သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ကူးစက္သူ ၁ ဦးထပ္တုိး၊ စုစုေပါင္း ၃၅၁ ဦးရွိ 


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ကူးစက္သူ ေနာက္ ၁ ဦး စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇူလုိလ ၂၉ ရက္ေန႔ မနက္ ၈ နာရီ ေၾကညာခ်က္မွာ ေဖာ္ျပထားတာေၾကာင့္ အခုခ်ိန္ထိ ေရာဂါပုိးကူးစက္သူ စုစုေပါင္း ၃၅၁ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

အခု အသစ္ေတြ႔ရွိတဲ့လူနာဟာ ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ကျဖစ္ၿပီး မေလးရွားက ျပန္လာသူျဖစ္တယ္လုိ႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ သူ႔ကုိ ေလာေလာဆယ္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ေဆးရုံႀကီးမွာ ကုသမႈေပးေနတယ္လုိ႔ ဆုိပါတယ္။

ဇူလုိင္လ ၂၈ ရက္ေန႔က စုစုေပါင္း ဓာတ္ခြဲမႈနမူနာ ၁,၁၈၄ ဦးကုိ စမ္းသပ္ စစ္ေဆးခဲ့ၿပီးတဲ့ ေနာက္မွာ အခု ေနာက္ဆုံး ေရာဂါပုိးကူးစက္ေနသူကုိ ေတြ႔ရွိခဲ့တာပါ။

ျမန္မာႏုိင္ငံမွာ ေရာဂါပုိးကူးစက္သူ စုစုေပါင္း ၃၅၁ ဦးထဲက ၂၉၃ ဦးကေတာ့ ကုသမႈခံယူၿပီး ေရာဂါကင္းစင္သြားၿပီလုိ႔ ဆုိပါတယ္။ ဓာတ္ခြဲအတည္ျပဳ လူနာေတြထဲမွာ ေသဆံုးသြားသူကေတာ့ ၆ ဦးရွိခဲ့ၿပီ ျဖစ္ပါတယ္။

.................

မြန်မာမှာ ကိုဗစ်ကူးစက်သူ ၁ ဦးထပ်တိုး၊ စုစုပေါင်း ၃၅၁ ဦးရှိ

(Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက် ၁ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇူလိုလ ၂၉ ရက်နေ့ မနက် ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားတာကြောင့် အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၃၅၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခု အသစ်တွေ့ရှိတဲ့လူနာဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကဖြစ်ပြီး မလေးရှားက ပြန်လာသူဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သူ့ကို လောလောဆယ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့က စုစုပေါင်း ဓာတ်ခွဲမှုနမူနာ ၁,၁၈၄ ဦးကို စမ်းသပ် စစ်ဆေးခဲ့ပြီးတဲ့ နောက်မှာ အခု နောက်ဆုံး ရောဂါပိုးကူးစက်နေသူကို တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၃၅၁ ဦးထဲက ၂၉၃ ဦးကတော့ ကုသမှုခံယူပြီး ရောဂါကင်းစင်သွားပြီလို့ ဆိုပါတယ်။ ဓာတ်ခွဲအတည်ပြု လူနာတွေထဲမှာ သေဆုံးသွားသူကတော့ ၆ ဦးရှိခဲ့ပြီ ဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG