သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံညီလာခံရလဒ်အပေါ် တတ်ရောက်သူတို့အမြင်


အခု ပြီးဆုံးသွားတဲ့ ၂၁ ပင်လုံငြိမ်းချမ်းရေးညီလာခံရလဒ်တွေနဲ့ ပတ်သက်ပြီး ညီလာခံတတ်ရောက်ဆွေးနွေးသူတွေအကြား ကျေနပ်သူတွေရှိသလို၊ မျှော်လင့်တဲ့အတိုင်း မဖြစ်သေးလို့ အားမရသူတွေလည်း ရှိနေပါတယ်။ ညီလာခံအပေါ် ဝေဖန်သူတွေရှိသလို၊ ဝေဖန်ရုံနဲ့ ရှေ့ဆက်မရဘူးလို့ တုံ့ပြန်မှုတွေလည်းရှိပါတယ်။ တတ်ရောက်သူတွေအကြား အမြင်အမျိုးမျိုးကို ဗွီအိုအေ အဖွဲ့သားတွေ လိုက်လံမေးမြန်းထားတာ စုစည်းတင်ဆက်လိုက်ပါတယ်။

"ဝေဖန်ကြတာကို အန်ကယ်တို့က အပြစ်မပြောပါဘူး။ ဝေဖန်နိုင်ပါတယ်။ တကယ့်တကယ်ကြည့်ရမှာက Result တွေဘယ်လိုထွက်လာသလဲဆိုတာကို ကြည့်ရမှာပါ။"

"တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ ဆုံးဖြတ်ချက်ချမှတ်တဲ့ အခင်းအကျင်းတွေကအစကို တဖက်သတ်ကြီးဆန်နေမယ်ဆိုရင် နောက်မှာကျန်နေတဲ့လူတွေလည်းလိုက်လာမှာမဟုတ်ဘူး။ ငါတို့ဝင်လာရင်လည်း ရှုံးမှာပဲဆိုတဲ့ပုံစံပေါ့နော် ။ ရှုံးခြင်းမြတ်ခြင်းဆိုတာထက် ဟိုဘက်ဒီဘက် စေ့စပ်ညှိနှိုင်းလို့ရတယ်ဆိုတာ တော်သေးတာပေါ့နော်။ ဒါမှမဟုတ်ပဲနဲ့ လာပြီးတော့ ဒီအခင်းအကျင်းမှာရှိတဲ့လူကပဲ အနိုင်ယူသွားတဲ့ပုံစံဆိုတော့ အဆင်မပြေဘူး။"

"အခုရောက်လာတဲ့ အချက်အလက်တွေက ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်တဲ့အချက်အလက်တွေအလုံအလောက်မရှိသေးဘူးဆိုတာ ဝန်ခံချင်ပါတယ်။ ထိုနည်းလည်းကောင်းပဲ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက နှစ်ပေါင်း ၇၀ တော်လှန်ရေးလုပ်ပြီးတော့ တောင်းဆိုတဲ့ တောင်းဆိုချက်တွေလည်း အလုံလောက်မရှိသေးဘူးဆိုတာ ကျနော်ဝန်ခံချင်ပါတယ်။"

"အားရကျေနပ်မှုဆိုတာ ဒီမတူညီတဲ့ အဖွဲ့အစည်းတွေ မတူညီတဲ့ဟာတွေနဲ့ ညှိနှိုင်းတာလေ၊ ညှိနှိုင်းနေတဲ့ပွဲဆိုတော့ ကျနော်ခုနပြောတဲ့စကားကိုပြန်သုံးချင်တယ်။ ကျနော်တို့ရဲ့ လိုဘအတိုင်း ကျနော်တို့ဖြစ်ချင်တဲ့ ဆန္ဒအတိုင်းဖြစ်လာဖို့ဆိုတာက သိပ်ပြီးတော့ မလွယ်ကူတဲ့ကိစ္စပါ။"

အခုလို့ တုန့်ပြန်ပြောဆိုကြတဲ့ အစဉ်အတိုင်းကတော့ ရခိုင်အမျိုးသားပါတီက ဦးဦးလှစော၊ KNU ကရင်အမျိုးသားအစည်းအရုံးက ဖဒိုကွယ်ထူးဝင်း၊ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးထွန်းထွန်ဟိန်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က စိုင်းကျော်ညွှန့်၊ CNF ချင်းအမျိုးသားတပ်ဦးက ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်နဲ့ တအောင်းပလောင်အမျိုးသားပါတီက တာလှဖေတို့ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG