သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ေထာင္စုေအာင္ျမင္ေရး တိုင္းရင္းသားျပည္သူပူးေပါင္းဖို႔ အတိုင္ပင္ခံ တိုက္တြန္း


၇၃ၾကိမ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနား ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္

(Zawgyi/Unicode)

ဒီကေန႔က်ေရာက္တဲ့ ၇၃ၾကိမ္ေျမာက္ျပည္ေထာင္စုေန႔မွာ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ က ဒီမုိကေရစီ၊ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ အေရးပါတဲ့ ပင္လံုစိတ္ဓါတ္နဲ႔ ၂၁ရာစုပင္လံုေအာင္ျမင္ေရး ရဲရဲအေကာင္အထည္ေဖာ္ဖို႔ အေလးထားတင္ျပသြားပါတယ္။ အခမ္းအနားကို တက္ေရာက္ခဲ့တဲ့ တုိင္းရင္းသားေခါင္းေဆာင္ တစ္ဦးကေတာ့ ဒီအခ်က္ေတြ ေအာင္ျမင္ဖုိ႔ အျပန္အလွန္ယံုၾကည္မႈနဲ႔ အားလံုးပါ၀င္ေရးက အေရးၾကီးတယ္လို႔ ေျပာပါတယ္။ အျပည့္ အစံုကို ဗီြအုိေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးမွာပါ။

၇၃ၾကိမ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားကို ပင္လံုစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့ ရွမ္းျပည္နယ္ ပင္လံုၿမိဳ႔မွာ က်င္းပခဲ့ၿပီး ႏိုင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ မိန္႔ခြန္း ေျပာၾကားခဲ့ပါတယ္။ ပင္လံုဆိုတာ ျပည္ေထာင္စုကို ကိုယ္စားျပဳတဲ့ အဓိက ေ၀ါဟာရျဖစ္ ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ က အေလးထား ေျပာၾကားခဲ့ၿပီး ပင္လံုစိတ္ဓါတ္ နဲ႔ပတ္သက္လို႔ အခုလို ခ်ျပခဲ့ပါတယ္။

“ပင္လံုစာခ်ဳပ္ျဖစ္ေပၚလာျခင္းနဲ႔ ပတ္သက္တဲ့ အေရးၾကီးဆံုးအခ်က္ကေတာ့ ျပည္သူလူထု ပါ၀င္ခဲ့ျခင္း ျဖစ္တယ္လို႔ က်မ ယူဆပါတယ္။ ဒါဟာ ႏိုင္ငံအတြက္ အေရးပါတဲ့ ကိစၥရပ္ေတြ ေအာင္ျမင္စြာၿပီးေျမာက္ဖို႔ အတြက္ ျပည္သူလူထုမပါမျဖစ္ဆိုတဲ့ ဒီမုိကေရစီတန္ဖိုးကို အသိအမွတ္ျပဳလုိက္တာလည္း ျဖစ္ပါတယ္။ ဒုတိယအခ်က္အေနနဲ႔ ေျပာရမယ္ဆုိရင္ စာခ်ဳပ္ထဲမွာ ပါတဲ့ ၀ါက်ေလး တစ္ခုပဲ ျဖစ္ပါတယ္။ ၀ါက်ေလးက ရွင္းရွင္းတိုတိုေလးပါပဲ။ ၾကားျဖတ္ျမန္မာအစိုးရနဲ႔ ခ်က္ခ်င္းပူးေပါင္းျခင္းအားျဖင့္ ရွမ္း၊ ကခ်င္နဲ႔ ခ်င္းတို႔သည္ လြတ္လပ္ေရးကို ပိုမို၍ လ်င္ျမန္စာရလိမ့္မည္ဆိုတဲ့ အခ်က္ပါပဲ။ တုိင္းရင္းသားေတြ ပူးေပါင္းေဆာင္ရြက္မွ တကယ္အေရးပါတဲ့ ႏိုင္ငံကိစၥေတြကို ျမန္ဆန္ေကာင္းမြန္စြာ အေကာင္အထည္ေဖာ္ႏိုင္မယ္ဆုိတာကို ညႊန္းေနတာပါ။ အထက္ေဖာ္ျပပါ အခ်က္ ၂ခ်က္ကို ေပါင္းၿပီးေတာ့ ၾကည့္လုိက္မယ္ ဆုိရင္ ဒီမုိကေရစီျပည္ေထာင္စုၾကီး ေအာင္ျမင္စြာ ေပၚေပါက္လာဖုိ႔ဟာ ျပည္သူလူထု ပါ၀င္မႈနဲ႔ တိုင္းရင္းသားမ်ားရဲ့ ပူးေပါင္းေဆာင္ရြက္မႈ လိုအပ္တယ္ဆုိတာကို ရွင္းရွင္းလင္းလင္း ျပေနပါတယ္။ ဒါဟာ ပင္လံုစိတ္ဓါတ္ပါပဲ။ ”

