သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာ့စစ္တုရင္ အိုလံပစ္ အြန္လိုင္းၿပိဳင္ပဲြ အုပ္စုပဲြစဥ္အစ ျမန္မာအသင္းအႏိုင္ရေန


(Zawgyi/Unicode)

အင္တာနက္ေပၚမွာ ပထမဆုံးအႀကိမ္က်င္းပျပဳလုပ္တဲ့ ကမာၻ႔စစ္တုရင္အဖြဲ႕ခ်ဳပ္ရဲ႕ ( ၄၄)ႀကိမ္ေျမာက္ အိုလံပစ္ၿပိဳင္ပြဲရဲ႕ အေျခခံအဆင့္ ပဲြစဥ္ေတြမွာ ျမန္မာအသင္းက ၃ရက္ ဆက္တုိက္ အႏုိင္ရေနတဲ့အေၾကာင္း ကိုေဇာ္ထက္ ေျပာျပေပးပါမယ္။

COVID-19 ကပ္ေရာဂါေၾကာင့္ အြန္လိုင္းေပၚကေနက်င္းပရတဲ့ ကမာၻ႔စစ္တုရင္အိုလံပစ္ၿပိဳင္ပြဲမွာ အေျခခံအဆင့္ Base Division ပြဲစဥ္ေတြ ယွဥ္ၿပိဳင္ရာမွာ ျမန္မာအသင္းက ၃ ရက္ဆက္တုိက္ ရႈံးပြဲမရွိတာေၾကာင့္ အုပ္စုထဲမွာ ထိပ္ဆုံးေနရာမွာ ရွိေနပါတယ္။ ပုံမွန္ၿပိဳင္ပြဲေတြကေန နည္းပညာေျပာင္းသုံးၿပီး ယွဥ္ၿပိဳင္ရလို႔ အခက္အခဲေတြရွိေပမဲ့ ေအာင္ျမင္မႈရေအာင္ ကစားႏုိင္ခဲ့တဲ့ အေၾကာင္း ပထမဆုံးအႀကိမ္ ႏုိင္ငံကုိယ္စားျပဳ ယွဥ္ၿပိဳင္ခြင့္ရခဲ့တဲ့ ကိုဟန္မင္းစိုးက ေျပာပါတယ္။

“ က်ေနာ္တို႔ဆီမွာ ကလပ္ေတြမွာပဲသြားၿပီးေတာ့ ကစားတာ ဒီလိုနည္းပညာနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္က ဖုန္းေလာက္နဲ႔ပဲ ကစားတာ။ ေတာ္ေတာ္ကို အားနည္းပါတယ္။ ႏိုင္ငံအေနနဲ႔ကစားတာ က်ေနာ္ပထမဦးဆုံးပဲ၊ အဲဒီေတာ့ ေပ်ာ္ပါတယ္ က်ေနာ္။”

၂၀၂၀ ကမာၻ႔စစ္တုရင္ အိုလံပစ္ၿပိဳင္ပြဲကို ႏိုင္ငံေပါင္း ၁၆၃ ခု ကိုယ္စားျပဳအသင္းေတြက ဇူလိုင္ ၂၄ရက္ကစၿပီး အုပ္စုပြဲစဥ္ေတြမွာ ပါဝင္ယွဥ္ၿပိဳင္ေနတာပါ။ Base Division အုပ္စုပြဲ သုံးရက္လုံး ေပးထားတဲ့ ၁၅မိနစ္အခ်ိန္အတြင္း ႀကိဳးစားခဲ့ရေၾကာင္း ျမန္မာအသင္းသား ေနာက္တစ္ဦး ျဖစ္တဲ့ မေမစုလြင္က ေျပာပါတယ္။

“ အြန္လိုင္းကၿပိဳင္ရေတာ့ ကိုယ္ေတြကေတာ့ အိမ္မွာတခါတေလ ဖုန္းနဲ႔လည္း ေလ့က်င့္တယ္၊ board ခင္းၿပီးေတာ့လည္း ေလ့က်င့္တယ္။ အခု အျပင္မွာ ကစားတာနဲ႔ေတာ့ နည္းနည္းေလး ကြာတယ္။ ကြန္ပ်ဴတာ mouse ေတြဘာေတြနဲ႔ေတာ့ အၿမဲတမ္း၊ သြက္သြက္လက္လက္ ျဖစ္မွ သူကရတာ။ အခ်ိန္ကလည္း ရွိေသးတာကိုး။”

သက္ဆိုင္ရာႏိုင္ငံအလိုက္ ကိုယ္စားျပဳအသင္းတသင္းစီမွာ ဝါရင့္ကစားသမား ၂ေယာက္၊ အမ်ိဳးသမီး ၂ေယာက္၊ အသက္ ၂၀ ေအာက္ တစ္ေယာက္၊ ၿပီးေတာ့ မ်ိဳးဆက္သစ္ ကေလးတစ္ေယာက္ စုစုေပါင္း ၆ ေယာက္သတ္မွတ္ထားၿပီး အသင္းေခါင္းေဆာင္ ကပၸတိန္တေယာက္က ကြပ္ကဲရတာ ျဖစ္ပါတယ္။ ျမန္မာအသင္းေခါင္းေဆာင္ျဖစ္သလို၊ ျမန္မာႏိုင္ငံစစ္တုရင္အဖြဲ႕ခ်ဳပ္ရဲ႕ နည္းပညာေကာ္မတီ ဥကၠ႒လည္း ျဖစ္တဲ့ ဦးသာဇံကေတာ့ မၾကာေသးခင္ႏွစ္ေတြက စလုိ႔ ျပင္ဆင္မႈေတြ ရွိေနတဲ့ အေၾကာင္း အခုလိုေျပာပါတယ္။

“ၿပီးခဲ့တဲ့ ၂၀၁၉ စက္တင္ဘာေလာက္ကတည္းက technical committee ဖြဲ႕ထားပါတယ္၊ technical committee ေၾကာင့္ၿပိဳင္ပြဲ အလြယ္တကူ က်င္းပႏိုင္တာ ျဖစ္ပါတယ္။ လက္ရွိ ၿပိဳင္ပြဲဝင္ေတြကေတာ့ ေတာ္ေတာ္ေလး လက္ရည္က ေကာင္းပါတယ္။”

Base Division မွာရလဒ္ေကာင္းတဲ့ ျမန္မာအသင္းအပါအဝင္ ၁၂ သင္းဟာ ေနာက္တဆင့္ Division (4) မွာ တျခားအသင္းေတြနဲ႔ ထပ္မံယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

စစ္တုရင္ အိုလံပစ္ၿပိဳင္ပြဲ ေနာက္ဆုံးအႀကိမ္ က်င္းပခဲ့ဖူးတဲ့ ၂၀၁၈ ခုႏွစ္မွာေတာ့ တ႐ုတ္၊ အေမရိကန္၊ ႐ုရွား၊ ပိုလန္၊ အဂၤလန္၊ အိႏၵိယ၊ ဗီယက္နမ္၊ အာေမးနီးယား၊ ျပင္သစ္နဲ႔ ယူကရိန္း စတဲ့ ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံက အစဥ္လိုက္အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

အင်တာနက်ပေါ်မှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ရဲ့ ( ၄၄)ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲရဲ့ အခြေခံအဆင့် ပွဲစဉ်တွေမှာ မြန်မာအသင်းက ၃ရက် ဆက်တိုက် အနိုင်ရနေတဲ့အကြောင်း ကိုဇော်ထက် ပြောပြပေးပါမယ်။

COVID-19 ကပ်ရောဂါကြောင့် အွန်လိုင်းပေါ်ကနေကျင်းပရတဲ့ ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲမှာ အခြေခံအဆင့် Base Division ပွဲစဉ်တွေ ယှဉ်ပြိုင်ရာမှာ မြန်မာအသင်းက ၃ ရက်ဆက်တိုက် ရှုံးပွဲမရှိတာကြောင့် အုပ်စုထဲမှာ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ပုံမှန်ပြိုင်ပွဲတွေကနေ နည်းပညာပြောင်းသုံးပြီး ယှဉ်ပြိုင်ရလို့ အခက်အခဲတွေရှိပေမဲ့ အောင်မြင်မှုရအောင် ကစားနိုင်ခဲ့တဲ့ အကြောင်း ပထမဆုံးအကြိမ် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ကိုဟန်မင်းစိုးက ပြောပါတယ်။

“ ကျနော်တို့ဆီမှာ ကလပ်တွေမှာပဲသွားပြီးတော့ ကစားတာ ဒီလိုနည်းပညာနဲ့ပတ်သက်ပြီးတော့ ကျနော်က ဖုန်းလောက်နဲ့ပဲ ကစားတာ။ တော်တော်ကို အားနည်းပါတယ်။ နိုင်ငံအနေနဲ့ကစားတာ ကျနော်ပထမဦးဆုံးပဲ၊ အဲဒီတော့ ပျော်ပါတယ် ကျနော်။”

၂၀၂၀ ကမ္ဘာ့စစ်တုရင် အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၆၃ ခု ကိုယ်စားပြုအသင်းတွေက ဇူလိုင် ၂၄ရက်ကစပြီး အုပ်စုပွဲစဉ်တွေမှာ ပါဝင်ယှဉ်ပြိုင်နေတာပါ။ Base Division အုပ်စုပွဲ သုံးရက်လုံး ပေးထားတဲ့ ၁၅မိနစ်အချိန်အတွင်း ကြိုးစားခဲ့ရကြောင်း မြန်မာအသင်းသား နောက်တစ်ဦး ဖြစ်တဲ့ မမေစုလွင်က ပြောပါတယ်။

“ အွန်လိုင်းကပြိုင်ရတော့ ကိုယ်တွေကတော့ အိမ်မှာတခါတလေ ဖုန်းနဲ့လည်း လေ့ကျင့်တယ်၊ board ခင်းပြီးတော့လည်း လေ့ကျင့်တယ်။ အခု အပြင်မှာ ကစားတာနဲ့တော့ နည်းနည်းလေး ကွာတယ်။ ကွန်ပျူတာ mouse တွေဘာတွေနဲ့တော့ အမြဲတမ်း၊ သွက်သွက်လက်လက် ဖြစ်မှ သူကရတာ။ အချိန်ကလည်း ရှိသေးတာကိုး။”

သက်ဆိုင်ရာနိုင်ငံအလိုက် ကိုယ်စားပြုအသင်းတသင်းစီမှာ ဝါရင့်ကစားသမား ၂ယောက်၊ အမျိုးသမီး ၂ယောက်၊ အသက် ၂၀ အောက် တစ်ယောက်၊ ပြီးတော့ မျိုးဆက်သစ် ကလေးတစ်ယောက် စုစုပေါင်း ၆ ယောက်သတ်မှတ်ထားပြီး အသင်းခေါင်းဆောင် ကပ္ပတိန်တယောက်က ကွပ်ကဲရတာ ဖြစ်ပါတယ်။ မြန်မာအသင်းခေါင်းဆောင်ဖြစ်သလို၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ရဲ့ နည်းပညာကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးသာဇံကတော့ မကြာသေးခင်နှစ်တွေက စလို့ ပြင်ဆင်မှုတွေ ရှိနေတဲ့ အကြောင်း အခုလိုပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၉ စက်တင်ဘာလောက်ကတည်းက technical committee ဖွဲ့ထားပါတယ်၊ technical committee ကြောင့်ပြိုင်ပွဲ အလွယ်တကူ ကျင်းပနိုင်တာ ဖြစ်ပါတယ်။ လက်ရှိ ပြိုင်ပွဲဝင်တွေကတော့ တော်တော်လေး လက်ရည်က ကောင်းပါတယ်။”

Base Division မှာရလဒ်ကောင်းတဲ့ မြန်မာအသင်းအပါအဝင် ၁၂ သင်းဟာ နောက်တဆင့် Division (4) မှာ တခြားအသင်းတွေနဲ့ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

စစ်တုရင် အိုလံပစ်ပြိုင်ပွဲ နောက်ဆုံးအကြိမ် ကျင်းပခဲ့ဖူးတဲ့ ၂၀၁၈ ခုနှစ်မှာတော့ တရုတ်၊ အမေရိကန်၊ ရုရှား၊ ပိုလန်၊ အင်္ဂလန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ အာမေးနီးယား၊ ပြင်သစ်နဲ့ ယူကရိန်း စတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံက အစဉ်လိုက်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG