သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာကြယ္ေရး ေပါ့ေလ်ာ့မႈ က်န္းမာေရး၀န္ႀကီး သတိေပး


က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး  ေဒါက္တာျမင့္ေထြး (ဓါတ္ပံု-Ministry of Health and Sports, Myanmar)

(Zawgyi/Unicode)

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကိုဗစ္ကာလ ရုပ္ရွင္ဆိုင္ရာေဆြးေႏြးပြဲမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးက ကိုဗစ္ကာကြယ္ေရး ေပါ့ေလ်ာ့လာတာအတြက္ ပထမဆံုး လူသိရွင္ၾကား ျပင္းျပင္းထန္ထန္ သတိေပးလိုက္ပါတယ္။

“တေန႔ကို (၅) ခါ ပညာေပးဖို႔လုပ္ငန္းေတြကို အခု မလုပ္သေလာက္ျဖစ္ေနပါတယ္။ ကၽြန္ေတာ္ အလြန္စိုးရိမ္ပါတယ္။ ၿမိဳ႕ထဲမွာေရာ ႏွာေခါင္းစည္း မတပ္ပါဘူး။ စားေသာက္ဆိုင္ေတြ၊ စူပါမားကက္ေတြ၊ ေစ်းေတြမွာလည္း မတပ္ပါဘူး။ အလြန္ အႏၱရာယ္ႀကီးပါတယ္။ အေမရိကန္လို၊ ဘရာဇီးလို အိႏၵိယလို ျဖစ္သြားရင္ ကၽြန္ေတာ္တို႔ မလြယ္ပါဘူူး။ ကၽြန္ေတာ္တို႔ အခုေတြ႔ရွိခ်က္အရ၊ ၆၀% ေသာ ပိုးေတြ႔လူနာမ်ား လကၡဏာမျပပါဘူး။ ဆိုလိုတာက ျပည္သူထဲမွာ လကၡဏာမရွိဘဲနဲ႔ ပိုးရွိႏိုင္သူက အမ်ားႀကီး ရွိႏိုင္ပါတယ္။”

အဂၤါေန႔မွာ Facebook ကေန တုိက္ရုိက္ျပဳလုပ္တဲ့ ေဆြးေႏြးခန္းအတြင္း ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ ျမင့္ေထြးက အဲဒီ ေျပာၾကားလုိက္တာ ျဖစ္ပါတယ္။

ဒါ့အျပင္ အဲဒီ ေဆြးေႏြးပြဲမွာ ေဒါက္တာျမင့္ေထြးကပဲ အခုကူးစက္မူက ေလထဲမွာပ်ံ႕ၿပီး အရင္ထက္ ပိုျပင္းထန္ ေၾကာက္စရာေကာင္းလာပံုကို ခုလိုဆက္ေျပာပါတယ္။

“အရင္တုန္းကဆိုရင္ ကမာၻ႔က်န္းမာေရးအဖြဲ႔ကလည္း ေခ်ာင္းဆိုးလို႔ရွိရင္ အမႈန္အမႊားေလးေတြက (၄) – (၅) ေပပဲ ေရာက္တယ္လို႔ သတ္မွတ္ထားပါတယ္။ အခုေတာ့ မဟုတ္ေတာ့ပါဘူး။ ဒီ အေမရိကန္ႏိုင္ငံ၊ ဘရာဇီးႏိုင္ငံ၊ အိႏၵိယႏိုင္ငံေတြမွာ ကူးစက္ႏႈန္းက အလြန္ျမန္တဲ့အခါၾကေတာ့ ဒီလို မျဖစ္ႏိုင္ေတာ့ပါဘူး။ အခု Airborne ေပါ့၊ ဒီ ေခ်ာင္းဆိုးလိုက္တဲ့ အေသးအမႊားအမႈန္ေလးေတြက ေလထဲမွာ ပ်ံ႕လြင့္ေနပါတယ္။ ရူမိရင္ လူမွာ ျဖစ္တယ္၊ ဒါ အလြန္ ေၾကာက္စရာေကာင္းပါတယ္။”

ကိုဗစ္ကူးစက္မူအႏၱရာယ္က ဘယ္အခ်ိန္ထိၾကာႏိုင္တာကို မေျပာႏိုင္ေသးတာေၾကာင့္ ကာကြယ္ေရးေတြ ပိုၿပီး ဆက္လုပ္ႏိုင္မွသာ၊ ဒုတိယလိႈင္းကိုေက်ာ္ႏိုင္မွာျဖစ္တယ္လို႔ ၀န္ႀကီး ေဒါက္တာျမင့္ေထြးက ထပ္သတိေပးလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ကိုဗစ်ကာကွယ်ရေး ပေါ့လျော့မှု ကျန်းမာရေးဝန်ကြီး သတိပေး

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဗစ်ကာလ ရုပ်ရှင်ဆိုင်ရာဆွေးနွေးပွဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်ကာကွယ်ရေး ပေါ့လျော့လာတာအတွက် ပထမဆုံး လူသိရှင်ကြား ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

“တနေ့ကို (၅) ခါ ပညာပေးဖို့လုပ်ငန်းတွေကို အခု မလုပ်သလောက်ဖြစ်နေပါတယ်။ ကျွန်တော် အလွန်စိုးရိမ်ပါတယ်။ မြို့ထဲမှာရော နှာခေါင်းစည်း မတပ်ပါဘူး။ စားသောက်ဆိုင်တွေ၊ စူပါမားကက်တွေ၊ ဈေးတွေမှာလည်း မတပ်ပါဘူး။ အလွန် အန္တရာယ်ကြီးပါတယ်။ အမေရိကန်လို၊ ဘရာဇီးလို အိန္ဒိယလို ဖြစ်သွားရင် ကျွန်တော်တို့ မလွယ်ပါဘူူး။ ကျွန်တော်တို့ အခုတွေ့ရှိချက်အရ၊ ၆၀% သော ပိုးတွေ့လူနာများ လက္ခဏာမပြပါဘူး။ ဆိုလိုတာက ပြည်သူထဲမှာ လက္ခဏာမရှိဘဲနဲ့ ပိုးရှိနိုင်သူက အများကြီး ရှိနိုင်ပါတယ်။”

အင်္ဂါနေ့မှာ Facebook ကနေ တိုက်ရိုက်ပြုလုပ်တဲ့ ဆွေးနွေးခန်းအတွင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အဲဒီ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ ဆွေးနွေးပွဲမှာ ဒေါက်တာမြင့်ထွေးကပဲ အခုကူးစက်မူက လေထဲမှာပျံ့ပြီး အရင်ထက် ပိုပြင်းထန် ကြောက်စရာကောင်းလာပုံကို ခုလိုဆက်ပြောပါတယ်။

“အရင်တုန်းကဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ချောင်းဆိုးလို့ရှိရင် အမှုန်အမွှားလေးတွေက (၄) – (၅) ပေပဲ ရောက်တယ်လို့ သတ်မှတ်ထားပါတယ်။ အခုတော့ မဟုတ်တော့ပါဘူး။ ဒီ အမေရိကန်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ အိန္ဒိယနိုင်ငံတွေမှာ ကူးစက်နှုန်းက အလွန်မြန်တဲ့အခါကြတော့ ဒီလို မဖြစ်နိုင်တော့ပါဘူး။ အခု Airborne ပေါ့၊ ဒီ ချောင်းဆိုးလိုက်တဲ့ အသေးအမွှားအမှုန်လေးတွေက လေထဲမှာ ပျံ့လွင့်နေပါတယ်။ ရူမိရင် လူမှာ ဖြစ်တယ်၊ ဒါ အလွန် ကြောက်စရာကောင်းပါတယ်။”

ကိုဗစ်ကူးစက်မူအန္တရာယ်က ဘယ်အချိန်ထိကြာနိုင်တာကို မပြောနိုင်သေးတာကြောင့် ကာကွယ်ရေးတွေ ပိုပြီး ဆက်လုပ်နိုင်မှသာ၊ ဒုတိယလှိုင်းကိုကျော်နိုင်မှာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ထပ်သတိပေးလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG