀ယ္ျပီး အင္အားေတာင့္တင္းေအာင္ လုပ္ခဲ့ၾကပါတယ္။ ေသျခာတာ တစ္ခုကေတာ့ အဲဒီ အဖြဲ႕ေတြဟာ တရုတ္ေဒသႏၱရ အစိုးရေတြနဲ႔ နီးစပ္ျပီး တရုတ္ၾသဇာေညာင္းခဲ့တာကေတာ့ ဒီကေန႔ အခ်ိန္ထိပါပဲ။

ျမန္မာႏိုင္ငံမွာ စစ္အာဏာရွင္ေခတ္ အလြန္ ၂၀၁၀ ေရြးေကာက္ပြဲနဲ႔ သမၼတ ဦးသိန္းစိန္ အစိုးရတက္လာျပီးေနာက္ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ ျငိမ္းခ်မ္းေရး ရေအာင္ ၾကိဳးစားပါတယ္။ NCA စာခ်ဳပ္ေပၚေပါက္ကာနီး၊ ေရြးေကာက္ပြဲလည္း လုပ္မယ့္ ၂၀၁၅ခုႏွစ္ ႏွစ္ဆန္းမွာ ကိုးကန္႔သူပုန္ေတြ ကိုးကန္႔နယ္ေျမထဲ ၀င္ေရာက္တုိက္ခိုက္တဲ့ အေရးအခင္း ျဖစ္ေပၚပါတယ္။ တပ္မေတာ္ဘက္က အထိအခိုက္ အက်အဆံုး အေတာ္မ်ားခဲ့ျပီး ကိုးကန္႔သူပုန္ေတြဟာ တရုတ္နယ္ေျမကို အသံုးျပဳျပီး တုိက္ခိုက္တာလို႔ တပ္မေတာ္ဘက္က ယံုၾကည္ခဲ့ပါတယ္။ အျခားတစ္ဖက္မွာေတာ့ အေနာက္ႏုိင္ငံေတြနဲ႔ ပိုနီးစပ္လာျပီး အေမရိကန္ သမၼတ ၂ ၾကိမ္ေလာက္ လာလည္သည္ အထိ ရင္းႏွီးမွဳရလာတဲ့ ျမန္မာႏိုင္ငံကို သတိေပးခ်င္တဲ့ သေဘာနဲ႔ တရုတ္အစိုးရဟာ နယ္စပ္က သူပုန္ေတြကို အားေပးအားေျမွာက္ျပဳခဲ့ေလသလား ဆုိျပီး သံသယေတြလည္း တုိးပြားလာေစခဲ့ပါတယ္။ ဒီလိုနဲ႔ ၂၀၁၅ ႏွစ္ကုန္ အစိုးရနဲ႔ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြ NCA စာခ်ဳပ္ ခ်ဳပ္ၾကတဲ့အခါ တရုတ္နယ္စပ္က လက္နက္ကိုင္ အဖြဲ႕ေတြ ပါ၀င္လက္မွတ္ေရးထုိးတာ မေတြ႕ၾကရေတာ့ပါဘူး။ အလားတူ ျမန္မာႏုိင္ငံမွာ အင္အားအၾကီးဆံုး သူပုန္အဖြဲ႕ျဖစ္တဲ့ ၀ လက္နက္ကိုင္ တပ္ဖြဲ႕ရဲ႕ စစ္ေရးျပပြဲမွာ တရုတ္ႏုိင္ငံလုပ္ အဆင့္ျမင့္ စစ္လက္နက္ပစၥည္းေတြ ျမင္ေတြ႕လာရသလို၊ အျခား တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ တိုက္ပြဲ၀င္ လက္နက္ အမ်ားစုကလည္း တရုတ္ႏုိင္ငံထုတ္ေတြ ျဖစ္္ေနတာ ေတြ႕လာၾကရပါတယ္။ အခုေနာက္ဆံုး ေျမာက္ပိုင္း လက္နက္ကိုင္ အဖြဲ႕ေတြဟာ ျငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ တရုတ္ကို တရား၀င္ ပါ၀င္ခြင့္ေပးဖို႔ ေတာင္းဆိုသည္ အထိ တရုတ္ၾသဇာၾကီးမားလာတာ ေတြ႕ျမင္ႏုိင္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ အခုေနာက္ဆံုး ေတြ႕ဆံုမွဳမွာ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္က တရုတ္သမၼတ ကို တရုတ္နယ္စပ္က တုိင္းရင္းသား လက္နက္ကိုင္ေတြ ျငိမ္းခ်မ္းေရး ျဖစ္စဥ္ထဲ ပါ၀င္လာေအာင္ နားခ်ေပးဖုိ႔ ေတာင္းဆိုခဲ့သလို၊ တရုတ္သမၼတ ကလည္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ကို “မည္သည့္အဖြဲ႕ အစည္းျဖစ္ေစ တ႐ုတ္ႏုိင္ငံပိုင္နက္ကို အသံုးခ်၍ ျမန္မာႏုိင္ငံကို ထိခုိက္ေအာင္ ေဆာင္ရြက္ျခင္းမ်ဳိးကို လက္မခံေၾကာင္း၊ အမ်ားကစြပ္စြဲေျပာၾကားေနသလုိ ျမန္မာႏုိင္ငံရွိ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို လက္နက္၊ ခဲယမ္းမ်ား ေထာက္ပံ့ေပးေနျခင္း လံုး၀မရွိေၾကာင္း၊ အျခားနည္းလမ္းမ်ားႏွင့္ ရရွိႏုိင္သည္ ျဖစ္၍ မိမိတို႕ကလည္း ေသခ်ာစြာ စိစစ္ေျဖရွင္းေပးသြားမည္ျဖစ္ေၾကာင္း၊” ဆိုျပီး ေျပာဆုိခဲ့ပါတယ္။

တကယ္ေတာ့ ျမန္မာႏုိင္ငံမွာ ျငိမ္းခ်မ္းေရး မရေသးတာ၊ ျပည္တြင္းစစ္ ရွည္ၾကာေနတာဟာ ႏိုင္ငံေရးျပသနာ ေျပလည္မွဳ မရေသးတာေၾကာင့္လို႔ ေျပာႏုိင္ေပမယ့္ တိုင္းရင္းသား လက္နက္ကိုင္ေတြရဲ႕ သစ္၊ ဓာတ္သတၱဳနဲ႔ သယံဇာတ ေတြ ထုတ္ျပီး တရုတ္ႏုိင္ငံဘက္တင္ပို႔ ရာကေန ၀င္ေငြရေနတာကလည္း အေရးၾကီး အခ်က္တစ္ခုအေနနဲ႔ ပါ၀င္ေနတာ ေတြ႕ႏိုင္ပါတယ္။ တရုတ္ႏုိင္ငံအေနနဲ႔ ျမန္မာႏုိင္ငံကို တည္ျငိမ္တဲ့၊ ျငိမ္းခ်မ္းတဲ့၊ ႏွစ္ႏုိင္ငံအၾကား ကုိင္းကြၽန္းမွီ-ကြၽန္းကိုင္းမွီ ဆက္ဆံေရးမ်ဳိး ထားရွိတဲ့ မိတ္ဖက္ႏုိင္ငံ တစ္ခု အျဖစ္ ျမင္လိုတယ္ ဆုိရင္ ႏွစ္ဖက္ ေစ့စပ္ ညွိႏွိဳင္းေပးရံု၊ ေငြေၾကး ကူညီရံု၊ လက္နက္ခဲယမ္းကိစၥ စိစစ္ေျဖရွင္းေပးရံုနဲ႔ မျပီးပဲ တကယ့္ စစ္ပြဲရဲ႕ ေရေသာက္ျမစ္ျဖစ္တဲ့ နယ္စပ္ကေန သစ္၊ ဓာတ္သတၱဳနဲ႔ သယံဇာတ ေတြ ထုတ္ယူရာကေန အက်ိဳးအျမတ္ ၾကီးၾကီးမားမား ရယူေနတဲ့ ေပၚလစီကိုပါ စြန္႔လႊတ္ဖို႔ လိုအပ္မယ္ ျဖစ္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

--------------------

မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ် ဘာလုပ်ပေးသင့်သလဲ
၂၀၂၀ ပြည့်နှစ် နှစ်ဆန်း ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါတယ်။ သမ္မတ ရှီကျင့်ဖျင်ရဲ့ ပထမဦးဆုံးသော မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်တာကြောင့် မြန်မာ- တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ ခရီးစဉ် အဖြစ် သတ်မှတ်ကြပါတယ်။ ခရီးစဉ်အတွင်း တရုတ်သမ္မတဟာ မြန်မာနိုင်ငံ သမ္မတ၊ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း သီးခြား တွေ့ဆုံခဲ့ပါတယ်။ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ တရုတ်သမ္မတ နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံပွဲမှာ အထူး ဆွေးနွေးခဲ့ကြတာကတော့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အရေးကိစ္စပါ။ တရုတ်နိုင်ငံဟာ အဲဒီ လက်နက်ကိုင် အဖွဲ့တွေ အပေါ် သြဇာသက်ရောက်မှု ကြီးကြီးမားမား ရှိနေတယ် ဆိုပြီး တပ်မတော် အပါအဝင် မြန်မာနိုင်ငံသားတွေ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ ဘယ်လို ရှိနေသလဲ ဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာပါ။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအကြောင်း အကြမ်းဖျဉ်း ပြောရရင် တောင်ပိုင်း ထိုင်းနယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုံးလိုလိုလောက်ဟာ အစိုးရနဲ့ အပစ်ရပ် NCA စာချုပ် လက်မှတ်ရေးထိုးထားသလို တိုက်ပွဲတွေလည်း မဖြစ်သလောက် ငြိမ်သက်နေတာ တွေ့ရပါတယ်။ မြောက်ပိုင်း တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ လက်နက်ကိုင် အဖွဲ့တွေထဲမှာ တစ်ချို့ အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ပြီး ဖြစ်ပွားနေသလို၊ တစ်ချို့အဖွဲ့တွေနဲ့ကတော့ တိုက်ပွဲလည်း မဖြစ်၊ NCA စာချုပ်ထဲလည်း ပါဝင်ခြင်း မရှိသေးတာ တွေ့နိုင်ပါတယ်။ တိုက်ပွဲ ဖြစ်ပွားမှု အများဆုံး ရခိုင်ပြည်နယ်က AA လက်နက်ကိုင် တပ်ဖွဲ့ဟာလည်း တရုတ်နယ်စပ်က KIA ကချင်လက်နက်ကိုင်အဖွဲ့ ဌာနချုပ်မှာ အခြေစိုက်ထားတာပါ။ လက်ရှိ အစိုးရနဲ့ တရုတ်နယ်စပ်က လက်နက်ကိုင်တွေကြား တွေ့ဆုံ ဆွေးနွေးမှုတွေမှာ တရုတ်အစိုးရဟာ မစ္စတာ ဆွန်းကိုရှန်းကို အထူးအရာရှိ ခန့်အပ်တာဝန်ပေးပြီး ကူညီနေရုံမက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ငွေကြေးထောက်ပံ့တာမျိုးလည်း လုပ်နေတာ တွေ့နိုင်ပါတယ်။
မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေအပေါ် တရုတ်အစိုးရ သြဇာညောင်းရတာဟာ အဲဒီ လက်နက်ကိုင် အဖွဲ့တွေ ပေါ်ပေါက်လာတဲ့ သမိုင်းနဲ့ ဆက်စပ်နေပါတယ်။ ၁၉၆၇ မြန်မာနိုင်ငံထဲမှာ တရုတ်လူမျိုးတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ တရုတ်-ဗမာ အရေးအခင်း ပေါ်ပေါက်ပြီးနောက် ၁၉၆၈ ဇန်နဝါရီ ၁ ရက်နေ့မှာ ဗကပ ဗမာပြည်ကွန်မြူနစ်ပါတီ တပ်ဖွဲ့တွေက ရှမ်းပြည်နယ်မှာ တရုတ်နိုင်ငံဘက်ကနေ အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပါတယ်။
ဗကပ တပ်ဖွဲ့တွေလို့ ဆိုပေမယ့်လည်း တရုတ်ပြည်ရောက် ဗကပ အဖွဲ့ဝင် တစ်ချို့၊ တရုတ်ပြည်ဘက် ခိုလှုံသွားတဲ့ ကချင်စစ်ဗိုလ်နော်ဆိုင်းရဲ့ တပ်ဖွဲ့ဝင်ဟောင်း တစ်ချို့လောက်ပဲ ပါပြီး တကယ် တိုက်ခိုက်တာက ဗော်လံတီယာတွေလို့ နာမည်တပ်ထားတဲ့ တရုတ်တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ဗကပ အလံထောင်ပြီး တရုတ်တွေက လူအင်အား၊ လက်နက်အင်အား အားလုံး အသုံးပြုပြီး တရုတ်နိုင်ငံ ပိုင်နက် နယ်မြေထဲကနေ ဝင်ရောက် ကျူးကျော် တိုက်ခိုက်တာလို့ ဆိုရင်လည်း မမှားပါဘူး။ အဲဒီနည်းနဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ စစ်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ၁၉၈၉ ခုနှစ်ရောက်မှ ဗကပ ခေါင်းဆောင်မှု ပြိုကွဲသွားတာ ဖြစ်ပါတယ်။
တဆက်တည်း ဗကပ လက်အောက်ခံ တပ်တွေဟာ ဝ၊ မိုင်းလား၊ ကိုးကန့် နဲ့ ကချင်အထူးဒေသ(၁) တပ်ဖွဲ့တွေ အဖြစ် ပေါ်ပေါက်လာသလို၊ တပ်မတော် အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။ ဗကပ ပြိုကွဲပြီး နောက်ပိုင်းမှာလဲ အဲဒီ တပ်ဖွဲ့တွေဟာ သူတို့ ထိန်းချုပ်ရာ ဒေသေတွေကနေ သစ်၊ ဓာတ်သတ္တုနဲ့ သယံဇာတတွေ ထုတ်လုပ်ပြီး တရုတ်ပြည်ဘက် ပို့၊ တရုတ်ဘက် အခြမ်းက လက်နက်တွေ ပြန်ဝယ်ပြီး အင်အားတောင့်တင်းအောင် လုပ်ခဲ့ကြပါတယ်။ သေခြာတာ တစ်ခုကတော့ အဲဒီ အဖွဲ့တွေဟာ တရုတ်ဒေသန္တရ အစိုးရတွေနဲ့ နီးစပ်ပြီး တရုတ်သြဇာညောင်းခဲ့တာကတော့ ဒီကနေ့ အချိန်ထိပါပဲ။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ခေတ် အလွန် ၂၀၁၀ ရွေးကောက်ပွဲနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ရအောင် ကြိုးစားပါတယ်။ NCA စာချုပ်ပေါ်ပေါက်ကာနီး၊ ရွေးကောက်ပွဲလည်း လုပ်မယ့် ၂၀၁၅ခုနှစ် နှစ်ဆန်းမှာ ကိုးကန့်သူပုန်တွေ ကိုးကန့်နယ်မြေထဲ ဝင်ရောက်တိုက်ခိုက်တဲ့ အရေးအခင်း ဖြစ်ပေါ်ပါတယ်။ တပ်မတော်ဘက်က အထိအခိုက် အကျအဆုံး အတော်များခဲ့ပြီး ကိုးကန့်သူပုန်တွေဟာ တရုတ်နယ်မြေကို အသုံးပြုပြီး တိုက်ခိုက်တာလို့ တပ်မတော်ဘက်က ယုံကြည်ခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ အနောက်နိုင်ငံတွေနဲ့ ပိုနီးစပ်လာပြီး အမေရိကန် သမ္မတ ၂ ကြိမ်လောက် လာလည်သည် အထိ ရင်းနှီးမှုရလာတဲ့ မြန်မာနိုင်ငံကို သတိပေးချင်တဲ့ သဘောနဲ့ တရုတ်အစိုးရဟာ နယ်စပ်က သူပုန်တွေကို အားပေးအားမြှောက်ပြုခဲ့လေသလား ဆိုပြီး သံသယတွေလည်း တိုးပွားလာစေခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၅ နှစ်ကုန် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ NCA စာချုပ် ချုပ်ကြတဲ့အခါ တရုတ်နယ်စပ်က လက်နက်ကိုင် အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုးတာ မတွေ့ကြရတော့ပါဘူး။ အလားတူ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး သူပုန်အဖွဲ့ဖြစ်တဲ့ ၀ လက်နက်ကိုင် တပ်ဖွဲ့ရဲ့ စစ်ရေးပြပွဲမှာ တရုတ်နိုင်ငံလုပ် အဆင့်မြင့် စစ်လက်နက်ပစ္စည်းတွေ မြင်တွေ့လာရသလို၊ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲဝင် လက်နက် အများစုကလည်း တရုတ်နိုင်ငံထုတ်တွေ ဖြစ်နေတာ တွေ့လာကြရပါတယ်။ အခုနောက်ဆုံး မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်ကို တရားဝင် ပါဝင်ခွင့်ပေးဖို့ တောင်းဆိုသည် အထိ တရုတ်သြဇာကြီးမားလာတာ တွေ့မြင်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုနောက်ဆုံး တွေ့ဆုံမှုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သမ္မတ ကို တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါဝင်လာအောင် နားချပေးဖို့ တောင်းဆိုခဲ့သလို၊ တရုတ်သမ္မတ ကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို “မည်သည့်အဖွဲ့ အစည်းဖြစ်စေ တရုတ်နိုင်ငံပိုင်နက်ကို အသုံးချ၍ မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုးကို လက်မခံကြောင်း၊ အများကစွပ်စွဲပြောကြားနေသလို မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးနေခြင်း လုံးဝမရှိကြောင်း၊ အခြားနည်းလမ်းများနှင့် ရရှိနိုင်သည် ဖြစ်၍ မိမိတို့ကလည်း သေချာစွာ စိစစ်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊” ဆိုပြီး ပြောဆိုခဲ့ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မရသေးတာ၊ ပြည်တွင်းစစ် ရှည်ကြာနေတာဟာ နိုင်ငံရေးပြသနာ ပြေလည်မှု မရသေးတာကြောင့်လို့ ပြောနိုင်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ သစ်၊ ဓာတ်သတ္တုနဲ့ သယံဇာတ တွေ ထုတ်ပြီး တရုတ်နိုင်ငံဘက်တင်ပို့ ရာကနေ ဝင်ငွေရနေတာကလည်း အရေးကြီး အချက်တစ်ခုအနေနဲ့ ပါဝင်နေတာ တွေ့နိုင်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို တည်ငြိမ်တဲ့၊ ငြိမ်းချမ်းတဲ့၊ နှစ်နိုင်ငံအကြား ကိုင်းကျွန်းမှီ-ကျွန်းကိုင်းမှီ ဆက်ဆံရေးမျိုး ထားရှိတဲ့ မိတ်ဖက်နိုင်ငံ တစ်ခု အဖြစ် မြင်လိုတယ် ဆိုရင် နှစ်ဖက် စေ့စပ် ညှိနှိုင်းပေးရုံ၊ ငွေကြေး ကူညီရုံ၊ လက်နက်ခဲယမ်းကိစ္စ စိစစ်ဖြေရှင်းပေးရုံနဲ့ မပြီးပဲ တကယ့် စစ်ပွဲရဲ့ ရေသောက်မြစ်ဖြစ်တဲ့ နယ်စပ်ကနေ သစ်၊ ဓာတ်သတ္တုနဲ့ သယံဇာတ တွေ ထုတ်ယူရာကနေ အကျိုးအမြတ် ကြီးကြီးမားမား ရယူနေတဲ့ ပေါ်လစီကိုပါ စွန့်လွှတ်ဖို့ လိုအပ်မယ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

XS
SM
MD
LG