သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ နှာခေါင်းစည်းနှင့် လက်အိတ်များပေးအပ်လှူဒါန်းတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - U.S. Embassy Rangoon- ဇူလိုင် ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ နှာခေါင်းစည်းနှင့် လက်အိတ်များပေးအပ်လှူဒါန်းတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - U.S. Embassy Rangoon- ဇူလိုင် ၂၉၊ ၂၀၂၀)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ နှာခေါင်းစည်းနှင့် လက်အိတ်များပေးအပ်လှူဒါန်းတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - U.S. Embassy Rangoon- ဇူလိုင် ၂၉၊ ၂၀၂၀)




တိုက်ရိုက် လင့်ခ်

[Unicode Version]

မြန်မာကိုဗစ်တိုက်ဖျက်ရေး PPE ဝတ်စုံများ အမေရိကန်ထပ်မံကူညီ

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်းက COVID 19 တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် အမေရိကန် ဒေါ်လာ ၉၀,၀၀၀ တန်ဖိုးရှိတဲ့ ကျန်းမာရေး အကာအကွယ် ဝတ်စုံ (PPE) တွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စား လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရန်ကုန်မြို့က အမေရိကန် သံရုံးက ဒီကနေ့ ကြေညာခဲ့ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို နှာခေါင်းစည်းနှင့် လက်အိတ်များပေးအပ်လှူဒါန်းတဲ့ အခမ်းအနား။ (ဓာတ်ပုံ - U.S. Embassy Rangoon- ဇူလိုင် ၂၉၊ ၂၀၂၀)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို နှာခေါင်းစည်းနှင့် လက်အိတ်များပေးအပ်လှူဒါန်းတဲ့ အခမ်းအနား။ (ဓာတ်ပုံ - U.S. Embassy Rangoon- ဇူလိုင် ၂၉၊ ၂၀၂၀)

မြန်မာနိုင်ငံအတွင်း COVID 19 တိုက်ဖျက်ရေးအတွက် အမေရိကန် အစိုးရရဲ့ ကျန်းမာရေးနဲ့ လူသားချင်း စာနာမှု အထောက်အပံ့ ရန်ပုံငွေ အဖြစ် အရင်က ပေးအပ်ထားတဲ့ အမေရိကန် ဒေါ်လာ ၁၈.၅ သန်းအပြင် အခု အကူအညီကို ထပ်ဆောင်း ပေးအပ်တာလည်း ဖြစ်ပါတယ်။

အခု အကူအညီကို ပေးအပ်ရာမှာ လမ်းညွှန်ကြီးကြပ်ခဲ့သူ အမေရိကန် သံရုံး ယာယီ တာဝန်ခံ George Sibley က ဒီ အကူအညီဟာ မြန်မာ့ ကျန်းမာရေး လုပ်ငန်းအတွက် အမေရိကန်တို့ရဲ့သမဏိ ရှည်ကြာတဲ့ ဂတိကဝတ်ပေါ်မှာ အခြေတည်တာလည်း ဖြစ်တယ်လို့ ပြောပါတယ်။ မတ်လတုန်းကလည်း မြန်မာနိုင်ငံအတွင်း COVID 19 တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ အမေရိကန် အစိုးရက အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီ (USAID) ကတဆင့် ကျန်းမာရေး အကာအကွယ် သုံးပစ္စည်းတွေကို လှူဒါန်းခဲ့ဖူးပါတယ်။

အခု လှူဒါန်းတဲ့ ပစ္စည်းတွေကိုတော့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ပင်လယ်ရပ်ခြား လူသားချင်း စာနာမှု၊ ဘေးအန္တရာယ်နဲ့ အရပ်ဘက်ဆိုင်ရာ အကူအညီပေးရေး သီးသန့်ရန်ပုံငွေက လှူဒါန်းတာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအတွက် ကျယ်ကျယ် ပြန့်ပြန့် လှူဒါန်းနေမှုထဲက အစိတ်အပိုင်း တစ်ရပ် ဖြစ်တယ်လို့လည်း အမေရိကန် သံရုံးရဲ့ ဇူလိုင် ၂၉ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG