သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာရဲတပ္ဖြြဲ႔အတြက္ ဂ်ပန္အစိုးရ အကူအညီမေပးဖို႔ HRW ေတာင္းဆို


ရန္ကုန္ၿမိဳ႕ေတာ္ခန္းမအနီး လံုျခံဳေရးတာဝန္ယူထားသည့္ ရဲတပ္ဖြဲ႔ဝင္တခ်ဳိ႕။ (ဧၿပီ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာႏုိင္ငံရဲတပ္ဖဲြ႔အတြက္ ရန္ပံုေငြ အကူအညီေပးမယ့္အစီအစဥ္ကို ခ်က္ခ်င္း ပယ္ဖ်က္ဖို႔ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႔ (HRW) က ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာႏုိင္ငံရဲတပ္ဖဲြ႔အတြက္ ေမာ္ေတာ္ကားေတြနဲ႔ ဆက္သြယ္ေရးပစၥည္းေတြ ၀ယ္ဖို႔အတြက္ အလွဴေငြေပးမယ့္အစီအစဥ္ကို ဂ်ပန္အစိုးရအေနနဲ႔ ခ်က္ခ်င္းရပ္ဆုိင္းဖို႔ HRW အဖဲြ႔က ဒီေန႔ ေတာင္းဆုိလိုက္တာပါ။ ျမန္မာႏုိင္ငံရဲတပ္ဖဲြ႔ဟာ အရပ္သားအစိုးရအုပ္ခ်ဳပ္မႈေအာက္မွာ မဟုတ္ဘဲ စစ္တပ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနတာျဖစ္ၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ဆုိးဆုိးရြားရြားက်ဴးလြန္ထားတဲ့ မွတ္တမ္းေတြလည္း ရွိတယ္လို႔ HRW က ေျပာပါတယ္။

ဂ်ပန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနကေတာ့ ျမန္မာ အစိုးရတာ၀န္ရွိသူေတြနဲ႔ သက္ဆုိင္ရာ အာဏာပိုင္ေတြကို ကာကြယ္ဖို႔အတြက္ ကားေတြနဲ႔ ဆက္သြယ္ေရးပစၥည္းေတြ ၀ယ္ဖို႔အျမန္မာရဲတပ္ဖဲြ႔ကို အေမရိကန္ေဒၚလာ ၉၃၀,၀၀၀ နဲ႔ညီမွ်တဲ့ ဂ်ပန္ယန္း သန္း ၁၀၀ ကို အကူအညီေပးသြားမွာ ျဖစ္တယ္လို႔ ဇူလိုင္လ ၂ ရက္ေန႔က ေၾကျငာခဲ့တာပါ။

အခုလို လွဴဒါန္းကူညီလိုက္တဲ့အတြက္ ျမန္မာရဲတပ္ဖဲြ႔အေနနဲ႔ အမ်ားျပည္သူလုံၿခဳံေရးကို ပိုၿပီးေတာ့ ထိထိေရာက္ေရာက္လုပ္လာႏုိင္မွာျဖစ္သလို လူမႈတည္ၿငိမ္မႈနဲ႔ လူမႈစီးပြားဖြံ႔ၿဖိဳးတုိးတက္မႈေတြကို ပိုၿပီးေတာ့ အေထာက္အကူျပဳ ဖန္တီးေပးႏုိင္မွာျဖစ္တယ္လို႔ ဂ်ပန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ဂ်ပန္အစိုးရအေနနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္တဲ့ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႔ေတြရဲ႕ အစိတ္အပိုင္းတခုျဖစ္တဲ့ ရဲတပ္ဖဲြ႔ကို ေငြေၾကးကူညီေထာက္ပံ့ဖို႔ ႀကိဳးစားတဲ့အေပၚမွာ နားမလည္ႏုိင္ေၾကာင္း၊ အဲဒီလို ျမန္မာရဲတပ္ဖဲြ႔ကို ေငြေၾကးေထာက္ပံ့မယ့္အစား တျခားအလွဴရွင္အစိုးရေတြနဲ႔တဲြၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရတာေတြ၊ လူမ်ိဳးစုအလိုက္ ရွင္းလင္းဖယ္ရွားခံရတဲ့သူေတြကို အကူအညီေပးသင့္တယ္လို႔ HRW အဖဲြ႔ရဲ႕ အာရွေရးရာ ညႊန္ၾကားေရးမွဴး Brad Adams က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာရဲတပ်ဖွဲ့အတွက် ဂျပန်အစိုးရ အကူအညီမပေးဖို့ HRW တောင်းဆို

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ရန်ပုံငွေ အကူအညီပေးမယ့်အစီအစဉ်ကို ချက်ချင်း ပယ်ဖျက်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် မော်တော်ကားတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ဝယ်ဖို့အတွက် အလှူငွေပေးမယ့်အစီအစဉ်ကို ဂျပန်အစိုးရအနေနဲ့ ချက်ချင်းရပ်ဆိုင်းဖို့ HRW အဖွဲ့က ဒီနေ့ တောင်းဆိုလိုက်တာပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အရပ်သားအစိုးရအုပ်ချုပ်မှုအောက်မှာ မဟုတ်ဘဲ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွားကျူးလွန်ထားတဲ့ မှတ်တမ်းတွေလည်း ရှိတယ်လို့ HRW က ပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာ အစိုးရတာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကာကွယ်ဖို့အတွက် ကားတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ဝယ်ဖို့အမြန်မာရဲတပ်ဖွဲ့ကို အမေရိကန်ဒေါ်လာ ၉၃၀,၀၀၀ နဲ့ညီမျှတဲ့ ဂျပန်ယန်း သန်း ၁၀၀ ကို အကူအညီပေးသွားမှာ ဖြစ်တယ်လို့ ဇူလိုင်လ ၂ ရက်နေ့က ကြေငြာခဲ့တာပါ။

အခုလို လှူဒါန်းကူညီလိုက်တဲ့အတွက် မြန်မာရဲတပ်ဖွဲ့အနေနဲ့ အများပြည်သူလုံခြုံရေးကို ပိုပြီးတော့ ထိထိရောက်ရောက်လုပ်လာနိုင်မှာဖြစ်သလို လူမှုတည်ငြိမ်မှုနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွေကို ပိုပြီးတော့ အထောက်အကူပြု ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

HRW အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams
HRW အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams

ဂျပန်အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ရဲတပ်ဖွဲ့ကို ငွေကြေးကူညီထောက်ပံ့ဖို့ ကြိုးစားတဲ့အပေါ်မှာ နားမလည်နိုင်ကြောင်း၊ အဲဒီလို မြန်မာရဲတပ်ဖွဲ့ကို ငွေကြေးထောက်ပံ့မယ့်အစား တခြားအလှူရှင်အစိုးရတွေနဲ့တွဲပြီး လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားခံရတဲ့သူတွေကို အကူအညီပေးသင့်တယ်လို့ HRW အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

XS
SM
MD
LG