ႏွစ္၇၀ေက်ာ္ၾကာျမင့္လာတဲ့အထိ ျပည္တြင္းမွာ ၿငိမ္းခ်မ္းမႈ မရႏုိင္တာဟာ အေၾကာင္းရင္းျဖစ္တဲ့ ႏိုင္ငံေရး ျပႆနာကို မေျဖရွင္းႏုိင္တာ ေၾကာင့္ လို႔လည္း သံုးသပ္ေျပာဆုိပါတယ္။

“ ေခတ္ အဆက္ဆက္ အစိုးရေတြဟာ လက္နက္ကိုင္ပဋိပကၡခ်ဳပ္ၿငိမ္းဖုိ႔နဲ႔ ၿငိမ္းခ်မ္းေရးရဖို႔အတြက္ ၾကိဳးစားၾကခဲ့ေပမဲ့ ၿငိမ္းခ်မ္းေရးရည္မွန္းခ်က္ေတြ ၿပီးျပည့္စံုေအာင္ မေဆာင္ရြက္ႏိုင္ခဲ့ၾကပါဘူး။ အပစ္အခတ္ ရပ္စဲေရးေလာက္ပဲ အျမင့္ဆံုး ရရိွခဲ့ၾကတာျဖစ္ၿပီးေတာ့ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးကို မတည္ေဆာက္ႏိုင္ခဲ့ၾကပါဘူး။ ဒီလို မတည္ေဆာက္ႏိုင္တာဟာ လက္နက္ကိုင္ပဋိကၡရဲ့ အေၾကာင္းရင္းခံျဖစ္တဲ့ ႏိုင္ငံေရးျပႆနာကို မေျဖရွင္းႏိုင္ခဲ့လုိ႔ ျဖစ္တယ္လုိ႔ က်မတို႔ အစိုးရက ယံုၾကည္ပါတယ္။”

ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ တိုင္းရင္းသားအားလံုး လက္ခံႏိုင္မယ့္ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ဖို႔ကို ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၊ ၂၁ရာစုပင္လံု အစည္းအေ၀းက တစ္ဆင့္ ေဆာင္ရြက္ေန တယ္လို႔လည္း ေဒၚေအာင္ဆန္း စုၾကည္က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ပင္လံုစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ၾကတဲ့ တုိင္းရင္းသားေခါင္းေဆာင္ေတြဟာ ရဲရဲရင့္ရင္နဲ႔ ေခတ္သစ္ကို တည္ေဆာက္ခဲ့သလို လက္ရိွမွာလည္း ႏိုင္ငံသားအားလံုး ပါဝင္ တည္ေဆာက္ၾကဖုိ႔ ေဒၚေအာင္ဆန္းစုၾကည္က နိဂံုးခ်ဳပ္ ပန္ၾကား ေျပာဆုိပါတယ္။

“ က်မတို႔ရဲ့ ျပည္ေထာင္စု ဖခင္ၾကီးမ်ားဟာ သစ္ဆန္းတဲ့အျမင္ေတြနဲ႔ သတၱိရိွရိွနဲ႔ ငါတုိ႔ေခတ္မွာ ငါတုိ႔ လိုခ်င္တဲ့ ႏိုင္ငံမ်ိဳးကို ငါတို႔ ထူေထာင္မယ္ဆိုတဲ့ စိတ္ဓါတ္နဲ႔ ေအာင္ျမင္မႈကို ရေအာင္လုပ္တာပါ။ က်မတုိ႔လည္း ဒီအတုိင္းပဲ လုပ္ဖုိ႔ လိုပါတယ္။ က်မတို႔ ေခတ္မွာ က်မတို႔ရဲ့ အျမင္ေတြနဲ႔ က်မတို႔ရဲ့ ဒီကမၻာၾကီးနဲ႔ ဒီႏိုင္ငံရဲ့ လိုအပ္ခ်က္ေတြအရ လုပ္သင့္လုပ္ထုိက္တဲ့ဟာေတြကို ဘယ္သူမွ မလုပ္ဖူးေသာ္လည္း အခု က်မတုိ႔ လုပ္မယ္ဆုိတဲ့ သတိၱနဲ႔ ပညာအေမွ်ာ္အျမင္နဲ႔ အားလံုး၀ိုင္းၿပီးကူညီၾကပါလုိ႔ က်မအေနနဲ႔ ေမတၱာရပ္ခံရင္းနဲ႔ နိဂံုးခ်ဳပ္ပါတယ္။”

အခမ္းအနားကို ကိုယ္တုိင္တက္ေရာက္ခဲ့တဲ့ ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ ဒုဥကၠဌ ခြန္ျမင့္ထြန္းကေတာ့ အျပန္အလွန္ယံုၾကည္ၿပီး အားလံုးပါ၀င္လာမယ္ဆုိရင္ ဒီမုိကေရစီ၊ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးလုပ္ငန္းေတြ ပိုမိုခိုင္မာႏိုင္မယ္လို႔ ေျပာပါတယ္။

“ အဓိက ဒီလုိအေျခအေနမ်ိဳးမွာေပါ့ေနာ္။ က်ေနာ္တုိ႔ တုိင္းျပည္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ေျပာတဲ့ အမ်ိဳးသားညီညြတ္ေရးနဲ႔ အမ်ိဳးသားတန္းတူေရးကို အေျခခံတဲ့ ဖက္ဒရယ္ျပည္ေထာင္စု ထူေထာင္ႏိုင္ဖုိ႔ကေတာ့ က်ေနာ္တုိ႔ ၾကားမွာ ယံုၾကည္မႈက အဓိက က်ပါတယ္။ အဲဒီယံုၾကည္မႈရေအာင္ အျပန္အလွန္အားျဖင့္ေတာ့ ထူေထာင္ဖုိ႔ လုိတယ္။ ေနာက္တစ္ခုကေတာ့ လက္ေတြ႔က်က် တစ္ကယ္ က်ေနာ္တုိ႔ ႏိုင္ငံေရးေဆြးေႏြးပဲြထဲမွာ အားလံုးပါဖုိ႔ေတာ့ လုိပါတယ္။ က်ေနာ္တုိ႔ အားလံုးပါၾကတယ္ဆုိရင္ေတာ့၊ အားလံုးေက်ေက်လည္လည္ ေဆြးေႏြးႏိုင္ရင္ေတာ့ က်ေနာ္တုိ႔ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ မူေတြ ရရိွေရးကေတာ့ လြယ္ကူမယ္။ ေခ်ာေမြ႔မယ္၊ ခုိင္မာမယ္ေပါ့။”

ဒီေန႔ ပင္လံုၿမိဳ႔မွာ က်င္းပတဲ့ ျပည္ေထာင္စုေန႔အခမ္းအနားကို ပင္လံုစာခ်ဳပ္မွာ ပါ၀င္ လက္မွတ္ေရးထုိးခဲ့တဲ့ တိုင္းရင္းသားေခါင္းေဆာင္ၾကီးေတြရဲ့ မိသားစု၀င္ေတြကိုလည္း ဖိတ္ၾကားခဲ့သလို NCA ေခၚ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခုိက္မႈ ရပ္စဲေရးသေဘာတူ စာခ်ဳပ္ကို လက္မွတ္ေရးထုိးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြက ကိုယ္စားလွယ္ေတြလည္း ပါ၀င္ တက္ေရာက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................

ပြည်ထောင်စုအောင်မြင်ရေး တိုင်းရင်းသားပြည်သူပူးပေါင်းဖို့ အတိုင်ပင်ခံတိုက်တွန်း
(Unicode)

ဒီကနေ့ကျရောက်တဲ့ ၇၃ကြိမ်မြောက်ပြည်ထောင်စုနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးပါတဲ့ ပင်လုံစိတ်ဓါတ်နဲ့ ၂၁ရာစုပင်လုံအောင်မြင်ရေး ရဲရဲအကောင်အထည်ဖော်ဖို့ အလေးထားတင်ပြသွားပါတယ်။ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင် တစ်ဦးကတော့ ဒီအချက်တွေ အောင်မြင်ဖို့ အပြန်အလှန်ယုံကြည်မှုနဲ့ အားလုံးပါဝင်ရေးက အရေးကြီးတယ်လို့ ပြောပါတယ်။

အပြည့် အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြ ပေးမှာပါ။

၇၃ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ပင်လုံဆိုတာ ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ အဓိက ဝေါဟာရဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က အလေးထား ပြောကြားခဲ့ပြီး ပင်လုံစိတ်ဓါတ် နဲ့ပတ်သက်လို့ အခုလို ချပြခဲ့ပါတယ်။

“ပင်လုံစာချုပ်ဖြစ်ပေါ်လာခြင်းနဲ့ ပတ်သက်တဲ့ အရေးကြီးဆုံးအချက်ကတော့ ပြည်သူလူထု ပါဝင်ခဲ့ခြင်း ဖြစ်တယ်လို့ ကျမ ယူဆပါတယ်။ ဒါဟာ နိုင်ငံအတွက် အရေးပါတဲ့ ကိစ္စရပ်တွေ အောင်မြင်စွာပြီးမြောက်ဖို့ အတွက် ပြည်သူလူထုမပါမဖြစ်ဆိုတဲ့ ဒီမိုကရေစီတန်ဖိုးကို အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ပြောရမယ်ဆိုရင် စာချုပ်ထဲမှာ ပါတဲ့ ဝါကျလေး တစ်ခုပဲ ဖြစ်ပါတယ်။ ဝါကျလေးက ရှင်းရှင်းတိုတိုလေးပါပဲ။ ကြားဖြတ်မြန်မာအစိုးရနဲ့ ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နဲ့ ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စာရလိမ့်မည်ဆိုတဲ့ အချက်ပါပဲ။ တိုင်းရင်းသားတွေ ပူးပေါင်းဆောင်ရွက်မှ တကယ်အရေးပါတဲ့ နိုင်ငံကိစ္စတွေကို မြန်ဆန်ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်မယ်ဆိုတာကို ညွှန်းနေတာပါ။ အထက်ဖော်ပြပါ အချက် ၂ချက်ကို ပေါင်းပြီးတော့ ကြည့်လိုက်မယ် ဆိုရင် ဒီမိုကရေစီပြည်ထောင်စုကြီး အောင်မြင်စွာ ပေါ်ပေါက်လာဖို့ဟာ ပြည်သူလူထု ပါဝင်မှုနဲ့ တိုင်းရင်းသားများရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြနေပါတယ်။ ဒါဟာ ပင်လုံစိတ်ဓါတ်ပါပဲ။ ”

နှစ်၇၀ကျော်ကြာမြင့်လာတဲ့အထိ ပြည်တွင်းမှာ ငြိမ်းချမ်းမှု မရနိုင်တာဟာ အကြောင်းရင်းဖြစ်တဲ့ နိုင်ငံရေး ပြဿနာကို မဖြေရှင်းနိုင်တာ ကြောင့် လို့လည်း သုံးသပ်ပြောဆိုပါတယ်။

“ ခေတ် အဆက်ဆက် အစိုးရတွေဟာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကြိုးစားကြခဲ့ပေမဲ့ ငြိမ်းချမ်းရေးရည်မှန်းချက်တွေ ပြီးပြည့်စုံအောင် မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ အပစ်အခတ် ရပ်စဲရေးလောက်ပဲ အမြင့်ဆုံး ရရှိခဲ့ကြတာဖြစ်ပြီးတော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ကြပါဘူး။ ဒီလို မတည်ဆောက်နိုင်တာဟာ လက်နက်ကိုင်ပဋိက္ခရဲ့ အကြောင်းရင်းခံဖြစ်တဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့လို့ ဖြစ်တယ်လို့ ကျမတို့ အစိုးရက ယုံကြည်ပါတယ်။”

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားအားလုံး လက်ခံနိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ရာစုပင်လုံ အစည်းအဝေးက တစ်ဆင့် ဆောင်ရွက်နေ တယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ရဲရဲရင့်ရင်နဲ့ ခေတ်သစ်ကို တည်ဆောက်ခဲ့သလို လက်ရှိမှာလည်း နိုင်ငံသားအားလုံး ပါဝင် တည်ဆောက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ် ပန်ကြား ပြောဆိုပါတယ်။

“ ကျမတို့ရဲ့ ပြည်ထောင်စု ဖခင်ကြီးများဟာ သစ်ဆန်းတဲ့အမြင်တွေနဲ့ သတ္တိရှိရှိနဲ့ ငါတို့ခေတ်မှာ ငါတို့ လိုချင်တဲ့ နိုင်ငံမျိုးကို ငါတို့ ထူထောင်မယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အောင်မြင်မှုကို ရအောင်လုပ်တာပါ။ ကျမတို့လည်း ဒီအတိုင်းပဲ လုပ်ဖို့ လိုပါတယ်။ ကျမတို့ ခေတ်မှာ ကျမတို့ရဲ့ အမြင်တွေနဲ့ ကျမတို့ရဲ့ ဒီကမ္ဘာကြီးနဲ့ ဒီနိုင်ငံရဲ့ လိုအပ်ချက်တွေအရ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကို ဘယ်သူမှ မလုပ်ဖူးသော်လည်း အခု ကျမတို့ လုပ်မယ်ဆိုတဲ့ သတ္တိနဲ့ ပညာအမျှော်အမြင်နဲ့ အားလုံးဝိုင်းပြီးကူညီကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။”

အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဒုဥက္ကဌ ခွန်မြင့်ထွန်းကတော့ အပြန်အလှန်ယုံကြည်ပြီး အားလုံးပါဝင်လာမယ်ဆိုရင် ဒီမိုကရေစီ၊ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းတွေ ပိုမိုခိုင်မာနိုင်မယ်လို့ ပြောပါတယ်။

“ အဓိက ဒီလိုအခြေအနေမျိုးမှာပေါ့နော်။ ကျနော်တို့ တိုင်းပြည်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အမျိုးသားညီညွတ်ရေးနဲ့ အမျိုးသားတန်းတူရေးကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ကတော့ ကျနော်တို့ ကြားမှာ ယုံကြည်မှုက အဓိက ကျပါတယ်။ အဲဒီယုံကြည်မှုရအောင် အပြန်အလှန်အားဖြင့်တော့ ထူထောင်ဖို့ လိုတယ်။ နောက်တစ်ခုကတော့ လက်တွေ့ကျကျ တစ်ကယ် ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲထဲမှာ အားလုံးပါဖို့တော့ လိုပါတယ်။ ကျနော်တို့ အားလုံးပါကြတယ်ဆိုရင်တော့၊ အားလုံးကျေကျေလည်လည် ဆွေးနွေးနိုင်ရင်တော့ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မူတွေ ရရှိရေးကတော့ လွယ်ကူမယ်။ ချောမွေ့မယ်၊ ခိုင်မာမယ်ပေါ့။”

ဒီနေ့ ပင်လုံမြို့မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို ပင်လုံစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေကိုလည်း ဖိတ်ကြားခဲ့သလို NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG