သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္ခံရတဲ့ ေဘာလီဝုဒ္ နာမည္ေက်ာ္ မင္းသမီး Aishwarya Rai တို႔သားအမိ ေရာဂါသက္သာ


ေဘာလီဝုဒ္ နာမည္ေက်ာ္ မင္းသမီး Aishwarya Rai တို႔သားအမိကို ၂၀၁၉ ေမလတုန္းက ေတြ႔ရစဥ္

(Zawgyi/Unicode)

အိႏၵိယ ေဘာလီဝုဒ္ အေက်ာ္အေမာ္ ကမာၻ႔မယ္ဘြဲ႕ရထားတဲ့ မင္းသမီး Aishwarya Rai Bachchan နဲ႔ သူ႔ (၈) ႏွစ္အ႐ြယ္ သမီးေလးတို႔ ကိုဗစ္-19 ေရာဂါသက္သာလာၿပီး ေဆး႐ုံဆင္းႏိုင္ၿပီလို႔ ခင္ပြန္းသည္က ေျပာၾကားခဲ့ပါတယ္။

နာမည္ႀကီး အိႏၵိယ ဝါရင့္မင္းသားႀကီး Amitabh Bachchan ရဲ႕သား၊ ခင္ပြန္းသျဖစ္သူ Abhishek က သူရဲ႕ လူမႈ အင္တာနက္ တြစ္တာကေန မေန႔က ေရးသားခဲ့ရာမွာ သူနဲ႔ သူ႔အေဖမွာ ပထမဆုံး ေရာဂါပိုးစစ္ေဆးေတြ႕ခဲ့ၿပီး၊ အခု (၂) ပတ္ေက်ာ္လာတဲ့အထိ ေဆး႐ုံ မဆင္းႏိုင္ေသးဘူးလို႔ဆိုပါတယ္။

၁၉၇၀ ခုႏွစ္ အေစာပိုင္းကာလေတြကစၿပီး ႐ုပ္ရွင္ကားေပါင္း ၂၀၀ ေက်ာ္မွာ ပါဝင္ခဲ့တဲ့ အထင္ကရ မင္းသားႀကီး Amitabh Bachchan က စေနေန႔က သူ႔မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံေနရေၾကာင္း သူ႔ရဲ႕ တြစ္တာ လူမႈကြန္ရက္ကေနတဆင့္ ေျပာၾကားလိုက္ပါတယ္။

မင္းသားႀကီး Amitabh Bachchan အေနနဲ႔ အိႏၵိယမွာ ဒီ ကို႐ိုနာဗိုင္းရပ္ကူးစက္မူ ရပ္တန႔္ေရးလႈပ္ရွားမူေတြထဲ ထင္ရွားတဲ့ အဓိကေခါင္းေဆာင္ျဖစ္လာခဲ့ၿပီး၊ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) တပ္ဖို႔ ႐ုပ္ရွင္ေၾကာ္ျငာ႐ိုက္တာ၊ႏိုင္ငံသားေတြကို အိမ္မွာေနၾကဖို႔လည္း ေတာင္းဆိုလာခဲ့ပါတယ္။

အိႏၵိယႏိုင္ငံမွာ ဒီႏွစ္ဆန္းထဲ ကမာၻေပၚမွာ အျပင္းထန္ဆုံး Lockdown ခ် ပိတ္ဆို႔မူေတြမ်ိဳး လုပ္ခဲ့ေပမယ့္ ကိုဗစ္-19 ကူးစက္မူူႏႈန္းေတြကေတာ့ ဆက္လက္ျမင့္တက္ေနဆဲျဖစ္ၿပီး ကမာၻ႔ တတိယအမ်ားဆုံးႏိုင္ငံျဖစ္ေနပါတယ္။ အာရွမွာ ကူူးစက္မႈ စျဖစ္ခဲ့တဲ့ တ႐ုတ္ကိုပါ ေက်ာ္တက္သြားတဲ့ အိႏၵိယမွာ၊ ကိုဗစ္အတည္ျပဳလူနာေပါင္း(၁) သန္းခြဲနီးပါးရွိေနၿပီး၊အေမရိကန္နဲ႔ ဘရာဇီးႏိုင္ငံေတြၿပီးရင္ ကူးစက္မူူအမ်ားဆုံးႏိုင္ငံျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကိုဗစ်ကူးစက်ခံရတဲ့ ဘောလီဝုဒ် နာမည်ကျော် မင်းသမီး Aishwarya Rai တို့သားအမိ ရောဂါသက်သာ

(Unicode)

အိန္ဒိယ ဘောလီဝုဒ် အကျော်အမော် ကမ္ဘာ့မယ်ဘွဲ့ရထားတဲ့ မင်းသမီး Aishwarya Rai Bachchan နဲ့ သူ့ (၈) နှစ်အရွယ် သမီးလေးတို့ ကိုဗစ်-19 ရောဂါသက်သာလာပြီး ဆေးရုံဆင်းနိုင်ပြီလို့ ခင်ပွန်းသည်က ပြောကြားခဲ့ပါတယ်။

နာမည်ကြီး အိန္ဒိယ ဝါရင့်မင်းသားကြီး Amitabh Bachchan ရဲ့သား၊ ခင်ပွန်းသဖြစ်သူ Abhishek က သူရဲ့ လူမှု အင်တာနက် တွစ်တာကနေ မနေ့က ရေးသားခဲ့ရာမှာ သူနဲ့ သူ့အဖေမှာ ပထမဆုံး ရောဂါပိုးစစ်ဆေးတွေ့ခဲ့ပြီး၊ အခု (၂) ပတ်ကျော်လာတဲ့အထိ ဆေးရုံ မဆင်းနိုင်သေးဘူးလို့ဆိုပါတယ်။

၁၉၇၀ ခုနှစ် အစောပိုင်းကာလတွေကစပြီး ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်မှာ ပါဝင်ခဲ့တဲ့ အထင်ကရ မင်းသားကြီး Amitabh Bachchan က စနေနေ့က သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ကနေတဆင့် ပြောကြားလိုက်ပါတယ်။

မင်းသားကြီး Amitabh Bachchan အနေနဲ့ အိန္ဒိယမှာ ဒီ ကိုရိုနာဗိုင်းရပ်ကူးစက်မူ ရပ်တန့်ရေးလှုပ်ရှားမူတွေထဲ ထင်ရှားတဲ့ အဓိကခေါင်းဆောင်ဖြစ်လာခဲ့ပြီး၊ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်ဖို့ ရုပ်ရှင်ကြော်ငြာရိုက်တာ၊နိုင်ငံသားတွေကို အိမ်မှာနေကြဖို့လည်း တောင်းဆိုလာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဒီနှစ်ဆန်းထဲ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး Lockdown ချ ပိတ်ဆို့မူတွေမျိုး လုပ်ခဲ့ပေမယ့် ကိုဗစ်-19 ကူးစက်မူူနှုန်းတွေကတော့ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ကမ္ဘာ့ တတိယအများဆုံးနိုင်ငံဖြစ်နေပါတယ်။ အာရှမှာ ကူူးစက်မှု စဖြစ်ခဲ့တဲ့ တရုတ်ကိုပါ ကျော်တက်သွားတဲ့ အိန္ဒိယမှာ၊ ကိုဗစ်အတည်ပြုလူနာပေါင်း(၁) သန်းခွဲနီးပါးရှိနေပြီး၊အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတွေပြီးရင် ကူးစက်မူူအများဆုံးနိုင်ငံဖြစ်နေပါတယ်။

XS
SM
MD
LG