သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပဋိပကၡအတြင္း အၾကမ္းဖက္မႈပေပ်ာက္ေရး လုံၿခံဳေရးေကာင္စီေဆြးေႏြးပြဲမွာ ျမန္မာ့အေရးပါ၀င္


လုံၿခံဳေရးေကာင္စီ တံခါးဖြင့္ ေဆြးေႏြးပြဲ (ဇူလိုင္လ ၁၇ ရက္ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာေရာ ႏုိင္ငံတကာမွာပါ ႀကဳံေတြ႔ေနရတဲ့ ၊ ပဋိပကၡေဒသအတြင္း လိင္ပိုင္းဆုိင္ရာ အၾကမ္းဖက္ခံရမႈေတြ ေလ်ာ့ပါးသြားဖို႔ဆိုရင္ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအစိုးရေတြက ႏုိင္ငံေရး အာသီသရွိရွိ ေျဖရွင္းၾကဖို႔လိုၿပီး ၊ ဒီလို ေျဖရွင္းရာမွာ လုံေလာက္တဲ့ ေငြေၾကးရန္ပုံေငြ ထည့္ဝင္ၾကဖုိ႔လိုေၾကာင္း ဇူလိုင္(၁၇)ရက္မွာက်င္းပတဲ့ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ တခါးဖြင့္ ေဆြးေႏြးပဲြမွာ အဓိက ဝင္ေရာက္ေဆြးေႏြးသူေတြက ေထာက္ျပသြားပါတယ္။ ဒီေဆြးေႏြးပဲြမွာ ျမန္မာ့လူ႔အခြင့္အေရးလႈပ္ရွားသူတဦးလည္း တက္ေရာက္ေဆြးေႏြးခဲ့တဲ့ အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ကမၻာတလႊား ႏုိင္ငံတခ်ဳိ႕မွာ စစ္ေရး ၊ လူမ်ဳိးေရးပဋိပကၡေတ ြႀကဳံေနရၿပီး အဲဒီပဋိပကၡအတြင္း အမ်ဳိးသမီးနဲ႔ မိန္းကေလးငယ္ေတြ ၊ဆယ္ေက်ာ္သက္ ေယာက္်ားေလးေတြကုိပါ အဓိက ပစ္မွတ္ထားၿပီး လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ အဆက္မျပတ္ ျဖစ္ေပၚေနတာဟာ အလြန္စိုးရိမ္ဖြယ္ အေျခအေနမွာရွိေၾကာင္း ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ ေသာၾကာေန႔မနက္ အင္တာနက္အြန္လိုင္းကတဆင့္ က်င္းပတဲ့ တခါးဖြင့္ ေဆြးေႏြးပဲြမွာ ေျပာဆုိသြားၾကတာပါ။

ေဆြးေႏြးပဲြကို ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Ms. Pramila Patten လည္းတက္ေရာက္ၿပီး ပဋိပကၡေဒသအတြင္း လိင္ပိုင္းဆုိင္ရာ အၾကမ္းဖက္ခံရမႈေတြ ေလ်ာ့ခ်ႏိုင္ေရး နည္းလမ္းရွာၾကဖို႔ တိုက္တြန္းသြားပါတယ္။

" ဒီေန႔ က်မတို႔ ခုလိုေတြ႔ဆုံၾကတာဟာ လိင္ပိုင္းဆုိင္ရာ အၾကမ္းဖက္မႈေတြ ရပ္တန္႔သြားေအာင္ ဘယ္လိုလုပ္သင့္သလဲဆိုတဲ့ ထိေရာက္တဲ့ နည္းလမ္းကို ရွာေဖြသြားဖို႔ ျဖစ္ပါတယ္။ အဲဒီ အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္တဲ့ ကုလသမဂၢရဲ႕ သေဘာတူစာခ်ဳပ္ေတြမွာ ပါဝင္လက္မွတ္ထိုး ကတိေပး ထားၾကတဲ့ သက္ဆုိင္ရာ ႏုိင္ငံေတြအေနနဲ႔ ထိေရာက္စြာ လက္ေတြ႔အေကာင္ထည္ ေဖၚလာေရးပဲ ျဖစ္ပါတယ္။ ခ်မွတ္ထားတဲ့ ဆုံးျဖတ္ခ်က္ေတြကို ရလဒ္ေကာင္းေတြ ေပၚထြက္လာေအာင္ လုပ္ၾကဖို႔ တိုက္တြန္းပါတယ္ " လို႔ ေျပာသြားတာပါ။

ကုလသမဂၢ ဒုကၡသည္ေအဂ်င္စီ UNHCR ရဲ႕ အထူးသံကုိယ္စားလွယ္ျဖစ္တဲ့ ေဟာလိဝုဒ္ မင္းသမီး Angelina Jolie ကေတာ့ ကုလသမဂၢေရာ ႏိုင္ငံအစိုးရေတြမွာပါ လိင္းပိုင္း အၾကမ္းဖက္ခံရမႈနဲ႔ ပတ္သက္လို႔ တက္ၾကြစြာ ေျဖရွင္းလိုတဲ့ ႏိုင္ငံေရး အာသီသနည္းေနတယ္လို႔ ေဝဖန္လိုက္ပါတယ္။

"အၾကမ္းဖက္ခံရသူေတြကို ကုစား ေထာက္ပံ့ေပးမယ့္ ဝန္ေဆာင္မႈေတြ မရွိတာ၊ ဒီလုိ လုပ္ေဆာင္ႏိုင္ဖို႔ ႏိုင္ငံတကာ အသိုင္းဝိုင္းက ရန္ပုံေငြ မထည့္ဝင္ၾကတာေတြဟာ စိတ္ပ်က္စရာ ေကာင္းသလို၊ အဓိကအားျဖင့္ ဒီျပႆနာကို ေျဖရွင္းဖုိ႔ ႏိုင္ငံေရးအာသီသ မရွိၾကတာကို ေတြ႔ရပါတယ္။ လူသားခ်င္းစာနာတဲ့ အကူအညီ လိုအပ္ခ်က္ရဲ႕ ၁% ေတာင္ ေငြေၾကး မထည့္ဝင္ၾကဘူး" .. လုိ႔ Angelina Jolie က ေဝဖန္သြားပါတယ္။

ဒီတခါးဖြင့္ ေဆြးေႏြးပြဲကို သဘာပတိအျဖစ္ေဆာင္ရြက္တာက လုံၿခဳံေရးေကာင္စီရဲ႕ အလွည့္က်ဥကၠဌ ႏုိင္ငံျဖစ္တဲ့ ဂ်ာမနီရဲ႕ႏိုင္ငံျခားေရးဝန္ႀကီး Heiko Maas ပဲ ျဖစ္ပါတယ္။

" ပဋိပကၡအတြင္း လိင္ပိုင္း အၾကမ္းဖက္ခံရသူေတြ ရသင့္တဲ့အခြင့္အေရးအတြက္ ဘယ္လို ေသခ်ာေအာင္ ကူညီေဆာင္ရြက္ ေပးၾကမလဲ ဆိုတာနဲ႔ အဲဒီလို ရာဇဝတ္မ်ဳိးကို က်ဴးလြန္ခဲ့သူေတြနဲ႔ ပတ္သက္ၿပီး ဘယ္လို အေရးယူ ကိုင္တြယ္ၾကသလဲဆိုတာေတြကို ေသခ်ာ ျပန္ဆန္းစစ္ဖို႔ လိုပါတယ္ " .လုိ႔ ဝန္ႀကီး Heiko က ေထာက္ျပသ ြားပါတယ္။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ တခါးဖြင့္ ေဆြးေႏြးပဲြမွာ အဓိကေဆြးေႏြးသူအျဖစ္ ပါဝင္ခဲ့တာကေတာ့ ျမန္မာ့လူ႔အခြင့္အေရးလႈပ္ရွားသူ Working Group on Women Peace & Security အဖြဲ႔က မခင္ဥမၼာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လုိ႔ ဒီေဆြးေႏြးပဲြမွာ သူတင္ျပတဲ့ အခ်က္ေတြ ကို ရွင္းျပပါတယ္။

" အထူးသျဖင့္ေတာ့ ျမန္မာစစ္တပ္ဟာ တိုင္းရင္းသားလူမ်ဳိးစု အသိုင္းအဝုိင္းေတြ အေပၚမွာ ဒီမုဒိမ္းက်င့္မႈကို စစ္လက္နက္သဖြယ္ အသုံးျပဳေနတာဟာ ၾကာျမင့္ေနၿပီဆိုတာကို က်မ သက္ေသ သက္ကာယနဲ႔ အဲဒါကို ေသခ်ာေထာက္ျပခဲ့တယ္။ တပ္မေတာ္က တုိင္းရင္းသားေဒသေတြမွာ သူတို႔ စစ္ဆင္ေရးေတြလုပ္တိုင္း သူတို႔ သြားေနတဲ့ ေနရာေတြမွာ တိုင္းရင္းသူအမ်ဳိးသမီးေတြ ၊ အမ်ဳိးသမီးငယ္ေတြ ေပၚမွာ ဒီလို လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္မႈေတြ လုပ္လာခဲ့တာက အရမ္းၾကာေနၿပီေလ။ ဒီလုိ ၾကာေနတဲ့ကိစၥကို က်မက ေနာက္ခံေတြ ေျပာျပတယ္။ ေနာက္တခုက ၂၀၁၇ မွာလည္း ဒီ႐ိုဟင္ဂ်ာအမ်ဳိးသမီးေတြ သူတို႔ေတြ ႀကဳံခဲ့ရတဲ့ဟာေတြကိုလည္း က်မကိုယ္တိုင္ နားေထာင္ခဲ့ရတာ ရွိတယ္။ အခုဆုိရင္ ရခုိင္မွာဆုိရင္လည္း လြန္ခဲ့တဲ့ တပတ္ ႏွစ္ပတ္ ထဲမွာေတာင္မွ အဲဒီလုိျဖစ္ရပ္ အသစ္ေတြက ထပ္ထြက္လာေနတာ ဆိုေတာ့ ဒီကိစၥမ်ဳိးေတြက အခုခ်ိန္ထိ မၿပီးေသးဘူးဆိုတာ ေသခ်ာ ေထာက္ျပခဲ့ပါတယ္။ "

ဒါ့အျပင္ ျမန္မာႏိုင္ငံတြင္း လိင္ပိုင္းအၾကမ္းဖက္ခံရမႈ ရပ္တန္႔ သြားေရးနဲ႔ပတ္သက္လို႔ လုံၿခဳံေရးေကာင္စီကို တိုက္တြန္းခဲ့တာရွိေၾကင္း မခင္ဥမၼာက ေျပာပါတယ္။

" လုံၿခဳံေရး ေကာင္စီကို က်မရဲ႕ တင္ျပေတာင္းဆိုခ်က္က ဘာလဲဆုိရင္ - တပ္မေတာ္ကေနၿပီး က်ဴးလြန္ေနတဲ့ လိင္ပိုင္းဆုိင္ရာ အၾကမ္းဖက္မႈ ေတြကို ျမန္မာျပည္ထဲမွာ ျပည္တြင္းဥပေဒအရ ဘယ္လိုမွ အေရးယူလို႔ မရႏိုင္ဘူး ျဖစ္ေနတယ္။ ေနာက္တခုက ဒါေတြဟာ ႏိုင္ငံတကာ ဥပေဒကို ခ်ဳိးေဖါက္တဲ့အျပင္ လူမ်ဳိးတုံးေအာင္လုပ္တဲ့ Genocide ရဲ႕အစိတ္အပိုင္းလည္း ျဖစ္တယ္ရွင့္။ ၿပီးတဲ့ခါက်ေတာ့ အမ်ဳိးသမီးေတြကို လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ - အထူးသျဖင့္ ပဋိပကၡျဖစ္ေနတဲ့ ေဒသထဲမွာ လုပ္တယ္ဆိုတာေတြက ႏိုင္ငံတကာရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ျပႆနာပါ ျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ကုလသမဂၢ လုံၿခဳံေရး ေကာင္စီအေနနဲ႔ ျမန္မာႏိုင္ငံကို ICC ႏိုင္ငံတကာ ခုံ႐ုံးကို ပို႔ရင္ပို႔ ၊ မပို႔လုိ႔ရွိရင္ေတာ့ သီးသန္႔ ခုံ႐ုံးတခုကို ဖြဲ႔စည္းၿပီးေတာ့မွ ဒီျပစ္မႈေတြ စစ္ဖို႔လုိပါတယ္။ ႐ုိဟင္ဂ်ာေတြ က်ဴးလြန္ခံခဲ့ရတဲ့ဟာ တခုထဲတင္ မဟုတ္ပဲနဲ႔ တျခား ကခ်င္၊ ကရင္၊ ရွမ္း ၊ ရခုိင္ စသျဖင့္ တျခားတိုင္းရင္းသားေတြပါ ဒီစစ္တပ္ တပ္မေတာ္ရဲ႕လက္ထဲမွာ ဆိုးဆိုးဝါးဝါး အျမဲတမ္း ႏွိပ္စက္ခံေနရတာေတြ က်ဴးလြန္ခံေနရတဲ့ ဒီအမႈေတြကို ေျဖရွင္းေပးႏုိင္ဖုိ႔အတြက္ကို ICC ကို ပို႔ရင္ပို႔ ၊ မပုိ႔ရင္ ခုံ႐ုံးတခု သီးသန္႔ ဖြဲ႔ေပးပါဆိုတာကို က်မ အဓိကထား ေတာင္းဆုိခဲ့ပါတယ္။"

ႏုိင္ငံတကာမွာ ေခၚဆိုေနတဲ့ ႐ုိဟင္ဂ်ာ ဆိုတဲ့အသုံးႏႈန္းကို ျမန္မာအစိုးရကေရာ တပ္မေတာ္ကပါ လက္မခံပယ္ခ်ထားေပမဲ့ ဘဂၤလားေဒ့ရွ္ နယ္စပ္ဘက္ ထြက္ခြာသ ြားသူေတြ သူတို႔ရဲ႕မူလ ေနထုိင္ရာကို ျပန္လာႏိုင္ေရး ျမန္မာအစိုးရက ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္ေနဆဲ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ NLD အစိုးရတက္လာၿပီးေနာက္ပိုင္း ပဋိပကၡ ေဒသအတြင္း လိင္ပိုင္းဆုိင္ရာအၾကမ္းဖက္မႈေတြ ေလ်ာ့က်သ ြားေအာင္ လုပ္ေဆာင္မယ္ဆိုတဲ့ ကုလသမဂၢနဲ႔ သေဘာတူစာခ်ဳပ္ကို အစိုးရက ၂၀၁၈ မွာ လက္မွတ္ထုိးခဲ့တာ ျဖစ္ပါတယ္။

ဒီကုလသမဂၢ လုံၿခဳံေရးေကာင္စီ တခါးဖြင့္ ေဆြးေႏြးပဲြကို လံုၿခံဳေရးေကာင္စီ အလွည့္က် ဥကၠ႒ႏိုင္ငံျဖစ္တဲ့ ဂ်ာမဏီႏိုင္ငံက သဘာပတိ အျဖစ္ ေဆာင္ရြက္ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


................

ပဋိပက္ခအတွင်း အကြမ်းဖက်မှုပပျောက်ရေး လုံခြုံရေးကောင်စီဆွေးနွေးပွဲမှာ မြန်မာ့အရေးပါဝင်

(Unicode)

မြန်မာနိုင်ငံမှာရော နိုင်ငံတကာမှာပါ ကြုံတွေ့နေရတဲ့ ၊ ပဋိပက္ခဒေသအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ လျော့ပါးသွားဖို့ဆိုရင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေက နိုင်ငံရေး အာသီသရှိရှိ ဖြေရှင်းကြဖို့လိုပြီး ၊ ဒီလို ဖြေရှင်းရာမှာ လုံလောက်တဲ့ ငွေကြေးရန်ပုံငွေ ထည့်ဝင်ကြဖို့လိုကြောင်း ဇူလိုင်(၁၇)ရက်မှာကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တခါးဖွင့် ဆွေးနွေးပွဲမှာ အဓိက ဝင်ရောက်ဆွေးနွေးသူတွေက ထောက်ပြသွားပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူတဦးလည်း တက်ရောက်ဆွေးနွေးခဲ့တဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကမ္ဘာတလွှား နိုင်ငံတချို့မှာ စစ်ရေး ၊ လူမျိုးရေးပဋိပက္ခတေ ွကြုံနေရပြီး အဲဒီပဋိပက္ခအတွင်း အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ၊ဆယ်ကျော်သက် ယောက်ျားလေးတွေကိုပါ အဓိက ပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ အဆက်မပြတ် ဖြစ်ပေါ်နေတာဟာ အလွန်စိုးရိမ်ဖွယ် အခြေအနေမှာရှိကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သောကြာနေ့မနက် အင်တာနက်အွန်လိုင်းကတဆင့် ကျင်းပတဲ့ တခါးဖွင့် ဆွေးနွေးပွဲမှာ ပြောဆိုသွားကြတာပါ။

ဆွေးနွေးပွဲကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Ms. Pramila Patten လည်းတက်ရောက်ပြီး ပဋိပက္ခဒေသအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ လျော့ချနိုင်ရေး နည်းလမ်းရှာကြဖို့ တိုက်တွန်းသွားပါတယ်။

" ဒီနေ့ ကျမတို့ ခုလိုတွေ့ဆုံကြတာဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် ဘယ်လိုလုပ်သင့်သလဲဆိုတဲ့ ထိရောက်တဲ့ နည်းလမ်းကို ရှာဖွေသွားဖို့ ဖြစ်ပါတယ်။ အဲဒီ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ သဘောတူစာချုပ်တွေမှာ ပါဝင်လက်မှတ်ထိုး ကတိပေး ထားကြတဲ့ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ထိရောက်စွာ လက်တွေ့အကောင်ထည် ဖေါ်လာရေးပဲ ဖြစ်ပါတယ်။ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ရလဒ်ကောင်းတွေ ပေါ်ထွက်လာအောင် လုပ်ကြဖို့ တိုက်တွန်းပါတယ် " လို့ ပြောသွားတာပါ။

ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR ရဲ့ အထူးသံကိုယ်စားလှယ်ဖြစ်တဲ့ ဟောလိဝုဒ် မင်းသမီး Angelina Jolie ကတော့ ကုလသမဂ္ဂရော နိုင်ငံအစိုးရတွေမှာပါ လိင်းပိုင်း အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်လို့ တက်ကြွစွာ ဖြေရှင်းလိုတဲ့ နိုင်ငံရေး အာသီသနည်းနေတယ်လို့ ဝေဖန်လိုက်ပါတယ်။

"အကြမ်းဖက်ခံရသူတွေကို ကုစား ထောက်ပံ့ပေးမယ့် ဝန်ဆောင်မှုတွေ မရှိတာ၊ ဒီလို လုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာ အသိုင်းဝိုင်းက ရန်ပုံငွေ မထည့်ဝင်ကြတာတွေဟာ စိတ်ပျက်စရာ ကောင်းသလို၊ အဓိကအားဖြင့် ဒီပြဿနာကို ဖြေရှင်းဖို့ နိုင်ငံရေးအာသီသ မရှိကြတာကို တွေ့ရပါတယ်။ လူသားချင်းစာနာတဲ့ အကူအညီ လိုအပ်ချက်ရဲ့ ၁% တောင် ငွေကြေး မထည့်ဝင်ကြဘူး" .. လို့ Angelina Jolie က ဝေဖန်သွားပါတယ်။

ဒီတခါးဖွင့် ဆွေးနွေးပွဲကို သဘာပတိအဖြစ်ဆောင်ရွက်တာက လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌ နိုင်ငံဖြစ်တဲ့ ဂျာမနီရဲ့နိုင်ငံခြားရေးဝန်ကြီး Heiko Maas ပဲ ဖြစ်ပါတယ်။

" ပဋိပက္ခအတွင်း လိင်ပိုင်း အကြမ်းဖက်ခံရသူတွေ ရသင့်တဲ့အခွင့်အရေးအတွက် ဘယ်လို သေချာအောင် ကူညီဆောင်ရွက် ပေးကြမလဲ ဆိုတာနဲ့ အဲဒီလို ရာဇဝတ်မျိုးကို ကျူးလွန်ခဲ့သူတွေနဲ့ ပတ်သက်ပြီး ဘယ်လို အရေးယူ ကိုင်တွယ်ကြသလဲဆိုတာတွေကို သေချာ ပြန်ဆန်းစစ်ဖို့ လိုပါတယ် " .လို့ ဝန်ကြီး Heiko က ထောက်ပြသ ွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တခါးဖွင့် ဆွေးနွေးပွဲမှာ အဓိကဆွေးနွေးသူအဖြစ် ပါဝင်ခဲ့တာကတော့ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ Working Group on Women Peace & Security အဖွဲ့က မခင်ဥမ္မာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒီဆွေးနွေးပွဲမှာ သူတင်ပြတဲ့ အချက်တွေ ကို ရှင်းပြပါတယ်။

" အထူးသဖြင့်တော့ မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းတွေ အပေါ်မှာ ဒီမုဒိမ်းကျင့်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေတာဟာ ကြာမြင့်နေပြီဆိုတာကို ကျမ သက်သေ သက်ကာယနဲ့ အဲဒါကို သေချာထောက်ပြခဲ့တယ်။ တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ သူတို့ စစ်ဆင်ရေးတွေလုပ်တိုင်း သူတို့ သွားနေတဲ့ နေရာတွေမှာ တိုင်းရင်းသူအမျိုးသမီးတွေ ၊ အမျိုးသမီးငယ်တွေ ပေါ်မှာ ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်လာခဲ့တာက အရမ်းကြာနေပြီလေ။ ဒီလို ကြာနေတဲ့ကိစ္စကို ကျမက နောက်ခံတွေ ပြောပြတယ်။ နောက်တခုက ၂၀၁၇ မှာလည်း ဒီရိုဟင်ဂျာအမျိုးသမီးတွေ သူတို့တွေ ကြုံခဲ့ရတဲ့ဟာတွေကိုလည်း ကျမကိုယ်တိုင် နားထောင်ခဲ့ရတာ ရှိတယ်။ အခုဆိုရင် ရခိုင်မှာဆိုရင်လည်း လွန်ခဲ့တဲ့ တပတ် နှစ်ပတ် ထဲမှာတောင်မှ အဲဒီလိုဖြစ်ရပ် အသစ်တွေက ထပ်ထွက်လာနေတာ ဆိုတော့ ဒီကိစ္စမျိုးတွေက အခုချိန်ထိ မပြီးသေးဘူးဆိုတာ သေချာ ထောက်ပြခဲ့ပါတယ်။ "

ဒါ့အပြင် မြန်မာနိုင်ငံတွင်း လိင်ပိုင်းအကြမ်းဖက်ခံရမှု ရပ်တန့် သွားရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့တာရှိကြေင်း မခင်ဥမ္မာက ပြောပါတယ်။

" လုံခြုံရေး ကောင်စီကို ကျမရဲ့ တင်ပြတောင်းဆိုချက်က ဘာလဲဆိုရင် - တပ်မတော်ကနေပြီး ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေကို မြန်မာပြည်ထဲမှာ ပြည်တွင်းဥပဒေအရ ဘယ်လိုမှ အရေးယူလို့ မရနိုင်ဘူး ဖြစ်နေတယ်။ နောက်တခုက ဒါတွေဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်တဲ့အပြင် လူမျိုးတုံးအောင်လုပ်တဲ့ Genocide ရဲ့အစိတ်အပိုင်းလည်း ဖြစ်တယ်ရှင့်။ ပြီးတဲ့ခါကျတော့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ - အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ ဒေသထဲမှာ လုပ်တယ်ဆိုတာတွေက နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာပါ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ICC နိုင်ငံတကာ ခုံရုံးကို ပို့ရင်ပို့ ၊ မပို့လို့ရှိရင်တော့ သီးသန့် ခုံရုံးတခုကို ဖွဲ့စည်းပြီးတော့မှ ဒီပြစ်မှုတွေ စစ်ဖို့လိုပါတယ်။ ရိုဟင်ဂျာတွေ ကျူးလွန်ခံခဲ့ရတဲ့ဟာ တခုထဲတင် မဟုတ်ပဲနဲ့ တခြား ကချင်၊ ကရင်၊ ရှမ်း ၊ ရခိုင် စသဖြင့် တခြားတိုင်းရင်းသားတွေပါ ဒီစစ်တပ် တပ်မတော်ရဲ့လက်ထဲမှာ ဆိုးဆိုးဝါးဝါး အမြဲတမ်း နှိပ်စက်ခံနေရတာတွေ ကျူးလွန်ခံနေရတဲ့ ဒီအမှုတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက်ကို ICC ကို ပို့ရင်ပို့ ၊ မပို့ရင် ခုံရုံးတခု သီးသန့် ဖွဲ့ပေးပါဆိုတာကို ကျမ အဓိကထား တောင်းဆိုခဲ့ပါတယ်။"

နိုင်ငံတကာမှာ ခေါ်ဆိုနေတဲ့ ရိုဟင်ဂျာ ဆိုတဲ့အသုံးနှုန်းကို မြန်မာအစိုးရကရော တပ်မတော်ကပါ လက်မခံပယ်ချထားပေမဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက် ထွက်ခွာသ ွားသူတွေ သူတို့ရဲ့မူလ နေထိုင်ရာကို ပြန်လာနိုင်ရေး မြန်မာအစိုးရက နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ NLD အစိုးရတက်လာပြီးနောက်ပိုင်း ပဋိပက္ခ ဒေသအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ လျော့ကျသ ွားအောင် လုပ်ဆောင်မယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ သဘောတူစာချုပ်ကို အစိုးရက ၂၀၁၈ မှာ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီကုလသမဂ္ဂ လုံခြုံရေးကောင်စီ တခါးဖွင့် ဆွေးနွေးပွဲကို လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဂျာမဏီနိုင်ငံက သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့တာပါ။

XS
SM
MD
LG