(Zawgyi/Unicode)
COVID-19 ကာလ အသြားအလာခက္ခဲေနခ်ိန္မွာ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႕ေတြနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြေတြ ရပ္တန္႔မသြားေစဖို႔ အစိုးရဘက္ကႀကိဳးစားေနတဲ့အေျခအေနနဲ႔ ေျမာက္ပိုင္းအဖဲြ႕ေတြဘက္က လက္ရွိ သေဘာထားနဲ႔ အေျခအေနေတြကို ကိုမိုးေဇာ္ တင္ျပေပးပါမယ္။
KIA ကခ်င္၊ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔နဲ႔ AA ရခိုင္အဖဲြ႕ေတြပါ၀င္တဲ့ ေျမာက္ပိုင္း မဟာမိတ္အဖဲြ႕နဲ႔ အစိုးရအၾကားမွာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက တ႐ုတ္ႏိုင္ငံမွာ အလြတ္သေဘာ ေတြ႕ဆံု ၿပီးတဲ့ေနာက္ COVID-19 ကပ္ေရာဂါနဲ႔ သြားလာေရး ခက္ခဲတာေၾကာင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြေတြဟာ ရပ္တန္႔ေနခဲ့တာပါ။
အစိုးရဘက္က သြားလာဖို႔ အကန္႔အသတ္ရွိခ်ိန္မွာ Online က တဆင့္ ေဆြးေႏြးဖို႔ ကမ္းလွမ္းထားသလို ေဆြးေႏြးပဲြေတြ ရပ္တန္႔မသြားေစဖို႔ လိုလားေၾကာင္း ႏိုင္ငံေတာ္သမၼတရံုး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ဒီေန႔ က်င္းပတဲ့သတင္းစာရွင္းလင္းပဲြမွာ အခုုလို ေျပာဆိုပါတယ္။
“COVID-19 ဒီခရီးသြားလာမႈ ကန္႔သတ္ခ်က္ေတြ မရွိေတာ့မွ ေတြ႕လို႔ အဆင္ေျပမယ္လို႔ က်ေနာ္တို႔ကို ထုတ္ျပန္ထားတယ္။ က်ေနာ္တို႔က ကန္႔သတ္ခ်က္ေတြ ရွိေနရင္ေတာင္မွ ေဆြးေႏြးမႈက မျပတ္ဖို႔ လိုတယ္။ က်ေနာ္တို႔ရဲ႕သေဘာထားက။ ေျမျပင္အေျခအေနအရ သြားလို႔ လာလို႔ မရဘူး။ အဲဒါဆိုရင္ က်ေနာ္တို႔ Online မွာ ေတြ႕ေပ့ါ။ ေဆြးေႏြးလို႔ ရတာပဲ ဒါမ်ိဳးေပါ့။ ဒါက တရား၀င္ အစည္းအေ၀းပဲြမဟုတ္ေသးဘူး။ Informal သြားမွာ။ အဲဒီမွာ ပြင့္ပြင့္လင္းလင္း ေက်ေက်လည္လည္ေျပာ၊ ေျပာၿပီးမွ ႏွစ္ဦးႏွစ္ဘက္ အလားအလာေတြ ေကာင္းတယ္။ ဘံုသေဘာတူညီခ်က္ ရႏိုင္တယ္ဆိုရင္ တရား၀င္ေဆြးေႏြးပဲြသြားမယ္။ ”
ေျမာက္ပိုင္းမဟာမိတ္ ၄ဖဲြ႕မွာ ပါ၀င္တဲ့ တအန္း(ပေလာင္)၊ ကိုးကန္႔နဲ႔ ရခိုင္တို႔ရဲ႕ ညီေနာင္မဟာမိတ္ ၃ဖဲြ႕က အပစ္ရပ္ေၾကာင္း ေၾကညာခ်က္ ထုတ္ေပမဲ့ လက္ေတြ႕မွာ တိုက္ပဲြေတြ မရပ္ဆိုင္းတဲ့အေပၚမွာလည္း ဦးေဇာ္ေဌးက အခုလို ေျပာဆိုထားပါတယ္။
“ ေျမာက္ပိုင္း ၃ဖဲြ႕က အပစ္ရပ္ေၾကညာတယ္။ ေၾကညာၿပီးရင္ ရဲေတြကို သတ္တယ္။ တပ္ကလူေတြကို သတ္တယ္။ ျပည္သူေတြကို သတ္တယ္။ အဲေတာ့ ဒီအပစ္ရပ္ေၾကညာတဲ့ ၃ဖဲြ႕ ေၾကညာခ်က္က ဘာလဲေပါ့။ ေၾကညာခ်က္နဲ႔ လုပ္ေဆာင္ခ်က္က ဘယ္ေလာက္ ထပ္တူက်လဲေပါ့။ ဒါေတြလည္း ရွင္းရွင္းလင္းလင္းျမင္ဖို႔ လိုတယ္။ က်ေနာ္တို႔က ၿငိမ္းခ်မ္းေရး လမ္းဖြင့္ထားတယ္။ တံခါးပိတ္မထားဘူး။ အၿမဲတမ္းလမ္းဖြင့္ထားတယ္၊ အၿမဲတမ္းလည္း ဖိတ္ေခၚတယ္။ သူတို႔ဘက္ကလည္း ၿငိမ္းခ်မ္းေရးလမ္းကို ေလွ်ာက္ခ်င္တဲ့ စိတ္ရင္းေစတနာအမွန္ရွိဖို႔ လိုတယ္။ ေခါင္းေဆာင္ေတြမွာ ရွိဖို႔လိုတယ္။ ညွိႏိႈင္းေဆြးေႏြးေနတဲ့လူေတြမွာ ရွိဖို႔လိုတယ္။”
ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလကက်င္းပတဲ့ က်ိဳင္းတံုေဆြးေႏြးပဲြမွာ Bilateral ေခၚ ႏွစ္ဘက္ အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ အစိုးရနဲ႔ တပ္မေတာ္ဘက္က ရည္မွန္းခဲ့ေပမဲ့ ေျမာက္ပိုင္းအဖဲြ႕ေတြဘက္က အဆင္မေျပတာေၾကာင့္ မေအာင္ျမင္ခဲ့ေၾကာင္း ဦးေဇာ္ေဌးက ထည့္သြင္းေျပာဆိုထားပါတယ္။
ေျမာက္ပိုင္းမဟာမိတ္ဘက္က လက္ရွိ Onlineေဆြးေႏြးပဲြ မစတင္ႏိုင္တဲ့အေပၚ KIA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႈးႀကီးေနာ္ဘူက အခုလို ေျပာဆိုထားပါတယ္။
“ ဘာေၾကာင့္လဲ ဆိုေတာ့ က်ေနာ္တို႔က နယ္စပ္ေဒသမွာေနတာ။ တ႐ုတ္နယ္စပ္မွာဆိုေတာ့ အဲဒီ ဗမာျပည္ဘက္က လိုင္းနဲ႔ေတာ့ မတူဘူး။ အားလံုး သိၾကတဲ့အတိုင္း။ အဲဒီမွာ နံပတ္တစ္ကေတာ့ လိုင္းျပႆနာျဖစ္မယ္လို႔ က်ေနာ္ထင္ပါတယ္။”
ေနာက္အတားအဆီးကေတာ့ မဟာမိတ္အဖဲြ႕ေတြရဲ႕ မူအရ အစိုးရနဲ႔ တေနရာတည္းမွာ အတူ ေဆြးေႏြးဖို႔ ျဖစ္တာေၾကာင့္ ဒီလို မေဆြးေႏြးခင္ မဟာမိတ္ ၄ဖဲြ႕ ေတြ႕ဆံုညွိႏိႈင္းဖို႔အခက္အခဲရွိေၾကာင္း၊ အစိုးရဘက္က ကမ္းလွမ္းတဲ့ ျမစ္ႀကီးနား သို႔မဟုတ္ က်ိဳင္းတံုမွာ ေတြ႕ဖို႔ဆိုရင္ ႏိုင္ငံတကာ သက္ေသအေနနဲ႔ တ႐ုတ္နဲ႔ အျခား ကိုယ္စားလွယ္ေတြ လာေရာက္ဖို႔ ခက္ခဲတာေၾကာင့္ ျဖစ္ေၾကာင္း ဗိုုလ္မွဴးႀကီးေနာ္ဘူက ေျပာပါတယ္။
TNLA ေခၚ တအန္း(ပေလာင္)အဖဲြ႕က ဗိုလ္မႈးတာ့အိုက္ေက်ာ္ကလည္း ရွမ္းေျမာက္ေဒသ တိုက္ပဲြျဖစ္ရတဲ့အေျခအေနကို အခုလို တ႔ံုျပန္ထားပါတယ္။
“ တကယ့္ေျမျပင္မွာေတာ့ တိုက္ပဲြမျဖစ္ေအာင္ က်ေနာ္တို႔ ေရွာင္တယ္။ ခါတိုင္းဆို က်ေနာ္တို႔ ဒီဇင္ဘာမွာဆို အနည္းဆံုးမရွိဘူးဆို တိုက္ပဲြက ဆယ္ဂဏန္းရွိတယ္ေပါ့။ တစ္ဆယ္၊ ႏွစ္ဆယ္။ အခုေနာက္ပိုင္းမွာ က်ေနာ္တို႔က ဒီ အပစ္ရပ္ေၾကညာထားၿပီးတဲ့ေနာက္ပိုင္းမွာ က်ေနာ္တို႔ တတ္ႏိုင္သမွ်ေလ်ာ့ေတာ့ ေရွ႕လထဲမွာ ၄- ၅ႀကိမ္၊ အဲဒါေတာင္မွ ထိပ္တိုက္ တိုက္ပဲြျပင္းျပင္းထန္ထန္ တိုက္ပဲြေတာင္ မရွိဘူး။ ဒါက တကယ္ ေျမျပင္မွာ ျဖစ္ပ်က္ေနတဲ့ဟာ။ အကုန္လံုးတိုက္ပဲြကိုျပန္ၾကည့္ရင္လည္း က်ေနာ္တို႔က သြားတိုက္တာမရွိဘူး။ အကုန္လံုးကေတာ့ တပ္ဘက္က ထိုးစစ္ဆင္လာလို႔ တိုက္ပဲြျဖစ္ပြားတာျဖစ္တယ္။”
က်ိဳင္းတံုေဆြးေႏြးပဲြမွာ တပ္မေတာ္နဲ႔ သေဘာတူညီခ်က္ မရခဲ့တဲ့ေနာက္ ေဆြးေႏြးပဲြလမ္းေၾကာင္း ေပ်ာက္သြားတာ ျဖစ္ေၾကာင္းလည္း ဗိုလ္မွဴးတာ့အိုက္ေက်ာ္က ေျပာပါတယ္။
“ အစိုးရနဲ႔ ဒီတပ္မေတာ္က ပါတာက ေနာက္ဆံုး က်ိဳင္းတံုေဆြးေႏြးပဲြမွာ ပါတာ။ အဲဒီတုန္းကေတာ့ က်ေနာ္တို႔နဲ႔ PC နဲ႔ အရင္တုန္းကညွိၿပီးမွ ျဖစ္ႏိုင္မယ့္ လမ္းေၾကာင္းကို စဥ္းစားထားတဲ့ဟာကို ဒီ တပ္ကေတာ့ အဲဒီအခ်ိန္မွာ လက္မခံဘူး။ လက္မခံတဲ့အတြက္ ဒီေဆြးေႏြးပဲြလမ္းေၾကာင္းက ပ်က္သလို ျဖစ္သြားတာေပါ့ေနာ္။”
ေျမာက္ပိုင္းအဖဲြ႕ေတြနဲ႔ အစိုးရဲ႕ PC ေခၚ ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ ညွိႏိႈင္းထားတဲ့အခ်က္ေတြမွာ တပ္ေနရာခ်ထားေရးနဲ႔ လက္မွတ္ထိုးၿပီးေနာက္ တိုက္ပဲြျဖစ္ရင္ ၾကားခံ အဖဲြ႕က ၾကား၀င္ ေဆာင္ရြက္ေရး ကိစၥေတြ ပါ၀င္တယ္လို႔ ေျပာပါတယ္။
ေလာေလာဆည္မွာေတာ့ အစိုးရတပ္မေတာ္ကေရာ၊ ညီေနာင္မဟာမိတ္အဖဲြ႕ေတြဘက္ကပါ တစ္ဘက္သတ္ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာထားတာပါ။
တပ္မေတာ္ရဲ႕ အပစ္ရပ္ ေၾကညာခ်က္မွာ အၾကမ္းဖက္အဖဲြ႔ေတြ လႈပ္ရွားရာနယ္ေျမမပါ၀င္ေၾကာင္း ထုတ္ျပန္ထားသလို ညီေနာင္မဟာမိတ္ေတြဘက္ကလည္း ရခိုင္ေဒသကိုပါ ထည့္သြင္းဖို႔ေတာင္း ဆိုထား ပါတယ္။
ဒီရက္ပိုင္းေတြအတြင္းမွာေတာ့ ရခိုင္ေဒသမွာ တိုက္ပဲြေတြ ဆက္လက္ ျဖစ္ပြားေနသလို ရွမ္းေျမာက္ေဒသမွာလည္း တိုက္ပဲြေတြ ႀကိဳးၾကားဆိုသလို ျဖစ္ပြားခဲ့ပါတယ္။
........................
(unicode)
COVID-19 ကာလ အသွားအလာခက်ခဲနေချိန်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်မသွားစေဖို့ အစိုးရဘက်ကကြိုးစားနေတဲ့အခြေအနေနဲ့ မြောက်ပိုင်းအဖွဲ့တွေဘက်က လက်ရှိ သဘောထားနဲ့ အခြေအနေတွေကို ကိုမိုးဇော် တင်ပြပေးပါမယ်။
KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ အစိုးရအကြားမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ အလွတ်သဘော တွေ့ဆုံ ပြီးတဲ့နောက် COVID-19 ကပ်ရောဂါနဲ့ သွားလာရေး ခက်ခဲတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ရပ်တန့်နေခဲ့တာပါ။
အစိုးရဘက်က သွားလာဖို့ အကန့်အသတ်ရှိချိန်မှာ Online က တဆင့် ဆွေးနွေးဖို့ ကမ်းလှမ်းထားသလို ဆွေးနွေးပွဲတွေ ရပ်တန့်မသွားစေဖို့ လိုလားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။
“COVID-19 ဒီခရီးသွားလာမှု ကန့်သတ်ချက်တွေ မရှိတော့မှ တွေ့လို့ အဆင်ပြေမယ်လို့ ကျနော်တို့ကို ထုတ်ပြန်ထားတယ်။ ကျနော်တို့က ကန့်သတ်ချက်တွေ ရှိနေရင်တောင်မှ ဆွေးနွေးမှုက မပြတ်ဖို့ လိုတယ်။ ကျနော်တို့ရဲ့သဘောထားက။ မြေပြင်အခြေအနေအရ သွားလို့ လာလို့ မရဘူး။ အဲဒါဆိုရင် ကျနော်တို့ Online မှာ တွေ့ပေ့ါ။ ဆွေးနွေးလို့ ရတာပဲ ဒါမျိုးပေါ့။ ဒါက တရားဝင် အစည်းအဝေးပွဲမဟုတ်သေးဘူး။ Informal သွားမှာ။ အဲဒီမှာ ပွင့်ပွင့်လင်းလင်း ကျေကျေလည်လည်ပြော၊ ပြောပြီးမှ နှစ်ဦးနှစ်ဘက် အလားအလာတွေ ကောင်းတယ်။ ဘုံသဘောတူညီချက် ရနိုင်တယ်ဆိုရင် တရားဝင်ဆွေးနွေးပွဲသွားမယ်။ ”
မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့မှာ ပါဝင်တဲ့ တအန်း(ပလောင်)၊ ကိုးကန့်နဲ့ ရခိုင်တို့ရဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့က အပစ်ရပ်ကြောင်း ကြေညာချက် ထုတ်ပေမဲ့ လက်တွေ့မှာ တိုက်ပွဲတွေ မရပ်ဆိုင်းတဲ့အပေါ်မှာလည်း ဦးဇော်ဌေးက အခုလို ပြောဆိုထားပါတယ်။
“ မြောက်ပိုင်း ၃ဖွဲ့က အပစ်ရပ်ကြေညာတယ်။ ကြေညာပြီးရင် ရဲတွေကို သတ်တယ်။ တပ်ကလူတွေကို သတ်တယ်။ ပြည်သူတွေကို သတ်တယ်။ အဲတော့ ဒီအပစ်ရပ်ကြေညာတဲ့ ၃ဖွဲ့ ကြေညာချက်က ဘာလဲပေါ့။ ကြေညာချက်နဲ့ လုပ်ဆောင်ချက်က ဘယ်လောက် ထပ်တူကျလဲပေါ့။ ဒါတွေလည်း ရှင်းရှင်းလင်းလင်းမြင်ဖို့ လိုတယ်။ ကျနော်တို့က ငြိမ်းချမ်းရေး လမ်းဖွင့်ထားတယ်။ တံခါးပိတ်မထားဘူး။ အမြဲတမ်းလမ်းဖွင့်ထားတယ်၊ အမြဲတမ်းလည်း ဖိတ်ခေါ်တယ်။ သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးလမ်းကို လျှောက်ချင်တဲ့ စိတ်ရင်းစေတနာအမှန်ရှိဖို့ လိုတယ်။ ခေါင်းဆောင်တွေမှာ ရှိဖို့လိုတယ်။ ညှိနှိုင်းဆွေးနွေးနေတဲ့လူတွေမှာ ရှိဖို့လိုတယ်။”
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကကျင်းပတဲ့ ကျိုင်းတုံဆွေးနွေးပွဲမှာ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ် ချုပ်ဆိုဖို့ အစိုးရနဲ့ တပ်မတော်ဘက်က ရည်မှန်းခဲ့ပေမဲ့ မြောက်ပိုင်းအဖွဲ့တွေဘက်က အဆင်မပြေတာကြောင့် မအောင်မြင်ခဲ့ကြောင်း ဦးဇော်ဌေးက ထည့်သွင်းပြောဆိုထားပါတယ်။
မြောက်ပိုင်းမဟာမိတ်ဘက်က လက်ရှိ Onlineဆွေးနွေးပွဲ မစတင်နိုင်တဲ့အပေါ် KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောဆိုထားပါတယ်။
“ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က နယ်စပ်ဒေသမှာနေတာ။ တရုတ်နယ်စပ်မှာဆိုတော့ အဲဒီ ဗမာပြည်ဘက်က လိုင်းနဲ့တော့ မတူဘူး။ အားလုံး သိကြတဲ့အတိုင်း။ အဲဒီမှာ နံပတ်တစ်ကတော့ လိုင်းပြဿနာဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။”
နောက်အတားအဆီးကတော့ မဟာမိတ်အဖွဲ့တွေရဲ့ မူအရ အစိုးရနဲ့ တနေရာတည်းမှာ အတူ ဆွေးနွေးဖို့ ဖြစ်တာကြောင့် ဒီလို မဆွေးနွေးခင် မဟာမိတ် ၄ဖွဲ့ တွေ့ဆုံညှိနှိုင်းဖို့အခက်အခဲရှိကြောင်း၊ အစိုးရဘက်က ကမ်းလှမ်းတဲ့ မြစ်ကြီးနား သို့မဟုတ် ကျိုင်းတုံမှာ တွေ့ဖို့ဆိုရင် နိုင်ငံတကာ သက်သေအနေနဲ့ တရုတ်နဲ့ အခြား ကိုယ်စားလှယ်တွေ လာရောက်ဖို့ ခက်ခဲတာကြောင့် ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
TNLA ခေါ် တအန်း(ပလောင်)အဖွဲ့က ဗိုလ်မှုးတာ့အိုက်ကျော်ကလည်း ရှမ်းမြောက်ဒေသ တိုက်ပွဲဖြစ်ရတဲ့အခြေအနေကို အခုလို တ့ုံပြန်ထားပါတယ်။
“ တကယ့်မြေပြင်မှာတော့ တိုက်ပွဲမဖြစ်အောင် ကျနော်တို့ ရှောင်တယ်။ ခါတိုင်းဆို ကျနော်တို့ ဒီဇင်ဘာမှာဆို အနည်းဆုံးမရှိဘူးဆို တိုက်ပွဲက ဆယ်ဂဏန်းရှိတယ်ပေါ့။ တစ်ဆယ်၊ နှစ်ဆယ်။ အခုနောက်ပိုင်းမှာ ကျနော်တို့က ဒီ အပစ်ရပ်ကြေညာထားပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ တတ်နိုင်သမျှလျော့တော့ ရှေ့လထဲမှာ ၄- ၅ကြိမ်၊ အဲဒါတောင်မှ ထိပ်တိုက် တိုက်ပွဲပြင်းပြင်းထန်ထန် တိုက်ပွဲတောင် မရှိဘူး။ ဒါက တကယ် မြေပြင်မှာ ဖြစ်ပျက်နေတဲ့ဟာ။ အကုန်လုံးတိုက်ပွဲကိုပြန်ကြည့်ရင်လည်း ကျနော်တို့က သွားတိုက်တာမရှိဘူး။ အကုန်လုံးကတော့ တပ်ဘက်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်။”
ကျိုင်းတုံဆွေးနွေးပွဲမှာ တပ်မတော်နဲ့ သဘောတူညီချက် မရခဲ့တဲ့နောက် ဆွေးနွေးပွဲလမ်းကြောင်း ပျောက်သွားတာ ဖြစ်ကြောင်းလည်း ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါတယ်။
“ အစိုးရနဲ့ ဒီတပ်မတော်က ပါတာက နောက်ဆုံး ကျိုင်းတုံဆွေးနွေးပွဲမှာ ပါတာ။ အဲဒီတုန်းကတော့ ကျနော်တို့နဲ့ PC နဲ့ အရင်တုန်းကညှိပြီးမှ ဖြစ်နိုင်မယ့် လမ်းကြောင်းကို စဉ်းစားထားတဲ့ဟာကို ဒီ တပ်ကတော့ အဲဒီအချိန်မှာ လက်မခံဘူး။ လက်မခံတဲ့အတွက် ဒီဆွေးနွေးပွဲလမ်းကြောင်းက ပျက်သလို ဖြစ်သွားတာပေါ့နော်။”
မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရဲ့ PC ခေါ် ငြိမ်းချမ်းရေးကော်မရှင်နဲ့ ညှိနှိုင်းထားတဲ့အချက်တွေမှာ တပ်နေရာချထားရေးနဲ့ လက်မှတ်ထိုးပြီးနောက် တိုက်ပွဲဖြစ်ရင် ကြားခံ အဖွဲ့က ကြားဝင် ဆောင်ရွက်ရေး ကိစ္စတွေ ပါဝင်တယ်လို့ ပြောပါတယ်။
လောလောဆည်မှာတော့ အစိုးရတပ်မတော်ကရော၊ ညီနောင်မဟာမိတ်အဖွဲ့တွေဘက်ကပါ တစ်ဘက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားတာပါ။
တပ်မတော်ရဲ့ အပစ်ရပ် ကြေညာချက်မှာ အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားရာနယ်မြေမပါဝင်ကြောင်း ထုတ်ပြန်ထားသလို ညီနောင်မဟာမိတ်တွေဘက်ကလည်း ရခိုင်ဒေသကိုပါ ထည့်သွင်းဖို့တောင်း ဆိုထား ပါတယ်။
ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရခိုင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို ရှမ်းမြောက်ဒေသမှာလည်း တိုက်ပွဲတွေ ကြိုးကြားဆိုသလို ဖြစ်ပွားခဲ့ပါတယ်။