သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္အာဖရိကႏုိင္ငံ ကုိဗစ္တုိက္ဖ်က္ေရးအတြက္ ကမၻာ့ဘဏ္ ေဒၚလာ ၄ ဘီလီယံခြဲနီးပါးေပး


(Zawgyi/Unicode)

ကမၻာေပၚမွာ ကိုရိုနာ ဗိုင္းရပ္စ္ကူးစက္မႈ ပဥၥမ ေျမာက္ အမ်ားဆုံး နိုင္ငံ ျဖစ္လာတဲ့ ေတာင္အာဖရိက နိုင္ငံမွာ ကပ္ေရာဂါ တိုက္ဖ်က္ ေရး လုပ္ငန္းေတြမွာ သုံးစြဲဖို႔ အေမရိကန္ ေဒၚလာ ၄.၃ ဘီလီယံ အကူအညီ ေပးဖို႔ ကမၻာ့ ေငြေၾကး ရန္ပုံေငြ အဖြဲ႕IMF က အတည္ျပဳ ေပးလိုက္ပါတယ္။

အာဖရိကတိုက္မွာ အဖြံ႔ၿဖိဳးဆုံးနိုင္ငံျဖစ္တဲ့ ေတာင္အာဖရိကနိုင္ငံမွာ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္မႈ ၄၅၀,၀၀၀ ေက်ာ္ သြားတာနဲ႔အမၽွ စီးပြားေရး တဟုန္ထိုး က်ဆင္းမႈေတြကိုလည္း ၾကဳံေတြ႕ေန ရတာ ျဖစ္ပါတယ္။

ကုလသမဂၢရဲ႕ လူသားခ်င္းစာနာမႈအကူအညီေပးေရးဆိုင္ရာ ညႇိႏိႈင္းေရး႐ုံး OCHA ကအာဖရိက၊အေရွ႕အလယ္ပိုင္းနဲ႔ အေမရိကတိုက္ ေတြကက်န္းမာေရး ေစာင့္ေရွာက္မႈ နိမ့္က်လြန္းတဲ့ resource challenged ႏိုင္ငံေတြကို အေရးေပၚ အကူအညီအျဖစ္ အေမရိကန္ ေဒၚလာ သန္း ၁၀၀ အကူအညီ ေပးထားပါတယ္။ ဒီႏွစ္မွာေတာ့ နိုင္ငံေပါင္း ၂၀ ကို အေမရိကန္ ေဒၚလာ ၂၂၅ သန္း စံခ်ိန္တင္ ခြဲေဝ ေပးအပ္ခဲ့တာပါ။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ အလားအလာရွိတဲ့ COVID-19 ကာကြယ္ေဆး ႏွစ္ မ်ိဳးရဲ့ ေဘးအႏၲရာယ္ကင္းရွင္းမႈနဲ႔ အက်ိဳး သက္ေရာက္မႈေတြကို စမ္းသပ္ဖို႔ စတင္လိုက္ၿပီျဖစ္ပါတယ္။

မိမိဆႏၵအေလ်ာက္ ေဆးစမ္းသပ္ခံသူ တဦးကို အေမရိကန္ အေျခစိုက္ Moderna ေဆးကုမၸဏီက တနလၤာေန႔က ပထမဆုံးအႀကိမ္ကာကြယ္ေဆးစမ္းသပ္ထိုးေပးခဲ့ပါတယ္။ လာမယ့္သီတင္းပတ္ေတြထဲ လူ ၃၀,၀၀၀ေက်ာ္နဲ႔ ဆက္လက္စမ္းသပ္သြားမွာျဖစ္ ပါတယ္။

ဒီကာကြယ္ေဆး ႏွစ္ မ်ိဳးရဲ႕ ေနာက္ပိုင္း အဆင့္ စမ္းသပ္မႈရဲ့ ရလဒ္ေတြကို နိုဝင္ဘာလေလာက္ အေစာဆုံးသိနိုင္မယ္လို႔ အမ်ိဳးသား ကူးစက္ေရာဂါ ကာကြယ္ေရးဌာန အႀကီးအကဲ Dr. Anthony Fauci ကေျပာပါတယ္။ တကယ္လို႔ ဒီကာကြယ္ေဆးေတြ စမ္းသပ္ ေအာင္ျမင္မယ္ဆိုရင္ Moderna ေဆးကုမၸဏီက ႏွစ္စဥ္ ကာကြယ္ေဆး သန္း ၅၀၀ ထုတ္လုပ္သြားဖို႔ စီစဥ္ထားၿပီး ၂၀၂၁ ကစလို ႏွစ္တိုင္း ကာကြယ္ေဆး ၁ ဘီလီယံအထိ ထုတ္လုပ္သြားဖို႔ ေမၽွာ္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

တောင်အာဖရိကနိုင်ငံ ကိုဗစ်တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ဘဏ် ဒေါ်လာ ၄ ဘီလီယံခွဲနီးပါးပေး


(Unicode)


ကမ္ဘာပေါ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု ပဉ္စမ မြောက် အများဆုံး နိုင်ငံ ဖြစ်လာတဲ့ တောင်အာဖရိက နိုင်ငံမှာ ကပ်ရောဂါ တိုက်ဖျက် ရေး လုပ်ငန်းတွေမှာ သုံးစွဲဖို့ အမေရိကန် ဒေါ်လာ ၄.၃ ဘီလီယံ အကူအညီ ပေးဖို့ ကမ္ဘာ့ ငွေကြေး ရန်ပုံငွေ အဖွဲ့IMF က အတည်ပြု ပေးလိုက်ပါတယ်။ အာဖရိကတိုက်မှာ အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်တဲ့ တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ၄၅၀,၀၀၀ ကျော် သွားတာနဲ့အမျှ စီးပွားရေး တဟုန်ထိုး ကျဆင်းမှုတွေကိုလည်း ကြုံတွေ့နေ ရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA ကအာဖရိက၊အရှေ့အလယ်ပိုင်းနဲ့ အမေရိကတိုက် တွေကကျန်းမာရေး စောင့်ရှောက်မှု နိမ့်ကျလွန်းတဲ့ resource challenged နိုင်ငံတွေကို အရေးပေါ် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ သန်း ၁၀၀ အကူအညီ ပေးထားပါတယ်။ ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၂၀ ကို အမေရိကန် ဒေါ်လာ ၂၂၅ သန်း စံချိန်တင် ခွဲဝေ ပေးအပ်ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာတော့ အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေး နှစ် မျိုးရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ အကျိုး သက်ရောက်မှုတွေကို စမ်းသပ်ဖို့ စတင်လိုက်ပြီဖြစ်ပါတယ်။

မိမိဆန္ဒအလျောက် ဆေးစမ်းသပ်ခံသူ တဦးကို အမေရိကန် အခြေစိုက် Moderna ဆေးကုမ္ပဏီက တနင်္လာနေ့က ပထမဆုံးအကြိမ်ကာကွယ်ဆေးစမ်းသပ်ထိုးပေးခဲ့ပါတယ်။ လာမယ့်သီတင်းပတ်တွေထဲ လူ ၃၀,၀၀၀ကျော်နဲ့ ဆက်လက်စမ်းသပ်သွားမှာဖြစ် ပါတယ်။

ဒီကာကွယ်ဆေး နှစ် မျိုးရဲ့ နောက်ပိုင်း အဆင့် စမ်းသပ်မှုရဲ့ ရလဒ်တွေကို နိုဝင်ဘာလလောက် အစောဆုံးသိနိုင်မယ်လို့ အမျိုးသား ကူးစက်ရောဂါ ကာကွယ်ရေးဌာန အကြီးအကဲ Dr. Anthony Fauci ကပြောပါတယ်။ တကယ်လို့ ဒီကာကွယ်ဆေးတွေ စမ်းသပ် အောင်မြင်မယ်ဆိုရင် Moderna ဆေးကုမ္ပဏီက နှစ်စဉ် ကာကွယ်ဆေး သန်း ၅၀၀ ထုတ်လုပ်သွားဖို့ စီစဉ်ထားပြီး ၂၀၂၁ ကစလို နှစ်တိုင်း ကာကွယ်ဆေး ၁ ဘီလီယံအထိ ထုတ်လုပ်သွားဖို့ မျှော်မှန်းထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG